← Chapters

တာအိုဖန်တီးရှင် ကပ်ဘေး

Vol. 103 Ch. 1071

တာအိုဖန်တီးရှင် ကပ်ဘေး

Vol. 103 Ch. 1071

ဟန်ကျွယ်ဟာ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးနောက်မှာ ရေတွက်ဖို့ မဖြစ်နိုင်တဲ့ မိစ္ဆာနတ်ဆိုးတွေ လိုက်ပါလာတာကို တွေ့လိုက်ရပါတယ်။ ဒီထဲမှာ ဟန်ကျွယ် တရင်းတနှီးရှိတဲ့ ရုပ်သွင်တစ်သွင်ကို တွေ့လိုက်ရပါတယ်။

နတ်ထူးဆန်းပါ။

နတ်ထူးဆန်းက ဒီနှစ်တွေမှာ အဆင်ပြေပြေပဲ ကြီးပြင်းလာခဲ့ပါတယ်။ အရင်တုန်းက ဟန်ဟွမ်နဲ့ တိုက်ခိုက်ခဲ့ပြီး အခုအချိန်မှာတော့ မိစ္ဆာနတ်ဆိုးတွေနဲ့ ပေါင်းနေပါတယ်။

‘ငါ ဒီကောင့်ကို သုံးပြီး အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို ထောက်လှမ်းလို့ ရတာပဲ’

ဟန်ကျွယ်နဲ့ နတ်ထူးဆန်းရဲ့ ဝိညာဉ်က တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားတာ ကြာခဲ့ပါပြီ။ ဟန်ကျွယ် စွမ်းအားကြီးလေလေ နတ်ထူးဆန်းကလည်း စွမ်းအားကြီးလေလေပါပဲ။ ဒါပေမဲ့ နတ်ထူးဆန်းအနေနဲ့ ဟန်ကျွယ်ကို ကျော်လွန်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လည်း ဟန်ကျွယ်က နတ်ထူးဆန်းကို လွှတ်ပေးရဲတာပါ။ သူရှိနေသမျှကာလပတ်လုံး နတ်ထူးဆန်းက ဘာမှဖြစ်မှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို ချက်ချင်းပဲ အိပ်မက်ပေးလိုက်ပါတယ်။ အိပ်မက်နယ်မြေက တာအိုဘုံကျောင်းပါ။

နတ်ထူးဆန်းဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် မှင်တက်သွားပြီးနောက် သူ့ရဲ့ ကြမ်းကြုတ်ရက်စက်တဲ့ ရောင်ဝါကိုဖျောက်ကာ ဟန်ကျွယ်နား ချက်ချင်း ရောက်လာပါတယ်။

ဟန်ကျွယ် “မင်း မိစ္ဆာနတ်ဆိုးတွေနဲ့ ဘာလို့ ပေါင်းနေတာလဲ”

နတ်ထူးဆန်းဟာ မူလကတည်းက ဘာတည်ရှိမှုမှ မမြင်နိုင်တဲ့အရာပါ။ အမင်္ဂလာ မကောင်းဆိုးဝါးတွေလိုမျိုး ထောက်လှမ်းလို့ မရပါဘူး။ ဒါပေမဲ့ အမင်္ဂလာ မကောင်းဆိုးဝါးတွေနဲ့ မတူတာက နတ်ထူးဆန်းဟာ တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။

ဟန်ကျွယ်ဟာ နတ်ထူးဆန်းက ခန္ဓာကိုယ်နဲ့ ဖြစ်နေတာကို ဘဝင်မကျပါဘူး။ အရင်လိုမျိုး ချစ်စရာ မကောင်းတော့လို့ပါ။

“ကျွန်တော် သူတို့ကို စားချင်တယ်၊ သူတို့က အ‌တော်လေး စွမ်းအားကြီးတယ်လို့ ကျွန်တော် ခံစားရတယ်... ဟီးဟီး...”

ဟန်ကျွယ်က သတိပေးလိုက်ပါတယ် “ဂရုလည်းစိုက်ဦး... သူတို့နောက်မှာရှိတဲ့ တည်ရှိမှုက ရိုးရှင်းတာ မဟုတ်ဘူး”

နတ်ထူးဆန်းဟာ ဟန်ကျွယ်ကို နှိပ်နယ်ပေးပြီး ဖော်လံဖားလုပ်ပါတယ် “အဲဒါဆို ကျွန်တော် တစ်ခုခုဖြစ်ရင် ကျွန်တော့်ကို ကူညီရမယ်နော် သခင်”

“ငါမင်းကို မကူညီနိုင်ဘူး”

“ကိစ္စမရှိဘူး၊ အများဆုံး သေရုံပဲ၊ သခင်က ကျွန်တော်ကို အသက်ပြန်ရှင်အောင် လုပ်ပေးပါ၊ နောက်ပြီး ကျွန်တော် အောင်မြင်ရင် ပဋိပက္ခအတွက် အကျိုးဆောင်တယ်လို့ ပြောလို့ရတယ်” နတ်ထူးဆန်းဟာ အရှက်မရှိ ပြုံးလိုက်ပါတယ်။

နတ်ထူးဆန်းက တကယ်ကို အရင်ကလောက် ချစ်စရာ မကောင်းတော့တာပါ။

‘ဒီကောင် ဘာကို စုပ်ယူလိုက်လို့ ဒီလောက်ထိ အာသွက်လျှာသွက် ဖြစ်သွားတာလဲ’

နတ်ထူးဆန်းဟာ ဟန်ကျွယ်ကို ဆက်ပြီးတော့ မြှောက်ပင့်ကာ ဖော်လံဖားပါတယ်။ နတ်ထူးဆန်း အပြင်ထွက်လာကတည်းက ဒါ ပထမဆုံးအကြိမ် ဟန်ကျွယ်နဲ့ အိပ်မက်ထဲမှာ တွေ့ရတာပါ။ ဒါကြောင့် နတ်ထူးဆန်းဟာ အတော်လေး စိတ်လှုပ်ရှားနေပါတယ်။

အတန်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ညွှန်ကြားစရာရှိတာ ညွှန်ကြားပြီး အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။

‘ဒီကောင်က နဝမပဋိပက္ခရဲ့ အတွင်းနတ်ဆိုးကိုတောင် ဝါးမျိုရဲတယ်၊ တကယ့်အာဂကောင်ပဲ’ ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို အမင်္ဂလာ မကောင်းဆိုးဝါးကို စိတ်ဝင်စားသွားပါတယ်။

‘ဘယ်နိယာမတွေကနေ ဒီအမင်္ဂလာ မကောင်းဆိုးဝါးတွေ ဖြစ်တည်လာတာလဲ၊ ဒီအမင်္ဂလာ မကောင်းဆိုးဝါးတွေကို စားသောက်တဲ့ နတ်ထူးဆန်းကရော ဘယ်ကနေ ရောက်လာတာလဲ’

တာအိုဖန်တီးရှင် ဖြစ်နေတာတောင် ဟန်ကျွယ်ဟာ ဒီကိစ္စကို သေချာ နားမလည်နိုင်ပါဘူး။ ဒီကိစ္စက နဝမပဋိပက္ခရဲ့ သာလွန်နိယာမနဲ့ ပတ်သက်နေတာ ဖြစ်နိုင်ပါတယ်။

အမင်္ဂလာ မကောင်းဆိုးဝါးတွေက လက်ရှိ ပဋိပက္ခမှာ သောင်းကျန်းနေတဲ့ မိစ္ဆာနတ်ဆိုးတွေရဲ့ ရည်မှန်းချက် တူပါတယ်။ ဒါပေမဲ့ အမင်္ဂလာ မကောင်းဆိုးဝါးတွေက သက်ရှိတွေရဲ့ ဝိညာဉ်ကို သုံးပြီး ဆင့်ကဲပြောင်းလဲလာပေမဲ့ မိစ္ဆာနတ်ဆိုးတွေကတော့ တစ်ခါတည်း မွေးဖွားလာပါတယ်။

ဟန်ကျွယ်ဟာ ဗလာနယ်မြေကို လှမ်းကြည့်လိုက်ပါတယ်။

ယင်ယန် ချွမ်တုနတ်မင်းရဲ့ ချွမ်တု မဟာတာအိုကမ္ဘာဟာ ပဋိပက္ခနဲ့ ပိုပိုနီးကပ်လာပါတယ်။ ယင်ယန် ချွမ်တုနတ်မင်းက အတော်လေး စွမ်းအားကြီးတာကြောင့် သူ့မဟာတာအိုကမ္ဘာကလည်း အ‌တော်လေး အင်အားကြီးပါတယ်။

သူတို့တွေ ရောက်လာတာက ပဋိပက္ခရဲ့ လက်ရှိ အခြေအနေကို သေချာပေါက် ပြောင်းလဲစေမှာပါ။

အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီးတော့ စစ်ဆေးပါတယ်။ ဟန်ကျွယ် အဓိက အာရုံစိုက်တာကတော့ စုချီပါ။

[သင့်တပည့် စုချီသည် သာလွန်မဟာတာအိုကမ္ဘာမှ ကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၉၂၀၀၉၈

[သင့်တပည့် စုချီ၏ ကြမ္မာဆိုး ဖြန့်ကြက်မှုကြောင့် မျိုးဆက်တစ်ခု ပြိုလဲသွား၏။]

[သင့်သား ဟန်ဟွမ်သည် သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်နှင့် အိပ်မက်ထဲတွင် တွေ့ဆုံမိပြီး ဝိညာဉ် ထိခိုက်သွား၏။]

[သင့်ရန်သူ နဝမပဋိပက္ခသည် အတွင်းနတ်ဆိုးကို ဖယ်ရှားပြီး ကိုယ်ပွားတစ်ခု ဖန်တီးလိုက်သောကြောင့် ကံတရား အထောက်အပံ့ များစွာ လျော့ကျသွား၏။]

[သင့်တပည့် စုချီ၏ ကြမ္မာဆိုး ဖြန့်ကြက်မှုကြောင့် သာလွန်မဟာတာအိုကမ္ဘာရှိ မဟာတာအိုသုံးထောင် ထိခိုက်သွား၏။]

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ နှုတ်ယူခံရပြီး ဝိညာဉ် ထိခိုက်သွား၏။]

[သင့်မိတ်ဆွေ ပဋိပက္ခသိစိတ်သည် သာလွန်တည်ရှိမှုတစ်ခု တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ နတ်ထူးဆန်းသည် ပဋိပက္ခ မိစ္ဆာနတ်ဆိုးများကို ဝါးမျိုပြီး ကျင့်ကြံမှု တိုးတက်သွား၏။]

စုချီရဲ့ ကြမ္မာဆိုးက အရင်လိုပဲ အထင်ကြီးဖို့ ကောင်းလှပါတယ်။ နှစ်တွေလည်း ကြာပြီ ဖြစ်တဲ့အတွက် စုချီက မဟာတာအိုပညာရှိချုပ် ဖြစ်နေပါပြီ။ ဒီကျင့်ကြံမှုနဲ့ ထိန်းချုပ်လို့မရတဲ့ ကြမ္မာဆိုးက မဟာတာအိုသုံးထောင်ကို ထိခိုက်စေတယ်ဆိုတာ အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်တဲ့အခါ နဝမပဋိပက္ခက အတွင်းနတ်ဆိုးနဲ့ ကိုယ်ပွားတစ်ခု ဖန်တီးတာကို တွေ့လိုက်ရပါတယ်။ တာအိုဖန်တီးရှင် တချို့ကလည်း တိုက်ခိုက်ကြပါတယ်။ ပဋိပက္ခသိစိတ်ကို ဘယ်သူ အနိုင်ကျင့်တာလဲ ဆိုတာတော့ ဟန်ကျွယ်လည်း မခန့်မှန်းတတ်ပါဘူး။

ဟန်ကျွယ်ဟာ စာစောင်တွေကို ဖတ်ရှုပြီးတဲ့အခါ အပြင်မှာ မုန်တိုင်းထန်ပြီး ပြောင်းလဲမှုတွေ တရစပ် ဖြစ်ပေါ်နေပေမဲ့ သူ့ကျင့်ကြံမှုကို မသက်ရောက်နိုင်ဘူးလို့ ကောက်ချက် ချလိုက်ပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ကျင့်ကြံဖို့ ပြင်လိုက်စဉ်မှာပဲ တစ်စုံတစ်ခုကို ရုတ်တရက် ခံစားလိုက်ရတာကြောင့် ရုတ်ခြည်း တာအိုစက်ကွင်းထဲကနေ ပျောက်ကွယ်သွားပါတယ်။

ဟန်ကျွယ်ဟာ တာအိုဖန်တီးရှင်တွေ တွေ့ဆုံတဲ့ လျှို့ဝှက်ဆန်းကြယ် အာကာသဆီ ရောက်ရှိသွားပါတယ်။ ပဋိပက္ခသိစိတ်၊ သဏ္ဍာမဲ့နတ်မင်းနဲ့ အနန္တဖျက်ဆီးရှင်သခင်တို့လည်း ရောက်နေကြပါတယ်။

‘ပဋိပက္ခသိစိတ်ကို တိုက်ခိုက်တာ ယင်ယန်ချွမ်တု နတ်မင်းများလား...’

“မကောင်းတဲ့ကိစ္စတစ်ခု ဖြစ်သွားတယ်၊ သူ အတွင်းနတ်ဆိုး ဖြစ်ပေါ်လာတဲ့အထိ အမှောင်သခင်ကြီး ကျိန်စာတိုက်တာကို ခံလိုက်ရတယ်၊ သူ အတွင်းနတ်ဆိုးကို နှင်ထုတ်လိုက်တော့ အခု အတွင်းနတ်ဆိုးတွေက ကြီးပြင်းနိုင်သွားပြီ၊ ဒါက ကပ်ဘေးဖြစ်လာလိမ့်မယ်” ပဋိပက္ခသိစိတ်က မတိုးမကျယ် ပြောလိုက်ပါတယ်။

သဏ္ဍာန်မဲ့နတ်မင်းက တအံ့တဩ မေးလိုက်ပါတယ် “သူက သူ့အတွင်းနတ်ဆိုးကို မထိန်းသိမ်းဘူးလား”

ပဋိပက္ခသိစိတ် “ဒီတစ်ခါ စွမ်းအားသုံးတာ များသွားလို့ သူ နက်နက်နဲနဲ အိပ်စက်လိမ့်မယ်၊ အဲဒီအတွင်းနတ်ဆိုးက ကြီးပြင်းလာမှာဆိုတော့ သူက ဒီကိစ္စကို ငါတို့လက်ထဲ အပ်လိုက်တယ်၊ သူအိပ်စက်နေတုန်း အတွင်းနတ်ဆိုး နိုးလာရင် ငါတို့တွေ ဝိုင်းတားရလိမ့်မယ်”

အနန္တဖျက်ဆီးရှင်သခင် “အဲဒီအတွင်းနတ်ဆိုးရဲ့ စွမ်းအားကရော...”

“သူ့ကို အိပ်စက်စေမှတော့ ငါ့အထင်... ငါတို့တွေ ပူးပေါင်းမှ ရမယ်ထင်တယ်”

ဟန်ကျွယ်ဟာ ဘာမှမပြောဘဲ တိတ်တဆိတ် နားထောင်ရင်း စနစ်ကို မေးလိုက်ပါတယ် “ငါ နဝမပဋိပက္ခရဲ့ အတွင်းနတ်ဆိုးကို တစ်ချက်တည်း သတ်နိုင်လား”

[သက်တမ်း ၅၀ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဒီတန်ဖိုးက ပင်မခန္ဓာကိုယ် တန်ဖိုးရဲ့ တစ်ဝက်ရှိပါတယ်။

ဆက်တွက်မယ်။

[မသတ်နိုင်ပါ။]

ဟန်ကျွယ်ဟာ နှလုံးမြုပ်သွားပါတယ်။

“အဲဒါဆို အတွင်းနတ်ဆိုးက ငါ့ကို သတ်နိုင်လား”

[မသတ်နိုင်ပါ]

‘တော်သေးတယ်’ ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပါတယ်။ ဒီကိန်းဂဏန်းတွေအရ ဒီတာအိုဖန်တီးရှင်တွေ ပူးပေါင်းရင်တောင် နဝမပဋိပက္ခရဲ့ အတွင်းနတ်ဆိုးကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။

“တစ်ခုခု မှားနေပြီလို့ ငါ ဆက်တိုက် ခံစားနေရတယ်” သဏ္ဍာန်မဲ့နတ်မင်းက ရုတ်တရက် ပြောလိုက်ပါတယ်။

ပဋိပက္ခသိစိတ်နဲ့ အနန္တဖျက်ဆီးရှင်သခင်လည်း တိတ်ဆိတ်သွားပါတယ်။

ဟန်ကျွယ်လည်း တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရပါတယ် ‘နဝမပဋိပက္ခက ဒီလောက် စွမ်းအားကြီးတာ၊ ဘယ်လိုလုပ်ပြီး အတွင်းနတ်ဆိုးကြောင့်နဲ့ ဒီလိုအခြေအနေ ရောက်ရမှာလဲ... မဟုတ်မှလွဲရော...’

ပဋိပက္ခသိစိတ်က ခပ်ယဲ့ယဲ့ ပြောလိုက်ပါတယ် “သူက သူ့ကိုယ်ပိုင် တရားမျှတမှု ရှိတယ်၊ သူ ချမှတ်ထားတဲ့ စည်းမျဉ်းတွေက ငါတို့ကို ကူညီပေးခဲ့တယ်၊ ဒါပေမဲ့ ဒီစည်းမျဉ်းတွေကြောင့်ပဲ သူ အခု ဘေးကျပ်နံကျပ်ထဲ ရောက်သွားတယ်၊ အဲဒါကြောင့် အခုအချိန်မှာ ဒီနည်းလမ်းကပဲ သူ့ပြဿနာကို ဖြေရှင်းပေးနိုင်မှာ”

ဟန်ကျွယ်ဟာ ပဋိပက္ခသိစိတ်က ဘာပြောချင်လဲဆိုတာကို နားလည်ပါတယ်။ နဝမပဋိပက္ခက ပြိုင်ဘက်ကင်းပေမဲ့ ကျိုးကြောင်းဆီလျော်ပြီး အငယ်တွေကို တစ်ခါမှ အနိုင်မကျင့်ခဲ့ပါဘူး။ ဒီအကြောင်းကြောင့်လည်း သူတို့တွေ တာအိုဖန်တီးရှင် ဖြစ်လာနိုင်တာပါ။

ဒါကို ကြည့်ရုံနဲ့ နဝမပဋိပက္ခက တရားရှိပြီး စည်းရှိတယ်ဆိုတာ သိသာလှပါတယ်။

အခုအချိန်မှာ နဝမပဋိပက္ခဟာ အမှောင်သခင်ကြီးရဲ့ ခြိမ်းခြောက်မှုကြောင့် စိတ်လေးလာပြီး ပြဿနာကို တစ်ခါတည်း အမြစ်ပြတ် ရှင်းချင်ပေမဲ့ တစ်ဖက်လူက ဘယ်သူလဲဆိုတာကို မသိပါဘူး။

တခြားလူသာ သူ့နေရာမှာဆိုရင် တစ်ယောက်ကို လွှတ်ပေးမဲ့အစား အကုန်လုံးကို သတ်ပစ်မှာပါ။ ဒါပေမဲ့ နဝမပဋိပက္ခက ဒီလိုမဖြစ်ချင်ပါဘူး။ ဒါကြောင့် ဒီကိစ္စကို ဖြေရှင်းဖို့ ကိုယ်ပွားဖန်တီးလိုက်ပါတယ်။

“တခြားနည်းလမ်း မရှိဘူး၊ ငါတို့တွေ ရင်ဆိုင်ဖို့ပဲ ကြိုတင် ပြင်ဆင်ထားရမယ်၊ ဒါက ငါတို့ရဲ့ ကပ်ဘေးပဲ၊ ငါတို့တွေ ဒီအကြောင်းကို ယင်ယန်ချွမ်တုနတ်မင်း သိအောင် ပြောပြရမယ်” အနန္တဖျက်ဆီးရှင်သခင်က အေးစက်စွာ ပြောလိုက်ပါတယ်။

အနန္တဖျက်ဆီးရှင်သခင်ဟာ မလွတ်နိုင်မှတော့ ခန့်မှန်းချက်တွေ ထုတ်မနေတော့ဘဲ ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။

“အဲဒါဆို အတွင်းနတ်ဆိုးက ဘယ်မှာလဲ” ဟန်ကျွယ်က ရုတ်တရက် မေးလိုက်ပါတယ်။

ပဋိပက္ခသိစိတ် “မဟာတာအိုကမ္ဘာတွေမှာ လျှောက်သောင်းကျန်းနေတဲ့ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးပဲ၊ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးက အရေခွံပဲ၊ တကယ့် အတွင်းနတ်ဆိုးက ပျိုးထောင်တုန်း ရှိသေးတယ်”

“ငါတို့တွေ သူ့ကို ကြိုသတ်လိုက်ရင်ရော ဘာဖြစ်လာမလဲ”

“အတွင်းနတ်ဆိုး ကွဲကြေသွားရင် သူ့စွမ်းအားက ပဋိပက္ခနဲ့ အရာအားလုံးကို သက်ရောက်လိမ့်မယ်၊ ဒါက သူ့ပင်မခန္ဓာကိုယ်ရဲ့ အစွမ်းကုန် တိုက်ချက်တစ်ချက်ကို ရင်ဆိုင်ရတာနဲ့ အတူတူပဲ”

ပဋိပက္ခသိစိတ်ရဲ့ လေသံဟာ ကူကယ်ရာမဲ့နေပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters