ပဋိပက္ခ ကပ်ဘေး၊ တာဝန်ဝတ္တရား
Vol. 103 Ch. 1076
အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ စိတ္တဇပမာ ရယ်မောရင်း အကြွင်းမဲ့ဆယ်ပါး မြို့တော်ကို တိုက်ခိုက်ပါတယ်။ ဒီတိုက်ခိုက်မှုက ကမ္ဘာပျက်မတတ် တားမရဆီးမရပါဘူး။
ကျောက်ရွှမ်ကွမ်း၊ ဝေ့လန်ရှန်မိ၊ တာအိုအရှင်သခင်နဲ့ တခြား စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို တားဆီးဖို့ ကြိုးစားကြပါတယ်။
အကြွင်းမဲ့ဆယ်ပါးမြို့တော်ရဲ့ အထက်မှာတော့ လူတစ်ယောက် ရှိနေပါတယ်။ ဒီလူရဲ့ အသွင်က အကြွင်းမဲ့ဆယ်ပါး မြို့တော်တစ်ခုလုံးထက်တောင် ကြီးမားပါသေးတယ်။ သူကတော့ မင်လင်းမယ်တော်ပါ။
မင်လင်းမယ်တော်ရဲ့ အဂ္ဂရောင်ခြည်ဟာ မှောင်မည်းတဲ့ စစ်မြေပြင်ကို ထိန်ထိန်လင်းသွားစေပါတယ်။ မိစ္ဆာနတ်ဆိုး အမြောက်အမြား ပြာအတိကျသွားပေမဲ့ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးနဲ့ သူ့ကိုယ်ပွားကတော့ ဘာမှ မဖြစ်ပါဘူး။
အန္တိမဒဏ်ခတ်နတ်မင်းဟာ အကြွင်းမဲ့ဆယ်ပါး မြို့တော်ထဲကနေ ထွက်ပြီး တန်ခိုးစွမ်းအားကြီးမားကာ ကြောက်စရာကောင်းလှတဲ့ အဝေးတစ်နေရာက နတ်ဆိုးအရိပ်ကို လှမ်းကြည့်လိုက်ပါတယ်။
“ဟင်း... ရှင်းလို့ကို မပြီးနိုင်တော့ဘူး”
အန္တိမဒဏ်ခတ်နတ်မင်းရဲ့ ခန္ဓာကိုယ်မှာ သွေးစွန်းပြီး ဟောင်းနွမ်းတဲ့ ချပ်ဝတ်တန်ဆာတစ်စုံ ပေါ်လာပါတယ်။ အဲဒီနောက် အန္တိမဒဏ်ခတ်နတ်မင်းရဲ့ ရောင်ဝါက ပြောင်းလဲသွားတာကြောင့် စွမ်းအားကြီးပုဂ္ဂိုလ်တွေကို ထိတ်လန့်သွားစေပါတယ်။
စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ အန္တိမဒဏ်ခတ်နတ်မင်းကို အတော်လေး လေးစားကြပေမဲ့ အန္တိမဒဏ်ခတ်နတ်မင်းက ဘယ်လောက်ထိ စွမ်းအားကြီးတယ်ဆိုတာကို မသိကြပါဘူး။
အန္တိမဒဏ်ခတ်နတ်မင်းကို ရှေ့ကို လျှောက်သွားပါတယ်။ သူ့ရဲ့ ခြေလှမ်းတိုင်းမှာ သူ့အသွင်က မြင့်မားလာပြီး ရောင်ဝါလည်း ထိုးတက်လာပါတယ်။
တစ်ချိန်တည်းမှာပဲ အင်အားအကုန်လုံးကို ခဲသွားစေတဲ့ နောက်ထပ် ကြီးမားတဲ့ အင်အားတစ်ခု ဆင်းသက်လာပါတယ်။ ဒီအရာက မဟာတာအို သုံးထောင် ဆင်းသက်လာသလိုမျိုး ကျတ်တီးမြေမှာ ဆင်းသက်လာတာပါ။ မိုးမြေကို ဆက်သွယ်ထားတဲ့ ခရမ်းရောင် အလင်းတိုင်ဟာ မိစ္ဆာနတ်ဆိုး အမြောက်အမြားကို အမှုန့်မကျန်အောင် ပျောက်ကွယ်သွားစေပါတယ်။
နတ်လက်နတ်တစ်ပါး ကောင်းကင်ကနေ သက်ဆင်းလာပါတယ်။
အကြည့်ပေါင်း မြောက်မြားစွာဟာ သူ့ဆီ ကျရောက်သွားပြီး အကြွင်းမဲ့ဆယ်ပါး မြို့တော်တစ်ခုလုံး စိတ်လှုပ်ရှားသွားကြပါတယ်။
ဟန်ဟွမ်။
ပဋိပက္ခရဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်လို့ လူထုက လက်ခံထားသူ။
ကျောက်ရွှမ်ကွမ်းက ဒီအမည်နာမကို စိန်ခေါ်ခွင့်ရှိပေမဲ့ သက်ရှိအားလုံးရဲ့ စိတ်ထဲမှာတော့ သူက ဟန်ဟွမ်ကို မမီသေးပါဘူး။
ဟန်ဟွမ် ခရမ်းရောင် အလင်းတိုင်ထဲမှာ လောကဦးနတ်ဘီလူးအဖြစ် ပေါ်လာပါတယ်။ သူ့ရဲ့ ဆံပင်ဖြူတွေဟာ လေထဲမှာ လူးလွန့်နေပါတယ်။ သူ့ရဲ့ခရမ်းရောင် မျက်လုံးတွေက အေးစက်ပြီး ကြောက်ဖို့ကောင်းတဲ့ အလင်းရောင်ကို ထုတ်လွှတ်နေပါတယ်။
“ဟွန်း...”
ဟန်ဟွမ်ရဲ့ လက်ထဲမှာ လှံတစ်စင်း ပေါ်လာပါတယ်။ ဒီလှံက လောကဦးနတ်လှံပါ။ လောကဦးနတ်လှံကို လောကဦး ခရမ်းရောင်ချီကနေ ခဲလာတဲ့ နဂါးတစ်ကောင်ကို ရစ်ခွေထားပြီး ဆက်တိုက် ဟိန်းဟောက်နေပါတယ်။
အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ ဟန်ဟွမ်ရဲ့ စွမ်းအားကို အာရုံခံမိတာကြောင့် မော့ကြည့်လိုက်ပါတယ်။
“လောကဦးနတ်ဘီလူး... ဟားဟား... ငါကလည်း ကိုယ့်ကိုယ်ကိုယ် လောကဦးနတ်ဘီလူးလို့ ခေါ်တဲ့ မင်းက အဲဒီလိုမျိုး အရည်အချင်း ရှိလား သိချင်နေတာ” အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ မောက်မာစွာ ပြုံးလိုက်ပြီး သူ့လေသံက အထင်သေးမှု အပြည့်ပါပဲ။
သူ့စကားအဆုံးမှာ မိစ္ဆာနတ်ဆိုး အကုန်လုံး လက်မြှောက်လိုက်ပါတယ်။ အတောမသတ်နိုင်အောင် များပြားလှတဲ့ အကုသိုလ်ကံတွေကို စုပ်ယူမှုကြောင့် လောကကြီးကို ဖျက်ဆီးမဲ့ လေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်လာပါတယ်။
ဒီလေဆင်နှာမောင်းကြောင့် အာကာသ ကွဲကြေပြီး လီတောက်ခုံးရဲ့ ဓားတာအိုမြစ်တောင် လွင့်ပါးသွားပါတယ်။
“ဝုန်း...”
မဟာတာအိုသုံးထောင် တုန်ခါပြီး ပဋိပက္ခ အာကာသတစ်ခုလုံး စပြိုလဲလာပါတယ်။ ပဋိပက္ခအစွန်းမှာ အက်ကြောင်းတွေ ပိုပိုပြီးတော့ ပေါ်လာပါတယ်။ အက်ကြောင်းတွေထဲကနေ မိစ္ဆာနတ်ဆိုး အမြောက်အမြား ပျံထွက်လာပြီး သံကုန်အော်ဟစ်တာက ကြောက်စရာလည်း ကောင်းသလို အသည်းယားစရာလည်း ကောင်းလှပါတယ်။
“နားငြီးလိုက်တာ”
ဟန်ဟွမ်ဟာ လက်ဝါးကို ဝှေ့ယမ်းရင်း ရှေ့တက်ပါတယ်။
တန်ခိုးကြီးမား မဟာလက်ဝါး။
ဒီလက်ဝါးက အရောင်အဆင်းကင်းပေမဲ့ စွမ်းတာကတော့ တော်တော်ကို စွမ်းပါတယ်။ ဟန်ဟွမ်ရှေ့က မိစ္ဆာနတ်ဆိုး ဘီလီယံချီဟာ ချက်ချင်း အမှုန့်မကျန်အောင် ပျောက်ကွယ်သွားပါတယ်။ ဒီထဲမှာ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးရဲ့ ကိုယ်ပွားတွေလည်း ပါပါတယ်။
ဟန်ဟွမ်ဟာ အကြီးဆုံး မိစ္ဆာနတ်ဆိုးရှေ့မှာ ပေါ်လာပါတယ်။ အန္တိမဝိညာဉ်ချွေဓား နှစ်လက်ဟာ ဟန်ဟွမ်ရဲ့ ပတ်လည်မှာ ပေါ်လာပါတယ်။ ဟန်ဟွမ် လှံကို ထိုးစိုက်လိုက်ချိန်မှာ မဟာတာအို အလင်းရောင်ဓားက လျှပ်စီးလို သွားလာပြီး လောကမှာရှိတဲ့ မိစ္ဆာနတ်ဆိုး အကုန်လုံးကို ဖျက်ဆီးပစ်ပါတယ်။
ဓားသွားလမ်းမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ သူတို့ကို လွှမ်းမိုးသွားတဲ့ အန္တရာယ်အငွေ့အသက်ကို ခံစားမိပေမဲ့ အန္တိမမူလ ဝိညာဉ်ချွေဓားရဲ့ အလျင်ကို လိုက်မမီကြပါဘူး။
“ငါတို့နှစ်ယောက်ပဲ ကျန်တော့တယ်” ဟန်ဟွမ်ဟာ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို ငုံ့ကြည့်ပြီး ပြောလိုက်ပါတယ်။
အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိပါဘူး။ လက်တွေကို ရုတ်တရက် မြှောက်ပြီး အောက်ချလိုက်တဲ့အခါ မကုန်ဆုံးနိုင်တဲ့ အကုသိုလ်ကံတွေဟာ ကောင်းကင်ယံကနေ ဆင်းသက်ပြီး သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပါတယ်။
များပြားလွန်းတဲ့ စွမ်းအားကြောင့် အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးရဲ့ ခန္ဓာကိုယ်ဟာ ပေါက်ကွဲထွက်တော့မဲ့ အတိုင်း တွန့်လိမ်ရှုံ့တွသွားပါတယ်။
ဟန်ဟွမ်ဟာ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို နတ်လှံနဲ့ ထိုးပြီး ဆွဲနှုတ်လိုက်တဲ့အခါ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးရဲ့ ဝိညာဉ်လိုမျိုး အရိပ်တစ်ခု ပါလာပါတယ်။
“ငါ မင်းရဲ့ အနာဂတ်ကို ဖျက်ဆီးပစ်မယ်”
ဟန်ဟွမ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ်။ အဲဒီနောက် လောကဦးနတ်လှံကနေ တလက်လက် တောက်ပတဲ့ ခရမ်းရောင် ထွက်ပေါ်လာပြီး လှံရိုးပေါ်က အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးရဲ့ အရိပ်လိုလို အသွင်ကို ဖျက်ဆီးလိုက်ပါတယ်။
“ဝုန်း...”
အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ ရုတ်တရက် ပေါက်ကွဲထွက်သွားပါတယ်။ ဒီပေါက်ကွဲမှု အရှိန်က အရာအားလုံးကို ဆုတ်ဖြဲပစ်နိုင်တဲ့အထိ ကြောက်စရာကောင်းပါတယ်။ အကြွင်းမဲ့ဆယ်ပါး မြို့တော်ကို ကာကွယ်ပေးထားတဲ့ အစီအမံလည်း ရုတ်ခြည်း ပျက်စီးသွားပြီး ပဋိပက္ခ အောက်ခြေမှာရှိတဲ့ အရာအားလုံး လွင့်ထွက်သွားပါတယ်။
.....
တတိယ တာအိုစက်ကွင်းထဲက ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို စိတ်လေးသွားပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ကြည့်လိုက်တဲ့အခါ ရှန်ရှင်းကိုးဖော်နဲ့ ရှန်ဝေါ်က တာအိုဘုံကျောင်းထဲမှာ ရှိမနေတာကို တွေ့လိုက်ရပါတယ်။
တပည့်တွေဟာ တာအိုဘုံကျောင်း အပြင်ဘက်မှာ စုဝေးနေကြပါတယ်။ ဒီလူစုထဲမှာ ငရဲကြက်နက်နဲ့ ပဋိပက္ခ ကောင်းကင်ခွေးတောင် ပါပါတယ်။ သူတို့တွေဟာ အကြွင်းမဲ့ဆယ်ပါးမြို့တော်က တိုက်ပွဲအကြောင်း ဆွေးနွေးနေကြပါတယ်။
ဟန်ကျွယ်ဟာ ပဋိပက္ခ အောက်ခြေကို ကြည့်လိုက်တဲ့အခါ ပြာအတိကျနေတာကို တွေ့လိုက်ရပါတယ်။ ဝိညာဉ် အမြောက်အမြား လေလွင့်ပြီး လွတ်လပ်မှုအဆင့်အောက်က သက်ရှိအားလုံး သေဆုံးသွားပါပြီ။
ဟန်ဟွမ်၊ ကျောက်ရွှမ်ကွမ်း၊ အန္တိမဒဏ်ခတ်နတ်မင်း၊ မင်လင်းမယ်တော်၊ လီတောက်ခုံး၊ စကြဝဠာဘုရင်နဲ့ တခြား စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးနဲ့ အပြင်းအထန် တိုက်ခိုက်နေကြပါတယ်။
“ဟင်...” ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးရဲ့ ရောင်ဝါက ပြောင်းလဲသွားလို့ပါ။
အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးက တာအိုဖန်တီးရှင်ဖြစ်ဖို့ တော်တော်လေး နီးကပ်သွားပါပြီ။ တန်ဖိုးအရ ပြောရရင် သူ့တန်ဖိုးက အနည်းဆုံး သက်တမ်း ၉၀၀ ထရီလီယံလောက် ရှိပါတယ်။ ဒါက ပဋိပက္ခ သက်ရှိတွေ ခုခံနိုင်တဲ့ အရာ မဟုတ်တော့ပါဘူး။
ဟန်ဟွမ်ဟာ အန္တိမမူလစွမ်းအားကို စပြီးတော့ ငှားယူလာပါတယ်။ ဟန်ကျွယ်က တားဆီးခြင်းမရှိပေမဲ့ ဟန်ဟွမ်က တာအိုဖန်တီးရှင် မဟုတ်ပါဘူး။ ဒါကြောင့် ဟန်ဟွမ် အန္တိမမူလစွမ်းအားကို သုံးတာတောင် အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို ယှဉ်နိုင်မှာ မလွယ်ပါဘူး။
‘တာအိုဖန်တီးရှင်တွေက မလှုပ်ရှားတော့ဘူးလား...’
ဟန်ကျွယ်ဟာ အံ့အားသင့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီတာအိုဖန်တီးရှင်တွေက တော်တော်လေး သည်းခံနိုင်လို့ပါ။
ပဋိပက္ခအောက်ခြေက သိစိတ်မဲ့ မဟာတာအိုကမ္ဘာနဲ့ အနီးဆုံးပါ။ ပဋိပက္ခသိစိတ်ကလည်း ဘာမှ မလုပ်ဘဲ ထိုင်ကြည့်နေပါတယ်။ ကြည့်ရတာ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးက သူ့မဟာတာအိုကို လွတ်လပ်အောင် ကူညီပေးလိမ့်မယ်လို့ မျှော်လင့်နေပုံပါပဲ။
ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ် ‘ငါ လှုပ်ရှားသင့်လား...’
ဒီအတိုင်းဆက်သွားရင် ဟန်ဟွမ်တို့တွေ တောင့်ခံနိုင်တော့မှာ မဟုတ်ပါဘူး။ သူ့သားကလွဲရင် တခြား တပည့်အများကြီးလည်း စစ်မြေပြင်မှာ ရှိနေပါတယ်။ မဟုတ်ရင် ဟန်ကျွယ် သူတို့ကို ဖိတ်ခေါ်ပညာရပ်နဲ့ ပြန်ခေါ်လိုက်မှာပါ။
ဟန်ကျွယ်ဟာ လွယ်လွယ်နဲ့ လူရှေ့မထွက်ချင်ပါဘူး။
ဒီအချိန်မှာပဲ သူ့ရှေ့မှာ ဝဲကတော့နက်တစ်ခု ပေါ်လာတာကြောင့် ဟန်ကျွယ် တိတ်ဆိတ်သွားပါတယ်။
ပဋိပက္ခအောက်ခြေမှာ အပျက်အစီးတွေ လေထဲပြည့်ပြီး တောင်တွေ ထပ်ထားသလို တည်နေပါတယ်။ တစ်ချိန်က စည်ကားသိုက်မြိုက်ခဲ့တဲ့ အကြွင်းမဲ့ဆယ်ပါး မြို့တော်ဟာ အခုတော့ ပြားပြားဝပ်အောင် ဖျက်ဆီးခံလိုက်ရပါပြီ။
စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ တစ်ပါးပြီးတစ်ပါး အနားယူရင်း အားပြန်ဖြည့်နေကြပါတယ်။
တိုက်ပွဲက ဆက်ဖြစ်နေတုန်းပါ။ ကျောက်ရွမ်ကွမ်းနဲ့ ဟန်ဟွမ် ပူးပေါင်းပြီး သူသေကိုယ်သေ တိုက်ခိုက်နေကြပါတယ်။
ကျောက်ရွှမ်ယွမ်ဟာ သူ့ရှေ့က ဝဲကတော့နက်ကို ရင်တထိတ်ထိတ် မျှော်တလင့်လင့်နဲ့ ကြည့်နေပါတယ်။ တာအိုအရှင်သခင်၊ ကျန်းယီ၊ ဟန်ထော်၊ ယီတျန်၊ ဟန်ချင်းအာ၊ ဟန်ယွင်ကျင်း၊ ဟန်ယွီနဲ့ တိတ်ဆိတ်ဂိုဏ်းက တခြားတပည့်တွေလည်း မျှော်လင့်ချက်ကြီးစွာ စောင့်ဆိုင်းနေကြပါတယ်။
“ငါတို့တွေ ဆရာပေါ်လာတာကို မျှော်လင့်ရတော့မယ်၊ မဟုတ်ရင် ငါတို့အကုန်လုံး သေလိမ့်မယ်” တာအိုအရှင်သခင်က ခပ်တိုးတိုး ပြောလိုက်ပါတယ်။ သူ့ရောင်ဝါကလည်း အားနည်းနေပါပြီ။
ပြီးခဲ့တဲ့ တိုက်ပွဲမှာ တာအိုအရှင်သခင်ဟာ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို အသုံးပြုခဲ့ပေမဲ့ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို မယှဉ်နိုင်ခဲ့ပါဘူး။ ပိုပြီး ခပ်မြန်မြန် အကြီးအကျယ်တောင် ရှုံးနိမ့်သွားပါသေးတယ်။
စစ်မြေပြင်ကို ကြည့်လိုက်မယ်ဆိုရင် ဟန်ဟွမ်နဲ့ ကျောက်ရွှမ်ကွမ်းဟာ ဆက်တိုက် အသတ်ခံနေရပြီး ချက်ချင်း အသက်ပြန်ရှင်လာကြပါတယ်။ သူတို့တွေဟာ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။
ဒီအတိုင်းဆက်သွားရင် သူတို့နှစ်ယောက်လည်း မကြာခင်မှာ အသတ်ခံရမှာပါ။ သူတို့နှစ်ယောက် အသတ်ခံရနှုန်းက တဖြည်းဖြည်း ပိုမြန်လာပါတယ်။ သူတို့ရောင်ဝါတွေကလည်း အားနည်းလာပါတယ်။ ဒါပေမဲ့ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကတော့ ဆက်တိုက်ကို စွမ်းအားကြီးမားလာပါတယ်။
“ဖေဖေ လာမယ်မထင်ဘူး... ပြေးကြရအောင်...” ဟန်ချင်းအာက သောကမျက်နှာနဲ့ ပြောလိုက်ပါတယ်။
ကျန်းကျွယ်ရှီဟာ မျက်နှာပျက်သွားပါတယ် “ပြေးမယ်... ဘယ်ကို ပြေးမှာလဲ၊ ငါတို့က ပဋိပက္ခမှာ အစွမ်းအထက်ဆုံး အင်အားစုပဲ၊ ငါတို့တွေ ထွက်ပြေးလို့ လွတ်ရင်တောင် သေခြင်းတရားက ငါတို့ကို စောင့်ဆိုင်းနေလိမ့်မယ်”
“ငါတို့တွေ အဖေ့ရဲ့ တာအိုစက်ကွင်းဆီ ပြန်လို့ရတာပဲ”
“အဲဒါဆို ကျန်တဲ့သက်ရှိတွေကရော... ငါတို့က အကြွင်းမဲ့ဆယ်ပါးမြို့တော်ရဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်ဘွဲ့ အပ်နှင်းခံရတဲ့ ပါရမီရှင်တွေ... သက်ရှိတွေက ငါတို့ကို ယုံကြည်ကြတယ်၊ ဒီလိုအခြေအနေမှာ ငါတို့က ကပ်ဘေးတစ်ခုကြောင့် သူတို့ကို စွန့်လွှတ်လိုက်မှာလား” ကျန်းကျွယ်ရှီက မေးလိုက်ပါတယ်။
ဟန်ထော်၊ ယီတျန်၊ တာအိုအရှင်သခင်၊ ဟန်ယွင်ကျင်းနဲ့ တခြားလူတွေဟာ မျက်နှာပျက်သွားကြပါတယ်။
ဟန်ချင်းအာ လုပ်ချင်သလို လုပ်တာက ကိစ္စမရှိပါဘူး။ ဒါပေမဲ့ တခြားလူတွေက တာဝန်ဝတ္တရားကိုယ်စီ ရှိပါတယ်။ သူတို့သာ ဒီလိုထွက်သွားခဲ့ရင် သူတို့ရဲ့ တာအိုနှလုံးသားက သေချာပေါက် ထိခိုက်သွားမှာပါ။
“ပြောတာ ကောင်းတယ်”
ကျယ်လောင်တဲ့ အသံကြောင့် လူတိုင်း ထိတ်လန့်သွားပြီး အသံလာရာကို ကြည့်လိုက်တဲ့အခါ ဝဲကတော့နက်ထဲကနေ လူတစ်ယောက် ထွက်လာတာကို တွေ့လိုက်ရပါတယ်။ ဒီလူက ဟန်ကျွယ်ကလွဲပြီး ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။
ဟန်ကျွယ်ဟာ သူ့ရဲ့ အကောင်းစား ရတနာ အကုန်လုံးကို နှိုးထားပါတယ်။ နတ်အလင်းရောင်တွေ တောက်ပစွာ ဖြာထွက်နေတာကြောင့် ဟန်ကျွယ်ရဲ့ မျက်နှာကို ဘယ်သူမှ မတွေ့မြင်နိုင်ပါဘူး။
ဒါပေမဲ့ လူတိုင်းဟာ ဟန်ကျွယ့်ကို တွေ့မြင်လိုက်ရတဲ့အခါ ပျော်လွန်းလို့ မျက်ရည်ကျလုနီး ဖြစ်သွားကြပါတယ်။ လုံးဝ လုံခြုံသွားပြီလို့လည်း ခံစားလိုက်ကြရပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။