← Chapters

အနန္တကပ်ဘေး မတိုင်ခင်

Vol. 105 Ch. 1092

အနန္တကပ်ဘေး မတိုင်ခင်

Vol. 105 Ch. 1092

ဆက်လျှောက်ရမဲ့လမ်းက လုံခြုံမှန်း သိတာနဲ့ ဟန်ကျွယ်ဟာ နန်းတော်ထဲမှာ ကိုယ်ပွားထားခဲ့ပြီး တတိယ တာအိုစက်ကွင်းထဲက တာအိုဘုံကျောင်းဆီ ပြန်ပါတယ်။

မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်ကို ရောက်နေတဲ့ ရှန်ဝေါ်ဟာ ဟန်ကျွယ် ထွက်သွားတာကို အာရုံမခံမိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပွားနဲ့ ပင်မခန္ဓာကိုယ်‌ လဲလှယ်တာက အလွန်တရာမှ မြန်ဆန်လွန်းလို့ပါ။

အခုဆို ဟန်ကျွယ်မှာ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေးက ၂၅ ကြိမ် ရှိသွားပါပြီ။ ဟန်ကျွယ်ဟာ ဒီအခွင့်အရေးက သုံးရကောင်းမလား မသုံးရ‌ကောင်းမလား ဝေခွဲမရ ဖြစ်သွားပါတယ်။ ဒါပေမဲ့ စဉ်းစားကြည့်ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ လောလောဆယ် မသုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဒီအခွင့်အရေးတွေကို အဆုံးမဲ့ခေတ် ရောက်လာမှ အသုံးပြုဖို့ စီစဉ်ထားပါတယ်။ အဲဒီအချိန်ကျရင် ဟန်ကျွယ်ဟာ မိုးကောင်းကင် ပါရမီရှင် ဒါဇင်ကျော်ကို အတူစုစည်းပြီး ပျိုးထောင်ပေးမှာပါ။ ပြီးရင် ဒီပါရမီရှင်တွေကို ပဋိပက္ခထဲ ထွက်ခိုင်းလိုက်လို့ကတော့ ကျိန်းသေပေါက် နာမည်ကြီးမှာပါ။

‘တာအိုဖန်တီးရှင် ဖြစ်ချင်ရင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ လက်အောက်မှာ ကျင့်ကြံအားထုတ်ရမယ်... ဒီလိုစကားသာ ပျံ့နှံ့သွားရင် ငါက ဘယ်လောက်တောင် အထင်ကြီးဖို့ ကောင်းလိုက်မလဲ’ ဟန်ကျွယ်ဟာ တွေးရင်းနဲ့ ပြုံးမိလိုက်ပါတယ်။

ဟန်ကျွယ်ဟာ တွေးရုံပဲ တွေးလိုက်တာပါ။ တကယ်လို့သာ အဲဒီလိုဖြစ်လာရင် စိတ်အနှောင့်ယှက် တော်တော် ဖြစ်မှာပါ။

ဟန်ကျွယ်ဟာ အငယ်တွေကို တမင် ဖိနှိပ်မှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့လူအများစုက တာအိုဖန်တီးရှင်တွေ ဖြစ်နေရင် အကောင်းဆုံးပါပဲ။

ဟန်ကျွယ်ဟာ ဘယ်တော့မှ သတိလက်လွတ်နေမှာ မဟုတ်ပါဘူး။ နဝမပဋိပက္ခ ပြန်တိုက်ခံရတာက အကောင်းဆုံး သာဓကပဲ မဟုတ်ပါလား။

နဝမပဋိပက္ခက တခြားလူတွေကို ဖိနှိပ်ဖို့ ရည်ရွယ်ချက်ရှိပေမဲ့ ဟန်ကျွယ်ကတော့ ဘယ်သူကိုမှ ဖိနှိပ်မှာ မဟုတ်ပါဘူး။ ဒီအတိုင်း လွှတ်ပေးလိုက်မှာပါ။

ဟန်ကျွယ်ဟာ ဒီနှစ်တွေမှာ သူ့မိတ်ဆွေတွေ ဘယ်လို အခြေအနေရှိလဲ ဆိုတာကို သိချင်တဲ့အတွက် စာစောင်တွေကို ဖွင့်ဖတ်လိုက်ပါတယ်။

[သင့်သား ဟန်ဟွမ်သည် လောကဦး နတ်ဆိုးစစ်သားကို ဖန်တီးသောကြောင့် ကံတရား အထောက်အပံ့ လျော့ကျသွား၏။]

[သင့်တပည့် ဂျိရှင်းရှန်သည် မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို သုံးသပ်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်သည် သင့်မိတ်ဆွေ နဝမပဋိပက္ခ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် သင့်မိတ်ဆွေ သဏ္ဍာန်မဲ့နတ်မင်း၏ လမ်းညွှန်မှုကြောင့် ကျင့်ကြံမှု များစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်၏ ဝိညာဉ်သည် လောကဦးဝိညာဉ်အဖြစ် အသွင်ပြောင်းလဲပြီး ကံတရား အထောက်အပံ့ ပြောင်းလဲသွား၏။]

[သင့်တပည့် ကျန်းကျွယ်ရှီသည် ပဋိပက္ခ ပြန်လည်မွေးဖွားခြင်းထဲသို့ ဝင်ရောက်သွားသည်။]

[သင့်သား ဟန်ဟွမ်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]

[သင့်မျိုးဆက် ဟန်ယဲ့သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်တပည့် စုချီသည် ကြမ္မာဆိုး ဖြန့်ကြက်မှုကြောင့် ရှီထျန်နိယာမများ၏ နှင်ထုတ်ခြင်းကို ခံခဲ့ရသည်။]

‘လောကဦးနတ်ဆိုးစစ်သား... ဒီကောင်လေးက ပဋိပက္ခတစ်ခုလုံးကို မွှေနှောက်ဖို့ အင်အားစုတစ်စု ပျိုးထောင်ချင်တာပဲ’ ဟန်ကျွယ်ဟာ နည်းနည်း အထင်သေးသွားပါတယ်။

ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်တဲ့အခါ စုချီရဲ့ အတွေ့အကြုံကို တွေ့ပြီး မျက်မှောင်ကြုတ်သွားပါတယ်။

ရှီထျန်နိယာမတွေ လူကို နှင်ထုတ်နိုင်တယ် ဆိုတာက အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ကြောင့်ဆိုတာ ဗေဒင်မေးစရာ မလိုပါဘူး။ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်က စုချီကို မသတ်ဘဲ နှင်ပဲ နှင်ထုတ်လိုက်တာက ဟန်ကျွယ်နဲ့ ရန်သူ မဖြစ်ရဲလို့ပါ။

ဒါကြောင့် ဟန်ကျွယ်ဟာ ဒီကိစ္စကို ဂရုမစိုက်တော့ပါဘူး။ စုချီ လျှောက်သွားနေတာက မကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အနည်းဆုံး ဟန်ဟွမ်အတွက် လမ်းခင်းပေးနိုင်ပါတယ်။

ပဋိပက္ခက ပိုပြီးတော့ ဝရုန်းသုန်းကား ဖြစ်လေလေ မဟာတာအို အနန္တကပ်ဘေးက ပိုပြီးတော့ အန္တရာယ်များလေလေပါပဲ။ ဒါဆို ဟန်ဟွမ် ရှင်သန်နိုင်နှုန်းလည်း တိုးသွားမှာပါ။ ဒါကြောင့် စုချီက ဟန်ဟွမ်ကို ကူညီနေတာလို့ ပြောလို့ရပါတယ်။

ရုတ်တရက် ဟန်ကျွယ် ခေါင်းထဲကို အကြံတစ်ခု ဝင်လာပါတယ်။ အဲဒါကတော့ ဟန်ဟွမ်ကို ကူညီပြီး မဟာတာအို အနန္တကပ်ဘေးရဲ့ ဖန်တီးမှုကို မျှဝေဖို့ တခြားတပည့်တွေကို ပြောပြဖို့ပါ။

‘ငါ တခြားတပည့်တွေကို ပြောပြီး ဟန်ဟွမ်ကို ကူညီခိုင်းသင့်လား၊ ဒီလိုဆို သူတို့လည်း မဟာတာအို အနန္တကပ်ဘေးရဲ့ ဖန်တီးမှုကို မျှဝေခံစားနိုင်တာပေါ့’

ဟန်ဟွမ်နဲ့ တိုက်ခိုက်တဲ့ အင်အားစုတွေက အများကြီးမလို့ ဟန်ဟွမ်တစ်ယောက်တည်းနဲ့ မဟာဖန်တီးမှုကို ရယူနိုင်ဖို့က တော်တော်လေး ခက်ခဲပါတယ်။ ဒါပေမဲ့ တခြားတပည့်တွေ ပါလာရင်တော့ အခြေအနေက ပြောင်းလဲသွားမှာပါ။

ဟန်ကျွယ်ဟာ တစ်ခဏကြာအောင် စဉ်းစားလိုက်ပေမဲ့ နောက်ဆုံးမှာ ကရိကထ များလွန်းတယ်လို့ ခံစားရတာကြောင့် သူ့အကြံကို ခေါင်းထဲက ထုတ်လိုက်ပါတယ်။

စာစောင်တွေ ဖတ်ပြီးနောက် ဟန်ကျွယ်ဟာ မတ်တတ်ရပ်ကာ တာအိုဘုံကျောင်းထဲက ထွက်လိုက်ပါတယ်။ အဲဒီနောက် နှစ်ထောင်ချီ အချိန်ယူပြီး သူ့တာအိုလက်တွဲဖော်တွေဆီ သွားလည်ပါတယ်။

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ တာအိုဘုံကျောင်းမှာ နောက်ဆုံး နေပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဟန်ဟွမ်အကြောင်း ပြောမိတဲ့အခါ စိုးရိမ်သောက ရောက်သွားပါတယ် “သားက ဖန်တီးရှင်ဧကရာဇ်ရုံးတော်ကို သစ္စာဖောက်ပြီး အဲဒီနတ်ဆိုးမ အင်အားစုကိုတောင် လက်ခံလိုက်သေးတယ်၊ သား လမ်းမှား လျှောက်နေတာလား”

ဟန်ကျွယ်ဟာ ဘာမှမဖုံးကွယ်ဘဲ ဟန်ဟွမ်ရဲ့ အခက်အခက်နဲ့ ပန်းတိုင်ကို ပြောပြလိုက်ပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဟန်ဟွမ်က ပဋိပက္ခကို ဖျက်ဆီးတော့မယ်လို့ ကြားလိုက်ရတဲ့အတွက် ထိတ်လန့် တုန်လှုပ်ပြီး ရင်တထိတ်ထိတ် ခုန်သွားပါတယ်။

“ယောက်ျား... ဒါက သေလမ်း” ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ရဲ့လက်ကို ဖမ်းဆုပ်ပြီး သနားစဖွယ်မျက်နှာနဲ့ အသနားခံပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ပဲ သူ့သားကို ဖျောင်းဖျနိုင်မယ်ဆိုတာ သိပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါ သားကို ထောက်ခံတယ်”

အဲဒီနောက် ဟန်ကျွယ်ဟာ ပဋိပက္ခနဲ့ အဆုံးမဲ့ခေတ် အကြောင်း ရှင်းပြလိုက်ပါတယ်။ ဟန်ဟွမ်က မကောင်းတာ လုပ်နေတယ်လို့ ထင်ရပေမဲ့ တကယ်တော့ ဘယ်တုန်းကမှ မရှိခဲ့တဲ့ မဟာဖန်တီးမှုကြီးကို ဆောင်ရွက်နေတာပါ။

“အဲဒါ အန္တရာယ်များလွန်းတယ်၊ အချိန်ကျလာရင် အဲဒီ ပဋိပက္ခအထက်မှာရှိတဲ့ သာလွန်တည်ရှိမှုတွေက သားကို တိုက်ခိုက်ရင်ရော... အဲဒါဆို ယောက်ျား ပြဿနာမတက်ဘူးလား” ရှင်းဟုန်ရွှမ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါ မင်း တစ်ယောက်တည်းကိုပဲ ပြောတာ၊ တခြားလူတွေကို မပြောနဲ့”

“ဟင်”

“အဲဒီပဋိပက္ခကို ဖန်တီးတဲ့ တည်ရှိမှုက ငါ့ကို မယှဉ်နိုင်တော့ဘူး၊ မဟာတာအို အထက်မှာရှိတဲ့ တာအိုဖန်တီးရှင် လက်တစ်ဆုပ်စာပဲ ရှိတာ၊ ဘယ်သူမှ ငါ့ကို မယှဉ်နိုင်ဘူး”

ဟန်ကျွယ်ဟာ ပထမဆုံး ကြွားတာဆိုပေမဲ့ ကသိကအောက် ဖြစ်မနေပါဘူး။ သူပြောတာကလည်း မှန်နေတယ် မဟုတ်ပါလား။

ရှင်းဟုန်ရွှမ်ဟာ မျက်လုံးပြူးသွားပါတယ် “ယောက်ျားက ပြိုင်ဘက်ကင်းနေပြီလား”

“ဟုတ်တယ်”

“စွမ်းအားကြီးတဲ့လူက အမြဲတမ်း ရှိနေခဲ့တာ မဟုတ်ဘူးလား၊ တာအိုဖန်တီးရှင်အထက်မှာ ဘာအဆင့်မှာမရှိတာ သေချာလို့လား”

“မရှိဘူး၊ တာအိုဖန်တီးရှင်အဆင့်က လောကဦးပဋိပက္ခ မွေးဖွားလာတာက အကန့်အသတ်ပဲ၊ ဒီထက် စွမ်းအားကြီးတာ မရှိဘူး”

“ဝိုး...”

ရှင်းဟုန်ရွှမ်ဟာ နှလုံးလှုပ်ပြီး စိတ်လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ရဲ့ အရည်အချင်းက ပြိုင်ဘက်ကင်းတယ်လို့ အမြဲတမ်း ယုံကြည်ထားခဲ့ပါတယ်။ ဒါပေမဲ့ ပြိုင်ဘက်ကင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုတော့ စိတ်တောင် မကူးရဲပါဘူး။

“ဒါဆို ယောက်ျားက သက်ရှိတွေကို ဖန်တီးနိုင်ပြီလား”

“အပြင်ဘက်က တပည့်တွေကို ကြည့်လေ”

“ပဋိပက္ခကို ဖျက်ဆီးချင်ရင်ရော... အကုန်လုံး အတွေးတစ်ချက်ပဲ လိုတာလား... ယောက်ျားက မသေနိုင် မပျက်စီးနိုင်တော့ဘူးလား”

“ငါက ထာဝရတည်တဲ့ စိတ်ဆန္ဒ အမြောက်အမြားကို ဓမ္မရုပ်တုတွေအဖြစ် ခွဲထုတ်ပြီးပြီ”

“ဒါဆို ယောက်ျားက ကျွန်မတို့ရဲ့ ကျင့်ကြံမှုကို တိုးအောင် လုပ်နိုင်လား”

“လုပ်နိုင်တယ်၊ ဒါပေမဲ့ အများဆုံး မဟာတာအို အထွတ်အထိပ် အဆင့်ထိပဲ ရတယ်၊ တာအိုဖန်တီးရှင် ဖြစ်ချင်ရင်တော့ ကိုယ့်အားကိုယ်ကိုးမှ ရမယ်၊ အဲဒါကြောင့် မင်းရဲ့ တာအိုနှလုံးသားကို အရင်ဆုံး ခိုင်ခံ့အောင်လုပ်တာ အကောင်းဆုံးပဲ”

“ယောက်ျားမှာရော မဟာတာအိုကမ္ဘာ ရှိလား”

“ရှိတာပေါ့”

ရှင်းဟုန်ရွှမ်ဟာ မေးခွန်းတွေ ဆက်တိုက်မေးပါတယ်။ ဟန်ကျွယ်ကလည်း စိတ်ရှည်လက်ရှည် တက်တက်ကြွကြွနဲ့ ပြန်ဖြေပါတယ်။

‘ငါ့မိန်းမက အတော်ဆုံးပဲ၊ ငါလိုအပ်တာကို နားလည်တယ်၊ မေးစမ်းပါ... ကြိုက်သလောက်မေး’

အစွမ်းပြရတာက တော်တော်လေး စိတ်ကျေနပ်ဖို့ ကောင်းပါတယ်။ အချိန်အတော် ကြာသွားတဲ့အခါမှာတော့ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို စိတ်လှုပ်တရှားဆွဲပြီး အတူကျင့်ကြံပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ နှစ်ထောင်ချီကြာမှပဲ သူ့တာအိုဘုံကျောင်းဆီ ပြန်နိုင်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ မဟာတာအို အနန္တကပ်ဘေး ရောက်လာတာကို စောင့်ဆိုင်းပါတယ်။

ဟန်ဟွမ်က လောကဦးနတ်ဆိုးစစ်သားတွေကို ဖန်တီးခဲ့ပါတယ်။ လောကဦးနတ်ဆိုးစစ်သားတွေ များလာတာနဲ့ လောကဦးပဋိပက္ခထဲမှာ အသွင်ယူလှုပ်ရှားနေတဲ့ အင်အားစုအသီးသီးက သူလျှိုတွေဟာ ဒီကိစ္စကို သိသွားကြပါတယ်။ ဒီကိစ္စကြောင့် အင်အားစုအသီးသီးဟာ တပ်လှန့်သွားကြပြီး သူတို့ရဲ့ အင်အားတွေကို စတင်စုစည်းပါတယ်။

မကြာခင်မှာပဲ ဒီသတင်းက မဟာတာအို နတ်စိတ်ဝိညာဉ်တွေဆီ ရောက်သွားပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းလည်း လန့်သွားပြီး တစ်ယောက်တည်း မလှုပ်ရှားရဲတာကြောင့် မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို စုစည်းပါတယ်။

“ဟန်ဟွမ်က ပဋိပက္ခကို ဖျက်ဆီးပြီး လောကဦးပဋိပက္ခကို ဖန်တီးချင်တယ်၊ ဒါက ကပ်ဘေးပဲ”

“မဟာတာအို အနန္တကပ်ဘေးကံက ရောက်လာခဲ့ပြီ၊ ငါတို့တွေ ဒါကို အာရုံခံနိုင်တာပဲ၊ ကြည့်ရတာ သူ အဲဒီကံရဲ့ နှောင်ဖွဲ့မှုကို ခံလိုက်ရပြီနဲ့ တူတယ်”

“အဲဒီတော့ ဘာဖြစ်လဲ၊ ငါတို့တွေ ဒါကို တားရမှာပဲ၊ ပဋိပက္ခမရှိတော့ရင် ငါတို့တွေလည်း သေလိမ့်မယ်”

“မဟာတာအိုပညာရှိချုပ်ကလွဲရင် မဟာတာအိုပညာရှိတွေတောင် ဗလာနယ်မြေထဲမှာ ရှင်သန်နိုင်တာ မဟုတ်ဘူး”

“ငါတို့တွေ လောကဦးပဋိပက္ခကို ဖိနှိပ်ရမယ်”

မဟတာာအို နတ်စိတ်ဝိညာဉ်တွေဟာ တစ်ယောက်တစ်ပေါက် ဆွေးနွေးကြပါတယ်။ ဟန်ထော်၊ တာအိုအရှင်သခင်၊ မုရုံချီနဲ့ တိတ်ဆိတ်ဂိုဏ်းက တခြား မဟာတာအို နတ်စိတ်ဝိညာဉ်တွေတောင် နှလုံးလှုပ်သွားကြပါတယ်။

‘ဟန်ဟွမ် ရူးသွားတာလား’

ယီတျန်က အပြုံးမပျက်ပါဘူး “မင်းရဲ့ ညီနှစ်လို့ မပြောရဘူး၊ ပဋိပက္ခထဲက သက်ရှိအားလုံးကို အနိုင်ယူပြီးတာတောင် ဒီထက်ကြီးတာ လုပ်ချင်သေးတယ်”

ယီတျန်က အပြုံးမပျက်ပေမဲ့ သူ့အပြုံးက နည်းနည်းတော့ အေးစက်လှပါတယ်။ ဒီကိစ္စမှာ သူ့အကျိုးအမြတ်လည်း ပါဝင်ပတ်သက်နေတယ် မဟုတ်ပါလား။

အန္တိမဒဏ်ခတ်နတ်မင်း “ဟန်ဟွမ်က ကြီးပြင်းလာပြီ၊ ငါတို့တွေ သူ့ကို ဖိနှိပ်ချင်ရင်တောင် ဘယ်လို ဖိနှိပ်မှာလဲ”

အန္တိမဒဏ်ခတ်နတ်မင်းဟာ ဟန်ဟွမ်ကို ဆက်ပြီးတော့ မကာကွယ်နိုင်တော့ပါဘူး။ ဟန်ဟွမ်ရဲ့ ရည်မှန်းချက်က ကြီးမားလွန်းပြီး သိသာလွန်းပါတယ်။ ကြည့်ရတာ ဟန်ဟွမ်က ဒီကိစ္စကို ဝှက်ထားဖို့ စိတ်ကူးမရှိပုံပါပဲ။ မဟုတ်ရင် လွတ်လပ် တာအိုပညာရှိအဆင့်အထိ ဒီကိစ္စက ပျံ့နှံ့သွားမှာ မဟုတ်ပါဘူး။

လောင်ဇီ “ပဋိပက္ခတစ်ခုတည်းနဲ့ မရဘူး၊ ငါတို့တွေ တခြား မဟာတာအိုကမ္ဘာနယ်မြေတွေနဲ့ ပူးပေါင်းတာ ပိုကောင်းလိမ့်မယ်”

ဟန်ဟွမ်ဟာ အရင်တုန်းက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိလိုမျိုး စွမ်းအားကြီးတယ်ဆိုတာ ယုံမှားသံသယရှိစရာ မလိုပါဘူး။ သူက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိထက် အန္တရာယ်ပိုရှိတယ်ဆိုတဲ့ အချက်ကိုလည်း ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters