မဟာမိတ်များ
Vol. 105 Ch. 1096
“ငါ မင်းနဲ့ တိုက်မယ်”
ဂျိရှင်းရှန်ဟာ ဓားမြှောက်ပြီး လောင်ဇီရှေ့ ရပ်လိုက်ပါတယ်။
လောင်ဇီဟာ မြင်းမြီးယပ်ကို လက်တစ်ဖက်မှာကိုင်ပြီး လက်တစ်ဖက်နဲ့ မုတ်ဆိတ်မွေးကို သပ်လိုက်ပါတယ် “မင်းက ကံကြမ္မာရဲ့ ကာလဒေသကို ခိုးယူပြီး လမ်းမှားလျှောက်တာပဲ၊ မင်း နောင်တ မရတော့ဘူးလား”
ဂျိရှင်းရှန်ဟာ အတိတ်ကို ရွှေ့ပြောင်းသွားလာပြီး လောင်ဇီကို စိန်ခေါ်ခဲ့ပါတယ်။ လောင်ဇီရဲ့ ကျင့်ကြံမှုနဲ့ ဒါကို ထိုးဖောက်မြင်ပြီး တန်ပြန် တိုက်ခိုက်ခဲ့ပါတယ်။ ဟန်ကျွယ်ကြောင့်သာ မဟုတ်ရင် လောင်ဇီဟာ ကာလဒေသကို ဖြတ်ကျော်ပြီး ဂျိရှင်းရှန်ကို သတ်ခဲ့မှာပါ။
ဂျိရှင်းရှန်ဟာ ပြုံးလိုက်ပါတယ် “မဟာတာအိုတောင် သုံးထောင်ရှိတယ်၊ လူတိုင်းမှာ သူတို့အနာဂတ်နဲ့ သူတို့... စကားအပိုမပြောဘဲနဲ့ တိုက်မှာသာ တိုက်စမ်းပါ”
လောင်ဇီဟာ ဘာမှ ထပ်မပြောတော့ပါဘူး။ သူတို့နှစ်ယောက်ဟာ ဓားအလင်းတွေအဖြစ် အသွင်ပြောင်းလဲပြီး ကောင်းကင်ယံဆီ ထိုးတက်သွားကြပါတယ်။ သူတို့နှစ်ယောက်ဟာ ပဋိပက္ခထိပ်ဆုံးဆီ ဦးတည်ရင်း သူသေကိုယ်သေ တိုက်ခိုက်ကြပါတယ်။
ပဋိပက္ခဘက်မှာ မဟာတာအိုပညာရှိချုပ်တွေ ပိုများပေမဲ့ လောကဦးပဋိပက္ခဘက်က မဟာတာအိုပညာရှိချုပ်တွေ အကုန်လုံးကလည်း တော်တော်လေး စွမ်းအားကြီးမားကြပါတယ်။ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်၊ ကျန်းယီ၊ မုရုံချီနဲ့ တခြား တိတ်ဆိတ်ဂိုဏ်း တပည့်တွေဟာ သူတို့ကိုယ်သူတို့ ပဋိပက္ခ အစည်းအဝေးမှာ သက်သေပြခဲ့ပြီးပါပြီ။
ဒါတင်မကသေးပါဘူး။ တိုက်ပွဲစတင်တာနဲ့ မဟာတာအိုပညာရှိချုပ်တွေ ပိုပို ပါဝင်လာပါတယ်။
အနန္တကမ္ဘာ မြင်ကွင်းကျယ်မှာ ပဋိပက္ခ ကောင်းကင်ခွေး ပေါ်လာပါတယ် “ငါတို့တွေ အကူအညီလိုနေတယ်၊ မြန်မြန် နေရာပြောင်းသွားလာပြီး လာကူညီကြ”
ပဋိပက္ခ ကောင်းကင်ခွေးရဲ့ စကားဆုံးတဲ့အခါ အနန္တကမ္ဘာ မြင်ကွင်းကျယ် လူဒါဇင်ကျော် မတ်တတ်ရပ်လိုက်ကြပါတယ်။ သူတို့တွေ အကုန်လုံး ဒုတိယ တာအိုစက်ကွင်းရဲ့ ပဋိပက္ခ နတ်ဘီလူးတွေပါ။
ကွမ်းပုပိုင်ဟာ ရယ်မောလိုက်ပါတယ် “ဟားဟား... နောက်ဆုံးတော့ သတ်လို့ရပြီ၊ တိတ်ဆိတ်ဂိုဏ်းက ဒီမဟာတာအို အနန္တကပ်ဘေးမှာ အရာအားလုံးကို စိုးမိုးရမယ်”
တခြား ပဋိပက္ခ နတ်ဘီလူးတွေလည်း ရယ်မောလိုက်ပါတယ်။
“အပိုတွေ ပြောမနေနဲ့၊ မြန်မြန်လာကြ” ပဋိပက္ခ ကောင်းကင်ခွေးက အပူတပြင်း တိုက်တွန်းပါတယ်။
ပဋိပက္ခ နတ်ဘီလူး ဒါဇင်ကျော်ဟာ မုရုံချီရဲ့ဘေးကို ချက်ချင်း နေရာပြောင်း သွားလာကြပါတယ်။
တစ်ချိန်တည်းမှာပဲ လောကဦးပဋိပက္ခက မဟာတာအိုပညာရှိတွေဟာ အရပ်မျက်နှာတိုင်းကို သန်းရာချီရှိတဲ့ လောကဦးနတ်ဆိုး စစ်သားနဲ့ လောကဦးသက်ရှိတွေ စေလွှတ်ကြပါတယ်။ သူတို့သွားရာ လမ်းတစ်လျှောက်မှာရှိတဲ့ ကမ္ဘာတိုင်း ဖျက်ဆီးခံရပြီး သက်ရှိအားလုံးလည်း ရုပ်ခန္ဓာရော ဝိညာဉ်ရော ချေမှုန်းခံရပါတယ်။
ကံဆိုးမိုးမှောင်ကျမှုတွေနဲ့ မျှော်လင့်ချက် ကင်းမဲ့မှုတွေဟာ ပဋိပက္ခမှာ စတင်ပျံ့နှံ့လာပါတယ်။
ဟန်ဟွမ်က အခုထိတော့ ပေါ်မလာသေးပါဘူး။
သိစိတ်မဲ့နယ်မြေ။
လူတစ်ယောက်ဟာ ပဋိပက္ခအောက်ခြေကို ထိုးဖောက်ပြီး လူပေါင်း မြောက်မြားစွာနဲ့ ပျံတက်လာပါတယ်။ ဒီလူရဲ့ အသွင်က နတ်ဘုရားတစ်ပါးလိုပါပဲ။ သူ့ရောင်ဝါက ကံကြမ္မာရဲ့ အဆုံးသတ်ကနေ လှမ်းထွက်လာတဲ့ စစ်နတ်ဘုရားလိုမျိုး လောကကြီး အက်ကွဲမတတ်ရှိပါတယ်။ သူဝတ်ထားတဲ့ ချပ်ဝတ်ကလည်း မဟာတာအို နတ်သင်္ကေတတွေနဲ့ တောက်ပနေပြီး မရေမတွက်နိုင်တဲ့လူတွေ တရားထိုင်ကာ မန္တန်ရွတ်ဆိုနေသလိုပါပဲ။
“ဟမ်... ဟန်ဟွမ်... ဘဝင်မြင့်မနေနဲ့၊ မင်းကိုယ်မင်း ပြိုင်ဘက်ကင်းပြီလို့ ထင်နေတာလား”
ရွှေချပ်ဝတ်နဲ့ နတ်အရိပ်ဟာ အေးစက်စွာ နှာမှုတ်လိုက်ပါတယ်။ သူ့လေသံကလည်း ဗိုလ်ကျခက်ထန်လွန်းပြီး ပဋိပက္ခမှာ ပဲ့တင်ထပ်သွားပါတယ်။
တခြားတစ်ဖက်မှာတော့...
အဆုံးမဲ့သွေးပင်လယ်ဟာ ရှီထျန်ထဲကနေ ထိုးထွက်လာပြီး ဟင်းလင်းပြင်ကို လွှမ်းမိုးကာ ပဋိပက္ခစစ်မြေပြင်ဆီ ပျံ့နှံ့လာပါတယ်။
သွေးပင်လယ်ထဲမှာတော့ ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်းက အောက်ပိုင်းက သွေးနဲ့တူတဲ့ လူတစ်ယောက် ရှိနေပါတယ်။ ဒီလူဟာ သွေးပင်လယ်နဲ့ ပေါင်းစပ်နေပြီး သူ့ရဲ့ ဆံပင်ရှည်တွေက လေထဲမှာ လူးလွန့်နေပါတယ်။ သူ့ရဲ့ အေးစက်ပြီး မိစ္ဆာဆန်တဲ့ မျက်နှာကလည်း တိုက်ခိုက်လိုစိတ်တွေ ပြည့်နေပါတယ်။ နဖူးပေါ်က မျက်လုံးနှစ်လုံးဟာလည်း အလင်းနက်ကို ထုတ်လွှတ်နေတဲ့ သွေးသလင်းကျောက်လိုမျိုးပါပဲ။
“လောကဦးနတ်ဘီလူး... မင်းက ဘယ်လိုလဲဆိုတာ ငါ မြင်ချင်သေးတယ်”
သွေးပင်လယ်ထဲက မျက်လုံးလေးလုံး အမျိုးသားဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။ သူ့မျက်လုံးတွေကတော့ သတ်ဖြတ်ငွေ့ အပြည့်ပါပဲ။
သွေးပင်လယ်ရဲ့ လှုပ်ရှားမှု ပိုပိုမြန်လာပြီး ရေးတေးတေး ကျယ်ပြန့်နေပါတယ်။
သာလွန်နယ်မြေ။
တန်ခိုးစွမ်းအားကြီးမားတဲ့ ဖန်တီးရှင်ဧကရာဇ် ရုံးတော်ရဲ့ စစ်တပ်ဟာ ဟင်းလင်းပြင်မှာ ချီတက်နေပါတယ်။ ဟန်ယဲ့၊ ဟန်ယောင်နဲ့ ဟန်ပါရှန်တို့က ဒီစစ်တပ်ကို ဦးဆောင်လာပါတယ်။ သူတို့သုံးယောက်က ရှေးဆုံးကနေ ချီတက်ပြီး သူတို့နောက်မှာ စစ်သား အမြောက်အမြား၊ ခမ်းနားထည်ဝါတဲ့ ယာဉ်ပျံတွေ၊ စိတ်ဝိညာဉ်သားရဲတွေနဲ့ သားရဲကြမ်းတွေ လိုက်ပါလာပါတယ်။
ဟန်ယောင်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... ဒီရောင်ဝါက တကယ်ကို အားကောင်းလွန်းတယ်၊ ပဋိပက္ခမှာ ဒီလောက်များတဲ့ မဟာတာအိုပညာရှိချုပ်တွေ ပုန်းနေလိမ့်မယ်လို့ ထင်မထားဘူး”
ဟန်ပါရှန် “အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးက သက်ရှိ အမြောက်အမြားကို မျိုးတုံးအောင် သတ်ဖြတ်ပေမဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက သိပ်ထိခိုက်တာ မဟုတ်ဘူး၊ နောက်ပြီး ပါရမီရှင်တွေက ဆက်တိုက်ကို ပေါ်လာတာ”
ဟန်ယဲ့ကတော့ ရှေ့ကိုပဲ အေးစက်စွာ စိုက်ကြည့်နေပါတယ်။
ဟန်ယောင်ဟာ ဒါကို သတိထားမိသွားပြီး စလိုက်ပါတယ် “ညီကို... တိုက်ခိုက်ရမဲ့အချိန်ရရင် မင်း ငါတို့ကို သစ္စာဖောက်မှာလား”
ဟန်ယဲ့နဲ့ ဟန်ဟွမ်ဟာ အတူ တိုက်ခိုက်ဖူးပါတယ်။ နောက်ပြီး သူတို့နှစ်ယောက်က စရိုက်တူတဲ့အတွက် မကြာခဏ တာအိုဆွေးနွေးခဲ့ကြပါတယ်။
ဟန်ယဲ့ဟာ ဟန်ဟွမ် သစ္စာဖောက်သွားတာကို လက်မခံနိုင်ဆုံးပါ။
“ဟမ်... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ငါက သူ့ကို အမြဲတမ်း အနိုင်ယူချင်ခဲ့တာ”
ဟန်ယဲ့ဟာ ဟန်ယောင်ကို ဂရုမစိုက်တော့ဘဲ ဟွန်းခနဲ နှာမှုတ်လိုက်ပါတယ်။
ဒီအချိန်မှာ မဟာတာအိုကမ္ဘာ အသီးသီးရဲ့ အင်အားစုတွေဟာ စစ်မြေပြင်ဆီ အပြေးသွားပြီး လောကဦးပဋိပက္ခကို ဟန့်တားနိုင်ဖို့ ကြိုးစားပါတယ်။
ဒီတိုက်ပွဲက ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ တိုက်ပွဲကြီးပါ။ တိုက်ပွဲက ပြင်းထန်လွန်းလို့ ပဋိပက္ခအစွန်းဟာ အက်ကွဲလာပါတယ်။
.....
ခရမ်းရောင်ချီ ပင်လယ်လို့ ထင်ရတဲ့ ရှေးဟောင်း လောကဦးကမ္ဘာမှာ ဟွမ်ဇွမ်တျန်ဟာ တရားထိုင်နေပါတယ်။ ဟွမ်ဇွမ်တျန်နားမှာ အရိုးတွေ စုစည်းပြီး စက်ဝိုင်းပုံ ဖြစ်နေပါတယ်။ တိတိကျကျ ပြောရရင်တော့ မူလလောကဦးပါ။
မူလလောကဦးဟာ ဟွမ်ဇွမ်တျန်ကို ခန္ဓာသိမ်းပြီး ဝိညာဉ်ကို ဖိနှိပ်ထားပါတယ်။
မူလောကဦးဟာ မျက်လုံးဖွင့်ပြီး တောက်လောင်တဲ့ အကြည့်နဲ့ ရေရွတ်လိုက်ပါတယ် “ဟန်ဟွမ်... ကြည့်ရတာ မင်းက တကယ့် လောကဦးနတ်ဘီလူးပဲ၊ ဒါဆို ငါ မအောင်မြင်တာ မင်းကြောင့်ပေါ့”
မူလလောကဦးဟာ ညာလက်ကို မြှောက်လိုက်တဲ့အခါ လက်ဖဝါးပေါ်မှာ ဟွမ်ဇွမ်တျန် ဝိညာဉ်ရဲ့ အရိပ် ပေါ်လာပါတယ်။
“ငါ့ကိုပြောစမ်းပါ... ဒီမဟာတာအို အနန္တကပ်ဘေးမှာ ငါတို့တွေ ဘာလုပ်သင့်လဲ’ မူလလောကဦးဟာ ငုံ့ကြည့်ပြီး မေးလိုက်ပါတယ်။
ဟွမ်ဇွမ်တျန်ဟာ မော့ကြည့်ပြီး နှာခေါင်းရှုံ့လိုက်ပါတယ် “ဟွန်း... ငါ့အမြင်က အရေးကြီးလို့လား”
“ငါ ဟန်ဟွမ့်ကို ကူညီဖို့ စဉ်းစားမိလို့”
“ရို့... မင်းက တကယ်ကို ကျိုးကြောင်းဆီလျော်တာပဲ၊ လောကဦးနတ်ဘီလူးနှစ်ပါး ပူးပေါင်းပြီး အဆုံးမဲ့ခေတ်ကို ဖန်တီးရင် လောကဦးပဋိပက္ခနှစ်ခု ပေါ်လာတာက ဖြစ်သင့်တဲ့ကိစ္စပဲ၊ မင်း ဟန်ဟွမ်နဲ့ ရန်သူလုပ်လို့ ဟန်ဟွမ်သေသွားရင် ဒီအင်အားစုတွေကို မင်းနိုင်မှာမှ မဟုတ်တာ” ဟွမ်ဇွမ်တျန်က သရော်လိုက်ပါတယ်။
မူလလောကဦးဟာ ဟွမ်ဇွမ်တျန်ရဲ့ သရော်သံကို ဂရုမစိုက်ဘဲ ခေါင်းညိတ်ပြီး သဘောတူလိုက်ပါတယ် “လောကဦးနတ်ဘီလူး တိုက်ပွဲက အခု မဟုတ်သေးဘူး၊ အနာဂတ် အဆုံးမဲ့ခေတ်မှာပဲ၊ ဒီလိုဆိုတော့ ငါတို့တွေ ဟန်ဟွမ်ကို အတူ ကူညီကြရအောင်”
“ငါတို့တွေ ဘယ်တော့ သွားမှာလဲ”
“အချိန်နည်းနည်း ထပ်စောင့်ရအောင်၊ ဟန်ဟွမ်ပြီးမှ ငါတို့တွေ မျှော်လင့်ချက်မဲ့ ဒုတိယလှိုင်းကို စတင်ကြတာပေါ့”
“ပဋိပက္ခထဲမှာ ရေစီးကြောင်းကို ပြောင်းပြန်လှန်နိုင်တဲ့ စွမ်းအား ရှိသေးလို့လား”
“ပဋိပက္ခကို လျှော့မတွက်နဲ့၊ လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုတစ်ခုက အရာအားလုံးကို နောက်ကွယ်ကနေ ကြိုးကိုင်နေတာ၊ သေချာ စဉ်းစားကြည့်ရင် မင်း အာရုံခံမိလိမ့်မယ်”
ဟွမ်ဇွမ်တျန် တိတ်ဆိတ်သွားပြီး အတွေးနက်သွားပါတယ်။
မူလလောကဦးက ရုတ်တရက် ပြုံးလိုက်ပါတယ် “ပွဲကြီးပွဲကောင်း လာပြီ”
မူလလောကဦးရဲ့ရှေ့မှာ အလင်းမျက်နှာပြင်တစ်ခု ပေါ်လာပြီး ပဋိပက္ခ စစ်ပွဲကို ပြသပါတယ်။
ဟွမ်ဇွမ်တျန် ကြည့်လိုက်တဲ့အခါ မဟာတာအို သုံးထောင်အထက်မှာ နတ်အာဏာရှင်စစ်သူကြီး တစ်သောင်း ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ ဒီနတ်အာဏာရှင် စစ်သူကြီးတွေက ထိပ်တန်း မဟာတာအိုပညာရှိ တစ်သောင်းနဲ့ ညီမျှပါတယ်။
ဒီနတ်အာဏာရှင် စစ်သူကြီးတွေဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ရင်ဆိုင်တုန်းကထက် စွမ်းအားပိုကြီးလာကြပါတယ်။ နတ်အာဏာရှင် စစ်သူကြီးတွေကို ဆင့်ခေါ်တဲ့လူကတော့ အန္တိမဒဏ်ခတ်နတ်မင်းပါ။
အန္တိမဒဏ်ခတ်နတ်မင်းဟာ ရှေးဟောင်း မဟာတာအို နတ်စိတ်ဝိညာဉ် ဒါဇင်ကျော်နဲ့ ရောက်လာပြီး အခြေအနေကို ပြောင်းပြန်လှန်ကာ လောကဦးပဋိပက္ခကို ဖိနှိပ်ပါတယ်။
တတိယ တာအိုစက်ကွင်း။
ဟန်ကျွယ်လည်း ဒီတိုက်ပွဲကို ကြည့်နေပါတယ်။ ဒါပေမဲ့ မဟာတာအို အနန္တကပ်ဘေးက အခုမှ စတင်တာမလို့ အချိန် အကြာကြီး ကြာမြင့်မှာပါ။
ခဏကြည့်ပြီးတာနဲ့ ဟန်ကျွယ်ဟာ ပျင်းသွားပါတယ်။ ဟန်ကျွယ်အတွက် ဒီတိုက်ပွဲကို ကြည့်တာထက် ကျင့်ကြံတာက အရေးပိုကြီးပါတယ်။ ဟန်ကျွယ်ဟာ ဖန်တီးရှင်သခင်အဆင့်ကို တော်တော်လေး ရောက်ချင်နေပါပြီ။
ဟန်ကျွယ်ဟာ ဗလာနယ်မြေကို ကြည့်လိုက်ပါတယ်။ ချွမ်တု မဟာတာအိုကမ္ဘာက အန္တိမမူလကမ္ဘာနဲ့ ပိုပိုနီးလာပါတယ်။ ယင်ယန်ချွမ်တုနတ်မင်းက သူ့မဟာတာအိုကမ္ဘာကို မတားပါဘူး။ ယင်ယန်ချွမ်တုနတ်မင်းက သူ့မဟာတာအိုကမ္ဘာကို စတေးဖို့ ပြင်ဆင်ထားတာ သိသာလှပါတယ်။
ဒါကြောင့် ယင်ယန်ချွမ်တုနတ်မင်း ဟန်ကျွယ်လက်အောက် ခိုလှုံသွားတယ်ဆိုတဲ့အချက်က ဖုံးထားဖို့ မဖြစ်နိုင်တော့ပါဘူး။ တခြား တာအိုဖန်တီးရှင်တွေက ဟန်ကျွယ် ယင်ယန်ချွမ်တုနတ်မင်းကို ဖိအားပေးတယ်လို့ တွေးထင်ရင်တောင် ချွမ်တု မဟာတာအိုကမ္ဘာ ဝါးမျိုခံလိုက်ရတာနဲ့ ယင်ယန်ချွမ်တုနတ်မင်းက ဟန်ကျွယ်ရဲ့ စကားကို မြေဝယ်မကျ နားထောင်ရမယ်ဆိုတာ သိပါတယ်။
ဟန်ကျွယ်ဟာ ပြုံးပြီး မျက်စိမှိတ်လိုက်ပါတယ်။
.....
လျှို့ဝှက်ဆန်းကြယ်နယ်မြေ။
သဏ္ဍာန်မဲ့နတ်မင်းဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ တွေ့ဆုံပါတယ်။
“ငါ ဟန်ဟွမ့်ကို ကူညီချင်တယ်”
သဏ္ဍာန်မဲ့နတ်မင်းရဲ့ စကားကြောင့် မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ လန့်သွားပါတယ်။
“စီနီယာ...”
“ရှင်းပြစရာ မလိုဘူး၊ မင်းလည်း ဒီလိုလုပ်ဖို့ စဉ်းစားထားတယ်မလား”
“ကျေးဇူးတင်ပါတယ် စီနီယာ”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အသက်အရှည်ကြီး ရှူသွင်းပြီး ကျေးဇူးတင်စကား ပြောလိုက်ပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ် ဟန်ဟွမ်ကို ကူညီတာက သူတို့ရဲ့ ဆက်ဆံရေးကြောင့်တင် မဟုတ်ပါဘူး။ ဟန်ဟွမ်က နိုင်နိုင်ခြေ ပိုများတယ်လို့ ခံစားရတာကြောင့်လည်း ပါပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။