← Chapters

ကောင်းကင်တာအိုကပ်ဘေး

Vol. 104 Ch. 1086

ကောင်းကင်တာအိုကပ်ဘေး

Vol. 104 Ch. 1086

‘သူတို့ကံကြမ္မာနဲ့ သူတို့ ရှိပါစေတော့’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့မျိုးဆက်တွေနဲ့ တပည့်တွေရဲ့ ကိစ္စမှာ ဝင်မပါတာ အတော်ကြာခဲ့ပါပြီ။

ဟန်ကျွယ်ဟာ စာ‌စောင်တွေကို ဖတ်ရှုပြီးတဲ့အခါ ပဋိပက္ခကို ကြည့်လိုက်ပါတယ်။

အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုး ဖိနှိပ်ခံရပြီးနောက် ပဋိပက္ခဟာ ပြန်အေးချမ်းသွားပါတယ်။ သက်ရှိထက်ဝက်ကျော် အသတ်ခံလိုက်ရပေမဲ့ ပဋိပက္ခရဲ့ ကံတရား အထောက်အပံ့က လျင်မြန်စွာ တိုးတက်လာတာကို ဟန်ကျွယ် ရှာတွေ့သွားပါတယ်။

ဒါတင် မကသေးပါဘူး။ ပဋိပက္ခက ကျယ်ပြန့်နေပါသေးတယ်။ တိတိကျကျ ပြောရရင် ပဋိပက္ခက ကျယ်ပြန့်နေတာ မဟုတ်ပါဘူး။ စုတ်ပြဲသွားတာနဲ့ ပိုတူပါတယ်။ ပဋိပက္ခ အာကာသဟာ တစ်လွှာပြီးတစ်လွှာ ပြိုလဲလာသလို စိတ်ဝိညာဉ်ချီကလည်း နေရာအနှံ့ ပြန့်ကျဲပြီး ပါးလွှာလာပါတယ်။

နဝမပဋိပက္ခက ပဋိပက္ခကို ဆုတ်ဖြဲဖို့ ပြင်ဆင်နေပုံပါပဲ။ ဒီအတိုင်း ဆုတ်ဖြဲလိုက်တာ မဟုတ်ဘဲ ဖန်တီးမှုတိုးအောင် လုပ်နေတာပါ။ ဒါက ဗလာနယ်မြေရဲ့ မဟာတာအိုကမ္ဘာအပေါ် သက်ရောက်တဲ့ ကန့်သတ်မှုကို ချိုးဖျက်ပြီး ပဋိပက္ခကို ဗလာနယ်မြေရဲ့ နေရာတိုင်းဆီ ပြန့်ကျဲစေမှာပါ။ ဒါက အဆုံးမဲ့ခေတ်ကို ရောက်သွားတာနဲ့ အတူတူပါပဲ။

ပဋိပက္ခက မဟာတာအိုပညာရှိအောက်မှာရှိတဲ့ သက်ရှိတွေအတွက် အဆုံးမဲ့ပါတယ်။ ဗလာနယ်မြေကတော့ ဒီအထက် အများကြီး ပိုကျယ်ပါတယ်။ တာအိုဖန်တီးရှင်တွေတောင် ဗလာနယ်မြေ ဘယ်လောက်ကျယ်လဲဆိုတာကို မသိပါဘူး။

ဒါပေမဲ့ သေချာတာ တစ်ခုတော့ ရှိပါတယ်။ လက်ရှိ ဗလာနယ်မြေကို ပဋိပက္ခက ဦးဆောင်နေပါတယ်။ တခြားမဟာတာအိုကမ္ဘာတွေက ပဋိပက္ခလောက်လည်း မကြီးသလို ပဋိပက္ခကိုလည်း ခြိမ်းခြောက်နိုင်စွမ်း မရှိပါဘူး။

အဆုံးမဲ့ခေတ် ရောက်လာဖို့ ဟန်ဟွမ်ရဲ့ စွမ်းအားကို လိုသေးလားဆိုတာတော့ ဟန်ကျွယ်လည်း မပြောတတ်ပါဘူး။

ဟန်ကျွယ်ဟာ ဘယ်သူက သတ္တမမြောက် တာအိုဖန်တီးရှင် ဖြစ်မလာမလဲဆိုတာ စဉ်းစားကြည့်လိုက်ပါတယ်။

လောလောဆယ်မှာ ပဋိပက္ခ၊ ယင်ယန်ချွမ်တုနတ်မင်း၊ ပဋိပက္ခသိစိတ်၊ အနန္တဖျက်ဆီးရှင်သခင်၊ သဏ္ဍာန်မဲ့နတ်မင်းနဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ဆိုပြီး တာအိုဖန်တီးရှင် ခြောက်ပါး ရှိပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ အန္တိမမူလကမ္ဘာကို ကြည့်လိုက်ပါတယ်။ အန္တိမမူလကမ္ဘာဟာ ပုံမှန်အတိုင်း ဖွံ့ဖြိုးတိုးတက်နေပါတယ်။ လူသားတွေမျိုးနွယ်စုတောင် ပေါ်လာပါပြီ။

လူသားမျိုးနွယ်စု ဘိုးဘေးက ဟန်ယိုရဲ့ အမွေခံ ကျွယ်ယီပါ။ ဟန်ယိုရဲ့ အမွေခံဖြစ်တဲ့အတွက် ကျွယ်ယီဟာ ဟန်ကျွယ်ရဲ့ အမွေကို ဆက်ခံလိုက်တယ်လို့ ပြောလို့ရပါတယ်။

ကျွယ်ယီဟာ တာအိုရယူပြီးနောက် လူသားမျိုးနွယ်စုကို ဖန်တီးပြီး နှစ်သုံးလေးသန်းနဲ့ လွတ်လပ် တာအိုပညာရှိ ဖြစ်သွားပါတယ်။ ဒီအရည်အချင်းက တော်တော်လေး ထူးချွန်တယ်လို့ ပြောလို့ရပါတယ်။ ပဋိပက္ခမှာဆိုရင် ဒီအရည်အချင်းနဲ့ မဟာတာအိုပညာရှိ ဖြစ်နေလောက်ပါပြီ။

ဟန်ကျွယ်ဟာ ကျွယ်ယီရဲ့ နာမည်ကို ဂရုမစိုက်ပါဘူး။ ဟန်ယို ဒီနာမည်ပေးလိုက်တာက သူ့ကို ဖားချင်လို့ဆိုတာ ဟန်ကျွယ် သိပါတယ်။ နောက်ကျရင်တော့ မပြောတတ်ပေမဲ့ လောလောဆယ်မှာတော့ ဟန်ကျွယ်ဟာ ကျွယ်ယီကို ဂရုစိုက်ဖို့ အတွေးမရှိပါဘူး။

ဟန်ကျွယ်ဟာ အရာအားလုံး အဆင်ပြေနေတာကို မြင်ရပြီးနောက် ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။

ဒီလိုနဲ့ မျက်တောင်တစ်ခတ်အတွင်း တံခါးပိတ်ကျင့်ကြံတာ နှစ်ကြိမ် ရှိသွားပါတယ်။ အဓိပ္ပာယ်ကတော့ နှစ်သန်း ၂၀ ကုန်ဆုံးသွားပါပြီ။

ဒီလောက်ကြာတာတောင် ယင်ယန်ချွမ်တုနတ်မင်းကို ကျွန်ပြုလို့ မပြီးသေးပါဘူး။ ဟန်ကျွယ်လည်း ရွေးချယ်စရာ မရှိတာကြောင့် ဆက်ပြီးတော့ စောင့်ရပါတယ်။

နှစ်တွေကြာသွားပြီ ဖြစ်တဲ့အတွက် ပဋိပက္ခဟာ ပြန်စည်လာပါတယ်။ သက်ရှိတွေ များလာတဲ့အတွက် တိုက်ပွဲတွေလည်း များလာပါတယ်။ မဟာတာအိုအနန္တကပ်ဘေးကလည်း ထပ်ပြီးတော့ နာမည်ကြီးလာပါတယ်။

ကျို့ကဲ့ဂျိသွမ်ဟာ အမှောင်သခင်ကြီးကို ယုံကြည်တယ်လို့ ကြော်ငြာပြီးနောက် အမှောင်သခင်ကြီး ယုံကြည်သူတွေကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနောက်ကွယ်မှာ ပြဿနာတွေလည်း တစ်ပုံကြီး လိုက်ပါလာပါတယ်။ အနည်းဆုံး သူတို့တွေ ပဋိပက္ခကို စုစည်းဖို့ မဖြစ်နိုင်တော့ပါဘူး။

သက်ရှိအားလုံးက အမှောင်သခင်ကြီးကို တော်တော်လေး မနှစ်သက်ကြပါဘူး။ နာမည်ကြားရုံနဲ့တင် လူကောင်းမဟုတ်ဘူးလို့ ခံစားရတယ် မဟုတ်ပါလား။

ဒါပေမဲ့ ကျောက်ရွှမ်ကွမ်းဟာ ပဋိပက္ခကို စုစည်းတာထက် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ခုခံနိုင်ဖို့က အရေးပိုကြီးတယ်လို့ ခံယူထားပုံပါပဲ။

ဟန်ကျွယ်ဟာ ပဋိပက္ခကို စပြီးတော့ လျစ်လျူရှုလာပါတယ်။ ဟန်ကျွယ်ဟာ လောလောဆယ်မှာ အဆင့်တက်ဖို့နဲ့ ယင်ယန်ချွမ်တုနတ်မင်းကို ကျွန်ပြုနိုင်ဖို့ပဲ စိတ်ထဲမှာ ရှိပါတယ်။

နှစ်သန်း ၂၀ ကျင့်ကြံအားထုတ်မှုက ဟန်ကျွယ်ကို အဆင့်တက်ဖို့ ပိုပို နီးကပ်လာစေပါတယ်။

ဟန်ကျွယ်ဟာ သူပဲ အရင်ဆုံး အဆင့်တတ်နိုင်မလား၊ ဒါမှမဟုတ် တာအိုဖန်တီးရှင်ကိုပဲ အောင်မြင်စွာ ကျွန်ပြုနိုင်မလားဆိုတာ သိချင်နေပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး တံခါးပိတ်ကျင့်ကြံပါတယ်။

ရှန်ရှင်းကိုးဖော်နဲ့ ရှန်ဝေါ်ဟာ ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်းဘေးမှာ တာအိုဘုံကျောင်း ဆောက်လုပ်ပြီး ကျင့်ကြံအားထုတ်နေပါတယ်။ သူတို့တွေ မောင်းထုတ်ခံရတာ ကြာပြီ ဖြစ်တဲ့အတွက် ကိုယ်နေရာနဲ့ကိုယ် ဖြစ်လာတာပါ။

ဟန်ကျွယ်ရဲ့ တံခါးပိတ်ကျင့်ကြံမှုက တပည့်တွေကိုသာမက တာအိုလက်တွဲဖော်တွေကိုပါ ခန့်မှန်းချက်မျိုးစုံ ထုတ်စေပါတယ်။

ဟန်ကျွယ်ရဲ့ မိန်းမတွေဟာ အချိန်တစ်ခုကြာတိုင်း ရှင်းဟုန်ရွှမ်ရဲ့ တာအိုဘုံကျောင်းမှာ စုဝေးလေ့ ရှိပါတယ်။ သူတို့တွေဟာ တာအိုဆွေးနွေးတာ အပြင် ပဋိပက္ခက ကိစ္စတချို့ကိုလည်း ဆွေးနွေးကြပါတယ်။

ချင်းလွမ်အာဟာ သက်ပြင်းချလိုက်ပါတယ် “ယောက်ျား ထွက်မလာတာ အတော်ကြာပြီ၊ တစ်ခုခုများ ဖြစ်နေလား မသိဘူး”

လီယောင် “အဆင့်တက်နေတာ ဖြစ်နိုင်တယ်”

ဝူတောက်ကျန့် “ဟီးဟီး... သခင်က အရင်တုန်းကလည်း ကျွန်မတို့ဆီ သိပ်လာတာ မဟုတ်ဘူး၊ ကျင့်သားရနေပြီ”

အရင်တုန်းက လီယောင်နဲ့ ဝူတောက်ကျန့်ဟာ ဟန်ကျွယ်က သူတို့ကို မေ့သွားပြီလို့ တကယ်ခံစားခဲ့ရတာပါ။

နတ်မိမယ်ရှီရွှမ်ဟာ သက်ပြင်းချလိုက်ပါတယ် “သူ အဆင့်တက်ရင် ဘယ်အဆင့်ကို ရောက်သွားမှာလဲ”

ဒီစကားကြားတဲ့အခါ ကျန်တဲ့လူတွေလည်း သက်ပြင်းချလိုက်ပါတယ်။ ကျင့်ကြံတာကို စိတ်အဝင်စားဆုံးဖြစ်တဲ့ လီယောင်ဟာ ဒီမေးခွန်းရဲ့ အဖြေကို ပိုသိချင်ပါတယ်။

ဒီအချိန်မှာပဲ တာအိုဘုံကျောင်း အပြင်ဘက်ကနေ အသံတစ်သံ ထွက်ပေါ်လာပါတယ်။

“အမေတို့... ကျွန်တော် အမေတို့ဆီ လာလည်တယ်၊ ကျွန်တော်ကို တစ်ခုလောက် ကူညီပေးလို့ရမလား”

ဒီအသံပိုင်ရှင်က လီယောင်ရဲ့သား ဟန်ယွင်ကျင်းပါ။

ရှင်းဟုန်ရွှမ်တို့တစ်သိုက်ဟာ ဟန်ယွင်ကျင်းကို တခြားကလေးတွေထက် ပိုချစ်ပါတယ်။ ဟန်ဟွမ်က ထူးချွန်ထက်မြက်ပေမဲ့ တာအိုဘုံကျောင်းဆီ မကြာခဏ ပြန်လာတာက ဟန်ယွင်ကျင်းတစ်ယောက်ပဲ ရှိပါတယ်။ တခြားကလေးတွေနဲ့ကလည်း ပဋိပက္ခ အစည်းအဝေးရောက်မှပဲ တွေ့ရတာပါ။

“ဝင်လာခဲ့ချည်” ရှင်းဟုန်ရွှမ်က ပြောလိုက်ပါတယ်။ ဒါက သူ့ရဲ့ တာအိုဘုံကျောင်းဆိုတော့ ရှင်းဟုန်ရွှမ်မှာ ပြောပိုင်ခွင့် ရှိပါတယ်။

ဟန်ယွင်ကျင်းဟာ တာအိုဘုံကျောင်းထဲ ဝင်လာပြီး အမေတိုင်းကို တရိုတသေ ဦးညွှတ်လိုက်ပါတယ်။ သူ့ကိုယ်ဟန်က အတော်လေးကို ရိုသေလေးစားပါတယ်။

ဝူတောက်ကျန့်တောင် မပြုံးဘဲ မနေနိုင်ပါဘူး “ယွီအာ ဒီမှာမရှိလို့... မဟုတ်ရင် သူက နင့်ကို သေချာပေါက် မေးခွန်းတွေမေးမှာ”

စရိုက်တူလို့နဲ့ တူပါတယ်။ ဝူတောက်ကျန့်နဲ့ ချန်ယွီအာက တော်တော်လေး ရင်းနှီးပါတယ်။

ဟန်ယွင်ကျင်းဟာ ပြုံးလိုက်ပါတယ် “အမေချန်က ဟန်မိသားစု မိန်းကလေးတွေကို တပည့်အဖြစ် လက်ခံချင်နေတယ်၊ ကျွန်တော် အမေချန်အတွက် တပည့်တစ်သုတ် ရွေးထားပြီးပြီ”

လီယောင်က မေးလိုက်ပါတယ် “ပြောစရာရှိတာသာ ပြောစမ်းပါ၊ ဘာကူညီပေးရမှာလဲ”

ဟန်ယွင်ကျင်းဟာ တစ်ခဏရပ်ပြီးမှ “မကြာသေးခင်က အစ်ကိုနှစ်ကို မိန်းတစ်ယောက်က လက်ထပ်ချင်တယ်လို့ ကျွန်တော် ကြားတယ်၊ အဲဒီမိန်းမရဲ့ အဖေက ပဋိက္ခရဲ့ နယ်ရှင်ပယ်ရှင်၊ အစ်ကိုနှစ် ထွက်လာအောင်ဆိုပြီး သူက ကောင်းကင်တာအိုကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်”

ဟန်ယွင်ကျင်းဟာ ပြောရင်းနဲ့ ဘာဆက်ပြောရမှန်း မသိတော့ပါဘူး။ ကောင်းကင်တာအိုက ဒီလိုမျိုး ကပ်ဘေးကို ရင်ဆိုင်ရလိမ့်မယ်လို့ ဟန်ယွင်ကျင်း အိပ်မက်တောင် မမက်ခဲ့ဖူးပါဘူး။

ဟန်ယွင်ကျင်းဟာ တာအိုပညာရှိတွေရဲ့ နားပူနားဆာလုပ်တာကို မခံနိုင်တာကြောင့် တာအိုစက်ကွင်းဆီ ရောက်လာတာပါ။

ရှင်းဟုန်ရွှမ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဒီမိန်းကလေးက ဗိုလ်ကျလှချည်လား”

ရှင်းဟုန်ရွှမ်ဟာ သူ့ချွေးမကို ဂရုစိုက်ပေမဲ့ ဒီကိစ္စကတော့ သူ့ကို တော်တော်လေး မကျေမချမ်း ဖြစ်စေပါတယ်။ ရှင်းဟုန်ရွှမ် တစ်ယောက်တည်း မဟုတ်ပါဘူး။ တခြားလူတွေလည်း အတူတူပါပဲ။

ချင်းလွမ်အာ “ဒီလိုစရိုက်ရှိလို့ ဟွမ်အာက သူ့ကို မကြိုက်တာ နေမယ်”

ရွှမ်ချင်းကျွင်းဟာ ပြုံးလိုက်ပါတယ် “ဒီလိုမိန်းကလေးမျိုးကို အညံခံအောင်လုပ်ဖို့က လွယ်မှာ မဟုတ်ဘူး၊ အရင်တုန်းက ငါလည်း မင်းအဖေကို ဒီလိုမျိုး သဘောထားခဲ့တာ၊ မင်းအဖေကို တကယ်ကြိုက်ခဲ့တာ မဟုတ်ဘူး”

ဟန်ယွင်ကျင်းဟာ မချိပြုံး ပြုံးလိုက်ပါတယ် “အမေတို့... အခု အရေးကြီးတာက ကောင်းကင်တာအိုကို ကာကွယ်ဖို့ပဲ၊ ဟန်မိသားစုရဲ့ မျိုးဆက်အများစုက ကောင်းကင်တာအိုထဲမှာ၊ တိတ်ဆိတ်ဂိုဏ်း မလှုပ်ရှားရင် ဒါမှမဟုတ် အစ်ကိုနှစ်ပြန်မလာရင် ဟန်မိသားစု ဒုက္ခရောက်လိမ့်မယ်”

ရှင်းဟုန်ရွှမ်ဟာ ဟွန်းခနဲ နှာမှုတ်လိုက်ပါတယ် “ညီမတို့... တို့တွေ သွားကြမလား၊ ဒီလောက်အကြာကြီး ကျင့်ကြံပြီးမှတော့ တစ်ခုခု လုပ်သင့်တယ်”

ရွှမ်ချင်းကျွင်းရဲ့ မျက်လုံးတွေဟာ တောက်ပသွားပါတယ်။ နတ်ဆိုးသခင် ဖြစ်ခဲ့ဖူးတာဆိုတော့ ရွှမ်ချင်းကျွင်းဟာ ဒီကိစ္စကို တော်တော်လေး စိတ်ဝင်စားပါတယ်။

ချင်းလွမ်အာကတော့ နည်းနည်း ရင်ဖိုသွားပါတယ်။ တစ်ခါမှ မတိုက်ခိုက်ဖူးတာကြောင့်ပါ။

ဝူတောက်ကျန့်ကတော့ လီယောင်ကို ကြည့်လိုက်ပါတယ်။

လီယောင်ဟာ ဟန်ယွင်ကျင်းရဲ့ မျှော်လင့်တောင့်တတဲ့ အကြည့်အောက်မှာ ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ မိန်းမတွေထဲမှာ အစွမ်းအထက်ဆုံးက လီယောင်ပါ။ ဒါကြောင့် ဒီကိစ္စမှာ သူ ဦးဆောင်ဖို့ လိုပါတယ်။ လီယောင် သဘောတူတဲ့အခါ ကျန်တဲ့လူတွေလည်း ယုံကြည်မှု တိုးသွားပါတယ်။ သူတို့ရင်ဆိုင်နေရာတာက သာမန်အင်အားစု မဟုတ်ဘဲ ပဋိပက္ခနယ်ရှင်ပယ်ရှင် မဟုတ်ပါလား။

သူတို့တွေဟာ လီယောင်ရဲ့ စွမ်းအားကိုတော့ ယုံကြည်ပါတယ်။ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ သူတို့ထဲက တစ်ယောက်မှ လီယောင်ကို အနိုင်မယူနိုင်ပါဘူး။

ဟန်ယွင်ကျင်းဟာ ပြုံးလိုက်ပါတယ်။ ဟန်ယွင်ကျင်းဟာ သူ့အမေကို အလေးစားဆုံးပါ။ မိန်းမဖြစ်ပေမဲ့ သူ့အဖေလိုမျိုး ဇွဲကောင်းတယ် မဟုတ်ပါလား။

ဟန်ယွင်ကျင်းဟာ စကားနည်းနည်းပါးပါး ပြောဆိုပြီးတဲ့အခါ ထွက်ခွာသွားပါတယ်။

ရှင်းဟုန်ရွှမ်တို့ဟာ ဟန်ယွင်ကျင်း ထွက်သွားတဲ့အခါ ပဋိပက္ခအကြောင်းကို ဆက်ပြီးတော့ ဆွေးနွေးကြပါတယ်။ သူတို့တွေဟာ မဟာတာအို အနန္တကပ်ဘေးအကြောင်းကို တော်တော်လေး သိချင်နေကြပါတယ်။

ရှင်းဟုန်ရွှမ်၊ ရွှမ်ချင်းကျွင်းနဲ့ လီယောင်တို့ဟာ သူတို့ကိုယ်ပိုင် မဟာတာအိုကမ္ဘာကို စတင်တည်ထောင်ပြီမလို့ အဆုံးမဲ့ခေတ်ကို တော်တော်လေး မျှော်လင့်နေကြပါတယ်။

.....

ကျင့်ကြံမှုထဲ နစ်မြောနေတဲ့ ဟန်ကျွယ်ရဲ့ရှေ့မှာ ရုတ်တရက်ဆိုသလို ဝဲကတော့နက်တစ်ခု ပေါ်လာပါတယ်။ တံခါးပိတ်ကျင့်ကြံတဲ့ အချိန် မပြည့်သေးပေမဲ့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters