← Chapters

အဆင့်တက်ခြင်း

Vol. 104 Ch. 1088

အဆင့်တက်ခြင်း

Vol. 104 Ch. 1088

ကျိန်စာတိုက်တာ ငါးရက်ကျော်တဲ့အခါ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။ အရင်လိုပဲ ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို ကျင့်ကြံမှု ထိခိုက်စေတဲ့အထိ ကျိန်စာတိုက်ပါတယ်။

ပဋိပက္ခမှာ အက်ကြောင်းတွေ ထပ်ပေါ်လာပြီး မိစ္ဆာနတ်ဆိုး အများကြီးလည်း ထပ်ပေါ်လာပါတယ်။

နှစ်တစ်သောင်းကြာတဲ့အခါမှာတော့ အန္တိမမူလကမ္ဘာလည်း ဒီလိုမျိုး ထပ်ဖြစ်ပါတယ်။ အာကာသ အက်ကြောင်း အများကြီး ပေါ်လာပြီး အမျိုးအမည်မသိ မိစ္ဆာနတ်ဆိုးတွေ ဖွေးဖွားလာကာ သက်ရှိအားလုံးကို ဒုက္ခပေးကြပါတယ်။

ဟန်ကျွယ်ဟာ သူလည်း ကျိန်စာတိုက်ခံရသလိုမျိုး ဖြစ်အောင် တမင်လုပ်လိုက်တာပါ။

သက်ရှိ ဘယ်လောက် သေသွားမလဲဆိုတာကိုတော့ ဟန်ကျွယ် ဂရုမစိုက်ပါဘူး။ အန္တိမမူလကမ္ဘာက ဒီအတိုင်း ဆက်သွားလည်း မကြာခင်မှာ သူ့ကိုယ်ပိုင်ကပ်ဘေးကို ရင်ဆိုင်ရမှာပါ။ ဟန်ကျွယ် လုပ်လိုက်တာက ဒီကပ်ဘေးကို ရှေ့တွန်းပို့လိုက်ရုံပါ။

ဟန်ကျွယ်ဘက်က ကြည့်ရင် အန္တိမမူလကမ္ဘာထဲက သက်ရှိတွေရဲ့ သေခြင်းရှင်ခြင်းက သူ့ကို မလွှမ်းမိုးနိုင်ပါဘူး။ အန္တိမမူလကမ္ဘာ တစ်ခုလုံး ပျက်စီးသွားမှပဲ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကို ထိခိုက်စေမှာပါ။

အဲဒီနောက် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ အဆင့်တက်ပါတယ်။

ဟန်ကျွယ်ကလွဲရင် နဝမပဋိပက္ခ ကျိန်စာတိုက်ခံရတာကို ဘယ်သူမှ မသိပါဘူး။ နဝမပဋိပက္ခကလည်း တခြားတာအိုဖန်တီးရှင်တွေကို ဘယ်တုန်းကမှ ဒီအကြောင်း မပြောခဲ့ပါဘူး။

ပဋိပက္ခက စည်ကားနေပေမဲ့ ဗလာနယ်မြေကတော့ ထူးဆန်းစွာပဲ တိတ်ဆိတ်နေပါတယ်။

လျှို့ဝှက်ဆန်းကြယ် မှောင်မိုက်တဲ့ အာကာသတစ်ခုအတွင်း။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ သဏ္ဍာန်မဲ့နတ်မင်းရှေ့ ရပ်နေပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ခေါင်းငုံ့ထားပြီး သဏ္ဍာန်မဲ့နတ်မင်းကို မကြည့်ရဲပါဘူး။

သဏ္ဍာန်မဲ့နတ်မင်း “မင်း အဆင်သင့် ဖြစ်ပြီလား”

မိစ္ဆာ ကောင်းကင်ဧကရာဇ် “ကျွန်တော် ပြင်ဆင်ပြီးပြီ၊ သေရမယ်ဆိုရင်တောင် နောင်တမရဘူး”

“မင်း အောင်မြင်ရင် မဟာတာအို အထွတ်အထိပ်အဆင့်ကို ရောက်ရုံတင် မကဘူး၊ မင်းကိုယ်ပိုင် မဟာတာအိုကမ္ဘာကိုလည်း ဖန်တီးနိုင်လိမ့်မယ်၊ ဒါက မင်းအနာဂတ် ဖြောင့်ဖြူးအောင် လမ်းခင်းပေးလိမ့်မယ်၊ မှတ်ထားချည်... မင်း ဘာပဲမြင်မြင် ဘာပဲကြုံရကြုံရ၊ မင်းခန္ဓာကိုယ်က ခံစားတာရတွေတောင် အတုပဲ၊ စိတ်ကို ခိုင်ခိုင်ထား”

“ကျွန်တော် နားလည်ပါတယ်”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ စကားဆုံးတာနဲ့ ကောင်းကင်ယံကနေ အလင်းတိုင်တစ်တိုင်ဟာ သူ့ကိုယ်ပေါ်ကို ထိုးကျလာပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာဟာ ချက်ချင်း ပျက်စီးသွားပြီး ဝိညာဉ်ပဲ အလင်းတိုင်ထဲမှာ ဒူးထောက် ကျန်နေခဲ့ပါတယ်။ သူ့ဝိညာဉ်ကလည်း နာကျင်မှုကြောင့် တုန်ယင်နေပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဘာအသံမှ မထွက်ပေမဲ့ သူ့ဝိညာဉ် ရုန်းကန်နေတာကို ကြည့်ပြီး ဘယ်လောက်ခံစားနေရတယ်ဆိုတာ သိသာလှပါတယ်။

ဒီအချိန် သဏ္ဍာန်မဲ့နတ်မင်းဘေးမှာ လူတစ်ယောက်‌ ပေါ်လာပါတယ်။ ဒီလူက ကျောက်ရုပ်တုပုံစံရှိတဲ့ အမျိုးသား တစ်ယောက်ပါ။ သူက ကိုယ်ကာယ ကြံ့ခိုင်တောင့်တင်းပြီး ခွန်အားကြီးပုံ ရှိပါတယ်။ သူ့ခန္ဓာကိုယ်ကလည်း သံချပ်ကာ ဝတ်ထားတဲ့အတိုင်းပါပဲ။ ဒါ့အပြင် ကျောမှာလည်း သာမန်ထက်ကြီးမားတဲ့ ကျောက်သား တောင်ပံတစ်စုံ ရှိနေပါသေးတယ်။

“အဖေ... သူ့ကို တကယ် ယုံကြည်တာလား” ကျောက်ရုပ်တုက မပျော်မရွှင် မေးလိုက်ပါတယ်။

သဏ္ဍာန်မဲ့နတ်မင်းက ပြန်ဖြေပါတယ် “ဟုတ်တယ်၊ ငါ သူ ဘယ်လိုဖြစ်လာမလဲဆိုတာ သိချင်တယ်”

“ဘာဖြစ်လို့လဲ”

“ဘာဖြစ်လို့လဲဆိုတော့ သူကြီးပြင်းလာတာကို ငါ ကြည့်ခဲ့ရလို့ပဲ၊ နောက်ပြီး သူ့ကို သုံးစရာ နေရာတစ်နေရာ ရှိတယ်”

“ဘယ်နေရာလဲ”

“အဲဒါကို မင်း သိဖို့ မလိုဘူး”

“အဖေ... အခု မဟာတာအိုကမ္ဘာ အသီးသီးက တိုက်ခိုက်နေကြတာ၊ ကျွန်တော်တို့တွေ တကယ်ပဲ ပဋိပက္ခသက်ရှိတွေရဲ့ ခြေနင်းကျောက်တုံး အဖြစ်ခံမှာလား၊ ဒါက တကယ် ကောင်းတဲ့ကိစ္စရော ဟုတ်ရဲ့လား၊ အဖေ ပဋိပက္ခသက်ရှိတွေကို မျက်နှာသာပေးလွန်းတယ်”

“မင်းက ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ကိုတောင် မနိုင်ဘဲနဲ့ သက်ရှိအားလုံးရဲ့ တာဝန်ကို ယူချင်တာလား”

“ကျွန်တော်...”

ကျောက်ရုပ်တုဟာ ဒေါသထွက်သွားပေမဲ့ သူ့အဖေရဲ့ စကားကို မငြင်းဆန်နိုင်ပါဘူး။

“ငါ့မှာ မင်းအတွက် တာဝန်တစ်ခုရှိတယ်၊ မင်း အောင်မြင်အောင် လုပ်နိုင်ရင် မင်းစကားကို ငါ ပြန်စဉ်းစားပေးမယ်”

“ဘာတာဝန်လဲ”

“ကျို့ကဲ့ဂျိသွမ်ထဲဝင်ပြီး အမှောင်သခင်ကြီးရဲ့ တကယ် သရုပ်မှန်ကို စုံစမ်းရမယ်”

“ရတယ်”

ကျောက်ရုပ်တုဟာ ချက်ချင်း နေရာကနေ ပျောက်ကွယ်သွားပါတယ်။

သဏ္ဍာန်မဲ့နတ်မင်းဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ပြန်ကြည့်ပြီး တိတ်တဆိတ် စောင့်ဆိုင်းပါတယ်။

.....

တတိယ တာအိုစက်ကွင်း၊ တာအိုဘုံကျောင်းအတွင်း။

[သင်သည် အသက် သန်း ၃၀၀ ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါ ရွေးချယ်မှုများရှိသည်။]

[၁။ ဂူအောင်းကျင့်ကြံရာမှ ချက်ချင်းထွက်၍ အခြား မဟာတာအိုကမ္ဘာများကို ဝါးမျိုပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစတစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် စနစ်၏ လုပ်ဆောင်ချက်တစ်ချက်အား အဆင့်မြှင့်တင်ရန် အခွင့်အရေး တစ်ကြိမ် ရရှိမည်။]

[၂။ မူလရည်ရွယ်ချက်အတိုင်း သိုသိုသိပ်သိပ် ဆက်ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် စနစ်၏ လုပ်ဆောင်ချက်တစ်ချက်အား အဆင့်မြှင့်တင်ရန် အခွင့်အရေး တစ်ကြိမ် ရရှိမည်။]

[သင်သည် မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေး တစ်ကြိမ်အား ရရှိပါသည်။]

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ရှုံးနိမ့်သွားတယ်လို့ ခံစားလိုက်ရပါတယ်။ သူ မှန်းဆထားတဲ့ အချိန်အတွင်း အဆင့်မတက်နိုင်ခဲ့ဘူး မဟုတ်ပါလား။

‘သေစမ်း... အဆင့်တက်နိုင်ဖို့က နှစ်တစ်သိန်းလောက်ပဲ လိုတော့တာကို’

ဟန်ကျွယ်ဟာ တကယ်ကို အဆင့်တက်ခါ နီးနေပါပြီ။

ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို တိတ်တဆိတ် ရွေးချယ်လိုက်ပါတယ်။

[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် စနစ်၏ လုပ်ဆောင်ချက်တစ်ချက်အား အဆင့်မြှင့်တင်ရန် အခွင့်အ‌ရေးတစ်ကြိမ် ရရှိပါသည်။]

[အဆင့်မြှင့်တင်လိုသော နှစ်သက်ရာ စနစ်၏ လုပ်ဆောင်ချက်အား ရွေးချယ်ပါ။]

ဟန်ကျွယ်ဟာ သူ့ရှေ့က အသိပေးချက်ကို ကြည့်ပြီး တိတ်တဆိတ် ရွေးချယ်လိုက်ပါတယ်။

[တွက်ချက်မှု လုပ်ဆောင်ချက်အား အဆင့်စမြှင့်ပါပြီ။]

ဟန်ကျွယ်ရဲ့ မျက်နှာဟာ နူးညံပျော့ပျောင်းသွားပါတယ်။ ဟန်ကျွယ်ဟာ ဒီအဆင့်မြှင့်တင်မှုပြီးရင် အန္တိမတာအိုရတနာ ရှိနေလည်း တွက်ချက်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

ဟန်ကျွယ်ဟာ အန္တိမမူလဝိညာဉ်ချွေဓားကို ကြည့်လိုက်ပါတယ်။ ယင်ယန်ချွမ်တုနတ်မင်းကို အခုထိ ကျွန်ပြုလို့ မပြီးသေးပါဘူး။ ဟန်ကျွယ်ဟာ စနစ်ကပြောတဲ့ အချိန်ကြာမယ်ဆိုတာကို တကယ်ပဲ လျှော့တွက်မိခဲ့ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။

ဒီလိုနဲ့ နှစ်တစ်ထောင် ကြာတဲ့အခါမှာတော့ တွက်ချက်မှု လုပ်ဆောင်ချက်ကို အောင်မြင်စွာ အဆင့်မြှင့်တင်နိုင်ခဲ့ပါတယ်။

[တွက်ချက်မှု လုပ်ဆောင်ချက်အား အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးပါပြီ။ တွက်ချက်မှု လုပ်ဆောင်ချက်သည် အန္တိမတာအိုရတနာ၏ ကံအကာအကွယ်အား လျစ်လျူရှုနိုင်သည်။]

‘အရမ်းကောင်းတယ်’

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် ‘ငါ ဒီဟာကို စမ်းကြည့်ရင် ကောင်းမလား... ထားလိုက်ပါတော့... ငါ အရင်ဆုံး အဆင့်တက်တာပဲ ကောင်းပါတယ်လေ’

ဘယ်အရာကမှ သူ့ကျင့်ကြံမှုလောက် အရေးမကြီးပါဘူး။ သူ့မှာသာ စွမ်းအား အလုံအလောက်ရှိရင် သတင်းအချက်အလက်က နည်းနည်းလေးပဲ အရေးကြီးတော့မှာပါ။

အဲဒါကြောင့် ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်တာကိုပဲ အာရုံစိုက်ပါတယ်။

နှစ်ငါးသောင်းကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အဆင့်စတက်ပါတယ်။ နှစ်သုံးထောင်ကျော် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အောင်မြင်စွာ အဆင့်တက်နိုင်ပြီး တာအိုဖန်တီးရှင် ထိပ်ဆုံးအဆင့်ကို ရောက်ရှိသွားပါတယ်။

ဟန်ကျွယ်ဟာ ကာလရှည်ကြာ စောင့်မျှော်ခဲ့ရတဲ့ အသွင်ပြောင်းလဲမှုကို ခံစားလိုက်ရပါတယ်။ ဟန်ကျွယ် တစ်ယောက်တည်း မဟုတ်ပါဘူး။ အန္တိမမူလကမ္ဘာတစ်ခုလုံး စပြီးတော့ အသွင်ပြောင်းလဲပါတယ်။ အန္တိမမူလချီလည်း ထိုးတက်သွားပါတယ်။

မိစ္ဆာနတ်ဆိုးတွေကို ရှင်းလင်းပြီးရုံ ရှိသေးတဲ့ အန္တိမမူလသက်ရှိတွေဟာ ဒါက ကောင်းကင်ရဲ့ ဆုလာဘ်ပဲလို့ တွေးထင်သွားကြပါတယ်။ ဒီအဖြစ်အပျက်က နောင်တစ်ချိန်မှာ အန္တိမမူလကမ္ဘာရဲ့ ရှေးဟောင်း ဒဏ္ဍာရီတစ်ပုဒ် ဖြစ်သွားပါတယ်။

ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကို စစ်ဆေးကြည့်လိုက်ပါတယ်။

[အမည်: ဟန်ကျွယ်]

[သက်တမ်း: ၃၀၀,၀၅၄,၀၄၉/ ၇, ၂၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉]

[မျိုးနွယ်စု: အန္တိမမူလ နတ်ဘီလူး(အနန္တဧကရာဇ်)]

[ကျင့်ကြံမှု: တာအိုဖန်တီးရှင် ထိပ်ဆုံးအဆင့် (ပြီးပြည့်စုံသော တာအိုပညာရှိ)]

[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို (မဟာတာအို)၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]

[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို၊ အန္တိမမူလ မဟာတာအို။]

[ခန္ဓာတည်ဆောက်မှု: မူလကနဦးတာအို အန္တိမမူလခန္ဓာကိုယ်]

ဟန်ကျွယ်ရဲ့ သက်တမ်းက ထပ်တိုးသွားပြန်ပါပြီ။ ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို နစ်နာတယ်လို့ ခံစားလိုက်ရပါတယ်။

‘ငါ အဆင့်မတက်ခင် နဝမပဋိပက္ခကို ကျိန်စာတိုက်လိုက်ရင် ကောင်းသား... ထားလိုက်ပါတော့’

တကယ်တော့ ဟန်ကျွယ်ဟာ နဝမပဋိပက္ခနဲ့ အမြဲတမ်း တိုက်ခိုက်ချင်နေခဲ့တာပါ။ ဟန်ကျွယ်ဟာ ဖန်တီးရှင်သခင် ဖြစ်လာပြီးရင် စိတ်ကျေနပ်အားရစေမဲ့ နိုင်ပွဲတော့ လိုချင်ပါတယ်။

ဒီအကြောင်းကြောင့် ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို ကျိန်စာတိုက်တိုင်း အရမ်းမတိုက်ခဲ့တာပါ။ ဟန်ကျွယ်ဟာ နဝမပဋိပက္ခရဲ့ ကျင့်ကြံမှုကို နှောင့်နှေးစေချင်ပေမဲ့ အများကြီး နောက်ကောက် ကျန်နေခဲ့မှာကိုလည်း မလိုချင်ပါဘူး။

ဟန်ကျွယ်ရဲ့ ပြိုင်ဘက်ကင်းလမ်းစဉ်မှာ နဝမပဋိပက္ခပဲ ပြိုင်ဘက် ဖြစ်နိုင်ပါတယ်။ ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို နောက်ဆုံးဘော့စ်အဖြစ် သတ်မှတ်ထားပါတယ်။

ဒီလိုတည်ရှိမှုမျိုးကို မတိုက်ခိုက်ရရင် ဟန်ကျွယ် နောင်တရမိမှာပါ။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက နှစ်သိန်းချီကြာအောင် ကျင့်ကြံပြီးတဲ့နောက်မှာတော့ ခိုင်ခံ့သွားပါတယ်။ ဟန်ကျွယ်ဟာ တာအိုဖန်တီးရှင် နောက်ဆုံးအဆင့်ထက် အဆပေါင်းတစ်ရာကျော် စွမ်းအားကြီးသွားတယ်လို့ ခံစားလိုက်ရပါတယ်။

အဆင့်လေးတစ်ဆင့်ဆိုပေမဲ့ ကျင့်ကြံမှုမြင့်လေလေ ကွာခြားချက်က ကြီးမားလေလေပါပဲ။

အဲဒီနောက် ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး ယင်ယန်ချွမ်တုနတ်မင်းကို စိန်ခေါ် တိုက်ခိုက်ပါတယ်။ ယင်ယန်ချွမ်တုနတ်မင်းက တာအိုဖန်တီးရှင် အလယ်အဆင့် ဖြစ်တဲ့အတွက် သဏ္ဍာန်မဲ့နတ်မင်းနဲ့ အနန္တဖျက်ဆီးရှင်သခင်တို့ထက် စွမ်းအားကြီးပါတယ်။

ယင်ယန်ချွမ်တုနတ်မင်း တစ်သိန်း။

တစ်ချက်တည်း အသေသတ်။

အသွင်တူ လက်ရည်စမ်းပွဲထဲမှာ တာအိုဖန်တီးရှင်တွေက မသေနိုင်တဲ့ တည်ရှိမှု မဟုတ်ပါဘူး။ ဒါက စွမ်းအားသက်သက်ချည်းကိုပဲ ယှဉ်ပြိုင်တာပါ။

ဟန်ကျွယ်ဟာ ယင်ယန်ချွမ်တုနတ်မင်း အရေအတွက်ကို တစ်ခါတည်း တစ်သန်းထိ တိုးလိုက်ပါတယ်။ ဒီတော့မှာ ဟန်ကျွယ်ဟာ ဖိအားခံစားရပြီး ယင်ယန်ချွမ်တုနတ်မင်း အကုန်လုံးကို သတ်ဖြတ်ဖို့ တစ်စက္ကန့်ရဲ့ သုံးပုံတစ်ပုံ အချိန်ယူလိုက်ရပါတယ်။

ယင်ယန်ချွမ်တုနတ်မင်း နှစ်သန်း။

ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ တော်တော်လေး ဖိအားများသွားပါတယ်။

ကျယ်ပြောလှတဲ့ စွမ်းအား အတူ စုစည်းမိတဲ့အခါ မဟာတာအိုကမ္ဘာ အကုန်လုံး ရုတ်ခြည်း ပျက်စီးသွားနိုင်ပါတယ်။ သာလွန်နိယာမနဲ့ ကာလသုံးပါးစလုံး ပျက်စီးတာပါ။

‘အရမ်းကောင်းတယ်’

နောက်ဆုံးတော့ ဟန်ကျွယ်ဟာ သူ့သွေးတွေ ဆူပွက်လာတာကို ခံစားလိုက်ရပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters