← Chapters

နဝမ အထွတ်အထိပ် နိယာမ

Vol. 105 Ch. 1091

နဝမ အထွတ်အထိပ် နိယာမ

Vol. 105 Ch. 1091

ဟန်ဟွမ်ဟာ သူ့အဖေရဲ့ အဖြေကို ကြားလိုက်ရတဲ့အခါ အသက်အရှည်ကြီး ရှူသွင်းလိုက်ပါတယ်။ ဟန်ဟွမ်ဟာ ဖိအားများတယ်လို့ ခံစားရပေမဲ့ စိတ်ခွန်အား တိုးသွားပါတယ်။

‘လာသတ်စမ်းပါ... ငါ့ကို ဘယ်သူသတ်နိုင်လဲဆိုတာ ကြည့်ရအောင်’

ဟန်ဟွမ်ဟာ သူ့အဖေကို ကြည့်လိုက်တဲ့အခါ ပြုံးနေတာကို တွေ့လိုက်ရတဲ့အတွက် ရင်ထဲက ဖိအားဟာ တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားပါတယ်။

‘ငါအဖေတောင် မစိုးရိမ်မှတော့ ငါက ဘာကို စိုးရိမ်နေရမှာလဲ’

သူသာ ဒီမဟာတာအို အနန္တကပ်ဘေးမှာ ရှင်သန်ပြီး အဆုံးမဲ့ခေတ် ရောက်တဲ့အချိန်အထိ ရယ်နိုင်မယ်ဆိုရင် ပဋိပက္ခမှာ တကယ်ကို ပြိုင်ဘက်ကင်း ဖြစ်သွားမှာပါ။ ဟန်ဟွမ်ဟာ လောကဦးနတ်ဘီလူးဆိုတဲ့ နာမည်ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး။

ဟန်ဟွမ်ဟာ မတ်တတ်ရပ်ပြီး နှုတ်ဆက်စကားဆိုပါတယ်။

ဟန်ဟွမ်ဟာ ဒီစကားတွေအတွက် နှစ်သန်းချီအောင် စောင့်ခဲ့ရပါတယ်။

ဟန်ကျွယ်ဟာ ထွက်ခွာသွားတဲ့ ဟန်ဟွမ်ရဲ့ ကျောပြင်ကို ကြည့်ရင်း သက်ပြင်းချမိလိုက်ပါတယ်။

‘ကောင်စုတ်လေး... မင်းက ငါ့ကို ဘယ်လို နှုတ်ဆက်ရမလဲတောင် မသိဘူး၊ ကိုယ်အဖေနဲ့ စကားနည်းနည်းပါးပါး ပိုပြောတော့ ဘာဖြစ်မှာမလို့လဲ’

‘ငါ ဘယ်လောက် စွမ်းအားကြီးလဲဆိုတာ မေးဦးလေ... အခုတော့ ငါ့မှာ ကြွားဖို့တောင် အခွင့်အရေး မရလိုက်ဘူး... မင်းက ဒီလိုဆိုမှတော့ မင်းကို မဟာတာအို အနန္တကပ်ဘေးထဲမှာ နည်းနည်း ဒုက္ခခံခိုင်းမယ်... ဟွန်း...’

ဟန်ဟွမ်သာ ဖိနှိပ်ခံခဲ့ရရင် ဟန်ကျွယ်ဟာ နည်းနည်း နောက်ကျပြီးမှ သွားမှာပါ။

ဟန်ဟွမ် ထွက်သွားတဲ့အခါ ရှန်ဝေါ်က “ကနဦးဘိုးဘေး... အချိန်ကျရင် ကျွန်တော် လှုပ်ရှားလို့ရမလား”

ဟန်ဟွမ်က မဟာတာအို အနန္တကပ်ဘေးကို လှုံ့ဆော်မှာ ဖြစ်တဲ့အတွက်‌ သေချာပေါက် လူမုန်း ခံရမှာပါ။ အဲဒါကြောင့် ရှန်ဝေါ်ဟာ သူ ကူညီလို့ရတယ်လို့ ခံစားလိုက်ရတာပါ။

ဟန်ကျွယ်နောက်ကို နှစ်အကြာကြီး လိုက်ပြီးနောက် ဟန်ကျွယ်ရဲ့ လွှမ်းမိုးမှုအောက်မှာ ရှန်ဝေါ်ရဲ့ အခြအနေကလည်း တခြားလူတွေနဲ့ မတူတော့ပါဘူး။ ရှန်ဝေါ်ဟာ တန်ခိုးစွမ်းအားကြီးမှု မရှိပေမဲ့ သက်ရှိအားလုံးရဲ့ ရှုထောင့်ကနေ တွေးတောနိုင်လာပါတယ်။

မဟာတာအို အနန္တကပ်ဘေးက သက်ရှိအားလုံးအတွက် ကြီးမားတဲ့ ဘေးဒုက္ခဆိုပေမဲ့ ဘယ်တုန်းမှ မရှိခဲ့ဖူးတဲ့ အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။

အဆုံးမဲ့ခေတ်ကို ရောက်ရင် ပဋိပက္ခလိုမျိုး မဟာတာအိုကမ္ဘာ အမြောက်အမြား ပေါ်ပေါက်လာမှာပါ။ သက်ရှိတွေ အရေအတွက်ကလည်း ဆတိုး တိုးသွားမှာပါ။ တစ်ယောက်ကို စတေးပြီး အများကြီးကို ကူညီတာက ဖြစ်သင့်တဲ့ကိစ္စ မဟုတ်ပါလား။

သေမျိုးတွေတောင် အများရဲ့ အကျိုးအမြတ်အတွက် အနည်းငယ်ကို စတေးတတ်ပါတယ်။ အကုန်လုံးက အများစုကိုပဲ အာရုံစိုက်ပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး “ငါတို့တွေ စောင့်ကြည့်ကြတာပေါ့၊ မင်းပြောတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး’

ရှန်ဝေါ်ဟာ ချက်ချင်းဆိုသလို ဝမ်းသာအားရ ဖြစ်သွားပါတယ်။ ရှန်ဝေါ်ဟာ အမြဲတမ်း ကျင့်ကြံအားထုတ်နေခဲ့ပြီး တစ်ခါမှ မလှုပ်ရှားရသေးတဲ့အတွက် တော်တော်လေး သက်သောင့်သက်သာ မရှိလှပါဘူး။

အသွင်တူ လက်ရည်စမ်းပွဲထဲမှာက ရန်သူကို ကျိန်စာတိုက်လို့ မရပါဘူး။ ရန်သူက တစ်ခါတည်း တိုက်ခိုက်ရင် ကျိန်စာ မဟာတာအိုက ဘာမှ သုံးစားမရပါဘူး။

ဟန်ကျွယ်ဟာ ပဋိပက္ခနဲ့ အန္တိမမူလကို အကဲခတ်လိုက်ပါတယ်။

.....

ဖန်တီးရှင်ဧကရာဇ် ရုံးတော်၊ မိုးကောင်းကင်ခန်းမ။

ဟန်ဟွမ်ဟာ ဟန်လင်ကို သူ့ရည်ရွယ်ချက်အကြောင်း ပြောပြလိုက်ပါတယ်။

ဟန်လင်ဟာ တိတ်ဆိတ်သွားပြီး အတော်ကြာမှ သက်ပြင်းတစ်ချက် ချလိုက်ပါတယ် “ဟင်း... ဒီလိုလုပ်မှ ရမှာလား”

ဟန်ဟွမ်ဟာ ပြုံးလိုက်ပါတယ် “ဟုတ်တယ်၊ တခြားလူတွေကို အခွင့်အရေးပေးမဲ့အစား ညီမ,လေးကိုပဲ ပေးတော့မယ်၊ ဒီလိုဆို ညီမ,လေး သိပ်ပြီး မပင်ပန်းတော့ဘူးပေါ့”

ဟန်လင်ဟာ မျက်မှာင်ကြုတ်သွားပါတယ် “ညီမက သက်ရှိအားလုံးနဲ့ တစ်ဖက်တည်းမှာ ရပ်ရင်ရော အစ်ကိုနှစ် ဘယ်လိုလုပ်မှာလဲ”

“ဟားဟား...” ဟန်ဟွမ်ဟာ ကျယ်လောင်စွာ ရယ်မောလိုက်ပါတယ် “ညီမ,လေး... ညီမက အစ်ကိုသေမယ်လို့ ထင်နေတာလား၊ လုံးဝ မဖြစ်နိုင်ဘူး”

စကားဆုံးတာနဲ့ ဟန်ဟွမ်ဟာ တစ်ဖက်လှည့်ပြီး ထွက်ခွာသွားပါတယ်။ အဲဒီနောက် ရုတ်တရက် ရပ်ပြီး “ဟန်ယဲ့ကို ဒီအကြောင်း မပြောနဲ့၊ အဲဒီကောင်လေး ငါ့ကို အစွမ်းကုန် တိုက်ခိုက်ဖို့ လိုတယ်”

ဟန်လင်ဟာ ထွက်ခွာသွားတဲ့ ဟန်ဟွမ်ကို ကြည့်ရင်း မျက်တောင်ခတ်လိုက်ပါတယ်။

အဲဒီနေ့မှာပဲ ဟန်လင်ဟာ ဟန်ဟွမ်က ဖန်တီးရှင်ဧကရာဇ်ရုံးတော်ကို သစ္စာဖောက်သွားလို့ ရန်သူဖြစ်သွားကြောင်း အမိန့်ထုတ်လိုက်ပါတယ်။

ဒီအမိန့်ကြောင့် ဖန်တီးရှင်ဧကရာဇ် ရုံးတော်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားပေမဲ့ ဝရုန်းသုန်းကားတော့ မဖြစ်ပါဘူး။ ဧကရာဇ်က ဟန်ဟွမ်ကို ယှဉ်နိုင်တဲ့ ပြိုင်ဘက်ကင်း ထိပ်သီးကျင့်ကြံသူ ဖြစ်နေတာကြောင့်ပါ။

တစ်ခါတုန်းက ဟန်လင်ဟာ ကျို့ကဲ့ဂျိသွမ် တစ်ခုလုံးကို တစ်ကိုယ်တည်း မောင်းထုတ်ခဲ့ဖူးပါတယ်။ ဟန်ဟွမ် ထွက်သွားတာက ဧရာမ ဆုံးရှုံးမှုကြီး ဆိုပေမဲ့ ဖန်တီးရှင်ဧကရာဇ်ရုံးတော်ရဲ့ အုတ်မြစ်ကိုတော့ မကိုင်လှုပ်နိုင်ပါဘူး။

ဧကရာဇ်ကလွဲရင် ဟန်ယဲ့၊ ဟန်ယောင်နဲ့ ဟန်ပါရှန်ကလည်း ဧကရာဇ်နဲ့ ဟန်ဟွမ်လိုမျိုး ထိပ်သီးကျင့်ကြံသူတွေ ဖြစ်လာနိုင်တဲ့ အလားအလာ ရှိပါတယ်။ သူတို့သုံးယောက်အောက်မှာလည်း အဆင့်ထိုးဖောက်ဖို့ ကြိုးစားနေတဲ့ ထိပ်သီးကျင့်ကြံသူတွေနဲ့ ပါရမီရှင်တွေ အမြောက်အမြား ရှိပါသေးတယ်။

ဖန်တီးရှင်ဧကရာဇ်ရုံးတော်က နယ်မြေမချဲ့ထွင်ပေမဲ့ သူ့အုတ်မြစ်က အရူးအမူးကို တိုးတက်လာခဲ့ပါတယ်။ သာလွန်နယ်မြေမှာရှိတဲ့ အင်အားစုတိုင်း ဖန်တီးရှင်ဧကရာဇ်ရုံးတော်ဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ တုန်လှုပ်သွားကြတာချည်းပါပဲ။

ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ တကယ့်အင်အားစုကြီးပါ။

.....

ဟန်ဟွမ်ဟာ ဖန်တီးရှင်ဧကရာဇ်ရုံးတော်ကို သစ္စာဖောက်ပြီးနောက် အစအန မကျန်အောင် ပျောက်ကွယ်သွားပါတယ်။

နှစ်ဆယ်သန်း ကြာတဲ့အခါမှာတော့ ဟန်ဟွမ်ဟာ နတ်သမီးမင်ကျိကို လက်ထပ်လိုက်ပါတယ်။ အဲဒီနောက် နတ်သမီးမင်ကျိရဲ့ ဖခင်ဟာ သူ့အင်အားစုကို ကိုယ်စားပြုပြီး ဟန်ဟွမ်က ခေါင်းဆောင်ဖြစ်ကြောင်း ကြော်ငြာလိုက်ပါတယ်။

ဒီအဖြစ်ကြောင့် ပဋိပက္ခတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားကြပါတယ်။ အချိန်အကြာကြီး ပျောက်ကွယ်သွားခဲ့တဲ့ ဟန်ဟွမ်က နယ်ပယ်ရှင် အင်အားတစ်စုရဲ့ ခေါင်းဆောင် ဖြစ်သွားတယ် မဟုတ်ပါလား။

ဒီအင်အားစုက သူတို့နာမည်ကို လောကဦးပဋိပက္ခအဖြစ် ပြောင်းလဲလိုက်ပါတယ်။ လောကဦးပဋိပက္ခက ပဋိပက္ခရဲ့ နယ်မြေပေါင်း ဒါဇင်ကျော်ကို စိုးမိုးထားပါတယ်။ သူတို့မှာ မဟာတာအိုပညာရှိ ငါးရာကျော်ရှိပြီး မဟာတာအိုပညာရှိချုပ်က ဆယ်ပါးကျော်ပါတယ်။ ပဋိပက္ခတစ်ခုလုံးမှာ သူတို့အင်အားစုနဲ့ ယှဉ်နိုင်တဲ့ အင်အားစုက လက်ငါးချောင်း မပြည့်ပါဘူး။

ဟန်ဟွမ် သူ့အင်အားစုကို တည်ထောင်လိုက်တာကြောင့် ပဋိပက္ခရဲ့ အခြေအနေဟာ စပြီးတော့ ပြောင်းလဲလာပါတယ်။ လောကဦးပဋိပက္ခ ပေါ်လာပြီ ဖြစ်တဲ့အတွက် မဟာတာအိုအနန္တကပ်ဘေးက သိပ်မဝေးတော့ပါဘူး။

ဟန်ဟွမ်က မဟာတာအို အနန္တကပ်ဘေးကို လှုံ့ဆော်မယ်ဆိုတာ စွမ်းအားကြီးပုဂ္ဂိုလ် အကုန်လုံး သိထားကြပါတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာ ဘယ်လိုနည်းနဲ့ ဖြစ်ပျက်မလဲဆိုတာပဲ မသိကြတာပါ။ အဲဒါကြောင့် သူတို့တွေဟာ ဟန်ဟွမ်ကို အရင် ရန်မစရဲကြပါဘူး။

မျက်တောင်တစ်ခတ်အတွင်း နှစ်ဆယ်သန်း ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ် တံခါးပိတ်ကျင့်ကြံနေတာ နှစ် သန်း ၅၀ ရှိသွားပြီ ဖြစ်တဲ့အတွက် အခုဆိုရင် ဟန်ကျွယ်ဟာ အသက် သန်း ၃၇၀ ပြည့်သွားပါပြီ။

ဟန်ကျွယ်ဟာ ဖန်တီးရှင်သခင်အဆင့်ကို ထိုးဖောက်နိုင်ဖို့ ကြိုးစားပါတယ်။ ဟန်ကျွယ်ဟာ တာအိုဖန်တီးရှင် ထိပ်ဆုံးအဆင့်ကို ရောက်သွားကတည်းက ဒီအဆင့်ကို မျှော်ကြည့်နေခဲ့တာပါ။ သူ့ကျင့်ကြံမှုက တိုးနေတုန်းဆိုပေမဲ့ အဆင့်ထိုးဖောက်ဖို့ အခွင့်အရေး မတွေ့သေးပါဘူး။

ဟန်ကျွယ်ဟာ တစ်ခုခု လိုနေတယ်လို့ ခံစားရပါတယ်။ အဲဒါကြောင့် ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး စစဉ်းစားပါတယ်။

‘ငါ ဘာလိုနေတာလဲ’

‘နဝမပဋိပက္ခက အဆုံးမဲ့ခေတ်ကို မှီပြီး ဖန်တီးရှင်သခင် ဖြစ်ချင်တယ်’

‘ဘာဖြစ်လို့ ပဋိပက္ခက ကွဲကြေပြီးမှ ဗလာနယ်မြေကို ထိုးဖောက်နိုင်တာလဲ’

‘ငါလည်း အဲဒီလို လိုက်လုပ်ရမှာလား...’

‘ဒီလိုဆို ဗလာနယ်မြေက ဖန်တီးရှင်သခင် တစ်ပါးပဲ ဝင်ဆံ့တာလား’

‘မဟုတ်ဘူး... ငါ အဆုံးမဲ့ခေတ်ကို စတင်စရာ မလိုဘူး၊ ဒါက နဝမပဋိပက္ခရဲ့ ခန့်မှန်းချက် သက်သက်ပဲ၊ ငါ့ရဲ့ အန္တိမမူလကမ္ဘာက အခုထိ အကန့်အသတ်ကို ရောက်သေးတာ မဟုတ်ဘူး... ကြည့်ရတာ ငါ အဆင့်ထိုးဖောက်နိုင်ဖို့က အန္တိမမူလကမ္ဘာအပေါ်မှာပဲ မူတည်နေတယ်နဲ့ တူတယ်’

ဟန်ကျွယ်ဟာ ကိုယ်ပွားချန်ပြီး အန္တိမမူလကမ္ဘာထဲ ခုန်ဝင်လိုက်ပါတယ်။ အန္တိမမူလကမ္ဘာထဲမှာ တာအိုစက်ကွင်း မရှိပေမဲ့ ဟန်ကျွယ်ဟာ ဘယ်တိုက်ခိုက်မှုကိုမှ မကြောက်ပါဘူး။ အခုအချိန်မှာ သူ့ကို ခြိမ်းခြောက်နိုင်တာက နဝမပဋိပက္ခပဲ ရှိပါတော့တယ်။ နဝမပဋိပက္ခတောင် သူ့ကို ခြိမ်းပဲ ခြိမ်းခြောက်နိုင်တာပါ။ သတ်နိုင်တာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ သက်ရှိအားလုံး မမြင်နိုင်တဲ့ အန္တိမမူလကမ္ဘာရဲ့ ထိပ်ဆုံး၊ အထွတ်အထိပ် နိယာမ ရှစ်ပါးရဲ့ အထက်မှာ နန်းတော်တစ်ဆောင် ဖန်တီးလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ပင်မခန္ဓာကိုယ်ဟာ နန်းတော်ထဲမှာ ထိုင်ပြီး အန္တိမမူလကမ္ဘာကို ငုံ့ကြည့်လိုက်ပါတယ်။

နဝမ အထွတ်အထိပ် နိယာမက သန္ဓေသားအဆင့်ကို ရောက်လာပြီ ဖြစ်တဲ့အတွက် အချိန်မရွေး မွေးဖွားလာနိုင်ပါတယ်။ ဟန်ကျွယ်ဟာ ဒီနဝမ အထွတ်အထိပ် နိယာမက ဘာဖြစ်မလဲဆိုတာကို မျှော်ကြည့်မိလိုက်ပါတယ်။

အဋ္ဌမ အထွတ်အထိပ် နိယာမကြောင့် အန္တိမမူလကမ္ဘာဟာ တခြား မဟာတာအိုကမ္ဘာတွေကို ဝါးမျိုနိုင်စွမ်း ရှိသွားပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ နဝမ အထွတ်အထိပ် နိယာမက အန္တိမမူလကမ္ဘာကို ဘယ်လိုအစွမ်းမျိုး ပေးမလဲဆိုတာ စိတ်ဝင်စားနေပါတယ်။

ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရင်း စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပါတယ်။

နှစ်သန်းချီ ကြာညောင်းသွားတဲ့အခါမှာတော့ နဝမ အထွတ်အထိပ် နိယာမ မွေးဖွားလာပါတယ်။

ဟန်ကျွယ်ဟာ သေသေချာချာလေး အာရုံခံကြည့်လိုက်တဲ့အခါ ဒီနိယာမက နိယာမတွေ ချိုးဖျက်တာနဲ့ သွားတူနေတာကို တွေ့လိုက်ရပါတယ်။ ဒါက အဆုံးမဲ့ခေတ်နဲ့ ဆင်တူလှပါတယ်။

အန္တိမမူလကမ္ဘာက ဗလာနယ်မြေကို ဆက်တိုက် ဖျက်ဆီးပြီး ကိုယ့်ကိုယ်ကိုယ် အနန္တချဲ့ထွင်နိုင်ပါတယ်။ ဒါက အဆုံးမဲ့ခေတ် မဟုတ်လို့ ဘာများ ဖြစ်နိုင်ဦးမှာလဲ။

စိတ်လှုပ်ရှားသွားတဲ့ ဟန်ကျွယ်ဟာ အန္တိမမူလကမ္ဘာရဲ့ စွမ်းအားကို စုစည်းပြီး စမ်းသပ်ကြည့်ပါတယ်။ ဟန်ကျွယ် ထင်ထားသလိုပဲ အန္တိမမူလကမ္ဘာရဲ့ စွမ်းအားက ဗလာနယ်မြေကို ခွဲခြေပြီး သူ့အာကာသကို တိုးစေပါတယ်။ ဒါကြောင့် အန္တိမမူလကမ္ဘာဟာ အနန္တချဲ့ထွင်လို့ ရပါတယ်။

မဟာတာအိုကမ္ဘာတွေ ဆက်ပြီးတော့ မကျယ်ပြန့်နိုင်တော့တာက ဗလာနယ်မြေရဲ့ ကန့်သတ်မှုကြောင့်ပါ။ အန္တိမမူလကမ္ဘာသာ နဝမ အထွတ်အထိပ် နိယာမကြောင့် အနန္တ ကျယ်ပြန့်နိုင်မယ်ဆိုရင် မဟာတာအို အနန္တကပ်ဘေးကို မလိုအပ်တော့ပါဘူး။

ဒါကြောင့် ဟန်ကျွယ်ဟာ အန္တိမမူလကမ္ဘာကို ဆက်ပြီးတော့ ကြီးထွားအောင်လုပ်တာနဲ့ တစ်ချိန်ကျရင် ဖန်တီးရှင်သခင် ဖြစ်လာမှာပါ။ ကျန်တာ ဘာကိုမှ တွေးနေစရာ မလိုပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဖန်တီးရှင်သခင် ဖြစ်လာဖို့ ဘာတွေ လုပ်သင့်လဲဆိုတာ မသိသေးပါဘူး။

ဟန်ကျွယ်ဟာ မဟာတာအို အနန္တကပ်ဘေးက ပဋိပက္ခဆီ ချဉ်းကပ်လာတာကို ခံစားမိပါတယ်။ မဟာတာအို အနန္တကပ်ဘေးက အလိုရှိတိုင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော်လို့ မရပါဘူး။ အထွတ်အထိပ်ကံ ဆင်းသက်ပြီး သက်ရှိတွေကို တိုက်ခိုက်ဖို့ လှုံ့ဆော်မှ မဟာတာအို အနန္တကပ်ဘေး ဖြစ်ပေါ်လာတာပါ။

ပဋိပက္ခက ကပ်ဘေးတချို့ကို ရင်ဆိုင်ခဲ့ရပေမဲ့ မဟာတာအို အနန္တကပ်ဘေးရဲ့ အထွတ်အထိပ်ကံ မပါဝင်တာကြောင့် အဆုံးမဲ့ခေတ်ကို မရောက်နိုင်ခဲ့တာပါ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters