အနာဂတ် တာအိုဖန်တီးရှင်
Vol. 105 Ch. 1094
မှောင်မိုက်တဲ့ ဟင်းလင်းပြင်မှာ အရိုးတွေ ဥက္ကာခဲတွေ ရောထွေးပြီး အသက် ကင်းမဲ့နေပါတယ်။ တောက်ပတဲ့ နေတစ်စင်းဟာ ဟင်းလင်းပြင်အဆုံးမှာ တည်ရှိနေပြီး ဒီနေရာရဲ့ တစ်ခုတည်းသော အလင်းရောင် ရင်းမြစ် ဖြစ်ပါတယ်။
ပျက်စီးယိုယွင်းနေတဲ့ နန်းတော်တစ်ဆောင်ဟာ ဟင်းလင်းပြင်ထဲမှာ တိတ်တဆိတ် မျောပါနေပါတယ်။ ခန်းမရှေ့မှာရှိတဲ့ ကျောက်ရုပ်တုတွေကလည်း တော်တော်လေး ပျက်စီးနေပါတယ်။ တချို့ရုပ်တုတွေက ခေါင်းမရှိဘဲ တချို့ရုပ်တုတွေကျပြန်တော့ လက်တွေ မရှိပါဘူး။ ဒီရုပ်တုတွေက ထူးဆန်းပြီး ရက်စက်တယ်လို့ ထင်ရပါတယ်။
ခန်းမထဲမှာ စုချီဟာ တိတ်တဆိတ် တရားထိုင်နေပါတယ်။ ကြမ္မာဆိုးရောင်ဝါက စုချီရဲ့ ခန္ဓာကိုယ်ကို ဝန်းရံထားပါတယ်။ မျက်မှာပေါ်မှာ ပိုးကောင်နက်တွေ တွားသွားနေသလိုမျိုး စုချီရဲ့ မျက်နှာကလည်း ပြောင်းလဲနေပါတယ်။
စုချီဟာ ရုတ်တရက် တစ်စုံတစ်ခုကို ခံစားမိတာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ သူ့ရှေ့မှာ လူတစ်ယောက် ပေါ်လာတာကို တွေ့လိုက်ရပါတယ်။
ဟန်ဟွမ်ပါ။
ဟန်ဟွမ်ဟာ လက်သီးဆုပ်ပြီး ဦးညွှတ်လိုက်ပါတယ် “အစ်ကိုစု... မတွေ့တာ ကြာပြီနော်”
စုချီဟာ ပြုံးလိုက်ပါတယ် “ညီငယ်ဟွမ်... ဘာကိစ္စရှိလို့ ရောက်လာတာလဲ”
စုချီဟာ ပြောပြောဆိုဆို ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ သူ့ရှေ့မှာ ကော်ဇောတစ်ချပ် ပေါ်လာပါတယ်။ ဟန်ဟွမ်ဟာ ကော်ဇောပေါ်မှာ ထိုင်လိုက်ပါတယ်။ အဲဒီနောက် ညီအစ်ကို အချင်းချင်း သာကြောင်းမာကြောင်း မေးမြန်းကြပါတယ်။
သူတို့နှစ်ယောက်က သိပ်ပြီးတော့ သူစိမ်းမဆန်ပါဘူး။ အရင်တုန်းကလည်း သူတို့တွေ တွေ့ဖူးပါတယ်။
စကားခဏ ပြောပြီးနောက် စုချီက မေးလိုက်ပါတယ် “ညီငယ်ဟွမ် ဘာကိစ္စရှိလို့ ငါ့ကို လာရှာတာလဲ”
ဟန်ဟွမ်ဟာ ပြုံးလိုက်ပါတယ် “ကျွန်တော် ပဋိပက္ခကို ဖျက်ဆီးပြီး လောကဦး ပဋိပက္ခကို ဖန်တီးဖို့ ပြင်ဆင်ထားတယ်၊ ကျွန်တော် အောင်မြင်တာနဲ့ ဘာအကန့်အသတ်မှ ရှိတော့မှာ မဟုတ်ဘူး၊ အစ်ကိုလည်း အစ်ကို ကိုယ်ပိုင်မဟာတာအိုကမ္ဘာကို ဖန်တီးနိုင်တယ်၊ အစ်ကို ကျွန်တော်ကို ကူညီမလား”
ဟန်ဟွမ်ဟာ လိုရင်းကို တန်းပြောပြီး စုချီဆီက အဖြေကို စောင့်ပါတယ်။
စုချီဟာ တိတ်ဆိတ်သွားပါတယ်။ ဒီကိစ္စက အရေးကြီးတဲ့အတွက် စုချီဟာ အလျင်စလို မဆုံးဖြတ်ရဲပါဘူး။
ဟန်ဟွမ်ကလည်း အလျင်မလိုတဲ့အတွက် စိတ်ရှည်လက်ရှည် စောင့်ပါတယ်။
အဲဒီနောက် စုချီဟာ ရုတ်တရက် ပြုံးလိုက်ပါတယ် “ကောင်းပြီ၊ တကယ်တော့ ငါလည်း မင်းလိုမျိုး ရည်ရွယ်ချက် ရှိတယ်”
ဟန်ဟွမ်ရဲ့ အပြုံးဟာ ပိုပြီးတော့ ထင်ပေါ်သွားပါတယ်။ ဟန်ဟွမ်နဲ့ စုချီဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြတဲ့အခါ တစ်ယောက်ရဲ့ ခံစားချက်ကို တစ်ယောက် နားလည်သွားပါတယ်။
စုချီ “ပြန်သွားပြီး ပြင်ဆင်ချည်၊ ငါ တခြားပညာသင်ဘက် ညီအစ်ကိုတွေကို ရှာလိုက်ဦးမယ်၊ မင်းနဲ့ ငါ နှစ်ယောက်တည်းနဲ့ ပဋိပက္ခကို လှုပ်ခါနိုင်ဦးမှာ မဟုတ်သေးဘူး”
ဟန်ဟွမ်ဟာ ပခုံးတွန့်လိုက်ပြီး အလင်းတန်းအဖြစ် ပြောင်းလဲကာ ထွက်ခွာသွားပါတယ်။
‘ဆရာ... ဒါက ဆရာပေးတဲ့ တကယ့်တာဝန်လား... လောကဦးနတ်ဘီလူးကို ကူညီတာက စိတ်ဝင်စားဖို့တော့ ကောင်းမယ်၊ ကိုယ့်လူကို ကူညီတာက တခြားလူ အသုံးချခံရတာထက်စာရင် ပိုကောင်းပါတယ်’
.....
တလက်လက် တောက်ပတဲ့ အာကာသမှာ ရောင်ခြည်ခုနစ်ပါး မြစ်တစ်စင်း စီးဆင်းနေပါတယ်။ ဒီနေရာမှာ အရပ်မျက်နှာလည်း မရှိသလို သက်ရှိတွေလည်း မရှိပါဘူး။ ဘယ်ကနေ စီးဆင်းလာမှန်း မသိတဲ့ ဒီအဆုံးမဲ့ မြစ်တစ်စင်းပဲ ရှိပါတယ်။
ကံတရားမြစ်။
ဒါက ပဋိပက္ခရဲ့ ဗဟို ကံတရားမြစ်ပါ။ ဒီမြစ်က အာကာသ၊ အချိန်၊ ကံနဲ့ တခြားနိယာမတွေကို လွှမ်းမိုးထားပါတယ်။ ဒါ့အပြင် ဒီမြစ်က အနန္တကမ္ဘာ ကံတရားမြစ်ရဲ့ အမြစ်တွေကိုလည်း ထိန်းချုပ်ထားပါတယ်။
မြစ်ရဲ့ နက်ရှိုင်းတဲ့ တစ်နေရာကနေ လူတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာပါတယ်။ ဒီလူဟာ ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး သူ့နောက်မှာတော့ ဖီးနစ်နဲ့တူတဲ့ ဧရာမ ငွေရောင် ငှက်တစ်ကောင် ပါလာပါတယ်။
ဒီလူက ဂျိရှင်းရှန်ပါ။
ဂျိရှင်းရှန်ရဲ့ မျက်နှာဟာ အေးစက်နေပါတယ်။ ဂျိရှင်းရှန်ဟာ ကံတရားမြစ်ထဲက ထွက်ပြီးနောက် ရုတ်တရက် ရပ်တန့်ကာ ပြန်လှည့်ကြည့်လိုက်ပါတယ်။ ကံတရားမြစ်က အဆုံးမဲ့ပြီး အနှိုင်းမဲ့ပါတယ်။
“ငါ မင်းလုပ်စရာရှိတာကို လုပ်ပေးမယ်၊ ဒါပေမဲ့ မင်း ငါ့ကိစ္စတွေထဲမှာ ဝင်မပါနဲ့” ဂျိရှင်းရှန်က တည်ငြိမ်စွာ ပြောလိုက်ပါတယ်။
ဒီအချိန်မှာပဲ လှောင်သံတစ်သံ ထွက်ပေါ်လာပါတယ် “မင်းက အခု စွမ်းအားကြီးနေတာ အမှန်ပဲ၊ မင်း ဘာလုပ်ချင်တာလဲ”
ဂျိရှင်းရှန် “မဟာတာအို အနန္တကပ်ဘေးကို ငါ့ညီ ဟန်ဟွမ်က ဦးဆောင်လိမ့်မယ်၊ ဒါက ပဋိပက္ခထဲမှာ အကြီးမားဆုံး မသိကိန်းပဲ၊ ငါ သူ့ကို ကူညီရလိမ့်မယ်”
လျှို့ဝှက်ဆန်းကြယ်တဲ့ အသံက နှာခေါင်းရှုံ့လိုက်ပါတယ် “သူ သေလိမ့်မယ်”
“ငါ မပါရင် သူ သေမှာ၊ ဒါပေမဲ့ အခု မတူတော့ဘူး”
“မင်းစိတ်ကြိုက်သာလုပ်၊ မင်း မဟာတာအို အနန္တကပ်ဘေးကို တွန်းနိုင်ရင်လည်း ငါ့အတွက် တစ်ခုခုလုပ်ပေးနိုင်တာပဲ”
ဂျိရှင်းရှန်ဟာ တစ်ဖက်လှည့်ပြီး ထွက်ခွာသွားပါတယ်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဂျိရှင်းရှန်ဟာ ကံတရားမြစ်ကနေ ပျောက်ကွယ်သွားပါတယ်။
ကံတရားမြစ်ဟာ ပြန်ပြီးတော့ တိတ်ဆိတ်သွားပါတယ်။
.....
နှစ်ဆယ်သန်းကြာပြီးနောက်။
ဟန်ကျွယ်ဟာ နောက်ထပ် မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေးတစ်ကြိမ်ကို ထပ်ရသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ မဟာတာအို အနန္တကပ်ဘေး မတိုင်ခင် ဖန်တီးရှင်သခင် ဖြစ်ချင်ပါတယ်။ ဒါပေမဲ့ ဒီအတောအတွင်း မဟာတာအို အနန္တကပ်ဘေးရဲ့ အထွတ်အထိပ်ကံက ပိုပို အားကောင်းလာပါတယ်။ တစ်ယောက်ယောက်က နောက်ကနေ တွန်းနေတယ်ဆိုတာ ထင်ရှားပါတယ်။
ဒီတွန်းနေတဲ့လူက တခြားလူ မဟုတ်ပါဘူး။ စုချီပါ။
စုချီဟာ စိတ်လွတ်သွားတဲ့ ပုံပါပဲ။ သူ့ရဲ့ ကြမ္မာဆိုးရောင်ဝါကို ပဋိပက္ခ ဟင်းလင်းပြင်မှာ အဆုံးစွန်ထိ ထုတ်လွှတ်ပြီး သောင်းကျန်းပါတယ်။ သူ့ကို ထိမိရင် လောကဦးပဋိပက္ခ တာအိုပညာရှိရဲ့ တာအိုအသီးတောင် အားပျော့သွားပါတယ်။ မဟာတာအိုပညာရှိပဲ စုချီကို တိုက်ရိုက် ထိနိုင်ပါတယ်။
ဟန်ကျွယ်ဟာ စုချီနဲ့ ဟန်ဟွမ်ရဲ့ တွေ့ဆုံမှုကိုလည်း တွက်ချက်မိပါတယ်။
လက်ရှိမှာ ဟန်ဟွမ်ကို ကူညီဖို့ ပြင်ဆင်နေတာက စုချီ တစ်ယောက်တည်း မဟုတ်ပါဘူး။ ဂျိရှင်းရှန်၊ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်၊ ကျန်းယီ၊ လုံဟောင်၊ မုရုံချီနဲ့ ဖန်းလျန်လည်း ပါပါတယ်။
လောကဦးပဋိပက္ခက တော်တော်ကို စွမ်းအားကြီးနေပါပြီ။
‘ဒီကောင်စုတ်လေးတွေ... ဒီလိုဆို ငါလည်း အမြန်လုပ်မှပဲ’
ဟန်ကျွယ်ဟာ အန္တိမမူလကမ္ဘာရဲ့ ကျယ်ပြန့်နှုန်းကို တိုးဖို့ ပြင်ဆင်ပါတယ်။ အရင်တုန်းက ဟန်ကျွယ်ဟာ သံသယဝင်ခံရမှာ ကြောက်လို့ သိသိသာသာ မတိုးချဲ့ခဲ့တာပါ။ အခုတော့ ဟန်ကျွယ် ဂရုမစိုက်နိုင်တော့ပါဘူး။
ယင်ယန်ချွမ်တုနတ်မင်းက အန္တိမမူလ သက်ရှိ ဖြစ်သွားကတည်းက ချွမ်တု မဟာတာအိုကမ္ဘာဟာ ပဋိပက္ခဆီ မချဉ်းကပ်တော့ဘဲ အန္တိမမူလကမ္ဘာဆီ ချဉ်းကပ်ပါတယ်။
အန္တိမမူလကမ္ဘာကလည်း ပဋိပက္ခဆီ ဆက်ပြီးတော့ မသွားတော့ပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် ပဋိပက္ခက အန္တိမမူလကမ္ဘာကို ဝါးမျိုနိုင်စွမ်း မရှိဘူးဆိုတာ သိသာလှပါတယ်။ အန္တိမမူလကမ္ဘာ စွမ်းအားပိုကြီးလာရင် ပဋိပက္ခက အန္တိမမူလကမ္ဘာဆီတောင် ပျံသန်းလာကောင်း ပျံသန်းလာနိုင်ပါတယ်။
“ဒီနေ့ကစပြီး မင်း စိတ်ကြိုက် ကျိန်စာတိုက်လို့ ရတယ်၊ မင်း ကျိန်စာတိုက်ရမဲ့လူတွေက ဟန်ဟွမ်ရဲ့ ရန်သူတွေပဲ” ဟန်ကျွယ်ဟာ ရှန်ဝေါ်ကို ကျိန်စာတိုက်ဖို့ ညွှန်ကြားလိုက်ပါတယ်။
ရှန်ဝေါ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ပျော်ရွှင်သွားပါတယ်။ မူလကျိန်စာကြယ်က ကံနဲ့ ပါဝင်ပတ်သက်ခြင်း မရှိပါဘူး။
လက်ရှိမှာ ရှန်ဝေါ်က မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်ကို ရောက်နေပြီမလို့ တာအိုဖန်တီးရှင်တောင် သူ့ကို တွက်ချက်နိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှန်ဝေါ်က ပဋိပက္ခထဲမှာ ကံမရှိလို့ပါပဲ။ နှစ်သန်းတစ်ရာကျော် ပျိုးထောင်ပြီးနောက် ရှန်ဝေါ်ကို အသုံးချရမဲ့အချိန် ရောက်လာပါပြီ။
“မစိုးရိမ်ပါနဲ့ ကနဦးဘိုးဘေး... ကျွန်တော် ကနဦးဘိုးဘေးကို စိတ်မပျက်စေရပါဘူး” ရှန်ဝေါ်ဟာ စိတ်လှုပ်တရှား ပြောလိုက်ပါတယ်။
ဟန်ကျွယ်ပဲ သူ့အရည်အချင်းကို သိပါတယ်။ ရှန်ရှင်းကိုးဖော်တောင် ရှန်ဝေါ်ရဲ့ အရည်အချင်းကို မသိပါဘူး။
ဟန်ကျွယ်ဟာ ရှန်ဝေါ်ကို လျစ်လျူရှုလိုက်ပါတယ်။
တာအိုဖန်တီးရှင် မလှုပ်ရှားရင် ဘယ်သူမှ ဟန်ဟွမ်ကို မသတ်နိုင်ပါဘူး။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပဲ အနန္တကမ္ဘာမြင်ကွင်းကျယ်ဟာ အဆင့်မြင့်သွားပြီး လုပ်ဆောင်ချက်အသစ်တစ်ခု ထပ်တိုးလာပါတယ်။ အဲဒါကတော့ နေရာပြောင်း သွားလာတာပါ။
တပည့်တွေဟာ တခြားတပည့်တွေဆီကို အနန္တကမ္ဘာ မြင်ကွင်းကျယ်ကနေ နေရာပြောင်း သွားလာလို့ ရပါတယ်။ ဒါပေမဲ့ လိုအပ်ချက် တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ ဒီတပည့်တွေ အကုန်လုံး အနန္တကမ္ဘာမြင်ကွင်းကျယ်ကို အသုံးပြုနိုင်တဲ့လူ ဖြစ်နေဖို့ပါ။ အနန္တကမ္ဘာ မြင်ကွင်းကျယ် မသုံးတဲ့လူဆီကိုတော့ နေရာပြောင်း သွားလာလို့ မရပါဘူး။
ဟန်ကျွယ်ဟာ ပဋိပက္ခကို ကြည့်လိုက်ပါတယ်။
ဂျိရှင်းရှန်၊ တာအိုအရှင်သခင်နဲ့ တခြားလူတွေဟာ လောကဦးနတ်ဆိုး စစ်သားတွေကို ဦးဆောင်ပြီး ပဋိပက္ခကမ္ဘာနဲ့ နယ်မြေတွေကို နေရာတိုင်းမှာ ဖျက်ဆီးနေပါတယ်။ သူတို့တွေဟာ သက်ရှိအားလုံးကို မျိုးတုံးအောင် မသတ်ဖြတ်ပေမဲ့ သူတို့သွားတဲ့ နေရာတိုင်းမှာ အရာအားလုံးကို ဖျက်ဆီးပစ်ပါတယ်။
ပဋိပက္ခတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားပါတယ်။
ပဋိပက္ခကို ဖျက်ဆီးချင်တာက ဟန်ဟွမ် တစ်ယောက်တည်း မဟုတ်ဘဲ တိတ်ဆိတ်ဂိုဏ်းလည်း ပါလာတယ် မဟုတ်ပါလား။
တိတ်ဆိတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိပါ။ ဒါကြောင့် အင်အားစုအသီးသီးဟာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ပါဘူး။
ဒါပေမဲ့ လောကဦးပဋိပက္ခရဲ့ လှုပ်ရှားမှုတွေက တဖြည်းဖြည်း ပိုကြီးမားလာတဲ့အတွက် ပဋိပက္ခဟာ ရွေးချယ်စရာ မရှိဘဲ တုံ့ပြန် တိုက်ခိုက်ရပါတယ်။ ဒီလို ပြန်တိုက်တဲ့အထဲမှာ ကျို့ကဲ့ဂျိသွမ်လည်း ပါပါတယ်။ ကြီးပြင်းလာပြီ ဖြစ်တဲ့ ယွီယွမ်ကလည်း ဂျိရှင်းရှန်ကို ပထမပဋိပက္ခရဲ့ စွမ်းအားနဲ့ တိုက်ခိုက်ပါတယ်။
ဟန်ကျွယ့်ကို ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်စေတာက ဂျိရှင်းရှန်ကို ယွီယွမ် အနိုင်မတိုက်နိုင်တာပါ။ ဒီဖြစ်ရပ်ကြောင့် ဟန်ကျွယ်ဟာ သူ ပဋိပက္ခရှစ်ပါးရဲ့ စွမ်းအားကို အထင်ကြီးမိပြီလို့ ခံစားလိုက်ရပါတယ်။
ဒါပေမဲ့ ဒါကလည်း အဓိပ္ပာယ်ရှိပါတယ်။ ပဋိပက္ခ ရှစ်ပါး မသေခင်တုန်းက သူတို့ထဲမှာ စွမ်းအားအကြီးဆုံးက မဟာတာအို အထွတ်အထိပ်အဆင့်ပဲ ရှိတာပါ။ သူတို့ရဲ့ အားအကောင်းဆုံး အချိန်မှာတောင် လက်ရှိ မဟာတာအိုပညာရှိချုပ်တွေလောက် စွမ်းအားကြီးချင်မှ စွမ်းအားကြီးမှပါ။
နောက်ပြီး ဂျိရှင်းရှန်မှာက ကံကြမ္မာစွမ်းအားလည်း ရှိနေပါသေးတယ်။
ဟန်ကျွယ်ဟာ ဂျိရှင်းရှန် ခန္ဓာကိုယ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ပုန်းအောင်းနေတဲ့ ကံတစ်ခုကို ရှာတွေ့သွားပါတယ်။ ဒီကံရဲ့ ပင်မခန္ဓာကိုယ် ကျင့်ကြံမှုက မဟာတာအိုပညာရှိချုပ်ဆိုပေမဲ့ ဒီကံက ပစ္စုပ္ပန်ကနေ လာတာ မဟုတ်ပါဘူး။ အနာဂတ်ကနေ လာတာပါ။
အနာဂတ် တာအိုဖန်တီးရှင်။
ဒီလူက အခုအချိန်မှာ မဟာတာအိုပညာရှိချုပ် ဖြစ်နေပေမဲ့ နောက်ကျရင် တာအိုဖန်တီးရှင် ဖြစ်လာမှာပါ။
ဟန်ကျွယ်ဟာ ထူးဆန်းတယ်လို့ ခံစားလိုက်ရပါတယ်။ တာအိုဖန်တီးရှင်အဆင့်ကို ရောက်သွားရင် ပစ္စုပ္ပန်နဲ့ အနာဂတ်ကနေ ခုန်ထွက်သွားပါပြီ။ တခြားတာအိုဖန်တီးရှင်တွေရဲ့ အတိတ်ကို ပါဝင်ပတ်သက်နိုင်တဲ့ အကောင်းစား ရတနာ ရှိတယ်ဆိုရင်တောင် တာအိုဖန်တီးရှင်တွေ မသိအောင် ဖုံးကွယ်ထားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။
အဲဒါကြောင့် တာအိုဖန်တီးရှင်တွေဟာ ကာလဒေသကို မသုံးကြပါဘူး။ ဒီလိုလုပ်ရင် တခြား တာအိုဖန်တီးရှင်တွေကို ရန်စမိတာပဲ အဖတ်တင်မှာပါ။
ဟန်ကျွယ်ဟာ စနစ်ရဲ့ တွက်ချက်မှု လုပ်ဆောင်ချက်ကို မသုံးဘဲနဲ့ တန်းမြင်နိုင်ပါတယ်။ တခြား တာအိုဖန်တီးရှင်တွေလည်း မြင်နိုင်လောက်ပါတယ်။
ဒါပေမဲ့ ဒီအနာဂတ် တာအိုဖန်တီးရှင်က သာမန်ထက် ထူးခြားတဲ့လူ ဖြစ်နေပုံပါပဲ။ တခြား တာအိုဖန်တီးရှင်တွေက သူ့ကို အလွယ်တကူ ထိရဲပုံ မပေါ်ပါဘူး။
ဟန်ကျွယ်ဟာ ကြိတ်ရယ်လိုက်ပါတယ် “မင်းက မင်းရဲ့ ကနဦးအဆင့် ကျင့်ကြံမှုနဲ့ အတိတ်မှာ ပါဝင်ပတ်သက်ရဲတယ်၊ ကောင်လေး... မင်းက ဒီအချိန်မှာရှိတဲ့ တာအိုဖန်တီးရှင်တွေကို လျှော့တွက်တာပဲ၊ မင်းက ပဋိပက္ခသိစိတ်ကိုတောင် မီသေးတာ မဟုတ်ဘူး”
မြန်မာပြည် ငြိမ်းချမ်းပါစေ။