← Chapters

လောကဦးဘိုးဘေး နတ်ဘုရား ပြန်ရှင်ခြင်း

Vol. 105 Ch. 1097

လောကဦးဘိုးဘေး နတ်ဘုရား ပြန်ရှင်ခြင်း

Vol. 105 Ch. 1097

ဖန်တီးရှင်ဧကရာဇ်ရုံးတော်က ပဋိပက္ခစစ်မြေပြင်ဆီ ချီတက်ပြီး ပဋိပက္ခကို စစ်ကူပေးဖို့ ပြင်ဆင်သလို သာလွန်နယ်မြေထဲမှာရှိတဲ့ ကောင်းကင်ရုံးတော်ကလည်း စစ်တပ်ကို စုစည်းပါတယ်။

သာလွန်အင်အားစု အသီးသီးဟာ တိုက်ပွဲအတွက် ပြင်ဆင်ကြပေမဲ့ ကောင်းကင်ရုံးတော်က ပဋိပက္ခကို မကူညီဘဲ ဟန်ဟွမ်ကို ကူညီလိမ့်မယ်လို့ အိပ်မက်တောင် မက်မထားခဲ့ပါဘူး။

.....

ကောင်းကင်တာအို။

ကောင်းကင်တာအိုပညာရှိ တစ်ထောင်ကျော်ဟာ စကြဝဠာခန်းမမှာ စုဝေးနေကြပါတယ်။ အကုန်လုံးရဲ့ မျက်နှာတွေက လေးနက် တည်ကြည်နေကြပါတယ်။

ချုံရှီလိုင် “ဟွန်း... ပဋိပက္ခနဲ့ လောကဦးပဋိပက္ခရဲ့ တိုက်ပွဲက တားမရတော့ဘူး၊ တိတ်ဆိတ်ဂိုဏ်းက လောကဦးပဋိပက္ခကို အားပေးကူညီတယ်၊ ကောင်းကင်တာအိုလည်း ဘက်ရွေးသင့်ပြီ၊ ငါကတော့ လောကဦးပဋိပက္ခကို ကူညီသင့်တယ်လို့ ထင်တယ်၊ ကောင်းကင်တာအို ဘယ်လို အင်အားကြီးလာလဲဆိုတာ မမေ့နဲ့၊ တိတ်ဆိတ်ဂိုဏ်းကြောင့်သာ မဟုတ်ရင် ပဋိပက္ခက ကောင်းကင်တာအိုကို ဒီအတိုင်း ထိုင်ကြည့်နေမယ်လို့ ထင်လား၊ လောကဦးပဋိပက္ခ ကျရှုံးရင် ပဋိပက္ခက ဒါကို ရမယ်ရှာပြီး ကောင်းကင်တာအိုကို ဖိနှိပ်တာ ဖျက်ဆီးတာတွေ လုပ်လာနိုင်တယ်”

ချုံရှီလိုင်ရဲ့ စကားကို မျိုးဆက်ဟောင်း တာအိုပညာရှိတွေကို ထောက်ခံကြပါတယ်။ အရင်တုန်းက ကောင်းကင်တာအို ဘယ်လိုမျိုး ခက်ခက်ခဲခဲ ရှင်သန်ခဲ့ရလဲဆိုတာ သူတို့ပဲ သိကြပါတယ်။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ကူညီမှုကြောင့်သာ မဟုတ်ရင် ကောင်းကင်တာအိုက အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပျက်စီးသွားခဲ့ပြီးပါပြီ။

ဒါပေမဲ့ မျိုးဆက်သစ် တာအိုပညာရှိတွေကတော့ ဒီလိုမတွေးပါဘူး။ သူတို့တွေဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို တစ်ခါမှ မမြင်ဖူးတဲ့အတွက် တိတ်ဆိတ်ဂိုဏ်းက စွမ်းအားကြီးတယ်လို့ပဲ တွေးထားကြပါတယ်။ ပြိုင်ဘက်ကင်းတယ်လို့ မမြင်ပါဘူး။

တာအိုပညာရှိတစ်ပါးက ပြောလိုက်ပါတယ် “ဒါပေမဲ့ ဟန်ဟွမ်က ပဋိပက္ခထဲမှာရှိတဲ့ သက်ရှိအကုန်လုံးကို ဖျက်ဆီးချင်တာလေ၊ ဒါက ဧရာမ ပြစ်မှုကြီးပဲ”

သူ့စကားကို တာအိုပညာရှိ တော်တော်များများက ထောက်ခံကြပါတယ်။

“ဟုတ်တယ်၊ ဟန်ဟွမ်က ရက်စက်လွန်းတယ်၊ ကောင်းကင်တာအို သူ့ကို ကူညီရင် အမှန်အမှားတောင် မခွဲနိုင်ဘူးလို့ လူပြောခံရလိမ့်မယ်”

“အတိတ်က အတိတ်ပဲ၊ ကျွန်တော်တို့တွေ ဟန်ဟွမ်ကို ဒီနေ့ ကူညီလိုက်လို့ နောက်ကျ သူက ကောင်းကင်တာအိုကို ဖျက်ဆီးချင်ရင် အဲဒီအချိန်ကျ ကျွန်တော်တို့ကို ဘယ်သူက ကူညီမှာလဲ”

“ဟုတ်တယ်၊ ကျွန်တော်တို့တွေ ကျွန်တော်တို့ရဲ့ ကိုယ်ကျင့်သိက္ခာကို အဆုံးရှုံးခံလို့ မဖြစ်ဘူး၊ ရှင်သန်ဖို့အတွက်နဲ့ မျက်စိစုံမှိတ်ပြီး သူများနောက် လိုက်နေလို့ မရဘူး”

“တာအိုပညာရှိတွေက ရှင်သန်ဖို့ သူတို့ရဲ့ တာအိုနှလုံးသားကို အသုံးပြုသင့်တယ်၊ ဘယ်ဟာက မှန်တယ်၊ ဘယ်ဟာက မှားတယ် ဆိုတာကို သူတို့တွေ မသိဘဲ နေပါ့မလား”

“ဟန်ဟွမ်က ကောင်းကင်တာအိုကို အလွတ်ပေးမယ်လို့မှ မပြောတာ၊ ငါတို့က သူ့ကို တောင်းပန်ရမှာလား”

မျိုးဆက်သစ် တာအိုပညာရှိတွေဟာ ပြောလေလေ စိတ်လှုပ်ရှားလေလေ ဖြစ်လာပါတယ်။ တာအိုပညာရှိ တော်တော်များများက ဟန်ဟွမ်နဲ့ ရန်သူလုပ်ဖို့ ထောက်ခံကြပါတယ်။

ကောင်းကင်အရှင်ဝူဖာဟာ မျက်မှောင်ကြုတ်သွားပြီး မကျေမနပ် ဖြစ်သွားပါတယ်။

ဟန်ယွင်ကျင်းကလည်း မျိုးဆက်သစ် တာအိုပညာရှိတွေ စည်းကျော်ပြီး တိတ်ဆိတ်ဂိုဏ်းနဲ့ ဟန်မိသားစုကို အပြစ်ပြောတဲ့အခါ မကျေမနပ် ဖြစ်လာပါတယ်။

ကောင်းကင်အရှင်ရွှမ်တုဟာ မနေနိုင်ဘဲ ဝင်ပြောလိုက်ရပါတယ်၊ “ကောင်းကင်တာအိုက တကယ်တော့ မဟာတာအိုကမ္ဘာ တစ်ခုပဲ၊ ပဋိပက္ခ မပိုင်ဘူး၊ မင်းတို့တွေ သေချာစဉ်းစားဖို့ လိုတယ်၊ ဟန်ဟွမ်နိုင်ရင် ကောင်းကင်တာအို ဘယ်လိုဖြစ်မယ်လို့ ထင်လဲ”

မျိုးဆက်သစ် တာအိုပညာရှိတွေဟာ ဂနာမငြိမ် ဖြစ်သွားကြပါတယ်။ သူတို့တွေဟာ ဟန်ဟွမ် ရှုံးလိမ့်မယ်လို့ တွေးထားကြတာပါ။

ရှေးခေတ်ကတည်းက မကောင်းမှုကို ကောင်းမှုက အမြဲတမ်း အနိုင်ယူခဲ့ပါတယ်။ ဒီအတွေးအခေါ်ကို မျိုးဆက်သစ် တာအိုပညာရှိတွေဟာ ငယ်ငယ်လေးကတည်းက လက်ခံထားခဲ့ကြပါတယ်။

ဒါ့အပြင် ကောင်းကင်တာအိုကလည်း ကောင်းကင်တာအို တစ်ခုလုံး ပျက်စီးလောက်တဲ့ ကပ်ဘေးမျိုးကို မကြုံရတာ အတော်ကြာသွားခဲ့ပါပြီ။ ဒါကြောင့် တွေးခေါ်လွန်ပြီး သေမျိုးတွေရဲ့ ကိုယ်ကျင့်တရားကို အလေးပေးလွန်းနေတာပါ။

မျိုးဆက်သစ် တာအိုပညာရှိတွေက‌ သေမျိုးတွေကနေ ကြီးပြင်းလာခဲ့ကြတာ မဟုတ်ပါလား။

ပန်ရှင်းဟာ လူဆိုးပြုံး ပြုံးလိုက်ပါတယ် “ဒီလိုဆိုမှတော့ ကောင်းကင်တာအိုကို နှစ်ဖွဲ့ခွဲလိုက်တာ ကောင်းလိမ့်မယ်၊ တစ်ဖွဲ့က ဟန်ဟွမ်ကို ကူညီ နောက်တစ်ဖွဲ့က ပဋိပက္ခကို ကူညီပေါ့၊ ဘယ်သူပဲ နိုင်နိုင် ဘယ်သူပဲ ရှုံးရှုံး ကောင်းကင်တာအိုက ဆက်ပြီးတော့ ရပ်တည်နိုင်လိမ့်မယ်”

မျိုးဆက်သစ် တာအိုပညာရှိတွေ တိတ်ဆိတ်သွားပါတယ်။ သူတို့တွေဟာ ငတုံး မဟုတ်ပါဘူး။ မျိုးဆက်ဟောင်း တာအိုပညာရှိတွေက ဟန်ဟွမ်ကို ကူညီချင်တယ်ဆိုတာ သူတို့တွေ သိပါတယ်။

ကောင်းကင်တာအိုမှာ မျိုးဆက်ဟောင်းနဲ့ မျိုးဆက်သစ်အဖွဲ့က အသက်အရွယ်ပဲ ကွာခြားတာ မဟုတ်ပါဘူး။ စွမ်းအားလည်း ကွာခြားပါတယ်။ မျိုးဆက်ဟောင်း တာအိုပညာရှိတွေရဲ့ စွမ်းအားက မျိုးဆက်သစ် တာအိုပညာရှိတွေထက် အများကြီး သာလွန်ပါတယ်။

တာအိုပညာရှိတစ်ပါးက မတ်တတ်ရပ်ပြီး မေးလိုက်ပါတယ် “စီနီယာတို့က ဟန်ဟွမ် နိုင်မယ်လို့ ဘာဖြစ်လို့ ထင်ရတာလဲ၊ သူက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ သားဖြစ်တာကြောင့်လား၊ ဖန်တီးရှင်ဧကရာဇ် ရုံးတော်ထဲမှာလည်း ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာပညာရှိရဲ့ မျိုးဆက်တွေ ရှိတာကို မေ့မထားနဲ့၊ ဒဏ္ဍာရီလာ ဧကရာဇ်က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ သမီးရင်း”

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက မဟာတာအို အနန္တကပ်ဘေးထဲ ဝင်မပါတာ ဖြစ်နိုင်တယ်၊ ကျွန်တော်တို့တွေ လောကဦးပဋိပက္ခကို ကူညီရင် ဟန်ဟွမ်က ကျွန်တော်တို့ရဲ့ သခင် ဖြစ်သွားလိမ့်မယ်၊ ဟန်ဟွမ်က ကောင်းကင်တာအိုအတွက် ဘာယူလာပေးနိုင်မလဲဆိုတာ စဉ်းစားကြည့်ပါ၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို မျက်စိစုံမှိတ်ပြီး မယုံကြည်သင့်ဘူး”

ဒီစကားကို မျိုးဆက်သစ် တာအိုပညာရှိတွေက ထောက်ခံကြပါတယ်။ သူတို့အမြင်မှာ မျိုးဆက်ဟောင်း တာအိုပညာရှိတွေက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ယုံကြည်မှု လွန်ကဲလွန်းပါတယ်။ ရှင်းအောင် ပြောရရင် ယုံကြည်တယ်ဆိုတာထက် ကြောက်နေကြတာပါ။

ကောင်းကင်အရှင်ရွှမ်တု “ဒါဆိုလည်း လောလောဆယ် ဆက်ပြီးတော့ စောင့်ကြည့်ရအောင်၊ ဒါပေမဲ့ မင်းတို့တွေ တစ်ခုတော့ သိထားရမယ်၊ ဟန်ဟွမ် အရေးသာမှ ကောင်းကင်တာအိုက ကူညီမယ်ဆိုရင် ရလာမဲ့ အကျိုးအမြတ်ကလည်း နည်းသွားလိမ့်မယ်”

ဒီအစီအစဉ်ကို မျိုးဆက်သစ် တာအိုပညာရှိတွေက ထောက်ခံကြပါတယ်။ အကျိုးအမြတ် နည်းနည်းပဲ ရမှာကိုတော့ သူတို့တွေ ဂရုမစိုက်ကြပါဘူး။ သူတို့က သူတို့ရဲ့ လက်ရှိစွမ်းအားနဲ့ အသက်ကိုပဲ ပိုပြီးတော့ ကာကွယ်ချင်ကြပါတယ်။

“ဝုန်း... ဝုန်း... ဝုန်း...”

မဟာတာအိုပညာရှိချုပ်တွေရဲ့ တိုက်ပွဲကြောင့် မဟာတာအိုသုံးထောင်ဟာ ပြင်းထန်စွာ လှုပ်ခါသွားပါတယ်။ တချို့ မဟာတာအိုတွေဆို ပြိုလဲပြီး ပဋိပက္ခဖွဲ့စည်းမှုကို ဖရိုဖရဲ ဖြစ်သွားစေပါတယ်။

မဟာတာအိုပညာရှိချုပ်တွေဟာ အကြိတ်အနယ် တိုက်ခိုက်ကြပါတယ်။

မဟာတာအိုပညာရှိတွေလည်း လူအုပ်ကြီးကို ဦးဆောင်ပြီး သတ်ဖြတ်ကြပါတယ်။ ဒီလိုနဲ့ ပဋိပက္ခတစ်ခုလုံးမှာ အရွယ်အစားစုံ စစ်မြေပြင် တစ်သန်းကျော် ပေါ်‌ပေါက်လာပါတော့တယ်။

ဟန်ယဲ့ဟာ လောကခွင်းလေးကို ကိုင်ပြီး လောကဦးနတ်ဆိုး စစ်သား တစ်သန်းကို မြားတစ်စင်းတည်းနဲ့ သုတ်သင်လိုက်ပါတယ်။

တာအိုအရှင်သခင်ဟာ ဟန်ယဲ့ရှေ့မှာ ပေါ်လာပြီး လမ်းပိတ်ရပ်လိုက်ပါတယ်။

ဟန်ယဲ့ဟာ တာအိုအရှင်သခင်ကို သိပါတယ် “စီနီယာ... တိတ်ဆိတ်ဂိုဏ်းက တကယ်ပဲ ဟန်ဟွမ်ကို ကူညီချင်တာလား၊ ဒါ စီနီယာရဲ့ ဆန္ဒလား၊ ကနဦးဘိုးဘေးရဲ့ ဆန္ဒလား”

တာအိုအရှင်သခင်ဟာ ပြုံးလိုက်ပါတယ် “ငါ့ဆရာသခင်က တံခါးပိတ်ကျင့်ကြံရင်း အလုပ်များနေတာ ပဋိပက္ခကို ဂရုမစိုက်အားဘူး၊ မင်း ဘာဖိအားမှာ ခံစားနေစရာ မလိုဘူး၊ ဒီမဟာတာအို အနန္တကပ်ဘေးမှာ မင်းအတွက်ပဲ မင်းတိုက်ခိုက်၊ ဘယ်ဘက်ပဲဖြစ်ဖြစ် နှစ်ဖက်စလုံးက ဖန်တီးမှုအတွက် တိုက်ခိုက်နေကြတာပဲ”

ဟန်ကျွယ် ဝင်မပါဘူးဆိုတာ သိလိုက်ရတဲ့အတွက် ဟန်ယဲ့ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ဟန်ယဲ့ဟာ ကနဦးဘိုးဘေးကို မမြင်ရတာ တော်တော်လေး ကြာသွားပြီဆိုပေမဲ့ သူ့နှလုံးသားထဲမှာ ဟန်ကျွယ်က အလေးစားရဆုံး တည်ရှိမှု ဖြစ်နေတုန်းပါ။

ကနဦးဘိုးဘေးကြောင့်သာ မဟုတ်ရင် သူ ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲ ကျဆင်းပြီး ဒီနေ့လို အခြေအနေမျိုးကို ရောက်လာနိုင်မှာ မဟုတ်ပါဘူး။

“ဆရာပေးထားတဲ့ အန္တိမတာအိုရတနာကို ကြည့်ရအောင်”

တာအိုအရှင်သခင် လက်မြှောက်လိုက်တဲ့အခါ သူ့နောက်မှာ မဟာတာအိုကမ္ဘာ ဓမ္မရုပ်တု ပေါ်လာပါတယ်။

ဟန်ယဲ့ဟာ လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပါတယ် “ကျွန်တော်ရဲ့လေးက မဟာတာအိုကမ္ဘာတွေကို ကန့်သတ်တဲ့နေရာမှာ အထူးကောင်းတယ်၊ စီနီယာ... ဂရုစိုက်ပါ”

“အဲဒီလိုလား၊ အဲဒါဆိုရင် မင်း ငါ့ရဲ့ မဟာတာအိုကမ္ဘာကို ချိုးဖျက်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့” တာအိုအရှင်သခင်ဟာ ဂုဏ်ယူစွာပြုံးလိုက်ပါတယ်။ အဲဒီနောက် မျက်လုံးကျဉ်းပြီး ဟန်ယဲ့ကို သူ့ မဟာတာအိုကမ္ဘာထဲ ရွှေ့လိုက်ပါတယ်။

တာအိုအရှင်သခင်ရဲ့ မဟာတာအိုကမ္ဘာမှာ နိယာမပဲရှိပြီး ဘာသက်ရှိမှ မရှိပါဘူး။ တာအိုအရှင်သခင်ဟာ သူ့မဟာတာအိုကမ္ဘာကို မကြာခဏ တိုက်ခိုက်ဖို့ အသုံးပြုပါတယ်။

တခြားတစ်ဖက်မှာတော့ ဟန်ယောင်ဟာ ကျန်းယီကို ရင်ဆိုင်ရပါတယ်။

ကျောက်ရွှမ်ယွမ်ကတော့ ဟန်ပါရှန်ကို ရင်ဆိုင်ပါတယ်။

.....

လူတစ်ယောက်ဟာ အာကာသကို စုတ်ဖြဲပြီး အထွတ်အထိပ် နိယာမ ခုနစ်ပါးအောက်မှာ ပေါ်လာပါတယ်။

ဒီလူက ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ပါ။ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ အစွန်းမှာ မီးတောက်နေတဲ့ ဝတ်ရုံနက်ကို ဝတ်ဆင်ထားပါတယ်။ သူ့မျက်လုံးတွေက အေးစက်လှပြီး ခေါင်းပဲ ဖော်ထားပါတယ်။ သူ့မျက်နှာက ကျောက်ရွှမ်ယွမ်နဲ့ တော်တော်လေး ဆင်တူပါတယ်။ သူ့ခေါင်းထက်မှာတော့ သလင်းနက်ကိုးခု ပျံဝဲပြီး သူတို့ဘာသာ ချာချာလည်ကာ အဆုံးမဲ့ ရောင်ဝါနက်ကို ထုတ်လွှတ်နေပါတယ်။

ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ အောက်က တိုက်ပွဲကို ငုံ့ကြည့်ပြီး နှာခေါင်းရှုံ့လိုက်ပါတယ် “ပုရွက်ဆိတ်တွေကများ ပဋိက္ခကို ကိုင်လှုပ်ချင်ကြတယ်၊ ထွက်လာခဲ့”

ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ် ပတ်လည်က မြူခိုးနက်ဟာ အထွတ်အထိပ် နိယာမတစ်ပါးထဲကို ရုတ်တရက် တိုးဝင်သွားပါတယ်။ အဲဒီနောက် အထွတ်အထိပ် နိယာမဟာ ပြောင်းလဲသွားပြီး လူတစ်ယောက်အသွင် ခဲသွားပါတယ်။

ဒီလူက ပြီးခဲ့တဲ့ နတ်စိတ်ဝိညာဉ် ခေါင်းဆောင်ဟောင်း လောကဦး ဘိုးဘေးနတ်ဘုရားပါ။

နတ်အာဏာရှင် စစ်သူကြီးတွေကို ထိန်းချုပ်ပြီး တိုက်ခိုက်နေတဲ့ အန္တိမဒဏ်ခတ်နတ်မင်းဟာ တစ်စုံတစ်ခုကို ခံစားမိတာကြောင့် ရုတ်တရက် မော့ကြည့်လိုက်တဲ့အခါ လောကဦး ဘိုးဘေးနတ်ဘုရားကို တွေ့လိုက်ရတဲ့အတွက် မှင်တက်သွားပါတယ်။

‘ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’ အန္တိမဒဏ်ခတ်နတ်မင်းဟာ သူ့ကိုယ်သူမယုံနိုင်အောင် ဖြစ်သွားပါတယ်။ လောကဦးဘိုးဘေး နတ်ဘုရားကို သူကိုယ်တိုင် သတ်ခဲ့တာ မဟုတ်ပါလား။

‘သူ ဘယ်လိုလုပ်ပြီး ပြန်ရှင်လာတာလဲ’

လောကဦးဘိုးဘေး နတ်ဘုရားဟာ လက်မြှောက်ပြီး သူ့ခန္ဓာကိုယ်ကို စစ်ဆေးကာ ရေရွတ်လိုက်ပါတယ် “မတွေ့ရတာကြာပြီနော်...”

လောကဦးဘိုးဘေး နတ်ဘုရားဟာ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ အကြည့်ကို သတိထားမိသွားပေမဲ့ ဂရုမစိုက်ပါဘူး။ အမှောင်သခင်ကြီးကြောင့်သာ မဟုတ်ရင် လောကဦးဘိုးဘေး နတ်ဘုရားဟာ အန္တိမဒဏ်ခတ်နတ်မင်းကို လုံးဝ ဂရုစိုက်မှာ မဟုတ်ပါဘူး။

လောကဦးဘိုးဘေး နတ်ဘုရားက ရှေ့တစ်လှမ်းတိုးပြီး ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ကို တလေးတစား ဦးညွှတ်လိုက်ပါတယ် “ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်”

ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်က မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “ပဋိပက္ခကို ဖျက်ဆီးချင်တဲ့ အဲဒီပုရွက်ဆိတ်လေးတွေကို ရှင်းပစ်စမ်းကွာ”

“ကောင်းပါပြီ”

လောကဦးဘိုးဘေး နတ်ဘုရား အောက်ဆင်းလိုက်ပါတယ်။ သူ့ခြေထောက်အောက်မှာ မမြင်နိုင်တဲ့ လှေကားထစ် ရှိနေသလိုပါပဲ။ ချက်ချင်းဆိုသလို အထွတ်အထိပ် နိယာမခုနစ်ပါးဟာ တစ်ပြိုင်တည်း တုန်ခါပြီး လောကဦးဘိုးဘေး နတ်ဘုရားဆီ သူတို့စွမ်းအားတွေကို ပစ်လွှတ်ကြပါတယ်။

နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်အစစ် ပြန်လာပါပြီ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters