သဏ္ဍာန်မဲ့နတ်မင်းအား လက်ခံခြင်း
Vol. 103 Ch. 1074
ဟန်ကျွယ်ဟာ အံ့အားသင့်သွားပါတယ် ‘ဒီကောင်က ငါ့ဆီမှာ ခိုလှုံချင်တာလား...’
ဒါက ဟန်ကျွယ် လုံးဝ မျှော်လင့်မထားတဲ့ အရာပါ။ ဟန်ကျွယ်ရဲ့ အမြင်မှာ တာအိုဖန်တီးရှင်တစ်ပါးက တခြားလူ ဖိနှိပ်တာကို မခံရဘူးဆိုရင် အလွယ်တကူ ဦးညွှတ်မှာ မဟုတ်ပါဘူး။ နဝမပဋိပက္ခက တခြား တာအိုဖန်တီးရှင်တွေကို လုပ်သလိုမျိုးပေါ့။
ဟန်ကျွယ်ဟာ မတတ်နိုင်တဲ့ လေသံနဲ့ “ငါ တာအိုဖန်တီးရှင် ဖြစ်လာတာ ဘယ်လောက်မှာ ကြာသေးတာ မဟုတ်ဘူး၊ ဘယ်လိုလုပ်ပြီး သူ့ကို ယှဉ်နိုင်မှာလဲ”
စိတ်ထဲမှာလည်း ဟန်ကျွယ်ဟာ စနစ်ကို မေးလိုက်ပါတယ် “သဏ္ဍာန်မဲ့နတ်မင်းက ငါ့ဆီမှာ တကယ် ခိုလှုံချင်တာလား”
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မှန်ပါသည်။]
ဒါက ဟန်ကျွယ်ကို ပိုပြီးတော့ အံ့အားသင့်သွားစေပါတယ် ‘ဒီကောင် ဒီလိုလုပ်တာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကြောင့်လား...’
သဏ္ဍာန်မဲ့နတ်မင်းဟာ ပြုံးလိုက်ပါတယ် “မင်းသာ သူ့ပြိုင်ဘက် မဟုတ်ဘူးဆိုရင် ရောခံရမှာကြောက်ပြီး မင်း အိပ်မက်နယ်မြေထဲက ချက်ချင်း ထွက်သွားလောက်ပြီ၊ မင်း အခုလို နှိမ့်နှိမ့်ချချနေနိုင်တာကပဲ မင်းရဲ့ ယုံကြည်မှုကို ပြနေတယ်”
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။ သဏ္ဍာန်မဲ့နတ်မင်းက သူ့ဆီမှာ တကယ်ခိုလှုံချင်တာသာ မဟုတ်ဘူးဆိုရင် ဟန်ကျွယ်ဟာ သေချာပေါက် တိုက်ခိုက်လိုက်မှာပါ။
ဟန်ကျွယ်ဟာ သေချာစဉ်းစားကြည့်တဲ့အခါ သဏ္ဍာန်မဲ့နတ်မင်းက ဘာမှမမှားတာကို ရှာတွေ့သွားပါတယ်။ သဏ္ဍာန်မဲ့နတ်မင်းက သူ့ကိုယ်သူ စတေးပြီး သာလွန်မဟာတာအိုကမ္ဘာက သက်ရှိတွေကို ကယ်တင်ချင်ပါယ်။ ဒီကရုဏာတရားက တကယ်ကို အထင်ကြီး လေးစားဖို့ ကောင်းပါတယ်။
“ငါ မင်းကို ကတိပေးရင် မင်း ဘာလုပ်မှာလဲ” ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းပြီး တည်တည်ငြိမ်ငြိမ် မေးလိုက်ပါတယ်။
သဏ္ဍာန်မဲ့နတ်မင်း “မင်း ခေါင်းဆောင်ဖြစ်လာရင် မင်းကြိုက်တာ လုပ်လို့ရတယ်၊ ချက်ချင်း လှုပ်ရှားဖို့က မဖြစ်နိုင်ဘူး၊ မင်း သဘောတူရင် အချိန်တစ်ခုအထိ ပြင်ဆင်တာ အကောင်းဆုံးပဲ၊ တခြား တာအိုဖန်တီးရှင်တွေကိုတော့ စည်းရုံးသိမ်းသွင်းဖို့ မကြိုးစားနဲ့၊ သူတို့ရည်မှန်းချက်က ဒုတိယ ပဋိပက္ခကို ဝင့်မဆံနိုင်လောက်အောင် ကြီးမားလွန်းတယ်”
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ငါ သဘောတူလိုက်ရင် သဏ္ဍာန်မဲ့နတ်မင်းက တခြား တာအိုဖန်တီးရှင်တွေကို ပြောမှာလား”
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မပြောပါ။]
ဟန်ကျွယ်ဟာ သက်သာရာ ရသွားပါတယ်။ ဟန်ကျွယ်မေးတဲ့ တခြားတာအိုဖန်တီးရှင်ဆိုတာက နဝမပဋိပက္ခလည်း ပါပါတယ်။ သဏ္ဍာန်မင်းနတ်မင်း ဒီလိုမလုပ်သရွေ့ အားလုံး အဆင်ပြောပါတယ်။
“ဆုံးဖြတ်ချက်ချတော့... ပဋိပက္ခက သဘောထားကြီးတယ်လို့ ထင်ရပေမဲ့ သူ့ကို မခြိမ်းခြောက်နိုင်မှ သဘောထားကြီးတာ၊ မင်း သူ့ကို ခြိမ်းခြောက်လာတာနဲ့ သေချာပေါက် တိုက်ခိုက်လိမ့်မယ်၊ နောက်ပြီး အတွင်းနတ်ဆိုးကိစ္စကလည်း သူ့ကို ပြောင်းလဲသွားစေတယ်၊ ငါတို့တွေ ကြိုမပြင်ထားရင် မကြာခင် ဘဝဇာတ်သိမ်းရလိမ့်မယ်”
သဏ္ဍာန်မဲ့နတ်မင်းက မတတ်နိုင်တဲ့ လေသံနဲ့ ထပ်ပြောပါတယ် ‘ဒီကောင်လေးက အားလုံး တော်ပေမဲ့ သတိထားလွန်းတယ်၊ သတ္တိတောင် ကြောင်လိုက်သေးတယ်၊ ငါ ဒီကောင်လေးကို နားမလည်နိုင်တော့ဘူး’
ဟန်ကျွယ် “ကောင်းပြီလေ... ဒါပေမဲ့ မင်း ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောနဲ့၊ မိစ္ဆာ ကောင်းကင်ဧကရာဇ်လည်း ပါတယ်၊ တခြားလူတွေ သိတာနဲ့ တာအိုဖန်တီးရှင်တွေ တွက်ချက်တာ ခံရပြီး အကုန်လုံး သိကုန်ကြလိမ့်မယ်”
သဏ္ဍာန်မဲ့နတ်မင်းဟာ ပြုံးလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ ငါ မင်းကို တစ်ယောက်တည်း မတိုက်ခိုင်းပါဘူး၊ နောက်ဆုံးတိုက်ပွဲ မလာခင် ငါ ကျင့်ကြံသူတစ်စုကို ပျိုးထောင်ပေးမယ်၊ တခြား တာအိုဖန်တီးရှင်တွေက ပဋိပက္ခနဲ့ ပူးပေါင်းရင် ငါ သူတို့ကို ဝိုင်းခုခံပေးမယ်”
ဟန်ကျွယ် ကျေနပ်သွားပါတယ် “ဒါဆို ဒါပဲ၊ အခြေအနေကို ဆက်ပြီးတော့ စောင့်ကြည့်ရအောင်”
“မင်းက အဆင့်တက်တော့မှာလား”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...ဟဲဟဲ...” ဟန်ကျွယ်ဟာ ခေါင်းခါ ရယ်မောပြီး အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။
[သဏ္ဍာန်မဲ့နတ်မင်းသည် သင့်အား အကောင်းမြင်စိတ် ဝင်သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ခြောက်ပွင့်။]
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို မြင်လိုက်ရတဲ့အခါ သဏ္ဍာန်မဲ့နတ်မင်းကို ပိုပြီးတော့ ကျေနပ်အားရသွားပါတယ်။
‘မဆိုးဘူး... မဆိုးဘူး... တော်တော် သိတတ်တာပဲ’
သဏ္ဍာန်မဲ့နတ်မင်းကို သိမ်းသွင်းနိုင်တာက ဟန်ကျွယ်အတွက် ကောင်းတဲ့ကိစ္စဆိုပေမဲ့ ကိစ္စအကြီးကြီးတော့ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ဖန်တီးရှင်သခင် ဖြစ်သွားရင် တာအိုဖန်တီးရှင်တွေကို အန္တိမမူလ ကောင်းကင်ထောင်ထဲ ပစ်ထည့်ဖို့ စီစဉ်ထားပါတယ်။ ဟန်ကျွယ်ဟာ ဒါကို အရှက်ရစရာလို့ မထင်ပါဘူး။ တခြား ဘယ်တာအိုဖန်တီးရှင်ပဲ ဖြစ်ဖြစ် တခြားတာအိုဖန်တီးရှင်တွေကို ရှင်းလို့ရရင် သနားနေမှာ မဟုတ်ပါဘူး။
ကျင့်ကြံမှု မြင့်မားလာတာနဲ့ ကိုယ်ကျင့်တရားက အဓိပ္ပာယ်ကင်းမဲ့သွားပါတယ်။ သေမျိုးတွေရဲ့ ကိုယ်ကျင့်တရားက သူတို့ကို မကန့်သတ်နိုင်ပါဘူး။ ဘယ်သူက စွမ်းအား ပိုကြီးလဲဆိုတာပဲ အရေးကြီးပါတယ်။
နဝမပဋိပက္ခ ဟန်ကျွယ်ကို ဘာမှမလုပ်တာက တာအိုစက်ကွင်းကြောင့်ပါ။ မဟုတ်ရင် နဝမပဋိပက္ခက ဟန်ကျွယ်ကို ဖိနှိပ်ပြီး အန္တိမမူလကမ္ဘာကို တခြားမဟာတာအိုကမ္ဘာတွေလိုမျိုး ပဋိပက္ခနဲ့ ပေါင်းစပ်ပစ်မှာပါ။
ဟန်ကျွယ်ဟာ တခြားလူတွေကို လွတ်လမ်းတော့ ပေးမှာပါ။ ဒါပေမဲ့ သူ့ကို ခြိမ်းခြောက်လာနိုင်တဲ့ အခွင့်အရေးတော့ ပေးမှာ မဟုတ်ပါဘူး။
ဒီအချိန်မှာ ရှန်ရှင်းကိုးဖော်ဟာ အသွင်တူ လက်ရည်စမ်းပွဲက နိုးလာပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြပါတယ်။ သူတို့တွေဟာ ဟန်ကျွယ်ကိုတောင် မကြည့်ရဲကြပါဘူး။
ရှန်ဝေါ်ဟာ သူတို့အမူအရာကို ကြည့်ပြီး ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်သွားပါတယ် ‘မင်းတို့က ဘယ်သူက သေခိုင်းလို့လဲ... ကနဦးဘိုးဘေးက ဘယ်လောက် စွမ်းအားကြီးတယ်ဆိုတာ သိပြီမလား...’
ဟန်ကျွယ်ဟာ သူတို့ကို ဂရုမစိုက်ပါဘူး။ ဟန်ကျွယ်ဟာ တာအိုစက်ကွင်း အဆင့်မြှင့်တင်ပြီးတာကို စောင့်နေတာပါ။ ဒါပေမဲ့ ဒီလောက်ကြာတာတောင် တာအိုစက်ကွင်းက အဆင့်မြှင့်တင်လို့ မပြီးသေးပါဘူး။
ဒါကလည်း အဓိပ္ပာယ်မရှိတော့ မဟုတ်ပါဘူး။ တာအိုစက်ကွင်းရဲ့ အကာအကွယ် အစီအမံက ဖန်တီးရှင်သခင်အဆင့်ကိုတောင် ရောက်နေတာပါ။ ဒါကို အဆင့်မြှင့်တင်ဖို့ ဘယ်လောက်ကြာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “အန္တိမမူလ စိတ်ဝိညာဉ်ကျောက်တုံးက အန္တိမ အကောင်းစားရတနာကို အဆင့်မြှင့်တင်နိုင်လား”
[လောလောဆယ် အဆင့်မမြှင့်နိုင်ပါ။ အန္တိမ အကောင်းစား ရတနာသည် အစွမ်းအထက်ဆုံး ဓမ္မရတနာဖြစ်သည်။ သင် ဖန်တီးရှင်သခင်အဆင့်သို့ ရောက်ရှိပြီး ပိုမိုမြင့်မားသော လောကအား ဖွင့်လှစ်နိုင်မှသာ အန္တိမ အကောင်းစား ရတနာကို အဆင့်မြှင့်တင်နိုင်လိမ့်မည်။]
ဘာလိုလိုနဲ့ ဟန်ကျွယ်တောင် ရှေ့ဆောင်လမ်းပြ ဖြစ်လာပါပြီ။ အရာအားလုံး မွေးဖွားလာကတည်းက ဘယ်သူမှ ဖန်တီးရှင်သခင် ဖြစ်မလာသေးပါဘူး။
ဟန်ကျွယ်ဟာ အဲဒီနေ့ကို ပိုပြီးတော့ မျှော်ကြည့်မိလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
ပဋိပက္ခဟာ ဘယ်တုန်းက မဖြစ်ခဲ့ဖူးတဲ့ ဝရုန်းသုန်းကား အခြေအနေကို ကျရောက်သွားပါတယ်။ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ သက်ရှိအားလုံးရဲ့ အိပ်မက်ဆိုး ဖြစ်လာပါတယ်။
မိစ္ဆာနတ်ဆိုးတွေဟာ သူတို့ကိုယ်ပိုင် မျိုးနွယ်စုကိုတောင် တည်ထောင်ပြီး ပဋိပက္ခမှာ မကြာမကြာ ဖရိုဖရဲ ဖြစ်အောင် လုပ်ပါတယ်။
သာလွန် သိစိတ်မဲ့နဲ့ ရှီထျန် မဟာတာအိုကမ္ဘာတွေကတော့ ပဋိပက္ခနဲ့ လုံးဝ ပေါင်းစပ်သွားပါပြီ။ သူတို့တွေဟာ မဟာတာအိုကမ္ဘာတွေ မဟုတ်တော့ဘဲ သီးခြားနယ်မြေတွေ ဖြစ်သွားကြပါတယ်။
ဟန်ကျွယ် အသက် သန်း ၂၁၀ ပြည့်တဲ့အခါ ပဋိပက္ခက မိစ္ဆာနတ်ဆိုး တည်ရှိမှုကို အနေအေးသွားပါတယ်။
နောက်တစ်ကြိမ် ပဋိပက္ခအစည်းအဝေးကလည်း စတင်ပါတော့မယ်။ ဒီတစ်ကြိမ်တော့ ပဋိပက္ခ အစည်းအဝေးရဲ့ အဓိက အကြောင်းအရာက မိစ္ဆာနတ်ဆိုးတွေ ဖြစ်လာပါတယ်။ ဒါပေမဲ့ မူလရည်ရွယ်ချက်ကတော့ ပါရမီရှင်တွေ ယှဉ်ပြိုင်တာ ဖြစ်နေတုန်းပါ။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး စာစောင်တွေကို စစ်ဆေးပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ အနန္တဖျက်ဆီးရှင်သခင်ကို သူ့စွမ်းအားရဲ့ ယူနစ် လုပ်ပါတယ်။
လေးငါးဆယ်ရက် အကြာမှာတော့ ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲက ထွက်ပြီး ပျင်းသွားပါတယ်။
‘ဘာလို့ အခုထိ မပြီးသေးတာလဲ...’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ်။ ဟန်ကျွယ်ဟာ တာအိုစက်ကွင်းကိုပဲ အမြဲတမ်း တွေးမိနေပါတယ်။
ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး တာအိုစက်ကွင်းထဲက ထွက်လိုက်ပါတယ်။
.....
သာလွန်နယ်မြေ၊ ကောင်းကင်ရုံးတော်.
ဟန်ကျွယ်ဟာ နန်းတော်တစ်ဆောင်ဆီ ရောက်ရှိသွားပါတယ်။ ဒီနန်းတော်ဟာ ပန်းချီကားထဲကလိုမျိုး ရှုမငြီးအောင် လှပပြီး အင်မော်တယ် ကြိုးကြာတွေ စီတန်းနေပါတယ်။ ကောင်းကင်ရုံးတော်လို့ မပြောရပါဘူး။
နန်းတော်ထဲမှာ ဟန်ချင်းအာ တစ်ယောက်ပဲ ရှိပါတယ်။ ဟန်ချင်းအာဟာ အနုစိတ်လှတဲ့ ငွေရောင် ထီးတစ်ချောင်းနဲ့ ကစားနေပါတယ်။
ဟန်ကျွယ်ဟာ ဟန်ချင်းအာရှေ့မှာ ရုတ်တရက် ပေါ်လာပါတယ်။ ရုတ်တရက် ပေါ်လာတဲ့ ဟန်ကျွယ်ကြောင့် ဟန်ချင်းအာဟာ လန့်ဖျပ်ပြီး နောက်ခုန်ဆုတ်လိုက်ပါတယ်။
“ဖေဖေ...”
ဟန်ချင်းအာဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ကျေနပ်အံ့အားသင့်သွားပြီး နှုတ်ခမ်းစူသွားပါတယ်။
“ဖေဖေက သမီးကို လန့်အောင်လုပ်ဖို့ပဲ သိတယ်”
ဟန်ချင်းအာဟာ နှုတ်ခမ်းစူလိုက်ပေမဲ့ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် တော်တော်လေး ပျော်ရွှင်သွားပါတယ်။
အဲဒီနောက် သားအဖနှစ်ယောက်ဟာ ရှေးဟောင်းနှောင်းဖြစ်တွေ စားမြုံ့ပြန်ကြပါတယ်။
ဟန်ကျွယ်ရဲ့ မျက်နှာဟာလည်း ချိုမြနေပါတယ်။ အရင်က သူ့ရှေ့မှာ ဆော့ကစားခဲ့တဲ့ ကလေးမလေးဟာ အခုတော့ ကြီးပြင်းလာခဲ့ပါပြီ။ ဒီခံစားချက်က အတော်လေး ခံစားလို့ ကောင်းပါတယ်။
ဟန်ကျွယ်ဟာ သူ အသက်မကြီးသေးဘူးလို့ အမြဲတမ်း ခံစားရပါတယ်။ သူ ဒီလိုခံစားရတာက အသက်ကြီးတာ မြန်လွန်းလို့ပါ။
“ဖေဖေ... အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးက စွမ်းအားကြီးလွန်းတယ်၊ အစ်ကိုနှစ်နဲ့ အစ်ကိုလေးက သူတို့ပူးပေါင်းရင်တောင် အနိုင်ယူဖို့ ယုံကြည်ချက်မရှိဘူးလို့ ပြောတယ်၊ ပဋိပက္ခ ပြဿနာတက်ရင် ဖေဖေ ကူညီမှာလား”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဘယ်လိုကူရမှာလဲ... ဖေဖေ အမြဲတမ်း တံခါးပိတ် ကျင့်ကြံနေတာ ဘယ်လိုလုပ်ပြီး တိုက်ခိုက်တတ်မှာလဲ”
ဟန်ချင်းအာဟာ နှုတ်ခမ်းမဲ့သွားပါတယ် “သမီးတော့ အဲဒီလို မထင်ဘူး၊ ဖေဖေက ပဋိပက္ခကို အရင်လို ဂရုမစိုက်တော့ဘူး၊ ဖေဖေ ကိုယ်ပိုင် မဟာတာအိုကမ္ဘာ ရှိနေပြီမလား၊ ဒါနဲ့ အဲဒီကမ္ဘာက ဘယ်မှာလဲ”
ဟန်ချင်းအာဟာ မဟာတာအို အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေပြီမလို့ မဟာတာအိုကမ္ဘာအကြောင်း သိလာပါတယ်။ ကျန်းကျွယ်ရှီကလည်း သူမကို အများကြီး သင်ကြားပေးပေမဲ့ ဟန်ချင်းအာဟာ ဖြစ်ဖြစ်မြောက်မြောက်ရှိအောင် မလုပ်နိုင်သေးပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။