← Chapters

ဖန်တီးရှင်သခင်အဆင့်ရဲ့ အရံအတား

Vol. 105 Ch. 1098

ဖန်တီးရှင်သခင်အဆင့်ရဲ့ အရံအတား

Vol. 105 Ch. 1098

လောကဦးဘိုးဘေး နတ်ဘုရားဟာ ခြေလှမ်းငါးလှမ်းတောင် မလှမ်းရခင်မှာပဲ အထွတ်အထိပ် နိယာမ ခုနစ်ပါးရဲ့ စွမ်းအားတွေ ခန္ဓာကိုယ်ထဲ ဝင်လာတာကြောင့် သူ့ရောင်ဝါဟာ ထိပ်ဆုံးကို ရောက်ရှိသွားပြီး စစ်မြေပြင်တစ်ခုလုံးကို ထိတ်လန့်သွားစေပါတယ်။

နှစ်ဖက်စလုံးက မဟာတာအိုပညာရှိချုပ်တွေဟာ မော့ကြည့်လိုက်ကြပါတယ်။

တချို့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ နှလုံးလှုပ်သွားပြီး မယုံနိုင် ဖြစ်သွားကြပါတယ်။

‘သူက တကယ် အသက်ရှင်နေသေးတာပဲ’ မင်လင်းမယ်တော်ဟာ တလက်လက် တောက်ပနေတဲ့ လောကဦးဘိုးဘေး နတ်ဘုရားကို လှမ်းကြည့်ပြီး‌ တွေးလိုက်ပါတယ်။

လောကဦးဘိုးဘေး နတ်ဘုရားဟာ နတ်အာဏာရှင် စစ်သူကြီး တစ်သောင်းကို ကြည့်ပြီးမှ အန္တိမဒဏ်ခတ်နတ်မင်းကို ကြည့်လိုက်ပါတယ်။

“ဒီကောင်က ငါ့ရဲ့ နေရာရဲ့ နတ်စစ်သူကြီးတွေကို ခိုးသွားတယ်၊ တကယ်ကို သေသင့်တဲ့ကောင်”

လောကဦးဘိုးဘေး နတ်ဘုရားဟာ နှာခေါင်းရှုံ့ပြီး လက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ ကြောက်မက်ဖွယ် ဓမ္မစွမ်းအား ထွက်ပေါ်လာပါတယ်။ အထွတ်အထိပ် နိယာမ စွမ်းအားတွေဟာ လျှံတက်လာတဲ့ ကောင်းကင်မြစ်တစ်စင်းလို အန္တိမဒဏ်ခတ်နတ်မင်းကို လွှမ်းမိုး နှစ်မြှုပ်ပစ်လိုက်ပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းဟာ သူ့ချပ်ဝတ်ကို ခဲပြီး လက်မြှောက်ကာ အနက်ရောင် အလင်းတိုင်ကို ပစ်လွှတ်လိုက်ပါတယ်။

အားကောင်းတဲ့ ဓမ္မစွမ်းအားနှစ်ပါး ရင်ဆိုင် တိုက်မိပြီး အာကာသကို အရောင်မဲ့သွားစေပါတယ်။ အဲဒီနောက် ကြောက်မက်ဖွယ် မုန်တိုင်း ဖြစ်ပေါ်လာပြီး မဟာတာအိုပညာရှိချုပ်တွေကို နောက်ဆုတ်သွားစေပါတယ်။

နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်သစ်နဲ့ ခေါင်းဆောင်ဟောင်းက ကမ္ဘာမကျေနိုင်တဲ့ ရန်ငြိုးရန်စ ရှိပါတယ်။

“မင်းတို့တွေ လောကဦးပဋိပက္ခကို ဆက်ပြီးတော့ တိုက်ခိုက်ချည်၊ ဟောဒီမိစ္ဆာနတ်ဆိုးကို ငါကိုယ်တိုင် ရင်ဆိုင်မယ်” အန္တိမဒဏ်ခတ်နတ်မင်းဟာ ဒေါသတကြီး အော်ဟစ်လိုက်ပါတယ်။ ဒီအချိန်မှာ အန္တိမဒဏ်ခတ်နတ်မင်းဟာ သူ့ရဲ့ စွမ်းအားကို တကယ် ထုတ်သုံးပါတယ်။

အန္တိမဒဏ်ခတ်နတ်မင်းဟာ နတ်စိတ်ဝိညာဉ် ခေါင်း‌ဆောင် ဖြစ်လာကတည်းက ကိုယ်တိုင်လှုပ်ရှားခဲတာမလို့ သူက တိုက်ခိုက်ရတာ နှစ်သက်တဲ့လူဆိုတာကို မေ့ပျောက်ပျောက် ဖြစ်နေပါပြီ။

အန္တိမဒဏ်ခတ်နတ်မင်းရဲ့ အမိန့်ကြောင့် မဟာတာအိုပညာရှိချုပ်တွေဟာ လောကဦးပဋိပက္ခကို ဆက်ပြီးတော့ တိုက်ခိုက်ကြပါတယ်။

လောကဦးဘိုးဘေး နတ်ဘုရားဟာ အန္တိမဒဏ်ခတ်နတ်မင်းနဲ့ တိုက်ခိုက်လေလေ လန့်လေလေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အန္တိမဒဏ်ခတ်နတ်မင်းက အထွတ်အထိပ် နိယာမစွမ်းအားကို အသုံးပြုနိုင်တယ်ဆိုတာ ရှာတွေ့သွားလို့ပါပဲ။

‘ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ငါ သူ့ကို ငါ့နေရာ လွှဲပြောင်းပေးခဲ့တာမှ မဟုတ်တာ’ လောကဦးဘိုးဘေး နတ်ဘုရားဟာ မနေနိုင်ဘဲ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ကို လှည့်ကြည့်လိုက်ပါတယ် ‘သူ့လက်ချက်လား’

လောကဦးဘိုးဘေး နတ်ဘုရား မသိတာက ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာလည်း ခံစားချက်တွေ ရောပြွမ်းနေပါတယ်။ လောကဦးဘိုးဘေး နတ်ဘုရား သေဆုံးပြီးနောက် သူလည်း သေမျိုးကမ္ဘာထဲ ကျသွားခဲ့ပါတယ်။ အဲဒါကြောင့် အန္တိမဒဏ်ခတ်နတ်မင်းကို အာဏာစက် အပ်နှင်းနိုင်တဲ့လူက တစ်ယောက်ပဲ ရှိပါတယ်။

အဲဒီတည်ရှိမှုကလွဲပြီး ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။

ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်ဟာ အဲဒီတည်ရှိမှုအကြောင်းကို မတွေးရဲပါဘူး။

အန္တိမဒဏ်ခတ်နတ်မင်းနဲ့ လောကဦးဘိုးဘေး နတ်ဘုရား တိုက်ခိုက်တဲ့အခါ ရေတိုမှာတော့ နှစ်ဖက်စလုံး လက်ရည်မျှနေပါတယ်။ ဘယ်သူက စွမ်းအားပိုကြီးတယ်ဆိုတာ ပြောဖို့ ခက်ပါတယ်။ နှစ်ဖက်စလုံးက အထွတ်အထိပ် နိယာမစွမ်းအားကို အသုံးပြုနိုင်ပြီး သူတို့ ဆန်းကြယ်စွမ်းအားတွေကလည်း ဆင်တူပါတယ်။

မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ ဒီတိုက်ပွဲကို ကြည့်ပြီး လန့်သွားကြပါတယ်။ သူတို့တွေဟာ အန္တိမဒဏ်ခတ်နတ်မင်းက ဒီလောက်ထိ စွမ်းအားကြီးလိမ့်မယ်လို့ ထင်မထားကြပါဘူး။ အရင်တုန်းက သူတို့တွေဟာ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ အဆင့်အတန်းကိုပဲ လေးစားကြတာမလို့ အန္တိမဒဏ်ခတ်နတ်မင်း ဘယ်လောက် စွမ်းအားကြီးတယ်ဆိုတာကို မသိကြပါဘူး။

အန္တိမဒဏ်ခတ်နတ်မင်းနဲ့ လောကဦးဘိုးဘေး နတ်ဘုရားရဲ့ စွမ်းအားက စစ်မြေပြင်မှာ တိုက်ခိုက်နေတဲ့ ဘယ်မဟာတာအိုပညာရှိချုပ်ထက်မဆို စွမ်းအား ပိုကြီးတာ အသိသာကြီးပါ။ လောကဦးပဋိပက္ခပဲ ဖြစ်ဖြစ် ပဋိပက္ခပဲဖြစ်ဖြစ် ဒီတိုက်ပွဲကို ကြည့်ပြီး တုန်လှုပ်သွားကြပါတယ်။

အချိန်တိုအတွင်း ဘယ်သူနိုင်မလဲဆိုတာ ပြောရခက်တဲ့ တိုက်ပွဲပါ။

တစ်ချိန်တည်းမှာပဲ...

လောကဦးနယ်မြေ၊ လောကဦးရေအိုင်နား။

ဟန်ဟွမ်နဲ့ နတ်သမီးမင်ကျိဟာ ဘေးချင်းယှဉ်ရပ်ပြီး ယွမ်ရှီကျယ်ဝမ်ကို ငုံကြည့်နေပါတယ်။

နတ်သမီးမင်ကျိဟာ ကြောက်ကြောက်လန့်လန့်နဲ့ မေးလိုက်ပါတယ် “ယောက်ျား... သူ့ကို ဘယ်အချိန်ထိ ဆက်မွေးထားမှာလဲ၊ သူ့စွမ်းအားက တော်တော်ကြီးနေပြီ”

ယွမ်ရှီကျယ်ဝမ်က အိပ်စက်နေပေမဲ့ သူ့ခန္ဓာကိုယ်က ထုတ်လွှတ်တဲ့ ရောင်ဝါဟာ နတ်သမီးမင်ကျိကို ချောက်ချားသွားစေပါတယ်။

နတ်သမီးမင်ကျိဟာ ဒီလိုကြောက်စရာကောင်းတဲ့ ‌ရောင်ဝါကို တစ်ခါမှ မခံစားဖူးပါဘူး။ ယွမ်ရှီကျယ်ဝမ်က သူ့ယောက်ျားလောက်တောင် စွမ်းအားကြီးနေပြီလို့ နတ်သမီးမင်ကျိ ခံစားလိုက်ရပါတယ်။

ဟန်ကျွယ်က မျက်နှာသေနဲ့ “လောကဦး ပဋိပက္ခက မျှော်လင့်ချက် ကင်းမဲ့တဲ့အချိန်ကို မရောက်သေးဘူး၊ ငါတို့တွေ စောင့်ဖို့လိုသေးတယ်”

“ဘယ်အချိန်ထိလဲ”

“မဟာတာအို နတ်စိတ်ဝိညာဉ်တွေ သေတဲ့အချိန်”

“မဟာတာအို နတ်စိတ်ဝိညာဉ်တွေကလည်း သေတာပဲလား”

နတ်သမီးမင်ကျိဟာ လန့်သွားပါတယ်။ သူ့အမြင်မှာ မဟာတာအိုပညာရှိချုပ်တွေ မဆိုထားနဲ့၊ သာမန် မဟာတာအိုပညာရှိတောင် မသေနိုင် မပျက်စီးနိုင်ပါဘူး။ သူတို့ကိုတောင် လုံးဝ သတ်ပစ်နိုင်ဖို့က တော်တော်လေး ခက်ခဲပါတယ်။ အထွတ်အထိပ် နိယာမက အသိအမှတ်ပြုထားတဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေ ဆိုရင်တော့ ပြောမနေပါနဲ့။

လောကဦးရေအိုင်ရဲ့ ခရမ်းရောင်ဟာ ဟန်ဟွမ်ရဲ့ မျက်နှာကို လာဟပ်ပါတယ် “ဟုတ်တယ်၊ အများကြီး သေလိမ့်မယ်”

နတ်သမီးမင်ကျိဟာ ပဟေဠိ ဖြစ်သွားပေမဲ့ ဆက်မမေးတော့ဘဲ ဟန်ဟွမ်ကို ယုံကြည်ဖို့ ရွေးချယ်လိုက်ပါတယ်။

“ယောက်ျား... ဒီမဟာတာအို အနန္တကပ်ဘေးမှာ ယုံကြည်ချက် ဘယ်လောက်ရှိလဲ”

“ငါ လုပ်စရာရှိတာကို အကောင်းဆုံးလုပ်မယ်၊ အောင်မြင်မှာ ကျရှုံးမှာကို ငါ စိတ်မဝင်စားဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ငါ နိုင်မှ ဖြစ်လိမ့်မယ်”

“ရှုံးရှုံးနိုင်နိုင် ကျွန်မ ယောက်ျားနဲ့ သေအတူရှင်မကွာ ရှိနေမယ်”

“မင်း သေနိုင်တယ်နော်၊ ငါ့ရဲ့ ကိစ္စကြီးအတွက် ငါ မင်းကို အာရုံစိုက်အားမှာ မဟုတ်ဘူး”

“သေရမယ်ဆိုရင် ကျွန်မ ဆန္ဒရှိပါတယ်” နတ်သမီးမင်ကျိဟာ ဟန်ဟွမ်ကို ညင်သာစွာ ကြည့်ရင်း ပြောလိုက်ပါတယ်။ နတ်သမီးမင်ကျိရဲ့ မျက်လုံးတွေ အချစ်တွေ ပြည့်နေတဲ့အတွက် ဟန်ဟွမ့်ကို မျက်မှောင်ကြုတ်သွားစေပါတယ်။

.....

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ နောက်ထပ် နှစ်ဆယ်သန်း ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ ဖန်တီးရှင်သခင်အဆင့်နဲ့ တစ်စတစ်စ နီးကပ်လာပါပြီ။ ဟန်ကျွယ်ဟာ ဖန်တီးရှင်သခင် အဆင့်ရဲ့ အရံအတားကိုတောင် အာရုံခံနိုင်လာပါတယ်။

ဟန်ကျွယ် ဒီလျှို့ဝှက်ဆန်းကြယ် အရံအတားကို ချိုးဖျက်နိုင်တာနဲ့ အသွင်ပြောင်းလဲပြီး တစ်ယောက်မှ မရောက်ဖူးသေးတဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိသွားမှာပါ။

ဒီနှစ်ဆယ်သန်းအတွင်း အန္တိမမူလကမ္ဘာဟာ တစ်ခါမှမရှိဖူးတဲ့ အမြန်နှုန်းနဲ့ ကျယ်ပြန့်တာကြောင့် နှစ်ဆနီးပါး ဖြစ်သွားပါတယ်။

ချွမ်တုမဟာတာအိုကမ္ဘာကလည်း အန္တိမမူလကမ္ဘာနားကို ရောက်လာပြီး ဝါးမျိုခံပါတယ်။ ယင်ယန်ချွမ်တုနတ်မင်းဟာ ဒါကို တိတ်တဆိတ် ခါးစည်းခံပါတယ်။ ယင်ယန်ချွမ်တုနတ်မင်း အန္တိမမူလသက်ရှိအဖြစ် အသွင်ပြောင်းလဲသွားတဲ့အခါ ချွမ်တုမဟာတာအိုကမ္ဘာကလည်း သူ့ဘာသာ အန္တိမမူလကမ္ဘာအဖြစ် အသွင်ပြောင်းလဲပါတယ်။ အန္တိမမူလချီဟာ ချွမ်တုမဟာတာအိုကမ္ဘာရဲ့ အတွင်းပိုင်းကို ဆေးကြောပါတယ်။

ဟန်ကျွယ် “ရှန်ဝေါ်... ရှန်ရှင်းကိုးဖော်ရဲ့ တာအိုဘုံကျောင်းဆီ သွားနေချည်”

ကျိန်စာတိုက်နေတဲ့ ရှန်ဝေါ်ဟာ မျက်လုံးပွင့်လာပြီး ချက်ချင်း မတ်တတ်ရပ်ကာ တာအိုဘုံကျောင်းထဲကနေ ထွက်သွားပါတယ်။ သူ ဘာလို့ မောင်းထုတ်ခံရတာလဲဆိုတာတော့ ရှန်ဝေါ် မမေးရဲပါဘူး။

ရှန်ဝေါ်ဟာ ကျိန်စာတိုက်ဖို့ အလျင်လိုနေသလိုမျိုး ခပ်သွက်သွက် လျှောက်ပါတယ်။

ဟန်ကျွယ်ဟာ ပဋိပက္ခကို ကြည့်လိုက်တဲ့အခါ မဟာတာအို အနန္တကပ်ဘေးက လုံးဝ ပေါက်ကွဲထွက်သွားတာကို တွေ့လိုက်ရပါတယ်။ ပဋိပက္ခရဲ့ ကိုးဆယ်ရာခိုင်နှုန်းမှာ စစ်မီးလျှံတွေ တောက်လောင်နေပါတယ်။

လောကဦးပဋိပက္ခနဲ့ ပဋိပက္ခက ဆက်တိုက်နေပေမဲ့ အကျဉ်းချုပ်ရရင် လောကဦးပဋိပက္ခရဲ့ အရှိန်အဟုန်က တားမရဆီးမရပါဘူး။ နယ်မြေတွေကို ဆက်တိုက် ကျယ်ပြန့်နေပါတယ်။

ဟန်ဟွမ်က ခုထိ ပေါ်မလာသေးပေမဲ့ ပဋိပက္ခကို လက်အောက်ငယ်သားတွေ တိတ်ဆိတ်ဂိုဏ်းက ညီအစ်ကိုတွေ အင်အားနဲ့ ဖိနှိပ်ထားနိုင်ပါတယ်။

ဒီလိုအခြေအနေကြောင့် တိုက်ပွဲကို စောင့်ကြည့်နေတဲ့ ပဋိပက္ခ အင်အားစုတွေဟာ ထိုင်ကြည့်မနေနိုင်တော့ဘဲ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာကြပါတယ်။ အင်အားစုအသစ်တွေလည်း ကြီးထွားလာပြီး ဝင်ရောက် တိုက်ခိုက်ကြပါတယ်။

ဒီနှစ်ဆယ်သန်းမှာ မွေးဖွားလာတဲ့ ပါရမီရှင်အများကြီးက လောကဦးပဋိပက္ခကို အသေ မုန်းတီးတဲ့အတွက် ပဋိပက္ခကို ပိုပိုပြီး အစေးကပ်လာစေပါတယ်။ ဒါပေမဲ့ လောကဦးပဋိပက္ခကိုတော့ မမီသေးပါဘူး။

ဒါပေမဲ့ လက်ရှိ အခြေအနေအရ ဟန်ဟွမ် မလှုပ်ရှားရင် လောကဦးပဋိပက္ခက ပထမဆုံးရှုံးနိုင်မဲ့ အခြေအနေ ရှိနေပါတယ်။

ဒါပေမဲ့ ဟန်ကျွယ်ဟာ ဟန်ဟွမ် ဘာလုပ်နေတာလဲဆိုတာကို မြင်ပြီးပါပြီ။ ဟန်ဟွမ်ဟာ မဟာတာအိုကမ္ဘာ အသီးသီးက အထွတ်အထိပ်နိယာမတွေကို ခဲယူပြီး အကောင်တစ်ကောင် မွေးခဲ့ပါတယ်။ ဒီကောင်က ပဋိပက္ခကို ပြောင်းပြန်လှန်ပြီး ပဋိပက္ခဆီ မျှော်လင့်ချက် ကင်းမဲ့မှုတွေ သယ်ဆောင်လာနိုင်ပါတယ်။

ဟန်ကျွယ်ဟာ ဒီလိုအခြေအနေမှာ နဝမပဋိပက္ခ ဘာလုပ်နေလဲဆိုတာကို သိချင်သွားပါတယ်။ သူတောင် ဒီအကောင်ကို မြင်နိုင်ရင် နဝမပဋိပက္ခလည်း သေချာပေါက် မြင်နိုင်မှာပါ။ နဝမပဋိပက္ခမှာ သေချာပေါက် အရန်အစီအစဉ် ရှိနေတာ ဖြစ်နိုင်ပါတယ်။

နဝမပဋိပက္ခ ဝင်ပါတာနဲ့ ဟန်ကျွယ်လည်း လှုပ်ရှားမှာပါ။ ဒါကြောင့် နဝမပဋိပက္ခက သူ့ကို ဟန့်တားဖို့ တခြားနည်းလမ်းတွေ ပြင်ဆင်နေတာ ဖြစ်နိုင်ပါတယ်။

ပြောစရာရှိတာက လီယောင်၊ ရွှမ်ချင်းကျွင်းနဲ့ ဝူတောက်ကျန့်တို့ဟာ ကပ်ဘေးထဲဝင်ပြီး လောကဦးပဋိပက္ခကို ကူညီကြပါတယ်။ သူတို့ထဲမှာ လီယောင်က နာမည်အကျော်ဆုံးပါ။ လောင်ဇီတောင် သူမကို ဘာမှမလုပ်နိုင်ပါဘူး။

လက်ရှိ လီယောင်က ပဋိပက္ခရဲ့ ထိပ်တန်းကို ရောက်နေပါပြီ။ ဒါ့အပြင် ဟန်ကျွယ်ကလည်း မကြာမကြာ တာအိုဟောကြားတဲ့အတွက် သူမရဲ့ ဆန်းကြယ်စွမ်းအားတွေဟာ သိမ်မွေ့နက်နဲလှပါတယ်။ သာမန် မဟာတာအိုပညာရှိချုပ်တွေက သူမကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ အင်အားစုတစ်စုက ဟန်ကျွယ်ရဲ့ အာရုံကို ဖမ်းစားလိုက်ပါတယ်။

တာအိုကောင်းကင်မျိုးနွယ်စု။

ပန်ကူးနဲ့ တာအိုဘိုးဘေး အတူပူးပေါင်းပြီး ဖန်တီးထားတဲ့ မျိုးနွယ်စုပါ။ ဒီမျိုးနွယ်စုကလည်း ဒီတိုက်ပွဲမှာ ဝင်ပါပါတယ်။ ဒါပေမဲ့ သူတို့က လောကဦးပဋိပက္ခကိုပဲ တိုက်ခိုက်တာ မဟုတ်ပါဘူး။ ပဋိပက္ခကိုလည်း တိုက်ခိုက်ပါတယ်။

ကြည့်ရတာတော့ သူတို့တွေက မဟာတာအို အနန္တကပ်ဘေးကို အခွင့်ကောင်းယူပြီး တာအိုကောင်းကင်မျိုးနွယ်စုကို ထိပ်ဆုံးဆီ တွန်းတင်ချင်ပုံပါပဲ။

ဟန်ကျွယ်ဟာ တာအိုကောင်းကင်မျိုးနွယ်စုကို နည်းနည်းမှ အထင်မကြီးပါဘူး။ ပန်ကူးနဲ့ တာအိုဘိုးဘေးသာ တာအိုဖန်တီးရှင် ဖြစ်မလာဘူးဆိုရင် ဒီမျိုးနွယ်စုက ပြက်လုံးအဆင့်က တက်မှာ မဟုတ်ပါဘူး။ မျိုးနွယ်စုတစ်စုက ဘယ်လောက်ပဲ အလားအလာ ကောင်းကောင်း နောက်ကနေ အားကောင်းတဲ့ ထောက်ပံ့မှုရှိမှ ကြီးထွားလာနိုင်မှာပါ။

နဝမပဋိပက္ခက ဒီမျိုးနွယ်စု ပဋိပက္ခနေရာ ဝင်ယူမှာကို ထိုင်ကြည့်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဟန်ကျွယ်ကလည်း သူ့သားကို တာအိုကောင်းကင်မျိုးနွယ်စု လက်ထဲမှာ သေခိုင်းမှာ မဟုတ်ပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters