← Chapters

ပဋိပက္ခကိုးပါး ဒဏ္ဍာရီ

Vol. 103 Ch. 1073

ပဋိပက္ခကိုးပါး ဒဏ္ဍာရီ

Vol. 103 Ch. 1073

ကျောက်ရွှမ်ကွမ်းဟာ ဟန်လင်နဲ့ တိုက်ခိုက်တုန်းကထက် ပိုပြီးတော့ စွမ်းအားကြီးလာပါတယ်။ သူ့ရောင်ဝါက မဟာတာအိုပညာရှိ အထွတ်အထိပ်အဆင့်ကို ကျော်လွန်ပြီး တာအိုဖန်တီးရှင်အဆင့်ထဲ ခြေလှမ်းတစ်ဝက် ရောက်နေပါပြီ။

လက်ရှိ ကျောက်ရွှမ်ကွမ်းက ဟန်ကျွယ် အရင်က တိုက်ခိုက်ခဲ့တဲ့ သူ့ကိုယ်သူ တာအိုဖန်တီးရှင်အဆင့် ရောက်နေပြီလို့ ခံယူထားတဲ့ စွမ်းအားကြီးရန်သူ အဆင့်မှာပါ။

အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကလည်း အတော်လေး စွမ်းအားကြီးပါတယ်။ ကျောက်ရွှမ်ကွမ်းနဲ့ တစ်ကိုယ်တော် တိုက်ခိုက်နေရင်း ရေတွက်ဖို့ မဖြစ်နိုင်လောက်အောင် အလွန်များပြားလှတဲ့ မိစ္ဆာနတ်ဆိုးတွေ ဆင့်ဆိုပြီး ကျို့ကဲ့ဂျိသွမ်ကို တိုက်ခိုက်စေပါတယ်။

ဟန်ကျွယ်ဟာ နတ်ထူးဆန်းကို တွေ့လိုက်ပါတယ်။ နတ်ထူးဆန်းဟာ မိစ္ဆာနတ်ဆိုးတွေကြား ရောဝင်ပြီး နောက်ကျော ဓားနဲ့ထိုးပါတယ်။ မိစ္ဆာနတ်ဆိုးတွေ တိုက်ခိုက်နေတုန်း မကြာမကြာ တစ်ကောင်ပြီး တစ်ကောင် ဝါးမျိုပစ်ပါတယ်။

ဒီတိုက်ပွဲက အလွန်ကြီးမား ကျယ်ပြန့်လွန်းပါတယ်။ ဆန်းကြယ်စွမ်းအား မျိုးစုံကလည်း လောကကို ဖျက်ဆီးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ဘယ်သူမှ နတ်ထူးဆန်းရဲ့ လှုပ်ရှားမှုကို ရှာမတွေ့ကြပါဘူး။

‘ဒီကောင်က တော်တော် ကောက်ကျစ်တာပဲ’

ဟန်ကျွယ်ဟာ စက်ဆုပ်ရွံရှာပြီး ရုတ်တရက် နောက်တရသွားပါတယ် ‘ငါ ဒီကောင် အပြင်မလွှတ်လိုက်သင့်ဘူး... ဒီကောင် နောက်ကျလို့ ပြန်လာရင် အန္တိမမူလ ကောင်းကင်ထောင်ထဲ ပစ်ထည့်ရမယ်’

မကြာခင်မှာပဲ ဟန်ကျွယ်ဟာ ကျောက်ရွှမ်ကွမ်းက အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို တကယ် သတ်ချင်တယ်ဆိုတာ ရှာတွေ့သွားပါတယ်။

‘ဒီကောင်က အဋ္ဌမပဋိပက္ခရဲ့ မှတ်ဉာဏ်တွေ နိုးထပြီးခါမှ ဘာဖြစ်လို့ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို သတ်ချင်ရတာလဲ’

ဟန်ကျွယ်ဟာ ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားပါတယ်။ အဲဒါက အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုး ပေါ်လာတာဟာ တာအိုဖန်တီးရှင်တွေကို ရင်ဆိုင်ဖို့ မဟုတ်ဘဲ အဋ္ဌမပဋိပက္ခကို ကူညီဖို့ဆိုတာပါ။

ကျောက်ရွှမ်ကွမ်းရဲ့ အရည်အချင်းနဲ့ တာအိုဖန်တီးရှင် ဖြစ်လာဖို့က အချိန်အကြာကြီး ယူရမှာပါ။ သူ တာအိုဖန်တီးရှင် ဖြစ်လာတဲ့အချိန်ကျရင် အဆုံးမဲ့ခေတ်က ပြီးတောင် ပြီးသွားလောက်ပါပြီ။

လောကဦးစိတ်ဝိညာဉ်တောင် တာအိုဖန်တီးရှင် ဖြစ်လာဖို့က လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။

နဝမပဋိပက္ခ ပဋိပက္ခကို မဖန်တီးခင်တုန်းက ပထမ ပဋိပက္ခရှစ်ပါးရဲ့ အမြင့်မားဆုံး ကျင့်ကြံမှုက တာအိုဖန်တီးရှင်အဆင့်ရဲ့ ခြေဖျားကို ထိတောင် ထိခဲ့တာ မဟုတ်ပါဘူး။

အဲဒါကြောင့် နဝမပဋိပက္ခက အတွင်းနတ်ဆိုးကို ကိုယ်ပွားအဖြစ် ဖန်တီးလိုက်တာပါ။ ဘေးကနေ ကြည့်ရင် နဝမပဋိပက္ခက ကူကယ်ရာမဲ့ပြီး တာအိုဖန်တီးရှင်တွေကို ရှင်းချင်တာလို့ ထင်ရပေမဲ့ တကယ်တော့ ကျောက်ရွှမ်ကွမ်းကို ပျိုးထောင်ဖို့ပါ။

“ငါထင်တာ အမှန်ပဲလား”

[သက်တမ်း ၅၀ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မှန်ပါသည်။]

‘ငါ ထင်တဲ့အတိုင်းပဲ’ ဟန်ကျွယ်ဟာ ကျောက်ရွှမ်ကွမ်းကို အေးစက်စွာ ကြည့်လိုက်ပါတယ်။

ကျောက်ရွှမ်ကွမ်းက ကောင်းကင်တာအိုကမလို့ ဟန်ကျွယ်ဟာ သူ့အပေါ် အကောင်းမြင်စိတ် ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဋ္ဌမပဋိပက္ခ တာအိုဖန်တီးရှင် ဖြစ်လာမှာက ဟန်ကျွယ်အတွက် ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။

အရင်တွက်ချက်မှုတွေအရ ပဋိပက္ခကိုးပါး ပြန်ရှင်သန်လာရင် တခြား တာအိုဖန်တီးရှင်တွေကို တိုက်ခိုက်မှာမလို့ပါ။

ပဋိပက္ခကိုးပါးဟာ သူတို့ကိုယ်သူတို့ အရာအားလုံးကို အုပ်ချုပ်သူလို့ ယုံကြည်ထားပြီး တခြားတည်ရှိမှုတွေ သူတို့နဲ့ အဆင့်အတန်းတူမှာကို ခွင့်ပြုမှာ မဟုတ်ပါဘူး။ ကံမကောင်းချင်တော့ ဟန်ကျွယ်က လိုက်မီတော့မယ်ဆိုတာကို နဝမပဋိပက္ခ ခုထိ မသိသေးပါဘူး။

တွက်ချက်မှု တန်ဖိုးတွေအရ နဝမပဋိပက္ခရဲ့ ကျင့်ကြံမှုက အများကြီး လျော့ကျသွားတဲ့အတွက် လောလောဆယ်မှာ ဖန်တီးရှင်သခင်အဆင့်ဖြစ်ဖို့ မျှော်လင့်ချက် မရှိတော့ပါဘူး။

ဟန်ကျွယ်ဟာ အခြေအနေကို သိသွားပေမဲ့ ဘာမှမလုပ်ပါဘူး။ အခွင့်အရေးကို အမိဖမ်းပြီး အဆင့်တက်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။

ရှန်ဝေါ်ဟာ ဟန်ကျွယ် ဆက်ကျင့်ကြံတာကို တွေ့တာနဲ့ ရှန်ရှင်းကိုးဖော်နဲ့ အပြင်ထွက်ပြီး တာအိုစက်ကွင်းထဲက တပည့်တွေနဲ့ တိုက်ပွဲအကြောင်း စိတ်ဝင်တစား ဆက်ဆွေးနွေးပါတယ်။ သူတို့မှာ နေကြာစေ့ပဲ လိုပါတော့တယ်။

ဒီတိုက်ပွဲဟာ အတော်ကို ကြာပါတယ်။ ကျောက်ရွှမ်ကွမ်းနဲ့ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ အရေးနိမ့်လာတိုင်း စွမ်းအားတွေ ပေါက်ကွဲထွက်လာတာကြောင့်ပါ။

ဟန်ကျွယ်ဟာ ဒီတိုက်ပွဲကို ကြည့်ရင်း သေချာပေါက် ပျင်းမှာပါ။ ဒါပေမဲ့ ရှန်ရှင်းကိုးဖော်ကတော့ ဒီတိုက်ပွဲကို စိတ်ဝင်တစား ကြည့်ရှုတဲ့အတွက် စိတ်လှုပ်ရှားပါတယ်။

ဒီတိုက်ပွဲဟာ နှစ်တစ်သန်းကြာမှ ပြီးဆုံးသွားပါတယ်။

အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုး ရှုံးနိမ့်ပြီး ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးသွားပါတယ်။ စစ်မြေပြင်ပေါ်က မိစ္ဆာနတ်ဆိုးတွေ အကုန်လုံးကတော့ အသတ်ခံလိုက်ရပါတယ်။

အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

တာအိုဘုံကျောင်းအတွင်း။

[သင်သည် အသက် သန်း ၁၂၀ ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ တံခါးပိတ် ကျင့်ကြံရာမှထွက်၍ အခြား တာအိုဖန်တီးရှင်များကို သတ်ဖြတ်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် အန္တိမမူလ စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး ရရှိမည်။]

[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ မူလ ရည်ရွယ်ချက်အတိုင်း နေထိုင်ပါ။ ဆုလာဘ်အဖြစ် မဟတာာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ အန္တိမမူလ စိတ်ဝိညာဉ်ကျောက်တုံးနှင့် တာအိုစက်ကွင်းအား အဆင့်မြှင့်တင်ရန် အခွင့်အရေးတစ်ကြိမ် ရရှိမည်။]

ဟန်ကျွယ်ရဲ့ မျက်လုံးတွေ တောက်ပသွားပါတယ်။ နှစ်သန်းတစ်ရာကျော် စောင့်ဆိုင်းပြီးနောက် တာအိုစက်ကွင်းကို အဆင့်မြှင့်နိုင်တော့မယ် မဟုတ်ပါလား။

ဟန်ကျွယ်ဟာ တာအိုစက်ကွင်းက အဆင်မြှင့်နိုင်တယ်ဆိုတာကို မေ့တောင် မေ့နေပါပြီ။

ဟန်ကျွယ်ဟာ ချက်ချင်းပဲ နံပါတ်နှစ်ကို ရွေးချယ်လိုက်တဲ့အခါ သူ့ရှေ့မှာ အသိပေးချက်တွေ ပေါ်လာပါတယ်။

[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ အန္တိမမူလ စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် တာအိုစက်ကွင်းအား အဆင့်မြှင့်တင်ရန် အခွင့်အရေးတစ်ကြိမ် ရရှိပါသည်။]

[ပင်မ တာအိုစက်ကွင်းအား အဆင့်စမြှင့်ပါပြီ။]

[ဒုတိယ တာအိုစက်ကွင်းအား အဆင့်စမြှင့်ပါပြီ။]

[တတိယ တာအိုစက်ကွင်းအား အဆင့်စမြှင့်ပါပြီ။]

ဟန်ကျွယ်ဟာ ပျော်ရွှင်သွားတာကြောင့် တစ်ခါတည်း တာအိုဟောကြားပြီး သူ့မျိုးဆက်တွေကို တာအိုသုံးသပ်နားလည်တဲ့ အခြေအနေထဲ ဆွဲသွင်းလိုက်ပါတယ်။ ဒီတာအိုဟောကြားမှု နှစ်တစ်ထောင် ကြာပါတယ်။

တာအိုဟောကြားပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး တာအိုလက်တွဲဖော်တွေဆီ သွားလည်ပါတယ်။

အတော်အတန်ကြာမှာပဲ ရှန်ရှင်းကိုးဖော်နဲ့ ရှန်ဝေါ် နိုးလာပါတယ်။ သူတို့တွေဟာ အိပ်မက်မက်နေသလိုမျိုး ခံစားခဲ့ရတဲ့ တာအိုသုံးသပ်နားလည်ခဲ့တာတွေကို ပြန်တွေးလိုက်ပါတယ်။

“ကနဦးဘိုးဘေးက တကယ်ကို စွမ်းအားကြီးလွန်းတယ်” မော့ဇောင်ဟာ သက်ပြင်းချလိုက်ပါတယ်။

သူတို့ကို တာအိုသုံးသပ်နားလည်တဲ့ အခြေအနေထဲ တစ်ခါတည်း ဆွဲသွင်းနိုင်တာက နည်းတဲ့စွမ်းအား မဟုတ်ပါဘူး။ သူတို့တွေက မဟာတာအိုပညာရှိတွေပါ။ သေမျိုးတွေ မဟုတ်ပါဘူး။ သူတို့တွေက ပဋိပက္ခထဲမှာ ထိပ်တန်း မဟာတာအိုပညာရှိတွေ မဟုတ်ရင်တောင် မကြာခင် ဖြစ်လာတော့မှာပါ။

ရှန်ဝေါ်ဟာ ပြုံးလိုက်ပါတယ် “နောက်ကျလို့ အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်ခွင့်ရရင် အဲဒီမှာ ကနဦးဘိုးဘေးရဲ့ စွမ်းအားကို စမ်းကြည့်လို့ ရတယ်”

တစ်ယောက်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “အသွင်တူ လက်ရည်စမ်းပွဲက ဘာလဲ”

ရှန်ဝေါ်ဟာ အကြမ်းဖျင်း ရှင်းပြလိုက်ပါတယ်။ ရှန်ရှင်းကိုးဖော်ဟာ စိတ်လှုပ်ရှားသွားပြီး အသွင်တူ လက်ရည်စမ်းပွဲထဲကို ချက်ချင်း ဝင်ချင်သွားပါတယ်။ ဟန်ကျွယ် ပြန်ရောက်လာတဲ့အခါ ရှန်ရှင်းကိုးဖော်က ဟန်ကျွယ်ကို တောက်လောင်တဲ့ မျက်လုံးတွေနဲ့ ဝိုင်းကြည့်ကြပါတယ်။

ဟန်ကျွယ်ဟာ သူတို့ ဘာတွေးနေတယ်ဆိုတာကို သိတာကြောင့် ချက်ချင်း အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်ခွင့် ပေးလိုက်ပါတယ်။

မကြာခင်မှာပဲ ရှန်ရှင်းကိုးဖော်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲ နစ်မြောသွားပါတယ်။

ဟန်ကျွယ်ဟာ သူတို့တွေ ဘာလုပ်လဲ သိချင်တဲ့အတွက် ကြည့်လိုက်တဲ့အခါ ရှန်ရှင်းကိုးဖော်က သူ့ကို အရင်ဆုံး စိန်ခေါ်တာကို တွေ့လိုက်ရပါတယ် ‘ကောင်စုတ်လေးတွေ... တော်တော် သေချင်နေတာပဲ’

ဟန်ကျွယ်ဟာ ပြုံးမိလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သူတို့ကို မနှောင့်ယှက်ဘဲ နေရာမှာ ပြန်ထိုင်ပြီး စာစောင်တွေကို စစ်ဆေးပါတယ်။

ဒီတစ်ခါစာစောင်တွေက အရင်ကနေ ဘာမှ သိပ်မကွာပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်က တစ်စောင်ချင်းကို အေးဆေး ဖတ်ပါတယ်။ ဟန်ကျွယ်ဟာ တာအိုစက်ကွင်း အဆင့်မြှင့်တင်ပြီးမှာကို စောင့်နေတာပါ။

[သဏ္ဍာန်မဲ့နတ်မင်းသည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

ဟန်ကျွယ်ဟာ တဒင်္ဂ တုံ့ဆိုင်းသွားပြီးနောက် အိပ်မက်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အိပ်မက်နယ်မြေက ဗလာနယ်မြေပါ။ ဟန်ကျွယ်ဟာ သဏ္ဍာန်မဲ့နတ်မင်းကို အကောင်းမြင်စိတ် ရှိပါတယ်။ သဏ္ဍာန်မဲ့နတ်မင်းက မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ နောက်ခံ မဟုတ်ပါလား။

“တာအိုရောင်းရင်းဟန်... ပဋိပက္ခကို ရင်ဆိုင်ဖို့ ယုံကြည်ချက်ရှိလားဆိုတာ သိပါရစေ” သဏ္ဍာန်မဲ့နတ်မင်းက တဲ့တိုးမေးလိုက်ပါတယ်။ သူပြောတဲ့ ပဋိပက္ခက နဝမပဋိပက္ခပါ။

ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ် “ငါက တာအိုဖန်တီးရှင် ဖြစ်လာရုံပဲ ရှိသေးတာ၊ ဘယ်လိုလုပ်ပြီး သူ့ကို ယှဉ်နိုင်မှာလဲ”

သဏ္ဍာန်မဲ့နတ်မင်းဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး “ငါ လျှို့ဝှက်ချက်တစ်ခု ရှာတွေ့ထားတယ်၊ ပဋိပက္ခကိုးပါး ဒဏ္ဍာရီက အမှန်ဖြစ်လောက်တယ်”

“ပဋိပက္ခကိုးပါးက ဘာလဲ” ဟန်ကျွယ်က တအံ့တဩ ပြန်မေးလိုက်ပါတယ်။

သဏ္ဍာန်မဲ့နတ်မင်းကလည်း ရှင်းပြပါတယ်။ ဟန်ကျွယ် သိထားတဲ့ အကြောင်းအရာတွေ ချည်းပါပဲ။ ကုန်ကုန်ပြောရရင် သဏ္ဍာန်မဲ့နတ်မင်းက ဟန်ကျွယ်လောက် သိမထားပါဘူး။

“ပဋိပက္ခမှာ ညီအစ်ကိုရှစ်ယောက် ရှိတယ်၊ ပဋိပက္ခကသာ သူတို့ကို ပြန်ရှင်အောင်လုပ်ရင် သူတို့တွေက ငါတို့ကို အပြတ်ရှင်းပစ်လိမ့်မယ်၊ အဆုံးမဲ့ခေတ်ဆိုတာက ငါတို့အတွက် မဟုတ်ဘူး၊ သူ့ညီအစ်ကိုရှစ်ယောက် အတွက်ပဲ၊ အဆုံးမဲ့ခေတ်က ပဋိပက္ခတွေ ပိုပြီးတော့ တည်ရှိနိုင်ဖို့ပဲ” သဏ္ဍာန်မဲ့နတ်မင်းက လေးလေးနက်နက် ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး “ဒီလိုဆိုမှတော့...”

“တာအိုရောင်းရင်းဟန်... တာအိုရောင်းရင်းဟန်က အတော်လေး စွမ်းအားကြီးတယ်ဆိုတာ ငါ သိတယ်၊ ငါတို့ကို ကျော်တက်သွားပြီဆိုတာကိုလည်း သိတယ်၊ ငါ မင်းကိုပဲ ဒီအကြောင်း ပြောပြတာ၊ တခြား တာအိုဖန်တီးရှင်တွေကို ငါ မယုံဘူး၊ ငါက မင်းကြီးပြင်းလာတာကို စောင့်ကြည့်နေခဲ့တာ၊ မင်းရဲ့ မင်းဘေးနားက လူတွေအပေါ် ထားတဲ့ သဘောထားက ငါ့ကို တော်တော်လေး သက်သာရာ ရစေတယ်၊ တခြားလူတွေ အစွမ်းအထက်ဆုံး ဖြစ်မဲ့အစား မင်းကိုပဲ အစွမ်းအထက်ဆုံး ဖြစ်စေချင်တယ်၊ မင်းမှာ ပဋိပက္ခကို ယှဉ်နိုင်တဲ့ စွမ်းအား ရှိတာနဲ့ ငါ မင်းကို ကူညီမယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters