← Chapters

မဟာတာအို အနန္တကပ်ဘေးရဲ့ ကံ

Vol. 104 Ch. 1090

မဟာတာအို အနန္တကပ်ဘေးရဲ့ ကံ

Vol. 104 Ch. 1090

“ကြည့်ရတာ ငါ့နှလုံးသားက အားနည်းနေသေးပုံပဲ၊ ငါက စွမ်းအားကြီးပေမဲ့ တာအိုနှလုံးသားတော့ လိုသေးတယ်” ဟန်ဟွမ်ဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ဟွမ်ဟာ သူ့အဖေကို တွေးမိပြီး ပ‌‌ဟေဠိ ဖြစ်သွားပါတယ်။

ဟန်ဟွမ်ဟာ သူ့အဖေ စိတ်မထိန်းနိုင်တာ၊ စောဒကတက်တာကို တစ်ခါမှ မတွေ့ဖူးပါဘူး။ အပြင်လောကကြီး ဘယ်လောက်ပဲ စိတ်လှုပ်ရှားဖို့ ကောင်းပါစေ၊ ဘယ်လောက်ပဲ ဝရုန်းသုန်းကား ဖြစ်ပါစေ၊ သူ့အဖေက ကျင့်ကြံမှုထဲ စိတ်နှစ်ထားနိုင်ပါတယ်။

ဟန်ဟွမ်ဟာ သူ့အဖေလိုမျိုး လုပ်ချင်တဲ့အတွက် ဒီနှစ်တွေမှာ အပြင်မထွက်ဘဲ တံခါးပိတ်ပြီး ကျင့်ကြံအားထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတဲ့အခါ ဟန်ဟွမ်ဟာ ရန်လိုစိတ်တွေ ဖြစ်ပေါ်လာပါတယ်။

ဒီလိုသာ ဆက်ဖြစ်နေရင် သူတစ်ခုခု ဖြစ်တော့မယ်ဆိုတာကို ဟန်ဟွမ် ခံစားနိုင်ပါတယ်။ သူစိတ်မထိန်းနိုင်ရင် သူ့အတွက်ရော သက်ရှိတွေအတွက်ရော ကောင်းမှာ မဟုတ်ပါဘူး။

ဟန်ဟွမ်ဟာ အထီးကျန်မှုကို ခံစားရပြီး သတ်ဖြတ်ငွေ့ ဖွံ့ဖြိုးလာပါတယ်။ အဲဒါကြောင့် ဟန်ဟွမ်ဟာ သူက ကြောက်ဖို့ကောင်းတယ်ဆိုတာကို ခံစားမိလာပါတယ်။ ဒါပေမဲ့ သူ့ရင်ထဲက ပဋိပက္ခထဲမှာရှိတဲ့ သက်ရှိအားလုံးကို ဖျက်ဆီးချင်တဲ့ အတွေးက ငြိမ်းသတ်လို့ကို မရပါဘူး။

ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး ကောင်းကင်ရုံးတော်ဆီ သွားပါတယ်။

ကောင်းကင်ရုံးတော်၊ ဧကရာဇ်ဥယျာဉ်တော်။

ဟန်ဟွမ်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အင်မော်တယ်အရက် သောက်ကြပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မဟာတာအိုပညာရှိချုပ် ဖြစ်လာပြီမလို့ သူ့လှုပ်ရှားမှုတိုင်းက ဩဇာအာဏာ အပြည့် ပါပါတယ်။ အရင်တုန်းက အာဏာကြောင့် ဖြစ်ပေါ်လာတဲ့ ‌ရောင်ဝါဆိုရင် အခုရောင်ဝါက ကိုယ်စွမ်းကိုယ်စကို ယုံကြည်မှုကြောင့် ဖြစ်ပေါ်လာတာပါ။

ဟန်ဟွမ်ဟာ သူ့ပြဿနာကို ပြောပြပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ဟွမ်ဆီမှာ ဒီလိုရန်လိုမှုမျိုး ရှိနေတာကို ကြားလိုက်ရတဲ့အခါ မျက်မှောင်ကြုတ်သွားပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ် “ကြည့်ရတာ လောကဦးနတ်ဘီလူးက ငါ ထင်ထားတာထက် ပိုကြောက်ဖို့ ကောင်းနေပုံပဲ၊ လောကဦး ပျက်စီးမှု အပြီးမှာ ပဋိပက္ခ ပေါ်လာတာ အံ့ဩစရာ မရှိတော့ပါဘူး၊ ဟွမ်အာ... မင်းက လောကဦးနတ်ဘီလူး ဖြစ်နိုင်ရင် မင်းအဖေက ပဋိပက္ခ နတ်ဘီလူး မဖြစ်နိုင်ဘူး၊ သူတောင် သူ့ရန်လိုမှုကို ဖိနှိပ်နိုင်ရင် မင်းက ဘာလို့ မလုပ်နိုင်ရတာလဲ”

ဟန်ဟွမ်ဟာ မချိပြုံး ပြုံးလိုက်ပါတယ် “ပဋိပက္ခမှာ လောကဦးနတ်ဘီလူးက တစ်ပါးပဲ ရှိနိုင်တယ်၊ အဖေက ကျွန်တော် မမွေးဖွားခင် သူ့သွေးစည်းကို ပေးခဲ့တာ”

“ဒီလိုကိုး... မင်းကို အချိန်အကြာကြီး ကိုယ်ဝန်ဆောင်ခဲ့ရတာ အံ့ဩစရာ မရှိတော့ပါဘူး”

“အဖေ စိတ်ပျက်မှာစိုးလို့ ကျွန်တော် စိတ်ထဲရှိတဲ့အတိုင်း လျှောက်မလုပ်တာ” ဟန်ဟွမ်ဟာ စိုးရိမ်သောကနဲ့ ပြောလိုက်ပေမဲ့ မာနကတော့ မလျှော့ပါဘူး။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်လုံးကျဉ်းလိုက်ပါတယ် “မင်းအခုလို ဖြစ်နေတာက မင်းရဲ့ သွေးစည်းကြောင့် မဟုတ်ဘဲ မဟာတာအို အနန္တကပ်ဘေးကြောင့် ဖြစ်နိုင်လား၊ မဟာတာအို အနန္တကပ်ဘေးက လောကဦးနတ်ဘီလူးကို လိုအပ်တယ်၊ ငါ့အမြင်အရတော့ ဒီကိစ္စက ကောလဟာလထဲကလို ရိုးရှင်းမှာ မဟုတ်ဘူး၊ လောကဦး နတ်ဘီလူးနဲ့ မဟာတာအို အနန္တကပ်ဘေး ကြားမှာ ဆက်စပ်မှု တစ်စုံတစ်ရာတော့ ရှိရမယ်”

ဟန်ဟွမ်ဟာ နှလုံးလှုပ်သွားပါတယ်။ ဒီလိုသာဆိုရင် သူ့ပြဿနာ မဟုတ်တော့ဘူး မဟုတ်ပါလား။

မိစ္ဆာ ကောင်းကင်ဧကရာဇ်က လေးလေးနက်နက် ပြောလိုက်ပါတယ် “ဟွမ်အာ... မင်း မင်းအဖေကို သွားရှာသင့်တယ်၊ မင်း ဘာလို့ မင်းအဖေကို ပြဿနာမပေးချင်တာလဲဆိုတာ ငါ မသိဘူး၊ ဒါပေမဲ့ မင်း တစ်ယောက်တည်း မဟုတ်ပါဘူး၊ ထော်အာလည်း အတူတူပါပဲ၊ ငါ့အမြင်အရတော့ မင်းအဖေက မင်းကို ကူညီမှာပါ”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြောဆိုရင်းနဲ့ သူ့သားတွေကို တွေးမိပြီး အံကြိတ်သွားပါတယ်။ သူ့သားတွေက ကျေးဇူးမသိတတ်ရင် သူ့ကို ပုန်ကန်ချင်တဲ့လူတွေချည်းပါပဲ။

အထူးသဖြင့် လုံဟောင်ပါ။ လုံဟောင်ကို ဟန်ကျွယ်လက်ထဲ အပ်ခဲ့တာ ကံကောင်းသွားတယ်လို့ ပြောလို့ရပါတယ်။ လုံဟောင်က ဟန်ကျွယ့်ကို သူ့ထက်တောင် ပိုလေးစားပါသေးတယ်။

ဟန်ဟွမ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်စကားကြောင့် တိတ်ဆိတ်သွားပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အရက်ခွက်ကို မြှောက်ကိုင်ပြီး ဟန်ဟွမ်ရဲ့ အတွေးတွေကို မနှောင့်ယှက်ပါဘူး။

“ဒါပေမဲ့ အဖေက ပြဿနာတက်မှာကို တော်တော် ကြောက်တယ်၊ အဖေက အမြဲတမ်း တံခါးပိတ်ကျင့်ကြံပြီး အလုပ်များနေတာ...” ဟန်ဟွမ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ် “အဲဒါ အရင်တုန်းကလေ၊ အရင်တုန်းက သူ့မှာ စွမ်းအား အလုံအလောက်မှ မရှိတာ၊ အဲဒီတော့ အမြဲတမ်း တံခါးပိတ် ကျင့်ကြံနေတာပေါ့၊ အခု မင်းအဖေကို ဘယ်သူယှဉ်နိုင်မယ်လို့ ထင်လဲ”

ဟန်ဟွမ်ဟာ သဘောပေါက်သွားပါတယ်။

‘ဟုတ်သားပဲ... အဲဒါက အရင်တုန်းကပဲ’

ဟန်ဟွမ်ဟာ ပဋိပက္ခမှာ လျှောက်သွားနေတာ တော်တော်ကြာပြီဆိုပေမဲ့ သူ့အဖေကို ယှဉ်နိုင်တဲ့လူ တစ်ယောက်ကိုမှ မတွေးနိုင်ပါဘူး။ သူတွေ့ခဲ့ရတဲ့ သာလွန်အရှင်ကတောင် သူ့အဖေကို မယှဉ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။

နဝမပဋိပက္ခကိုတော့ ဟန်ဟွမ်ဟာ တစ်ခါမှ မကြားဖူးတဲ့အတွက် ထည့်မစဉ်းစားပါဘူး။ နဝမပဋိပက္ခက ဟန်ဟွမ်ရော မိစ္ဆာ ကောင်းကင်ဧကရာဇ်‌ရော မသိတဲ့ တည်ရှိမှုပါ။ သူတို့တွေဟာ နဝမပဋိပက္ခနဲ့ ပတ်သက်ပြီး ဒဏ္ဍာရီတစ်ပုဒ်တောင် မကြားဖူးကြပါဘူး။

ဟန်ဟွမ်ဟာ ခေါင်းရှင်းသွားတာနဲ့ ချက်ချင်း မတ်တတ်ရပ်လိုက်ပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ် “ဒီကောင်လေးက တကယ်ကို လောတာပဲ၊ သူ့အစ်ကိုဆီတောင် မသွားတော့ဘူး၊ ဒါနဲ့ ငါလည်း သူ့အဖေဆီ ဘယ်အချိန်သွားပြီး အရက်အတူသောက်ရင် ကောင်းမလဲ”

.....

နှစ်ဆယ်သန်းကြာလို့ ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ အပြင်မှာ စောင့်နေတဲ့ ဟန်ဟွမ်ကို တွေ့လိုက်ရပါတယ်။ ဟန်ဟွမ် သူ့ကို စောင့်နေတာ နှစ်သန်းချီသွားပါပြီ။ ဟန်ကျွယ်ဟာ စာစောင်တွေ စစ်ဆေးရင်း ဟန်ဟွမ်ကို အထဲခေါ်လိုက်ပါတယ်။

[သင့်မျိုးဆက် ဟန်ကျုံတောက်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မျိုးဆက် ဟန်ဖန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မျိုးဆက် လုံမင်ကူသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်သမီး ဟန်လင်သည် သာလွန်တည်ရှိမှုတစ်ခု၏ အိပ်မက်ပေးမှုကြောင့် ကျင့်ကြံမှု တိုးတက်သွား၏။]

[သင့်တပည့် တာအိုအရှင်သခင်သည် ချွမ်တုမဟာတာအိုကမ္ဘာမှ ကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၄၀၉၈၂၁၈၂

[သင့်တပည့်...]

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် လောကဦး ဆန်းကြယ်စွမ်းအားတစ်မျိုးကို ဖန်တီးလိုက်သောကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်သား ဟန်ထော်သည် ကံတရားမြစ်ထဲသို့ ဝင်ရောက်သွားသည်။]

စာစောင်တွေက တော်တော်လေး များပြားပါတယ်။ ဟန်ကျွယ်ဟာ စာစောင်တွေကို စိတ်ဝင်တစား ဖတ်ရှုပါတယ်။

ဟန်ဟွမ်ဟာ တာအိုဘုံကျောင်းထဲ ဝင်လာပြီး ဟန်ကျွယ်ရှေ့ လျှောက်လာကာ တလေးတစား ဦးညွှတ်လိုက်ပါတယ် “အဖေ... ကျွန်တော် ပြန်လာတာ အဖေ့ဆီက အကူအညီတောင်းစရာရှိလို့”

“ပြောလေ”

“ကျွန်တော် မကြာသေးခင်က ရန်လိုစိတ်တွေ တအားပေါ်လာတယ်၊ ကျွန်တော့် အတွေးတွေက...” ဟန်ဟွမ်ဟာ သူ့အခြေအနေကို ပြောပြပါတယ်။

ပြောရရင် နှစ်ယောက်စလုံးက လောကဦးနတ်ဘီလူးတွေ ဆိုပေမဲ့ ဟန်ကျွယ်က ဆင့်ကဲပြောင်းလဲပြီး လောကဦးနတ်ဘီလူး ဖြစ်လာခဲ့တာပါ။ ဟန်ဟွမ်ကတော့ ဒီလိုမဟုတ်ဘဲ လောကဦးနတ်ဘီလူးအဖြစ် မွေးဖွားလာခဲ့တာပါ။ ဒါကြောင့် သူတို့နှစ်ယောက်ရဲ့ အတွေးတွေက မတူတာ ဖြစ်ပါတယ်။

မိုးပြာနဂါးကို သေမျိုးတွေ မွေးထားတယ်ဆိုရင်တောင် မိုးပြာနဂါးက သေမျိုးတိုင်းကို တန်းတူ ဆက်ဆံမှာ မဟုတ်ပါဘူး။ ဒါက သွေးစည်း ခြားနားမှုပါ။

ဟန်ကျွယ်ဟာ ရွေးချယ်စရာ မရှိတာကြောင့် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ရပါတယ်။

“ဟန်ဟွမ်က ဘာဖြစ်လို့ ပဋိပက္ခထဲမှာရှိတဲ့ သက်ရှိအားလုံးကို ဖျက်ဆီးချင်နေရတာလဲ”

[သက်တမ်း ၅၀၀ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မဟာတာအို အနန္တကပ်ဘေး၏ ကံလွှမ်းမိုးမှုသည် ဗလာနယ်မြေ၏ သာလွန်နိယာမ ပါဝင် ပတ်သက်နေသည်။]

‘ဗလာနယ်မြေမှာလည်း သာလွန်နိယာမ ရှိတာလား... ဟုတ်သားပဲ... အရာအားလုံးရဲ့ မွေးဖွားမှုက ရင်းမြစ်တော့ ရှိရမယ်လေ’

ပဋိပက္ခက လောကဦးပဋိပက္ခထဲမှာ မွေးဖွားလာတာ ဖြစ်ပြီး လောကဦးပဋိပက္ခက ဗလာနယ်မြေထဲမှာ မွေးဖွားလာခဲ့တာပါ။

ဗလာနယ်မြေက ဘယ်လို တည်ရှိနေလဲ ဆိုတာတော့ ဟန်ကျွယ်လည်း မသိပါဘူး။ အခု ကြည့်ရသလောက်တော့ မဟာတာအိုအနန္တကပ်ဘေးက ဟန်ဟွမ် စိတ်လွတ်ပြီး သက်ရှိအားလုံးကို တိုက်ခိုက်ရမယ်နဲ့ တူပါတယ်။ သူတို့တွေက ပဋိပက္ခကွဲကြေပြီး အဆုံးမဲ့ခေတ် ရောက်လာတဲ့အထိ တိုက်ခိုက်ရမဲ့ပုံပါပဲ။

ဟန်ဟွမ် တစ်ယောက်တည်းနဲ့ ပဋိပက္ခကို ခွဲချေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီကိစ္စမှာ ရွေးချယ်စရာ မရှိပါဘူး။

အဲဒါကြောင့် ဟန်ကျွယ်ဟာ အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “ထိန်းချုပ်လို့ မရရင် စိတ်ထဲရှိသလိုသာလုပ်”

ဟန်ဟွမ်ဟာ မှင်တက်သွားပြီး နားကြားမှားတယ်လို့ တွေးမိလိုက်ပါတယ်။

ဟန်ကျွယ် “ကျင့်ကြံမှုလမ်းစဉ်မှာ ဘယ်သူက အကုသိုလ်ကံ မရှိလို့လဲ၊ နိယာမတွေက စနစ်ကျဖို့ လိုအပ်တယ်၊ စနစ်ကျတာက သတ်ဖြတ်ခြင်း ကပ်ဘေးမှာ သေချာပေါက် စွန်းထင်းမှာပဲ၊ မင်းက ပဋိပက္ခထဲမှာရှိတဲ့ သက်ရှိအားလုံးကို စိတ်ပျက်စေမယ်ဆိုပေမဲ့ အဆုံးမဲ့ခေတ်မှာ မွေးဖွားလာမဲ့ အနာဂတ် သက်ရှိတွေအတွက်တော့ နံပါတ်တစ် အကျိုးဆောင်သူပဲ”

“အဆုံးမဲ့ခေတ်ကို ရောက်ရင် မျိုးနွယ်စုအသစ်တွေ ပေါ်လာလိမ့်မယ်၊ လောကသစ်အတွက် ပျက်သုန်းမှုနဲ့ သတ်ဖြတ်မှုက သဘာဝတရားကြီးရဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ သက်ရှိအားလုံးက နိယာမတွေ ဆုံးဖြတ်တဲ့ သေခြင်းတရားကိုတော့ လက်ခံကြတယ်မလား”

“သက်ရှိတွေက တခြားသက်ရှိတွေ လက်ချက်နဲ့ သေရတာကိုပဲ မကြိုက်ကြတာ၊ ဒါပေမဲ့ မင်း ဒီအကျပ်အတည်းကို ကျော်ဖြတ်ပြီးရင် သတ်ရှိအားလုံးထက် သာလွန်သွားလိမ့်မယ်”

ဟန်ဟွမ်ဟာ မျက်မှောင်ကြုတ်သွားပြီး မျက်လုံးထဲကနေ သတ်ဖြတ်ငွေ့တွေ ဖြာထွက်လာပါတယ်။ ဟန်ကျွယ်ရဲ့ အားပေးမှုကြောင့် ဟန်ဟွမ်ဟာ သူ့သတ်ဖြတ်ငွေ့ကို ထိန်းမထားတော့ပါဘူး။

ဟန်ဟွမ် သက်ရှိတွေကို မတိုက်ခိုက်ချင်တာက သူ့အဖေ စိတ်ပျက်မှာစိုးလို့ပါ။ အခု သူ့အဖေက သူ့ကို အားပေးနေမှတော့ ဟန်ဟွမ်မှာ တုံ့ဆိုင်းစရာအကြောင်း တစ်စက်မှ မရှိတော့ပါဘူး။

“ဒါက မဟာတာအိုအနန္တကပ်ဘေးပဲ၊ သက်ရှိအားလုံးနဲ့ တိုက်ခိုက်ပြီး ပဋိပက္ခကို ဖျက်ဆီးရမယ်”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ နှလုံးသားမဲ့စွာ ပြောလိုက်ပေမဲ့ တကယ်တော့ ဒါက အမှန်တရားပါ။

ဟန်ဟွမ် “အဲဒါဆို အဆုံးမဲ့ခေတ် ရောက်လာရင် ကျွန်တော် ဘာဖြစ်မှာလဲ၊ ကျွန်တော် တကယ်ပဲ ဘာတန်ကြေးမှ ပေးစရာ မလိုဘူးလား”

ဟန်ဟွမ်ဟာ မတုံးပါဘူး။ ကောင်းကင်တာအို အနန္တကပ်ဘေးနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီအများကြီးကို ကြားဖူးထားပါတယ်။

မိစ္ဆာဘိုးဘေး၊ ဘိုးဘေးမှော်ပညာရှိ၊ နတ်ဆိုးဧကရာဇ်၊ မိစ္ဆာဧကရာဇ် စတဲ့လူတွေက ကပ်ဘေးကို တွန်းခဲ့ကြပေမဲ့ နောက်ဆုံးမှာ အဆုံးသတ် မကောင်းခဲ့ကြပါဘူး။ တကယ် အကျိုးအမြတ် ရသွားတာက နောက်ကွယ်ကနေ အရာအားလုံးကို တိတ်တဆိတ် ထိန်းချုပ်နေတဲ့လူတွေပါ။

ဟန်ကျွယ် “ဟုတ်တယ်၊ တစ်ယောက်ယောက်က ဧရာမ အခွင့်အရေးကြီးကို ရဖို့အတွက် အမှန်တရားနာမည်နဲ့ မင်းကို သတ်လိမ့်မယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters