← Chapters

အသက် သန်း ၄၀၀ ပြည့်ခြင်း

Vol. 105 Ch. 1093

အသက် သန်း ၄၀၀ ပြည့်ခြင်း

Vol. 105 Ch. 1093

လောင်ဇီရဲ့ အဆိုပြုချက်က မဟာတာအို နတ်စိတ်ဝိညာဉ်တွေက ထောက်ခံကြပါတယ်။ ပဋိပက္ခရဲ့ သက်ရှိတွေဟာ ဟန်ဟွမ်ကို မယှဉ်နိုင်တော့ပါဘူး။ တခြား မဟာတာအိုကမ္ဘာတွေနဲ့ ပူးပေါင်းမှပဲ နိုင်ဖို့ အခွင့်အရေး ရှိမှာပါ။

အန္တိမဒဏ်ခတ်နတ်မင်းဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ်။ အများရဲ့ သဘောတူညီမှုအောက်မှာ အန္တိမဒဏ်ခတ်နတ်မင်းဟာ ရွေးချယ်စရာမရှိဘဲ မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို တာဝန်အသီးသီး ပေးလိုက်ရပါတယ်။

မဟာတာအို နတ်စိတ်ဝိညာဉ်တွေ ထွက်သွားတဲ့အခါ အန္တိမဒဏ်ခတ်နတ်မင်းဟာ သူ့နေရာကို အမြန်ပြန်ပြီး ဟန်ကျွယ်ကို အိပ်မက်ပေးပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းက အိပ်မက်ပေးခဲတဲ့အတွက် ဟန်ကျွယ်ဟာ တစ်ခါတည်း လက်ခံလိုက်ပါတယ်။

အိပ်မက်နယ်မြေမှာ အန္တိမဒဏ်ခတ်နတ်မင်းဟာ ဟန်ဟွမ်ရဲ့ အခြေအနေကို ခပ်သွက်သွက် ရှင်းပြပါတယ်။

“ဒီကိစ္စက ပဋိပက္ခတစ်ခုလုံးကို ခြိမ်းခြောက်တာဆို‌တော့ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိဘူး” အန္တိမဒဏ်ခတ်နတ်မင်းဟာ ဟန်ကျွယ်ရဲ့ သဘောထားကို မသိရတဲ့အတွက် စိတ်လေးနေပါတယ်။

ဟန်ကျွယ် “ရတယ်၊ အလိုက်သင့် ဆက်သွားချည်၊ နတ်စိတ်ဝိညာဉ် ခေါင်းဆောင် တစ်ယောက်အနေနဲ့ မင်းတာဝန်အတိုင်း ဆက်လုပ်၊ လုပ်ရမယ်ဆိုရင် လုပ်သာလုပ်ချလိုက်”

“ဒါဆို ဟန်ဟွမ်...”

“အဲဒါ သူ့ကံကြမ္မာပဲ”

“ကျွန်တော် နားလည်ပါပြီ”

အန္တိမဒဏ်ခတ်နတ်မင်းဟာ မျက်တောင်ခတ်ရင်း ဖြစ်နိုင်ခြေ မြောက်မြားစွာကို တွေးမိလိုက်ပါတယ်။ ဒါပေမဲ့ အန္တိမဒဏ်ခတ်နတ်မင်းဟာ တွေးပဲ တွေးရဲပါတယ်။ ထုတ်မပြောရဲပါဘူး။

အဲဒီနောက် အိပ်မက်နယ်မြေလည်း အဆုံးသတ်သွားပါတယ်။

ဟန်ကျွယ်ဟာ ဘာမှဂရုမစိုက်ဘဲ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ အခု ဟန်ကျွယ်ရဲ့ မျက်လုံးထဲမှာ ဖန်တီးရှင်သခင်အဆင့်ပဲ ရှိပါတော့တယ်။

အန္တိမမူလကမ္ဘာဟာ ဗလာနယ်မြေကို ဆက်တိုက် ဖျက်ဆီးပြီး နယ်မြေချဲ့ထွင်ပါတယ်။ အန္တိမမူလချီကလည်း တိုးလာပါတယ်။

တခြား မဟာတာအိုကမ္ဘာက သက်ရှိတွေဟာ ငရဲပြည်ကနေ အန္တိမမူလကမ္ဘာကို ပိုပိုတွေ့လာကြပါတယ်။ တချို့သက်ရှိတွေဆိုရင် အန္တိမမူလချီကို လက်ခံပြီး အန္တိမမူလသက်ရှိအဖြစ် အသွင်ပြောင်းလဲကြပါတယ်။

ဟန်ကျွယ်ဟာ ဒီကိစ္စကို မျက်စိမှိတ်ပေးထားပြီး အန္တိမမူလနတ်ဘီလူးတွေကို အန္တိမမူလဝိညာဉ် မျိုးနွယ်စုနဲ့ ရှကျဲ့မျိုးနွယ်စုလက်ထဲ အပ်လိုက်ပါတယ်။

လက်ရှိမှာ ဒီအင်အားစုသုံးစုက အန္တိမမူလကမ္ဘာကို စိုးမိုးပြီး နယ်မြေတွေ ပိုင်းခြား အုပ်ချုပ်ပါတယ်။ ဒါကြောင့် အန္တိမမူလကမ္ဘာဟာ စီစဉ်တကျ ဖြစ်လာပါတယ်။

အသက်ဓာတ် နတ်ဘီလူးနဲ့ ဟန်ယိုဟာ ငရဲပြည်ကို အတူ အုပ်ချုပ်ကြပါတယ်။ တခြားမဟာတာအိုကမ္ဘာက သက်ရှိတွေ အန္တိမမူလကမ္ဘာထဲ ဝင်တဲ့အခါ အန္တိမမူလ ငရဲပြည်မှာ အဖမ်းခံရပြီး အချိန်တစ်ခုကြာအောင် ချုပ်နှောင်ခံရပါတယ်။

ဟန်ကျွယ်နဲ့ဆိုင်တဲ့ အရာအားလုံးက ကောင်းတဲ့ဘက်ကို ဦးတည်နေပါတယ်။ ဟန်ကျွယ်ဟာ အရင်လိုမျိုး အချိန်တစ်ခု သတ်မှတ်ပြီး တံခါးပိတ်မကျင့်ကြံတော့ပါဘူး။ စိတ်ရှိသလောက် တံခါးပိတ် ကျင့်ကြံပါတယ်။

မျက်တောင်တစ်ခတ်အတွင်း နှစ်သန်း ၂၀ ကုန်ဆုံးသွားပါတယ်။

အခုဆိုရင် ဟန်ကျွယ်ဟာ အသက် သန်း ၄၀၀ ပြည့်သွားပါပြီ။

[သင်သည် အသက် သန်း ၄၀၀ ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင်‌ အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ တံခါးပိတ်ကျင့်ကြံရာမှ ချက်ချင်းထွက်၍ အခြား မဟာတာအိုကမ္ဘာများကို ဝါးမျိုပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် စနစ်၏ လုပ်ဆောင်ချက်တစ်ချက်အား အဆင့်မြှင့်တင်ရန် အခွင့်အရေး တစ်ကြိမ် ရရှိမည်။]

[၂။ မူလရည်ရွယ်ချက်အတိုင်း သိုသိုသိပ်သိပ် ဆက်ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် စနစ်၏ လုပ်ဆောင်ချက်တစ်ချက်အား အဆင့်မြှင့်တင်ရန် အခွင့်အရေး တစ်ကြိမ် ရရှိမည်။]

[သင်သည် မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေးတစ်ကြိမ်အား ရရှိပါသည်။]

ရွေးချယ်မှု နှစ်ခုစလုံးကပေးတဲ့ ဆုလာဘ်ဟာ တူနေပါတယ်။

ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို တိတ်တဆိတ် ရွေးချယ်လိုက်ပါတယ်။

[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် စနစ်၏ လုပ်ဆောင်ချက်တစ်ချက်အား အဆင့်မြှင့်တင်ရန် အခွင့်အရေး တစ်ကြိမ် ရရှိမည်။]

ဟန်ကျွယ်ဟာ အနန္တကမ္ဘာ မြင်ကွင်းကျယ်ကို အဆင့်မြှင့်တင်ဖို့ ရွေးချယ်လိုက်ပါတယ်။

[သင်သည် အနန္တကမ္ဘာ မြင်ကွင်းကျယ်အား အဆင့်မြှင့်တင်ရန် ရွေးချယ်လိုက်ပါသည်။]

[အနန္တကမ္ဘာ မြင်ကွင်းကျယ်အောင် အဆင့်စမြှင့်ပါပြီ။]

နောက်ထပ်က စောင့်ဖို့ပဲ ရှိပါတယ်။ အနန္တကမ္ဘာ မြင်ကွင်းကျယ်က ဟန်ကျွယ်အပေါ် သိပ်ပြီးတော့ သက်ရောက်မှု မရှိပါဘူး။ ဒါပေမဲ့ တိတ်ဆိတ်ဂိုဏ်းသားတွေ အတွက်တော့ အနန္တကမ္ဘာ မြင်ကွင်းကျယ်က တော်တော်လေး အရေးကြီးပါတယ်။

သူတို့တွေ ဘယ်နေရာမှာပဲရှိရှိ အနန္တကမ္ဘာ မြင်ကွင်းကျယ်မှာ တွေ့ဆုံနိုင်တာကြောင့် ဆက်ဆံရေးတွေက အေးစက်မသွားပါဘူး။ ဘယ်လောက်ပဲ ပြဿနာတက်တက် တခြားတပည့်တွေက အနန္တကမ္ဘာ မြင်ကွင်းကျယ်ထဲမှာ ဖျန်ဖြေပေးလို့ ရပါတယ်။

ဟန်ကျွယ်ဟာ လုပ်စရာရှိတာ လုပ်ပြီးတာနဲ့ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်သန်း ၂၀ အတွင်း ပဋိပက္ခက ရင်တထိတ်ထိတ်နေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ လောကဦးပဋိပက္ခနဲ့ ပဋိပက္ခက တိုက်ပွဲပေါင်း တစ်သောင်းထက် မနည်း တိုက်ခိုက်ပြီးပါပြီ။

ဟန်ဟွမ်ရဲ့ စွမ်းအားကလည်း လောကဦးသက်ရှိ ဖြစ်ချင်ပြီး လောကဦး ပဋိပက္ခကို ဖန်တီးချင်တဲ့ နောက်လိုက် အမြောက်အမြားကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ နတ်သမီးမင်ကျိရဲ့ အင်အားစုအပြင် လောကဦးနတ်ဆိုးစစ်သားတွေနဲ့ လောကဦးသက်ရှိ အမြောက်အမြားက ဟန်ဟွမ်ရဲ့ လက်အောက်ကို နေ့တိုင်း ခိုဝင်လာကြပါတယ်။

ဟန်ဟွမ်ဟာ လောကဦးပဋိပက္ခ အင်အားစုရဲ့ ဗဟိုမှာ လောကဦးရေအိုင်ကို တည်ဆောက်ထားပါတယ်။ ဒီလောကဦးရေအိုင်ထဲ ခုန်ချပြီး ရှင်သန်နိုင်ခဲ့မယ်ဆိုရင် လောကဦးသက်ရှိ ဖြစ်သွားမှာပါ။ သူတို့ရဲ့ အရည်အချင်းကလည်း ပဋိပက္ခ နတ်ဘီလူးတွေနဲ့ ယှဉ်နိုင်ပါတယ်။ ဒီသတင်း ပျံ့နှံ့သွားတဲ့အခါ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ အရူးအမူး ဖြစ်ကုန်ကြပါတယ်။

အရည်အချင်းက ကျင့်ကြံသူအများစု ဖြတ်ကျော်ဖို့ မဖြစ်နိုင်တဲ့ သဘာဝချောက်ကြီးပါ။ ဘယ်အဆင့်က ကျင့်ကြံသူမဆို သူတို့အရည်အချင်းကို ဒီထက် ထက်မြက်ချင်ကြတာချည်းပါပဲ။

လောကဦးရေအိုင် ဒဏ္ဍာရီက သက်ရှိအားလုံးကို သံသယတော့ ဝင်စေပါတယ်။ ဒါပေမဲ့ တချို့တွေ အောင်မြင်သွားတဲ့အခါ သံသယကနေ ရူးသွပ်မှုအဖြစ် ပြောင်းလဲသွားပါတယ်။ ဒီကိစ္စက မဟာတာအို နတ်စိတ်ဝိညာဉ်တွေကိုလည်း ခေါင်းအကြီးကျယ် ကိုက်စေပါတယ်။

ဟန်ဟွမ်က တစ်ခါမှ ပေါ်မလာပါဘူး။ အင်အားစုအသီးသီးကလည်း ဟန်ဟွမ်ရဲ့ နံပါတ်တစ် ရန်သူတော်ကြီး ဖြစ်သွားမှာစိုးတဲ့အတွက် ရှေ့ဆောင်နွားလား မလုပ်ရဲကြပါဘူး။

ဟန်ဟွမ်ကို တိုက်ခိုက်မယ် ပြောနေတဲ့ ကျို့ကဲ့ဂျိသွမ်တောင် ငြိမ်ချက်သား ကောင်းနေပါတယ်။ ကျောက်ရွှမ်ကွမ်းက ခန္ဓာသိမ်းခံရသလိုမျိုးပဲ အမှောင်သခင်ကြီး ဒဏ္ဍာရီကို ဆက်ဖြန့်နေတုန်းပါ။ ဟန်ဟွမ်က ပဋိပက္ခကို ဖျက်ဆီးချင်တာ မသိတဲ့အတိုင်းပါပဲ။

အကျဉ်းချုပ်ရရင် ပဋိပက္ခထဲက သက်ရှိအားလုံးဟာ မဟာတာအို အနန္တကပ်ဘေး ရောက်လာတော့မယ် ဆိုတာကို ခံစားမိလာကြပါတယ်။

လောကဦးပဋိပက္ခ။

ဟင်းလင်းပြင်ဟာ တကယ့် လောကဦး ပဋိပက္ခလိုမျိုး ကျယ်ပြောလှတဲ့ ခရမ်းရောင်ချီတွေနဲ့ ပြည့်နှက်နေပါတယ်။

မှောင်မိုက်တဲ့ ခန်းမတစ်ခုမှာတော့ ဟန်ဟွမ် တရားထိုင်နေပါတယ်။ ဓမ္မစွမ်အားတွေဟာ သူ့လက်ဖဝါးထဲက လျှံထွက်ပြီး လောကဦးနတ်ဆိုး စစ်သားတွေအဖြစ် ဆက်တိုက်ခဲနေပါတယ်။ ဒီလောကဦးနတ်ဆိုး စစ်သားတွေက နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ အနက်ရောင် ဗားရှင်းလိုပါပဲ။

အောင်မြင်စွာ ခဲပြီးတဲ့အခါ ဒီလောကဦးနတ်ဆိုး စစ်သားတွေဟာ ဟန်ဟွမ်ရဲ့ ဘေးက အမှောင်ထုထဲ နောက်ဆုတ်ပြီး အစအနမကျန်အောင် ပျောက်ကွယ်သွားပါတယ်။

လူတစ်ယောက် ခန်းမထဲကို ပျံဝင်လာပါတယ်။ နတ်သမီးမင်ကျိပါ။ နတ်သမီးမင်ကျိဟာ ဟန်ဟွမ်ရှေ့မှာ ပေါ်လာပြီး ချစ်ခြင်းမေတ္တာတွေ ပြည့်လျှံနေတဲ့ မျက်ဝန်းတစ်စုံနဲ့ နူးညံသိမ်မွေ့စွာ ပြောလိုက်ပါတယ်”

“ယောက်ျား... ယောက်ျား တံခါးပိတ်ကျင့်ကြံတာ တော်တော် ကြာနေပြီ၊ ယောက်ျား အနားယူသင့်တယ်”

ဟန်ဟွမ်ဟာ နတ်သမီးမင်ကျိကို အဖတ်မလုပ်ပါဘူး။

နတ်သမီးမင်ကျိက ဆက်ပြောပါတယ် “ယောက်ျားက ကိစ္စကြီးတစ်ခုခု လုပ်ချင်တယ်ဆိုတာကို မိန်းမသိပါတယ်၊ ဒါပေမဲ့ မိန်းမတို့မှာ ခုထိ ကလေးမရသေးဘူး၊ လောကဦးပဋိပက္ခ အမွေခံမရှိဘူး၊ ဒါက မကောင်းဘူးမလား”

ဟန်ဟွမ်ဟာ ရုတ်တရက် မတ်တတ်ရပ်လိုက်ပါတယ်။ ဟန်ဟွမ်ရဲ့ ကြောက်မက်ဖွယ်ရောင်ဝါဟာ နတ်သမီးမင်ကျိကို လန့်ဖျပ်ပြီး နောက်ဆုတ်သွားစေပါတယ်။ နတ်သမီးမင်ကျိဟာ မျက်နှာမှာ သွေးမရှိတဲ့ထိကို ကြောက်လန့်သွားပြီး ဟန်ဟွမ်ကို အထိတ်တလန့် ကြည့်လိုက်ပါတယ်။

ဟန်ဟွမ်ဟာ နတ်သမီးမင်ကျိကို ငုံ့ကြည့်လိုက်ပါတယ် “ဟွန်း... ငါ မင်းကို လက်ထပ်တာကပဲ မင်းဘဝရဲ့ အကြီးမားဆုံး ဂုဏ်သိက္ခာပဲ၊ မင်းက ငါ့ကလေးကို ကိုယ်ဝန်ဆောင်ချင်သေးတယ်၊ မင်းနဲ့ တန်လို့လား”

နတ်သမီးမင်ကျိဟာ အထင်လွဲခံရသလိုမျိုး ခံစားလိုက်ပြီး အင်္ကျီလက်စထဲကို လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပါတယ်။

“ငါ မင်းကို စော်ကားနေတာ မဟုတ်ဘူး၊ ဒါက အမှန်တရားပဲ၊ မင်း ဘယ်နှခါ ကိုယ်ဝန်ဆောင်ပြီးပြီလဲဆိုတာ မသိဘူးမလား၊ မင်းလိုသေမျိုးတစ်ယောက်က လောကဦး နတ်ဘီလူးရဲ့ စွမ်းအားကို တောင့်မခံနိုင်ဘူး၊ လက်လျှော့လိုက်တာ ကောင်းလိမ့်မယ်”

ဟန်ဟွမ်က အထင်သေးစွာ ပြောလိုက်ပါတယ်။ ဟန်ဟွမ်ရဲ့ မျက်လုံးတွေဟာ သွေးလိုနီရဲပြီး ရန်လိုမှုတွေ သတ်ဖြတ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။

နတ်သမီးမင်ကျိဟာ အံကြိတ်လိုက်ပါတယ် “ဒါဆို ယောက်ျားက ဘယ်တော့မှ မျိုးဆက်မယူဖို့ စီစဉ်ထားတာလား”

“ငါ့စွမ်းအားနဲ့ငါ ကလေးတစ်ယောက် ဖန်တီးနိုင်တယ်၊ ငါ မင်းကို မလိုအပ်ဘူး၊ နောက်ကျရင် ငါ့ကို မနှောင့်ယှက်နဲ့၊ ငါ မင်းကို နောက်ထပ် အကြံတစ်ခု ပေးလိုက်မယ်၊ တတ်နိုင်သလောက် မြန်မြန် နောက်ဆုတ်ပြီး အခြေအနေကို ထိန်းချုပ်ဖို့ မကြိုးစားနဲ့၊ မဟာတာအို အနန္တကပ်ဘေး ရောက်လာရင် မင်း ထာဝရပျက်စီးရလိမ့်မယ်၊ မတန်ပါဘူးကွာ”

စကားဆုံးတာနဲ့ ဟန်ဟွမ်ဟာ ပြန်ထိုင်ပြီး မျက်စိမှိတ်ကာ လောကဦးနတ်ဆိုး စစ်သားတွေကို ဆက်ဖန်တီးပါတယ်။

နတ်သမီးမင်ကျိဟာ နှုတ်ခမ်းမဲ့သွားပါတယ် ‘ယောက်ျားက မိန်းမကို ဂရုစိုက်သားနဲ့၊ ဘာဖြစ်လို့ အမြဲတမ်း ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံရတာလဲ’

နတ်သမီးမင်ကျိဟာ ဟန်ဟွမ်ဟာ အစကတည်းက စိတ်ကြီးတာကို တွေးမိလိုက်တဲ့အခါ မကျေမချမ်း ဖြစ်တာတွေ လျော့သွားပါတယ်။ ဟန်ဟွမ်က ကြမ်းပေမဲ့ သူမ ဘေးအန္တရာယ်တွေ့တိုင်း ကာကွယ်ပေးခဲ့တာချည်းပါပဲ။ ဒါကြောင့် ဟန်ဟွမ်ရဲ့ နှလုံးသားထဲမှာ သူ ရှိနေသေးတယ်လို့ နတ်သမီးမင်ကျိက လက်ခံထားပါတယ်။

သူမကလွဲရင် ဘယ်သူကများ လောကဦးနတ်ဘီလူးရဲ့ ဇနီး ဖြစ်နိုင်ဦးမှာလဲ။ နတ်သမီးမင်ကျိရဲ့ စိတ်ဟာ ပြန်ပြီးတော့ ရွှင်ပျသွားပါတယ်။ အဲဒီနောက် နတ်သမီးမင်ကျိဟာ ဟွန်းခနဲ ညင်သာစွာ နှာမှုတ်ပြီး ခန်းမထဲက ထွက်ခွာသွားပါတယ်။

ဟန်ဟွမ်ဟာ မျက်လုံးဖွင့်ပြီး ထွက်ခွာသွားတဲ့ နတ်သမီးမင်ကျိကို ကြည့်လိုက်ပါတယ်။ သူ့မျက်လုံးတွေက အေးစက်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။

‘အချိန်မကျသေးဘူး... ဒီမဟာတာအို အနန္တကပ်ဘေးရဲ့ အထွတ်အထိပ်ကံက နှေးကွေးလွန်းတယ်’

‘ငါ ထပ်စောင့်နေလို့ မဖြစ်တော့ဘူး’

ဟန်ဟွမ်ဟာ ကပ်ဘေးကို ဘယ်လို တွန်းရမလဲဆိုတာ စပြီးတော့ စဉ်းစားပါတယ်။ အဲဒီနောက် ဟန်ဟွမ်ဟာ ရုတ်တရက်ဆိုသလို အကြံတစ်ခု ရသွားတာကြောင့် ပြုံးမိလိုက်ပါတယ်။ မှောင်မိုက်တဲ့ ခန်းမထဲမှာ ဟန်ဟွမ်ရဲ့ အလွန်တရာမှ မိစ္ဆာဆန်ပြီး ရက်စက်လွန်းပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters