← Chapters

အဋ္ဌမ အထွတ်အထိပ် နိယာမ

Vol. 104 Ch. 1082

အဋ္ဌမ အထွတ်အထိပ် နိယာမ

Vol. 104 Ch. 1082

ခရမ်းရောင် မိုးကောင်းကင် နန်းတော်ထဲက တပည့်တွေ ထွက်ခွာသွားတဲ့အတွက် ပန်ကူးနဲ့ ဟုန်ကျွင်းပဲ ကျန်နေခဲ့ပါတယ်။

ကောင်းကင်တာအို တည်ထောင်သူနဲ့ ကောင်းကင်တာအိုကို အင်အားကြီးစေခဲ့တဲ့လူ နှစ်ဦး တွေ့ပါပြီ။ အခြေအနေက နည်းနည်းတော့ ထိလွယ်ရှလွယ်ပါတယ်။

ဟုန်ကျွင်းဟာ ပန်ကူးကို တွေ့ရလို့ အံ့အားသင့်ခြင်း မရှိသလို စိတ်ပျက်ခြင်းလည်း မရှိပါဘူး။

ပန်ကူးဟာ ဟုန်ကျွင်းနဲ့ ပေတစ်ရာအကွာလောက်မှာ ရပ်ပြီး “ငါ ဘာလို့ လာလဲဆိုတာ မင်း သိပါတယ်”

ဟုန်ကျွင်း “မင်း ဘာလိုချင်လဲဆိုတာ ငါ သိတယ်၊ ဒါပေမဲ့ အဲဒါက ငါပိုင်တဲ့ဟာ မဟုတ်တော့ဘူး၊ မဟုတ်ရင် ငါ ကောင်းကင်တာအိုကနေ ထွက်သွားခဲ့မှာ မဟုတ်ဘူး”

ပန်ကူးဟာ ဟုန်ကျွင်းကို စိုက်ကြည့်လိုက်ပါတယ် “ဖန်တီးရှင် ကျောက်စိမ်းပြားကရော... အဲဒါနဲ့ ကောင်းကင်တာအို သာလွန်နိယာမကို စုပ်ယူလိုက်တာမလား၊ သာလွန်နိယာမ မရှိလို့ ကောင်းကင်တာအိုက အသိဉာဏ်ဖွံ့ဖြိုးလာတာပဲ၊ အဲဒါကို လုယူနိုင်တဲ့လူက မင်းတစ်ယောက်တည်း ရှိတယ်”

ဟုန်ကျွင်းဟာ ခေါင်းခါလိုက်ပါတယ် “ငါ တာအိုပေါင်းစပ်နေတဲ့ အတောအတွင်း ပဋိပက္ခက ကောင်းကင်တာအိုကို အကြိမ်အများကြီး ကျူးကျော်ခဲ့တယ်၊ ကောင်းကင်တာအိုလည်း လေးငါးဆယ်ကြိမ်လောက် ထိခိုက်သွားတယ်၊ အဲဒီတုန်းက ငါ့ကျင့်ကြံမှု မလုံလောက်တော့ သာလွန်နိယာမ အကြောင်းကို မသိဘူး”

ပန်ကူးဟာ ဟုန်ကျွင်းကို စိုက်ကြည့်ရင်း မျက်လုံးထဲမှာ သတ်ဖြတ်ငွေ့တွေ ထွက်လာပါတယ်။

ဟုန်ကျွင်းကလည်း အကြောက်အလန့် မရှိပါဘူး။

သတ်ဖြတ်ငွေ့တွေ ပြည့်လာတာကြောင့် ယိမ်းယိုင်နေတဲ့ ဖယောင်းတိုင်မီးတောင် ငြိမ်ကျသွားပါတယ်။ အခြေအနေက ရုတ်တရက်ကြီး ထသတ်မဲ့အတိုင်းပါပဲ။

ဟုန်ကျွင်း “ဖန်တီးမှုကို ရယူပြီးရင် မဟာတာအိုကမ္ဘာ လမ်းစဉ်ကို လျှောက်လို့ အလုပ်မဖြစ်ဘူး၊ သာလွန် သိစိတ်မဲ့နဲ့ ရှီထျန် မဟာတာအိုကမ္ဘာတွေ ဝါးမျိုခံလိုက်ရပြီ၊ ငါတို့တွေ တခြားနည်းလမ်း စဉ်းစားသင့်တယ်”

ပန်ကူးက မေးလိုက်ပါတယ် “ဘာနည်းလမ်း ရှိသေးလို့လဲ”

ဟုန်ကျွင်းဟာ ပန်ကူးကိူ စိုက်ကြည့်ပြီး “ကပ်ဘေး ကံတရားကို လုယူပြီး ပဋိပက္ခ ဖန်တီးမှုကို ဖန်တီးမယ်”

ပန်ကူးဟာ မျက်မှောင်ကြုတ်သွားပါတယ်။

“ငါတို့တွေက အမြဲတမ်း ပစ္စုပ္ပန်နဲ့ နိယာမတွေအတွက် တိုက်ခိုက်ကြတယ်၊ လောကမှာက နိယာမချည်းပဲ ရှိတာ မဟုတ်သလို ပစ္စုပ္ပန်ချည်းပဲလည်း ရှိတာ မဟုတ်ဘူး”

အဲဒီနောက် ဟုန်ကျွင်းဟာ မတ်တတ် ကောက်ရပ်လိုက်ပါတယ် “ပန်ကူး... မင်းက ကောင်းကင်တာအိုရဲ့ ဘိုးဘေး၊ ငါက ကောင်းကင်တာအိုရဲ့ တာအိုဘိုးဘေး၊ ငါတို့တွေ ပူးပေါင်းရင် ရှင်သန်ဖို့ အခွင့်အရေး ရှိနိုင်တယ်၊ ငါ့ခန္ဓာစစ်ပေါ်လာတာနဲ့ တာအိုဖန်တီးရှင် သတ်တာကို ခံရလိမ့်မယ်၊ ငါ မင်းရဲ့ သာလွန်နိယာမကို ထုတ်ပေးရင်တောင် အသုံးမဝင်ဘူး”

ပန်ကူး “မင်းက ပဋိပက္ခလမ်းစဉ်ကို လျှောက်လှမ်းချင်တာလား”

ဟုန်ကျွင်း “မဟုတ်ဘူး၊ လောကဦးပဋိပက္ခထက်စာရင် ပဋိပက္ခက နိယာမတွေ ပိုပြီးတော့ ပြည့်စုံတယ်၊ ငါတို့တွေ ပဋိပက္ခနေရာကို အစားထိုး ဝင်ယူချင်ရင် ဖန်တီးမှုတွေ ပိုစုစည်းဖို့ လိုတယ်၊ ကောင်းကင်တာအိုက ပဋိပက္ခ နေရာကို အစားထိုးနိုင်တယ်၊ ဒါပေမဲ့ ကံဆိုးချင်တော့ ပဋိပက္ခက အချိန်မီရှာတွေ့သွားတယ်”

“ကောင်းကင်တာအိုက ဘာဖြစ်လို့ ပဋိပက္ခ နေရာကို ဝင်ယူနိုင်ရတာလဲ၊ ငါ့အထင်တော့ အဲဒါ ကောင်းကင်တာအို မျိုးနွယ်စုကြောင့်ပဲ၊ ပဋိပက္ခမှာ ကောင်းကင်တာအိုမျိုးနွယ်စု မရှိဘူး၊ ပဋိပက္ခမှာ မျိုးနွယ်စုတွေ အများကြီးရှိတယ်၊ ဒါက ကောင်းတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းတော့ ပဋိပက္ခကို ရှေ့ဆက်မတက်နိုင်အောင် တားထားတယ်၊ ပဋိပက္ခက စည်ကားသိုက်မြိုက်နေပေမဲ့ အရင်တုန်းကနဲ့ ဘာများကွာခြားသွားလို့လဲ”

“ပဋိပက္ခထဲမှာရှိတဲ့ မျိုးနွယ်စုတွေ စွမ်းအားကြီးလာတာနဲ့ မိစ္ဆာနတ်ဆိုးတွေ သတ်ဖြတ်တာကို ခံရပြီး မူလအခြေအနေကို ပြန်ရောက်သွားတယ်၊ ဒီလို မျှခြေ အခြေအနေကို တော်လှန်သင့်တယ်”

“ငါတို့တွေ ပဋိပက္ခရဲ့ ကံတရား အထောက်အပံ့ကို စုပ်ယူပြီး ဖန်တီးမှုအသစ်တစ်ခု ဖန်တီးရမယ်၊ ငါတို့တွေ အားလုံးကို စုစည်းနိုင်မဲ့ မျိုးနွယ်စုတစ်စုကို ဖန်တီးနိုင်ရင် ဒီဖန်တီးမှုနဲ့ အားလုံးကို တော်လှန်လို့ရတယ်၊ ပဋိပက္ခက တားချင်ရင်တောင် တားလို့ရမှာ မဟုတ်ဘူး”

ဟုန်ကျွင်းရဲ့ စကားက ဆွဲဆောင်မှု အားကောင်းလွန်းတဲ့အတွက် ပန်ကူးရဲ့ မျက်မှောင်တောင် ပြေလျော့သွားပါတယ်။

ပန်ကူးက မေးလိုက်ပါတယ် “ဒီလိုဆိုရင် ပဋိပက္ခက ဘယ်လိုလုပ်ပြီး ဒီမျိုးနွယ်စုကို ကြီးပြင်းလာခွင့် ပေးမှာလဲ”

ဟုန်ကျွင်း “အဲဒါကြောင့် ကံတရားနဲ့ ကံတရား အထောက်အပံ့ကို ပြောင်းလဲနိုင်တဲ့ အကောင်းစား ရတနာကို ငါ ရှာနေတာ၊ ငါတို့တွေ ဒီမျိုးနွယ်စုကို ပဋိပက္ခမျိုးနွယ်စုအဖြစ် ဟန်ဆောင်ခိုင်းပြီး တားမရဆီးမရအောင် အင်အားကြီးလာမှ သရုပ်မှန်ကို ထုတ်ပြမယ်၊ ဒီနှစ်တွေမှာ ငါ့ဝိညာဉ်ကို နေရာတကာ ဖြန့်ကြက်ပြီး ဒီရတနာကို ငါ လိုက်ရှာနေတာ”

“မင်း ကောင်းကင်တာအိုမျိုးနွယ်စုကို စစ်ဆေးနေတုန်းမှာ ငါ ဒီရတနာကို ဆက်ပြီးတော့ ရှာမယ်၊ မင်း ဘယ်လိုသဘောရလဲ”

ပန်ကူးဟာ တစ်ခဏ တွေးတောပြီးနောက် ခေါင်းညိတ်လိုက်ပါတယ်။

ဟုန်ကျွင်းဟာ ပန်ကူးကို စိုက်ကြည့်လိုက်တဲ့အခါ တစ်ယောက်မျက်လုံးထဲက အဓိပ္ပာယ်ကို တစ်ယောက် နားလည်သွားပါတယ်။

နှစ်ဆယ်သန်း ကြာပြီးနောက်။

အသက် သန်း ၂၅၀ ပြည့်သွားတဲ့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ နေရာကနေ ရုတ်တရက် ပျောက်ကွယ်သွားပြီး ပင်မခန္ဓာကိုယ်နဲ့ အန္တိမမူလကမ္ဘာထဲမှာ ပေါ်လာပါတယ်။

အန္တိမမူလကမ္ဘာ ကျယ်ပြန့်နေတုန်းပါ။ အန္တိမမူလကမ္ဘာ စွမ်းအားကြီးလာတာနဲ့ ပဋိပက္ခဆီ ပျံသန်းနှုန်းက ပိုမြန်လာပါတယ်။ မဟာတာအိုကမ္ဘာတွေအပေါ်မှာရှိတဲ့ ပဋိပက္ခရဲ့ဖိအားက ကြီးမားလွန်းပါတယ်။ ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ အန္တိမမူလကမ္ဘာက ပဋိပက္ခနဲ့ လုံလောက်တဲ့ အကွာအဝေးမှာ ရှိနေပါတယ်။

အန္တိမမူလကမ္ဘာ မပြောနဲ့၊ ချွမ်တု မဟာတာအိုကမ္ဘာတောင် ပဋိပက္ခနဲ့ တိုက်မိဖို့ လိုပါသေးတယ်။

ဟန်ကျွယ်ဟာ အန္တိမမူလကမ္ဘာရဲ့ ထိပ်ဆုံးမှာ ရပ်ပြီး ငုံ့ကြည့်လိုက်ပါတယ်။ အထွတ်အထိပ် နိယာမခုနစ်ပါးက အန္တိမမူလ မဟာတာအိုသုံးထောင်ရဲ့ အထက်မှာ တည်နေပါတယ်။

ဟန်ကျွယ်ရဲ့ အကြည့်အောက်မှာ နောက်ထပ် အထွတ်အထိပ် နိယာမ မွေးဖွားလာပါတော့မယ်။

မဟာတာအိုကမ္ဘာတွေမှာ အထွတ်အထိပ် နိယာမ ခုနစ်ပါးပဲ ရှိပါတယ်။ ကံ၊ ကံတရား အထောက်အပံ့၊ သတ်ဖြတ်ခြင်း၊ ဖန်တီးမှု၊ ကံတရား၊ ပြန်လည်မွေးဖွားခြင်းနဲ့ ကာလဒေသတို့ ဖြစ်ပါတယ်။ ခြားနားမှု တချို့ ရှိနိုင်ပေမဲ့ ကံ၊ ကံတရား အထောက်အပံ့နဲ့ ဖန်တီးမှုကတော့ အကုန်လုံး တူညီပါတယ်။ ဒီအထွတ်အထိပ် နိယာမသုံးပါးက မဟာတာအိုကမ္ဘာရဲ့ အူတိုင်ပါ။

ဟန်ကျွယ်ဟာ အန္တိမမူလကမ္ဘာရဲ့ အဋ္ဌမမြောက် အထွတ်အထိပ် နိယာမက ဘာဖြစ်မလဲဆိုတာ သိချင်သွားပါတယ်။ ဒီအထွတ်အထိပ် နိယာမက ဟန်ကျွယ် ပေါ်မလာခင်ကတည်းက မွေးဖွားခါနီးနေတာမလို့ ဟန်ကျွယ် သိပ်ကြာကြာ မစောင့်လိုက်ရပါဘူး။

အဋ္ဌမ အထွတ်အထိပ် နိယာမက ဝါးမျိုခြင်း နိယာမပါ။ ဒါက ဟန်ကျွယ်ရဲ့ ဝါးမျို မဟာတာအိုနဲ့ ဆင်တူပေမဲ့ ပိုပြီးတော့ တိုးတက်ပါတယ်။ ဒီအထွတ်အထိပ် နိယာမနဲ့ အန္တိမမူလကမ္ဘာက တခြား မဟာတာအိုကမ္ဘာတွေကို ဝါးမျိုလို့ ရပါတယ်။

‘ပဋိပက္ခရဲ့ အထွတ်အထိပ် နိယာမတစ်ပါးက ဝါးမျိုခြင်းလား... ဒါကြောင့် တခြား မဟာတာအိုကမ္ဘာတွေကို ဝါးမျိုနိုင်တာ ဖြစ်မယ်၊ ဒီလိုဆို အန္တိမမူလကမ္ဘာက ပဋိပက္ခကို မီခါနီးပြီပေါ့’

ဒါပေမဲ့ အန္တိမမူလကမ္ဘာက ပဋိပက္ခဆီ ပျံသန်းနေတုန်း ဖြစ်တဲ့အတွက် ပဋိပက္ခရဲ့ စွမ်းအားက ပိုကြီးတယ်ဆိုတာ သိသာပါတယ်။ မဟုတ်ရင် ပဋိပက္ခက အန္တိမမူလကမ္ဘာဆီ ပျံသန်းလာမှာပါ။

ဟန်ကျွယ်ဟာ ဆက်ပြီးတော့ စောင့်ကြည့်ပါတယ်။ အဋ္ဌမနိယာမ ခိုင်မြဲသွားတော့မှ ဟန်ကျွယ်ဟာ အန္တိမမူလကမ္ဘာကနေ ထွက်ခွာလာခဲ့ပါတယ်။

ဟန်ကျွယ်ဟာ တာအိုစက်ကွင်းဆီ မပြန်ဘဲ ဗလာနယ်မြေမှာ လျှောက်သွားပါတယ်။

ဗလာနယ်မြေကနေ ထွက်ခွာပြီးနောက် ဟန်ကျွယ်ဟာ ရုတ်တရက် ရပ်လိုက်ပါတယ် “ကိုယ်ထင်ပြစမ်း”

ဟန်ကျွယ်ရဲ့ စကားဆုံးတာနဲ့ သူ့ဘေးမှာ ရုပ်သွင်တစ်သွင် ပေါ်လာပါတယ်။

ဟန်ကျွယ် လှမ်းကြည့်လိုက်တဲ့အခါ သူ ဘယ်တုန်းကမှ မတွေ့ဖူးတဲ့ လူတစ်ယောက် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။

တာအိုဖန်တီးရှင်။

‘ဒီလူက လျှို့ဝှက်ဆန်းကြယ်ဆုံး ယင်ယန်ချွမ်တုနတ်မင်းလား’

ဟန်ကျွယ်ဟာ ချက်ချင်း အသွင်တူ လက်ရည်စမ်းပွဲနဲ့ စစ်ဆေးလိုက်ပါတယ်။

[ယင်ယန်ချွမ်တုနတ်မင်း: တာအိုဖန်တီးရှင် အလယ်အဆင့်၊ ပဋိပက္ခ နတ်မင်း၊ ခွန့်ပိုင် အစောင့်အရှောက်၊ ခုန်ပုဘိုးဘေး၊ ပဋိပက္ခထက် သာလွန်၍ အနှိုင်းမဲ့ ကာလဒေသတွင် တည်ရှိသည်။]

‘တကယ်ပဲ ဒီကောင်ကိုး’

ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်း ဘာလိုချင်တာလဲ”

ယင်ယန် ချွမ်တုနတ်မင်းကို ဖြူမည်းချီက ဝန်းရံထားပြီး ဒီချီက မြူခိုးအဖြစ် ပြောင်းလဲသွားတာကြောင့် သူ့ခန္ဓာကိုယ်က သေးငယ်တယ်လို့ ထင်ရပေမဲ့ သူ့ရဲ့ ရောင်ဝါက တော်တော်လေး အားကောင်းပါတယ်။

“မင်း ဘယ်လောက် စွမ်းအားကြီးလဲဆိုတာ ငါ မြင်ချင်တယ်၊ မင်းက စွမ်းအားကြီးလွန်းလို့ အဲဒီတည်ရှိမှုက မင်းကို ဒုတိယလို့တောင် တွေးတယ်” ယင်ယန်ချွမ်တုနတ်မင်းဟာ ဟွန်းခနဲ နှာမှုတ်လိုက်ပါတယ်။

‘ဒုတိယနေရာ... ငါ့ကို သေအောင် မြှောက်ပင့်ချင်တာလား...’ ဟန်ကျွယ်က ပြန်မေးလိုက်ပါတယ် “ငါက ဒုတိယ နေရာတော့ မရနိုင်ပါဘူး၊ ဘယ်သူက အဲဒီလို ပြောတာလဲ”

‘ဒီကောင်တော့ ကျိန်စာတိုက်ခံချင်ပြီနဲ့ တူတယ်’

“နဝမပဋိပက္ခ”

ယင်ယန်ချွမ်တုနတ်မင်းဟာ ပြုံးလိုက်ပါတယ်။ သူ့လေသံကလည်း နည်းနည်း ထူးဆန်းနေပါတယ်။

ဟန်ကျွယ်ဟာ ဆိတ်ဆိတ်ပဲ နေလိုက်ပါတယ်။ ဒါက မြှောက်ပင့်တာ မဟုတ်ပါဘူး။ လာဆွတာပါ။

ချွမ်တုနတ်မင်း “တစ်နေရာမှာ လက်ရည်စမ်းကြရအောင်”

တာအိုဖန်တီးရှင်တွေ တိုက်ခိုက်ရင် တိုက်ပွဲအရှိန်က အရမ်းကို ကြောက်ဖို့ကောင်းပါတယ်။ ပဋိပက္ခနဲ့ တခြား မဟာတာအိုကမ္ဘာတွေကို သေချာပေါက် သက်ရောက်မှာပါ။

ဟန်ကျွယ် “ရှေ့ကနေသွားပါ”

ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ သူ့စိတ်ဆန္ဒကို ခွဲထားပြီးပါပြီ။ တကယ်လို့ သေသွားတယ်ဆိုရင်တောင် အသက်ပြန်ရှင်လာနိုင်ပါတယ်။

တာအိုဖန်တီးရှင်တွေက အချင်းချင်း လက်ရည်စမ်းလို့ပဲ ရပါတယ်။ တစ်ယောက်ကို တစ်ယောက် သတ်လို့ မရပါဘူး။ ဟန်ကျွယ် ဖန်တီးရှင်သခင် ဖြစ်သွားရင်တော့ တခြား တာအိုဖန်တီးရှင်တွေရဲ့ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်လောက်ပါတယ်။

ယင်ယန်ချွမ်တုနတ်မင်းဟာ လှည့်ထွက်သွားပါတယ်။ ဟန်ကျွယ်လည်း နောက်ကနေ ထက်ကြပ်မကွာ လိုက်ပါတယ်။

သူတို့နှစ်ယောက် ထွက်သွားတယ်ဆိုရင်ပဲ ပဋိပက္ခသိစိတ်၊ သဏ္ဍာန်မဲ့နတ်မင်းနဲ့ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်တို့ ပေါ်လာပါတယ်။

“ကျွတ်..ကျွတ်... ဒီနှစ်ယောက် တကယ်တိုက်တော့မယ် ထင်တယ်”

“ဘယ်သူနိုင်မယ်လို့ ထင်လဲ”

“‌ပြောဖို့ခက်တယ်၊ ချွမ်တုနတ်မင်းက အမြဲတမ်း တံခါးပိတ်ကျင့်ကြံနေတာ၊ အရင်တုန်းကတောင် သူက ပဋိပက္ခကို ပြန်တိုက်တာ၊ အခုဆို စွမ်းအားပိုကြီးလာမှာ သေချာတယ်”

“ဟုတ်တယ်၊ ငါလည်း သူ့ရောင်ဝါကို လန့်သွားတယ်”

“ဒါပေမဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကလည်း ရိုးရှင်းတာ မဟုတ်ဘူး၊ သူ့ရောင်ဝါက သိမ်မွေ့နူးညံ့လွန်းတယ်၊ ဘယ်လိုကြည့်ကြည့် စွမ်းအားကြီးတယ်လို့ မထင်ရဘူး၊ ဒါပေမဲ့ ငါတို့တွေ သူ့ကို ထိုးဖောက်မမြင်နိုင်ဘူး၊ ဒီအချက်ကနေ ငါတို့တွေရဲ့ ကွာခြားချက်က နည်းနည်းနောနော မဟုတ်ဘူးဆိုတာ သိသာတယ်”

တာအိုဖန်တီးရှင်သုံးပါးဟာ စပြီးတော့ ဆွေးနွေးပါတယ်။ သူတို့တွေ ဘယ်သူ အနိုင်ရမလဲဆိုတာကို အတပ် မပြောနိုင်ပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters