← Chapters

အန္တိမမူလ ကောင်းကင်ထောင်၏ ပထမဆုံးအကျဉ်းသား

Vol. 104 Ch. 1084

အန္တိမမူလ ကောင်းကင်ထောင်၏ ပထမဆုံးအကျဉ်းသား

Vol. 104 Ch. 1084

အဆုံးမဲ့ချော်ရည်တွေထဲက စုပ်အားဟာ အတော်လေး အားကောင်းပါတယ်။ သာမန် တာအိုဖန်တီးရှင်ဆိုရင် ဒီစုပ်အားကို ခံနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်အတွက်တော့ ဒီအားက ကလေးအားလောက်ပဲ ရှိပါတယ်။

ဟန်ကျွယ်ဟာ တည်ငြိမ်ပြီး နေရာကနေ တစ်စက်ကလေးတောင် ရွေ့မသွားပါဘူး။ ဟန်ကျွယ်ရဲ့ အကြည့်ဟာ မွေးဖွားလာလိုက် ဖျက်ဆီးခံရလိုက် ဖြစ်နေတဲ့ ယင်ယန်ချွမ်တုနတ်မင်းဆီ ရောက်သွားပါတယ်။

“မင်းအစွမ်းက ဒါပဲလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ စကား ဆုံးတယ်ဆိုရင်ပဲ ဒီထူးဆန်းတဲ့ ကမ္ဘာဟာ မှန်တစ်ချပ်လို ကွဲကြေပြီး အဆုံးမဲ့ အမှောင်ထု ပေါ်လာပါတယ်။

ယင်ယန်ချွမ်တုနတ်မင်းလည်း ပြန်ပေါ်လာပြီး မန္တန်တွေဆက်သုံးကာ ဟန်ကျွယ်ကို ကံတရားမြစ်ထဲ ဆွဲသွင်းလိုက်ပါတယ်။

အဆုံးမရှိအောင် ရှည်လျားတဲ့ ကံတရားမြစ်ဟာ မှောင်မိုက်တဲ့ ဟင်းလင်းပြင်တစ်ခုလုံးကို နေရာယူထားပါတယ်။ ဟန်ကျွယ်ဟာ ယင်ယန်ချွမ်တုနတ်မင်းရဲ့ တိုက်ခိုက်မှုတွေကို ခုခံရင်း ကံတရားမြစ်ကို ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ သေဆုံးသွားပြီဖြစ်တဲ့ သူ့ရဲ့ မျိုးဆက်တွေ၊ တပည့်တွေ၊ မိတ်ဆွေဟောင်းတွေက သေမျိုးကမ္ဘာမှာ ရုန်းကန်နေတာကို ကံတရားမြစ်ထဲမှာ တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ သူ့ရဲ့ အနာဂတ်မိတ်ဆွေတွေ အချင်းချင်း မသင့်မမြတ်ဖြစ်ပြီး သူသေကိုယ်သေ တိုက်ခိုက်ကြတာကိုလည်း တွေ့လိုက်ရပါသေးတယ်။

ယင်ယန်ချွမ်တုနတ်မင်းဟာ ကံတရားမြစ်တစ်လျှောက် ဟန်ကျွယ်ကို လိုက်တိုက်ပါတယ်။ ဓမ္မစွမ်းအား မြားအစင်းပေါင်း မြောက်မြားစွာဟာ ရေမျက်နှာပြင်ကို ထိုးဖောက်ပြီး ဟန်ကျွယ်ဆီကို ပျံသန်းလာပါတယ်။

ဒီမြားတွေက ရှည်လျားပြီး အစင်းတိုင်းမှာ အာကာသမျဉ်းတွေ သယ်ဆောင်လာပါတယ်။ အာကာသမျဉ်းတွေထဲမှာ အလွန်များပြားတဲ့ ကံတရား အထောက်အပံ့ ပါဝင်တာကြောင့် ကြောက်ခမန်းလိလိ စွမ်းအားကို ထုတ်လွှတ်နိုင်ပါတယ်။

ဟန်ကျွယ် မျက်လုံးကျဉ်းလိုက်တဲ့အခါ အန္တိမမူလ ကောင်းကင်တံဆိပ်တော် ပေါ်လာပြီး မြားအကုန်လုံးကို တားဆီးလိုက်ပါတယ်။

ပြန်မွေးဖွားလာရုံ ရှိသေးတဲ့ ယင်ယန်ချွမ်တုနတ်မင်းဟာ အန္တိမမူလဝိညာဉ်ချွေဓားရဲ့ အားကောင်းလွန်းတဲ့ စုပ်အားကြောင့် ခန္ဓာရော ဝိညာဉ်ရော သွားကပ်ပါတယ်။ အဲဒီနောက် မမြင်နိုင်တဲ့ အင်အားတစ်ခုက သူ့ကို ချုပ်နှောင်လိုက်တာကြောင့် ယင်ယန်ချွမ်တုနတ်မင်းဟာ မလှုပ်ရှားနိုင်တော့ပါဘူး။

“ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

ယင်ယန်ချွမ်တုနတ်မင်းဟာ ထိတ်လန့်သွားပါတယ်။ ယင်ယန်ချွမ်တုနတ်မင်းဟာ သူ့ကိုယ်သူသတ်ပြီး ပြန်ရှင်ချင်ပေမဲ့ ဘာမှလုပ်လို့မရတာကို ရှာတွေ့သွားပါတယ်။ သူ့ရဲ့ ဝိညာဉ်နဲ့ ဓမ္မစွမ်းအားဟာ ဘာမှလုပ်လို့မရအောင် ချိပ်ပိတ်ခံထားရပါတယ်။

ယင်ယန်ချွမ်တုနတ်မင်းဟာ ဟန်ကျွယ်ကို မယုံနိုင်စွာ ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ အဆုံးမဲ့လောက်အောင် ရှည်လျားလှတဲ့ ကံတရားမြစ်ကြီးပေါ်ကနေ ယင်ယန်ချွမ်တုနတ်မင်းဆီ အေးဆေး လျှောက်သွားပါတယ်။ ယင်ယန်ချွမ်တုနတ်မင်းဟာ ဟန်ကျွယ်ကို ကြည့်ပြီး နည်းနည်း မှင်တက်သွားပါတယ်။

ယင်ယန်ချွမ်တုနတ်မင်းဟာ ငေးကြောင်သွားပြီး သူ နဝမပဋိပက္ခကို စိန်ခေါ်တုန်းက မြင်ကွင်းကို ပြန်တွေးမိလိုက်ပါတယ်။

အဲဒီတုန်းကလည်း ဒီလိုပါပဲ။ သူ ဘယ်လောက်ပဲ ပြန်ရှင်ပြန်ရှင် နဝမပဋိပက္ခရဲ့ ဆံခြည်တစ်မျှင်ကို ထိခိုက်အောင် မလုပ်နိုင်ဘဲ နောက်ဆုံးမှာ ဖိနှိပ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက သူ အဆင့်မတက်သေးပါဘူး။

အခု သူ တာအိုဖန်တီးရှင် ဖြစ်ပြီး ရှေ့ကို အများကြီး လှမ်းနိုင်ခဲ့တာမလို့ နဝမပဋိပက္ခကို ထပ်ရင်ဆိုင်ရရင်တောင် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်မှာပဲလို့ ယင်ယန်ချွမ်တုနတ်မင်း ထင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ လက်တွေ့ဘဝက ယင်ယန်ချွမ်တုနတ်မင်းက ဘယ်ပြန်ညာပြန် ရိုက်ချလိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ စွမ်းအားက သူ့ကို ကူကယ်ရာမဲ့စေပါတယ်။

တိုက်ပွဲအစကနေ အခုအချိန်ထိ အသက်ရှူကြိမ် ဒါဇင်ကျော်ပဲ ကြာတယ်ဆိုပေမဲ့ ယင်ယန်ချွမ်တုနတ်မင်းဟာ အကြိမ်ပေါင်း သန်းရာချီအောင် သေဆုံးပြီးသွားပါပြီ။ တာအိုဖန်တီးရှင် မသေနိုင်တဲ့ အချက်ကြောင့်သာ မဟုတ်ရင် သူ ဟန်ကျွယ်ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။

‘ဒါက ဒုတိယ အစွမ်းအထက်ဆုံး တာအိုဖန်တီးရှင်လား’

ယင်ယန်ချွမ်တုနတ်မင်းဟာ အံကြိတ်ပြီး အစွမ်းကုန် ကြိုးစားရုန်းကန်ပါတယ်။

ဟန်ကျွယ်ဟာ ယင်ယန်ချွမ်တုနတ်မင်းကို မျက်နှာသေနဲ့ ကြည့်နေပါတယ်။ အကောင်းစား ရတနာတွေက ထုတ်လွှတ်တဲ့ နတ်အလင်းရောင်ဟာ ဟန်ကျွယ်ရဲ့ မျက်နှာကို ကာထားတာကြောင့် ယင်ယန်ချွမ်တုနတ်မင်းတောင် ဟန်ကျွယ်ရဲ့ မျက်နှာအမူအရာကို မတွေ့မြင်နိုင်ပါဘူး။

“ဒါက လက်ရည်စမ်းရုံပဲ မဟုတ်ဘူးလား” ဟန်ကျွယ်ရဲ့ အသံက ညင်သာတယ်လို့ ထင်ရပေမဲ့ သတ်ဖြတ်ငွေ့တွေ ပြည့်လျှံနေပါတယ်။ ဟန်ကျွယ်ဟာ ယင်ယန်ချွမ်တုနတ်မင်းကို ဦးညွှတ်လာအောင် ဖိအားပေးနေတာပါ။

ယင်ယန်ချွမ်တုနတ်မင်းက ဒေါသတကြီး ပြန်မေးလိုက်ပါတယ် “ဘာလဲ၊ မင်းက ငါ့ကို သတ်ချင်တာလား၊ မင်းမှာ အဲဒီလိုမျိုး အစွမ်းအစ ရှိလို့လား”

ဟန်ကျွယ် ညာလက်ကို မြှောက်လိုက်တဲ့အခါ အဋ္ဌမမြောက် နတ်ဝိညာဉ် အလင်းဓားတစ်စင်း ပေါ်လာပါတယ်။ ပြီးခဲ့တဲ့ နတ်ဝိညာဉ် အလင်းဓားခုနစ်စင်းက အန္တိမမူလကမ္ဘာရဲ့ အထွတ်အထိပ် နိယာမ ခုနစ်ပါးကို ကိုယ်စားပြုပါတယ်။ အခု အန္တိမမူလကမ္ဘာမှာ အဋ္ဌမ အထွတ်အထိပ် နိယာမ မွေးဖွားလာပြီ ဖြစ်တဲ့အတွက် ဟန်ကျွယ်ရဲ့ အန္တိမမူလ ဝိညာဉ်ချွေဓားကလည်း နောက်ထပ် အစွမ်းတစ်မျိုး ရှိလာပါတယ်။

ဝါးမျိုတဲ့စွမ်းအားပါ။

ဟန်ကျွယ် “ငါ မင်းကို မသတ်နိုင်ဘူး၊ ဒါပေမဲ့ ငါ မင်းရဲ့ မဟာတာအိုကမ္ဘာနဲ့ သာလွန်နိယာမကို ဝါးမျိုပြီး မင်းကို ငါ့ရဲ့ ထာဝရကျေးကျွန်ဖြစ်အောင် လုပ်လို့ရတယ်”

ဟန်ကျွယ်ရဲ့ စကားကြောင့် ယင်ယန်ချွမ်တုနတ်မင်းဟာ တုန်လှုပ်ချောက်ချားသွားပါတယ်။ နဝမပဋိပက္ခကလည်း တခြား တာအိုဖန်တီးရှင်သုံးပါးကို ဒီလိုမျိုး ဆက်ဆံခဲ့တာပါ။ သူ ဒီကပ်ဘေးကနေ လွတ်ခဲ့တာက နဝမပဋိပက္ခကို ဒူးထောက်ပြီး တောင်းပန်ခဲ့တာကြောင့်ပါ။

ပုရွက်ဆိတ်တစ်ကောင်က မိုးကောင်းကင်ကို ချမ်းသာပေးဖို့ တောင်းပန်သလိုမျိုးပေါ့။ ဒါက ယင်ယန်ချွမ်တုနတ်မင်းရဲ့ ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားတဲ့ အရာတစ်ခုပါ။ တခြားတာအိုဖန်တီးရှင်သုံးပါးတောင် ဒီအကြောင်းကို မသိပါဘူး။

ယင်ယန်ချွမ်တုနတ်မင်းဟာ သူ နဝမပဋိပက္ခဆီမှာ အောက်ကျနောက်ကျ တောင်းပန်ခဲ့ရတာကို ပြန်တွေးမိပြီး ဒေါသချောင်းချောင်း ထွက်သွားပါတယ်။

ယင်ယန်ချွမ်တုနတ်မင်းဟာ ဒီလိုမျိုး ဒုတိယအကြိမ် အဖြစ်မခံနိုင်ပါဘူး။ ဒေါသကြောင့် ယင်ယန်ချွမ်တုနတ်မင်းရဲ့ ခန္ဓာကိုယ်ကနေ ကြောက်စရာကောင်းတဲ့ ရောင်ဝါကို ထုတ်လွှတ်လာပါတယ်။ ဖြူမည်းချီကလည်း နီရဲတဲ့ သတ်ဖြတ်ငွေ့အသွင် ပြောင်းလဲသွားပါတယ်။ သူ့ရဲ့ ဖြူမည်းခန္ဓာကိုယ်လည်း ပေါက်ကွဲထွက်တော့မဲ့ အတိုင်း သွေးလို နီရဲသွားပါတယ်။

ဟန်ကျွယ်ဟာ ပျင်းသွားပြီး ဆက်မစောင့်ချင်တော့ပါဘူး။ အဋ္ဌမမြောက် နတ်ဝိညာဉ် အလင်းဓားနဲ့ ယင်ယန်ချွမ်တုနတ်မင်းကို တိုက်ခိုက်ပြီး အန္တိမမူလ ကောင်းကင်တံဆိပ်တော်မှာ တံစို့ထိုးလိုက်ပါတယ်။

“ဝုန်း...”

ယင်ယန်ချွမ်တုနတ်မင်းဟာ ရုတ်ခြည်း လွင့်ပါးပျောက်ကွယ်ပြီး ရုပ်နာမ်နှစ်ပါးစလုံး ဖျက်ဆီးခံလိုက်ရပါတယ်။ အဋ္ဌမမြောက် နတ်ဝိညာဉ် အလင်းဓားဟာ မရွှေ့လျားဘဲ ခုနှစ်ရောင်ခြယ် အလင်းကို ထုတ်လွှတ်ကာ ယင်ယန်ချွမ်တုနတ်မင်းရဲ့ ဝိညာဉ်ကို နတ်ဝိညာဉ် အလင်းဓားထဲမှာ ခဲလိုက်ပါတယ်။ အဲဒီနောက် အဋ္ဌမမြောက် နတ်ဝိညာဉ် အလင်းဓားဟာ ယင်ယန်ချွမ်တုနတ်မင်းရဲ့ ဝိညာဉ်ကို ဝါးမျို စားသောက်ပါတယ်။

ဗလာနယ်မြေ။

ပဋိပက္ခသိစိတ်၊ သဏ္ဍာန်မဲ့နတ်မင်းနဲ့ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်တို့ဟာ ဟန်ကျွယ်ကိုကြည့်ပြီး ခံစားချက်တွေ ရှုပ်ထွေးသွားပါတယ်။

ဟန်ကျွယ်ဟာ ကိုယ့်ခြံထဲ ကိုယ်လမ်းလျှောက်သလိုမျိုး အေးဆေး လမ်းလျှောက်နေပေမဲ့ ခြေလှမ်းတိုင်းက တော်တော်လေး ကျယ်ပါတယ်။ ဟန်ကျွယ်ဟာ ပဋိပက္ခသိစိတ်တို့ရှေ့ကို ခြေလှမ်းလေးငါးလှမ်းနဲ့ ရောက်လာပါတယ်။

“ယင်ယန်ချွမ်တု နတ်မင်းရော” ပဋိပက္ခသိစိတ်က မေးလိုက်ပါတယ်။

ဟန်ကျွယ် “တာအိုရောင်းရင်း ချွမ်တုက ငါနဲ့ လက်ရည်စမ်းတာ သရေကျလို့ ထွက်သွားပြီ”

‘သရေကျတယ်...’ ပဋိပက္ခသိစိတ်တို့သုံးယောက်ဟာ ဟန်ကျွယ်စကား နားထောင်ပြီး မျက်လုံးပြုးမတတ် ဖြစ်သွားပါတယ်။ ဟန်ကျွယ် ယန်ယင်ချွမ်တုနတ်မင်းကို ဖိနှိပ်တာ သူတို့မျက်လုံးနဲ့ တပ်အပ် မြင်ခဲ့ရတာ မဟုတ်ပါလား။

ဟန်ကျွယ်နဲ့ ယင်ယန်ချွမ်တုနတ်မင်းတို့ရဲ့ တိုက်ပွဲက တာအိုပညာရှိနဲ့ သေမျိုး တိုက်ခိုက်သလိုပါပဲ။ ယင်ယင်ချွမ်တုနတ်မင်းက ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဟန်ကျွယ် ဆံခြည်တစ်မျှင် ထိခိုက်အောင်တောင် မလုပ်နိုင်ခဲ့ပါဘူး။

ဒီကွာခြားချက်က နည်းနည်းနောနော မဟုတ်ပါဘူး။

ပဋိပက္ခသိစိတ်တို့ဟာ ယင်ယန်ချွမ်တုနတ်မင်းရဲ့ ရှုထောင့်ကနေ ဝင်ကြည့်ရင်တောင် ဘယ်လောက် မျှော်လင့်ချက်မဲ့လဲဆိုတာ ခံစားနိုင်ပါတယ်။

ဟန်ကျွယ်ဟာ ပဋိပက္ခသိစိတ်တို့ကို ခေါင်းအသာ ညိတ်ပြပြီးနောက် လျင်မြန်စွာ ပျောက်ကွယ်သွားပါတယ်။

အနန္တဖျက်ဆီးရှင်သခင်ဟာ မနေနိုင်ဘဲ မေးလိုက်ပါတယ် “ခုနက ဘာဖြစ်သွားတာလဲ၊ ယင်ယန်ချွမ်တုနတ်မင်း သေသွားတာလား”

“မဖြစ်နိုင်ဘူး၊ တာအိုဖန်တီးရှင်က မသေနိုင်ဘူး၊ ဒီတော့ ဖြစ်နိုင်ခြေတစ်ခုပဲ ရှိတယ်၊ သူ ထွက်ပြေးသွားပြီး နောက်ထပ် ပြဿနာမရှာရဲတော့တာ ဖြစ်မယ်” ပဋိပက္ခသိစိတ်က အခိုင်အမာ ပြောလိုက်ပါတယ်။

သဏ္ဍာန်မဲ့နတ်မင်းက ခေါင်းညိတ် ထောက်ခံပါတယ်။ သူတို့တွေ ဒီနေ့ထိ အသက်ရှင်နေနိုင်တာက ဒီအချက်ကြောင့်ပဲ မဟုတ်ပါလား။

.....

တတိယ တာအိုစက်ကွင်း။

ရှန်ရှင်းကိုးဖော်နဲ့ ရှန်ဝေါ်ဟာ တာအိုဘုံကျောင်းထဲကနေ မောင်းထုတ်ခံလိုက်ရပါတယ်။ သူတို့တွေဟာ ဟန်ကျွယ်က ဆန်းကြယ်စွမ်းအားတစ်မျိုးကို သုံးသပ်နားလည်တော့မယ်လို့ ခန့်မှန်းလိုက်ကြပါတယ်။ ဒါကြောင့် သူတို့တွေဟာ အပြင်ထွက်ပြီး အသွင်တူ လက်ရည်စမ်းပွဲထဲမှာ အကဲစမ်းကြပါတယ်။

ဟန်ကျွယ်ဟာ ကြာပလ္လင်ပေါ်ထိုင်ပြီး အန္တိမမူလ ကောင်းကင်အကျဉ်းထောင်ကို တိတ်တဆိတ် အသုံးပြုလိုက်ပါတယ်။ သူ့ရှေ့မှာတော့ ယင်ယန်ချွမ်တုနတ်မင်းရဲ့ စိတ်ဆန္ဒ ပါဝင်တဲ့ နတ်ဝိညာဉ် အလင်းဓားတစ်စင်း ရှိနေပါတယ်။

ဝါးမျို အထွတ်အထိပ် နိယာမက တကယ်ကို စွမ်းအားကြီးလွန်းပါတယ်။ နဝမပဋိပက္ခ တခြားတာအိုဖန်တီးရှင်တွေကို နှိပ်ကွပ်နိုင်တာ အံ့ဩစရာ မရှိပါဘူး။

ဒီအထွတ်အထိပ် နိယာမက ဝါးမျိုတာလောက် မရိုးရှင်းပါဘူး။ မဟာတာအိုကို ဝါးမျိုနိုင်တဲ့အတွက် ဟန်ကျွယ်က ဝါးမျို အထွတ်အထိပ် နိယာမလို့ နာမည်ပေးလိုက်တာပါ။

တာအိုဖန်တီးရှင် နောက်ဆုံးအဆင့်ကို ရောက်တာနဲ့ ဒီအထွတ်အထိပ် နိယာမက မဟာတာအိုကမ္ဘာမှာ မွေးဖွားလာမှာပါ။ တကယ်ကို စွမ်းအားကြီးလွန်းတဲ့ နိယာမပါ။

ဝါးမျို အထွတ်အထိပ် နိယာမရဲ့ ပိတ်လှောင်မှုက တာအိုဖန်တီးရှင်ကို မသေစေနိုင်ဘူးဆိုပေမဲ့ သူ့သိစိတ်ကို ထွက်မပြေးနိုင်အောင် ဖမ်းထားပါတယ်။ သူ့ရဲ့ တခြားကိုယ်ပွားတွေနဲ့လည်း အဆက်အသွယ် ပြတ်တောက်စေပါတယ်။

ဒီအချက်ကြောင့် ဟန်ကျွယ်ဟာ အန္တိမမူလ ကောင်းကင်အကျဉ်းထောင်ကို အသုံးပြုဖို့ အခွင့်အရေး ရသွားပါတယ်။

“အန္တိမမူလ အကျဉ်းထောင်နဲ့ တာအိုဖန်တီးရှင် အလယ်အဆင့်ကို ကျွန်ပြုနိုင်လား” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။

[ကျွန်ပြုနိုင်ပါသည်။ သို့သော် အချိန် ကြာမြင့်လိမ့်မည်။]

ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ တောက်ပသွားပါတယ်။ သူ အရင်က လောကဦး ကောင်းကင်ထောင်ကို အဆင့်မြှင့်တင်ခဲ့တာ မှန်တယ်လို့ ပြောရပါမယ်။ မဟုတ်ရင် တာအိုဖန်တီးရှင်ကို ကျွန်ပြုနိုင်မှာ မဟုတ်ပါဘူး။

အချိန်ကြာတာကိုတော့ ဘယ်လောက်ကြာကြာ ဟန်ကျွယ် ဂရုမစိုက်ပါဘူး။ အခုအချိန်မှာ ဟန်ကျွယ်အတွက် အပေါဆုံးက အချိန်ပါ။

[နဝမပဋိပက္ခသည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

ဟန်ကျွယ်ရှေ့မှာ အသိပေးချက်တစ်ချက် ရုတ်တရက် ပေါ်လာပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters