ဗလာနယ်မြေတွင် ကူးခတ်ခြင်း
Vol. 105 Ch. 1100
လောကဦးခန်းမမှာ ခရမ်းရောင်ချီတွေ ပြည့်နှက်နေပါတယ်။
ဟုန်ကျွင်းဟာ စင်မြင့်ပေါ်မှာ မတ်တတ်ရပ်နေတဲ့ ခမ်းနားထည်ဝါလှတဲ့လူကို ကြည့်ရင်း ငေးမောသွားပါတယ်။
“မင်း ဘာလိုချင်တာလဲ’ ဟန်ဟွမ်ဟာ ဟုန်ကျွင်းကို ကျောပေးပြီး အေးစက်တဲ့လေသံနဲ့ မေးလိုက်ပါတယ်။
ဟုန်ကျွင်း “တာအိုကောင်းကင်မျိုးနွယ်စုက လောကဦးပဋိပက္ခမှာ ပထမဆုံး ကောင်းကင်တာအို မျိုးနွယ်စု ဖြစ်လာစေချင်တယ်”
ကောင်းကင်တာအို မျိုးနွယ်စုက ကောင်းကင်တာအိုရဲ့ ဇာတ်လိုက်ပါ။ ဟုန်ကျွင်း လိုချင်တာက တာအိုကောင်းကင်မျိုးနွယ်စုဟာ လောကဦးပဋိပက္ခမှာ ပထမဆုံး ကံတရား အထောက်အပံ့ရှိတဲ့ မျိုးနွယ်စုဖြစ်လာပြီး မျိုးနွယ်စုထောင်ချီကို အုပ်ချုပ်ချင်တာပါ။
ဟန်ဟွမ်ဟာ ဟုန်ကျွင်းကို လှည့်ကြည့်လိုက်ပါတယ်။
ဒီဘဝမှာ ဟုန်ကျွင်းရဲ့ဝါက ဟန်ဟွမ်နဲ့ အတူတူပါပဲ။ ဟန်ဟွမ်ဟာ ဟုန်ကျွင်းရဲ့ဆရာ လျူပေ့ကို သိပါတယ်။ သူတို့နှစ်ယောက်က ပညာသင်ဘက် ညီအစ်ကိုတွေလို့ ပြောလို့ရပါတယ်။ ဒါကြောင့်လည်း ဟန်ဟွမ်က ဟုန်ကျွင်းကို ကိုယ်တိုင် လက်ခံ တွေ့ဆုံတာပါ။
ဟုန်ကျွင်းဟာ ဟန်ဟွမ်ကို တည်တည်ငြိမ်ငြိမ်ပဲ ရင်ဆိုင်ပါတယ်။ ကြောက်ရွံ့ခြင်းမရှိသလို စိတ်လှုပ်ရှားခြင်းလည်း မရှိပါဘူး။
ဟန်ဟွမ် “လောကဦးပဋိပက္ခက တာအိုကောင်းကင်မျိုးနွယ်စုရဲ့ ရိုးသားမှုကို လိုချင်တယ်၊ ကျို့ကဲ့ဂျိသွမ်ကို ဖျက်ဆီးနိုင်ရင် တာအိုကောင်းကင်မျိုးနွယ်စုက လောကဦးပဋိပက္ခရဲ့ ပထမဆုံး ကံတရား အထောက်အပံ့ရှိတဲ့ မျိုးနွယ်စု ဖြစ်စေရမယ်၊ ပထမဆုံး မိုးကောင်းကင် ကံကြမ္မာကိုလည်း သယ်ဆောင်ခိုင်းမယ်”
‘ကျို့ကဲ့ဂျိသွမ်’ ဟုန်ကျွင်းဟာ နှလုံးလှုပ်သွားပါတယ်။ ဟုန်ကျွင်းဟာ ကျို့ကဲ့ဂျိသွမ်ကို ကြားဖူးပါတယ်။ ကျို့ကဲ့ဂျိသွမ်ရဲ့ ခေါင်းဆောင်ကလည်း ကောင်းကင်တာအိုကပါ။
ဟန်ဟွမ်ဟာ ဟုန်ကျွင်းရဲ့ မျက်လုံးတွေကို လေးလေးနက်နက် စိုက်ကြည့်လိုက်ပါတယ်။ ဒီဖိအားက အတော်လေး လေးလံပါတယ်။ သာမန်လူဆို ဟန်ဟွမ်ရဲ့ အကြည့်ကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။
တာအိုဘိုးဘေး ပြန်ဝင်စားတဲ့ ဟုန်ကျွင်းတောင် လန့်သွားပါတယ် ‘ဒီလောကဦးနတ်ဘီလူးက ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ’
ဟန်ဟွမ်ရဲ့ ဒီရောင်ဝါက ပဋိပက္ခသက်ရှိတွေနဲ့ တိုက်ခိုက်တုန်းကထက် ပိုအားကောင်းပါတယ်။ လုံးဝ တခြားလူတစ်ယောက် ဖြစ်သွားတယ်လို့တောင် ပြောလို့ရပါတယ်။
ဟုန်ကျွင်းဟာ ဖိအားများပေမဲ့ ညှိနှိုင်းဖို့ အခွင့်အရေး မရှိဘူးဆိုတာကို သိပါတယ်။ ဟန်ဟွမ်က သူ့ကို မယုံဘူးဆိုတာလည်း သိပါတယ်။ သတ်ဖြတ်ငွေ့ အရိပ်အယောင်ကိုလည်း ဟုန်ကျွင်း ခံစားမိလိုက်ပါတယ်။ ဒီသတ်ဖြတ်ငွေ့က အလွန်တရာမှ ကြောက်စရာကောင်းတဲ့အတွက် ဟုန်ကျွင်းရဲ့ ဝိညာဉ်ဟာ တုန်ခါသွားပါတယ်။
ဟန်ဟွမ်က သူ့ရည်မှန်းချက်ကို ခံစားမိတယ်ဆိုတာ ဟုန်ကျွင်း သိလိုက်ပါတယ်။
ဟုန်ကျွင်း “ကောင်းပြီလေ”
ဟန်ဟွမ်ဟာ ပြုံးလိုက်ပါတယ် “ကောင်းပြီ၊ ဒါဆို ငါ မင်းဆီက သတင်းကောင်းကို စောင့်နေမယ်”
ဟုန်ကျွင်းဟာ လက်သီးဆုပ် ဦးညွှတ်ပြီးနောက် လောကဦးခန်းမထဲက ထွက်ခွာလာခဲ့ပါတယ်။
ဟန်ဟွမ်ဟာ ထွက်ခွာသွားတဲ့ ဟုန်ကျွင်းရဲ့ ကျောပြင်ကို ကြည့်ရင်း မျက်လုံးထဲမှာ သတ်ဖြတ်ငွေ့တွေ ယှက်သမ်းသွားပါတယ် “တာအိုကောင်းကင်မျိုးနွယ်စု... မင်းနဲ့ တန်လားဆိုတာ ကြည့်ရသေးတာပေါ့... ဟွန်း”
နှစ်တွေအများကြီး ကြာသွားပြီ ဖြစ်တဲ့အတွက် တာအိုကောင်းကင်မျိုးနွယ်စုက နာမည်တစ်ခုတော့ ယူသင့်ပါတယ်။ ဒါပေမဲ့ သူတို့က မယူပါဘူး။
သူတို့ဟာ သူတို့ရဲ့ အရည်အချင်းက ပဋိပက္ခနတ်ဘီလူးတွေကို ယှဉ်နိုင်တယ်လို့သာ လေလုံးထွားပြီး တခြားမျိုးနွယ်စုကို လက်မခံပါဘူး။ သူတို့တွေက အေးအေးဆေးဆေးသာ နေထိုင်ကြပြီး တခြားဘယ်သက်ရှိမှ နှောင့်ယှက်တာ မခံပါဘူး။
ဒီအချက်တွေကို ကြည့်ရုံနဲ့ စဉ်းစားတတ်တဲ့လူ ဘယ်သူမဆို တာအိုကောင်းကင်မျိုးနွယ်စုက ရည်မှန်းချက် ကြီးမားတယ်ဆိုတာ တွေးခေါ်နိုင်ပါတယ်။
ဟန်ဟွမ်ဟာ ပဋိပက္ခနက်ထဲကို ကြည့်လိုက်ပါတယ်။ အလွန်တရာ အားကောင်းတဲ့ ရောင်ဝါလေးပါးက သူ့ကို စိတ်လေးလံစေပါတယ်။ ဟန်ဟွမ်ဟာ သူတို့ကို တစ်ခါမှ မမြင်ဖူးပါဘူး ‘ဘယ်လိုလုပ်ပြီး ငါ့ကို ခြိမ်းခြောက်နိုင်တဲ့လူတွေ ရုတ်တရက်ကြီး ပေါ်လာရတာလဲ’
ဟန်ဟွမ်ဟာ ရုတ်တရက်ဆိုသလို ပဋိပက္ခကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးဘူးလို့ ခံစားလိုက်ရပါတယ်။
‘ပဋိပက္ခအထက်မှာ ဘာရှိနေတာလဲ’
‘ငါ့အဖေရဲ့ အမြင်က ဘယ်လိုမျိုးလဲ’
‘ပဋိပက္ခကို ဖန်တီးတဲ့ လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုက အသက်ရှင်နေသေးတာလား’
ဟန်ဟွမ်ရဲ့ ရင်ထဲမှာ သံသတွေ အများကြီး ဖြစ်ပေါ်လာပါတယ်။
‘နောက်ဆုံးကျတော့ ငါက အားနည်းနေသေးတာပဲ၊ ငါသာ မဟာတာအို အထွတ်အထိပ်အဆင့်ကို ကျော်လွန်ပြီး အဖေရဲ့အဆင့်ကို ရောက်သွားရင်...’ ဟန်ဟွမ်ရဲ့ မျက်လုံးထဲမှာ ရည်မှန်းချက်တွေ ထက်သန်သွားပါတယ်။
လူတိုင်းက ဟန်ဟွမ်ဟာ အစွမ်းအထက်ဆုံး ဖြစ်ချင်တယ်လို့ ထင်ကြပါတယ်။ တကယ်တော့ ဟန်ဟွမ်ရဲ့ အကြီးမားဆုံးဆန္ဒက သူ့အဖေကို ကျော်လွန်ချင်တာပါ။ သူ့အဖေကို ကျော်တက်ပြီးမှပဲ ဟန်ဟွမ်ဟာ အစွမ်းအထက်ဆုံးဆိုတာကို မျှော်ကြည့်နိုင်မှာပါ။
အချိန်ဟာ တရွေ့ရွေ့ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံမှုထဲ စိတ်နှစ်လိုက်တဲ့အတွက် မဟာတာအို အနန္တကပ်ဘေးကို မေ့လျော့သွားပါတယ်။
တာအိုဖန်တီးရှင်က အရာအားလုံးကို ဖန်တီးနိုင်ပါတယ်။ ဒါက အထွတ်အထိပ်အဆင့်ဖြစ်ပြီး သက်ရှိတွေ တွေးနိုင်တဲ့ အကန့်အသတ်ပါ။ တာအိုဖန်တီးရှင်ဟာ အနှိုင်းမဲ့ တန်ခိုးစွမ်းအားကြီးမားပြီး မသေနိုင်ပါဘူး။ အချိန်-အာကာသ၊ ကံ၊ ကံတရား အထောက်အပံ့တွေ အကုန်လုံးကို သူတို့လိုသလို ကစားနိုင်ပါတယ်။
ဖန်တီးရှင်သခင်အဆင့်က သေချာပေါက် ဒီထက်ပိုပြီးတော့ စွမ်းအားကြီးမှာပါ။ ဘယ်လောက် စွမ်းအားကြီးလဲဆိုတာတော့ ဟန်ကျွယ်လည်း မသိပါဘူး။ ဒီအဆင့်ကို တစ်ယောက်မှ မရောက်ဖူးဘူး မဟုတ်ပါလား။
အန္တိမမူလကမ္ဘာက ဗလာနယ်မြေကို အရူးအမူး ဝါးမျိုပြီး ဆက်တိုက် ကျယ်ပြန့်တဲ့အတွက် ဟန်ကျွယ်လည်း အတွေးအမြင် များစွာကို ရရှိလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဗလာနယ်မြေကလာတဲ့ အရာအများကြီးကို တွေ့မြင်လိုက်ပါတယ်။
ဗလာနယ်မြေက ဘာမှမရှိဘူးလို့ ထင်ရပေမဲ့ တကယ်တော့ ပေါကြွယ်ဝတဲ့ နေရာတစ်ခုပါ။ ဘာတွေ ပေါကြွယ်ဝလဲဆိုတော့ နိယာမရဲ့ အခြေခံဒြပ်စင်တွေ၊ ဖန်တီးမှု၊ ကံကြမ္မာ စတာတွေပါ။ ဗလာနယ်မြေက တာအိုဖန်တီးရှင်တွေတောင် ထိုးဖောက်မမြင်နိုင်အောင် သိမ်မွေ့နက်နဲတဲ့ အရာဝတ္ထုတွေကို ထိန်းချုပ်ထားပါတယ်။
ဟန်ကျွယ်ရဲ့ အန္တိမမူလကမ္ဘာသာ ဗလာနယ်မြေကို အစားထိုးနိုင်မယ်ဆိုရင် အနန္တအခြေအနေကို ရောက်ရှိသွားမှာပါ။ ဘယ်လို အနန္တအခြေအနေလဲဆိုတော့ တာအိုဖန်တီးရှင်တောင် အဆုံးကို ဘယ်တော့မှ မရောက်နိုင်မဲ့ အခြေအနေပါ။
ဒါက ဟန်ကျွယ်ကို လုံးဝ စွဲစွဲလမ်းလမ်း ဖြစ်သွားစေပါတယ်။ ဟန်ကျွယ်ဟာ ဗလာနယ်မြေက အဆုံးရှိလားဆိုတာကိုတောင် သိချင်သွားပါတယ်။
‘ဗလာနယ်မြေက ဘယ်လို မွေးဖွားလာတာလဲ၊ အရာအားလုံးမှာ ကံရှိတယ်၊ ဒါတွေ အကုန်လုံးက ဘယ်ကနေ လာတာလဲ’
ဟန်ကျွယ်ရဲ့ စိတ်ဆန္ဒဟာ ဗလာနယ်မြေမှာ ဦးတည်ရာမဲ့ ခရီးနှင်ပါတယ်။ တဒင်္ဂအတွင်း ဟန်ကျွယ်ရဲ့ စိတ်ဆန္ဒဟာ ပဋိပက္ခကို ကျော်ဖြတ်သွားပါတယ်။ ဒါပေမဲ့ ဒီတဒင်္ဂလေးအတွင်း ပဋိပက္ခရဲ့ ကာလသုံးပါးဟာ ဟန်ကျွယ်မျက်စိထဲကို ဝင်လာပါတယ်။ အတိတ်က ဖြစ်ခဲ့တာတွေ အခုဖြစ်နေတာတွေ နောက်ဖြစ်လာမဲ့ အရာတွေ အကုန်လုံးပါပဲ။
အနာဂတ်က အထိန်းအကွပ်မဲ့ပါတယ်။ ကျင့်ကြံမှုက ဘယ်လောက်ပဲ စွမ်းအားကြီးကြီး သူ့ထက် အားနည်းတဲ့ အနာဂတ်ကိုပဲ ထိန်းချုပ်လို့ရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်သာ ဖန်တီးရှင်သခင် အဆင့်ကို ရောက်သွားရင် တည်ရှိမှုတိုင်းရဲ့ အနာဂတ်ကို ထိန်းချုပ်နိုင်မှာပါ။
ဟန်ကျွယ်ဟာ ဒီစွမ်းအားကို မပိုင်နိုင်သေးပေမဲ့ တွေးကြည့်ရုံနဲ့တင် ရူးရူးမူးမူး စွဲလန်းသွားပါတယ်။
ဒီအခြေခံဒြပ်စင်တွေကလွဲရင် ဗလာနယ်မြေမှာ ပုန်းအောင်းနေတဲ့ တခြားကမ္ဘာတွေ မျိုးနွယ်စုတွေ တစ်ခုမှ မရှိပါဘူး။
ဟန်ကျွယ်ဟာ ရှေးဟောင်း လောကဦးကမ္ဘာထဲက မူလလောကဦးနဲ့ ဟွမ်ဇွမ်တျန်ကိုလည်း တွေ့လိုက်ပါတယ်။ မူလလောကဦးနဲ့ ဟွမ်ဇွမ်တျန်ကလွဲရင် ရှေးဟောင်း လောကဦးကမ္ဘာမှာ ခွေးတစ်ကောင် ကြောင်တစ်မြီးတောင် မရှိပါဘူး။ ဘာနိယာမမှလည်း မရှိပါဘူး။ သူတို့နှစ်ယောက်က ရှေးဟောင်း လောကဦးကမ္ဘာရဲ့ လက်ကျန်စွမ်းအားကို မှီခိုပြီး စွမ်းအားကြီးလာကြတာပါ။
တစ်ချိန်တည်းမှာပဲ ရှေးဟောင်း လောကဦးကမ္ဘာထဲက မူလလောကဦးဟာ မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်လိုက်ပါတယ် ‘အဲဒါ ပုံရိပ်ယောင်လား’
မူလလောကဦးဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်ပေမဲ့ ဘာမှ ထွက်မလာပါဘူး။ ယုတ္တိကျကျ ပြောရရင် သူ့ကျင့်ကြံမှုအဆင့်မှာ အာရုံမှားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ လောကဦး အကုသိုလ်ကံ အများကြီးကို စုပ်ယူခဲ့တော့ အာရုံထွေပြားတာ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချလိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ဗလာနယ်မြေထဲမှာ အချိန်အကြာကြီး လျှောက်သွားပါတယ်။ ဟန်ကျွယ်ဟာ သူလျှောက်သွားနေတာ အရမ်းအရမ်း ကြာသွားပြီလို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ဒီအတောအတွင်း အရာအများကြီးကို မြင်တွေ့ခဲ့ရပါတယ်။ ရှေးခေတ်ကတည်းက ရှိခဲ့တဲ့ ပဋိပက္ခသက်ရှိတွေ အားလုံးရဲ့ အတွေ့အကြုံထက် ပိုများတာကို မြင်တွေ့ခဲ့ရတာပါ။
မဟာတာအိုပညာရှိတစ်ပါးက ဒီလောက်များတဲ့ မှတ်ဉာဏ်တွေရဲ့ သက်ရောက်မှုကို ခံနိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ ဗလာနယ်မြေထဲ ရောက်နေတာကို တွေ့လိုက်ရပါတယ်။ ဒီနေရာရဲ့ အရပ်ဆယ်မျက်နှာမှာ ဘာမှမရှိပါဘူး။ မဟာတာအိုကမ္ဘာတွေကိုလည်း မတွေ့မြင်နိုင်ပါဘူး။
ဟန်ကျွယ်ဟာ သူ့လက်တွေကို ငုံ့ကြည့်လိုက်တဲ့အခါ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သေးတာ တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အန္တိမမူလကမ္ဘာကိုရော ပဋိပက္ခကိုရော အာရုံမခံမိပါဘူး။ ဒီအခြေအနေက တော်တော်လေးကိုမှ ထူးဆန်းလွန်းပါတယ်။ ဗလာနယ်မြေမှာ ဟန်ကျွယ် တစ်ယောက်တည်း ရှိနေတဲ့ အတိုင်းပါပဲ။
ဟန်ကျွယ် မျက်လုံးကျဉ်းပြီး သေချာကြည့်လိုက်တဲ့အခါ ဗလာနယ်မြေက ရုတ်တရက် ပြောင်းလဲပြီး အာကာသထဲမှာ အရောင်မျိုးစုံ အသွင်မျိုးစုံ ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ ဒီအရောင်အသွေးတွေက မဟာတာအိုသုံးထောင်ကနေ ခဲလာတဲ့အတိုင်းပါပဲ။
ဒီအငွေ့အခြေအနေရှိတဲ့ အရာဝတ္ထုတွေဟာ လျင်မြန်စွာ ရွှေ့လျားပြီး ဗလာနယ်မြေကို တလက်လက် တောက်ပကာ အရိပ်ပမာ ဖြစ်စေပါတယ်။ ဟန်ကျွယ်တောင် မူးနောက်သွားပါတယ်။ အမြင်အာရုံကြောင့် မူးနောက်သွားတာ မဟုတ်ပါဘူး။ စွမ်းအားကြောင့် မူးနောက်သွားတာပါ။
ဗလာနယ်မြေရဲ့ အခြေခံနိယာမ။
အခြေခံနိယာမတွေ ဆိုတာက ဗလာနယ်မြေရဲ့ ဗဟိုစွမ်းအားကို ဟန်ကျွယ် နာမည်ပေးထားတာပါ။ ဒီဟာက ဘာလဲဆိုတာကိုတော့ ဟန်ကျွယ် မသိပါဘူး။ ဒါပေမဲ့ ဒီစွမ်းအားက တော်တော်လေး ထူးဆန်းပြီး တာအိုဖန်တီးရှင်ကိုတောင် မူးနောက်သွားအောင် လုပ်နိုင်ပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ်ရှေ့မှာ လူတစ်ယောက် ပေါ်လာပါတယ်။ ဒီလူက ဟန်ကျွယ်ကိုယ်တိုင်ပါ။
“မင်း ဖန်တီးရှင်သခင် ဖြစ်လာရင် ဘာလုပ်မှာလဲ” နောက်ပေါ်လာတဲ့ ဟန်ကျွယ်က ဟန်ကျွယ်မျက်လုံးထဲ စိုက်ကြည့်ပြီး မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဒီဟာက ဗလာနယ်မြေရဲ့ လှည့်စားမှုမဟုတ်ဘဲ သူ့တာအိုနှလုံးသား ဆိုတာကို သိလိုက်ပါတယ်။ ဟန်ကျွယ်ဟာ မကြုံစဖူးတံခါးတစ်ခုနဲ့ ထိတွေ့ရပါတော့မယ်။
အဲဒီမတိုင်ခင် သူ့တာအိုနှလုံးသားကို သန့်စင်ပြီး သက်ရှိအားလုံးထက် သာလွန်ဖို့ လိုပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။