ကောင်းကင်နတ်ဧကရာဇ်၏ သေဆုံးမှု
Vol. 60 Ch. 794
ကောင်းကင်နယ်စားမင်းနှင့် ချော်ရည်ပူမြေအောက်ဘုံအရှင်သခင် တိတ်ဆိတ်နေကြသည်။ အခြားတစ်ဖက်တွင် ဗုဒ္ဓအိုကြီးနှင့် ချိဧကရာဇ်က ကျောက်စားပွဲတစ်လုံးဘေးတွင် ထိုင်ကာ လက်ဖက်ရည်ကြမ်း ဇိမ်ခံသောက်နေကြ၏။ သူတို့က တစ်ချက်တစ်ချက် ခေါင်းထောင်ပြီး ကျေနပ်နေသော အမူအရာများဖြင့် လှမ်းလှမ်းကြည့်တတ်ကြသည်။
မဟာနေဧကရာဇ်က တစ်ဖက်ခြမ်းတွင် လိမ်လိမ်မာမာ ထိုင်၍ လက်ဖက်ရည်ကြမ်း ငုံ့သောက်နေသည်။ သူ့နှုတ်သီးဆီမှ မီးတောက်မျှင်များ တစ်ချက်တစ်ချက် ထွက်လာတတ်သည်။ “ကျုပ် ဘာမှမသိဘူးနော်... အများကြီးသိလို့ အဲဒီတုန်းက အစောကြီး သေခဲ့ရတာ....”
မုတ်ဆိတ်ဖြူအဘိုးကြီးက ချောင်းတဟမ်းဟမ်း ဟန့်၍ မြေအောက်ဘုံအရှင်သခင်ဆီသို့ ကြည့်သည်။ ထို့နောက် ချင်မူ့ဘက် လှည့်ကြည့်ကာ မချုပ်တည်းနိုင်တော့ဘဲ ပြော၏။ “ချင်သားတော်၊ ငါ မြေအောက်ဘုံအရှင်သခင်နဲ့ အရင်ဆွေးနွေးလိုက်ဦးမယ်”
ချင်မူ အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်က သူတို့နှင့် ဝေးရာသို့ လျှောက်သွားပြီး တိုးတိုးပြောနေကြသည်။
မြေအောက်ဘုံအရှင်သခင်က ပြောသည်။ “မင်းက ပိုသိတယ်... မင်းပြော”
ကောင်းကင်နယ်စားမင်းက ပြောသည်။ “သေတဲ့လူမှန်သမျှ မင်းဆီ သွားရတာလေ... မင်းက အသိဆုံးပဲ”
မြေအောက်ဘုံအရှင်သခင် ပြန်မဖြေပေ။
ကောင်းကင်နယ်စားမင်းမှာ မည်သို့လုပ်ရမည်မှန်း မသိတော့၍ ပြောလိုက်ရသည်။ “စောစောက ယန်ချီလင်းဆိုတဲ့ မိန်းကလေးက ငါတို့ကို သတိထားဖို့ ဒီကလေးကို သတိပေးခဲ့တယ်... ငါ လျှို့ဝှက်ချက်နည်းနည်းမှ ထုတ်မပြောရင် ဒီကလေး ငါတို့ကို သေချာပေါက် အငြိုးထားမှာပဲ”
မြေအောက်ဘုံအရှင်သခင်က ခပ်တိုးတိုး ပြော၏။ “ငါမှ အများကြီး မသိတာ”
ကောင်းကင်နယ်စာားမင်း ဒေါသများဖြင့် ပြုံးလိုက်သည်။ “မင်း လုပ်ခဲ့ပြီးတာတောင် အများကြီး မသိသေးဘူးတဲ့လား... မင်း လုပ်ခဲ့တာတွေကို ငါ အကုန်ပြောလိုက်ရမလား... အခု ဒီကမ္ဘာပေါ်မှာ ကမ္ဘာဦးဘုံလည်း ပြန်ပွင့်လာပြီ၊ အမိကမ္ဘာမြေအတုတောင် ပေါ်လာပြီ... အတိတ်တုန်းက ကောင်းကင်နတ်ဘုံနဲ့ ကောင်းကင်နတ်ဧကရာဇ်အကြောင်းတွေလည်း တစ်ခုပြီးတစ်ခု ထွက်လာနေပြီ.... ဒီလက္ခဏာတွေအရ ဒီကမ္ဘာ ပရမ်းပတာ ဖြစ်တော့မှာ အသိသာကြီးလေ.... သူတို့က အကျိုးအမြတ်တွေကို အသာလေး ရိတ်သိမ်းတော့မှာ... ငါတို့ ယိုတုနဲ့ ရွှမ်တုကို ကာကွယ်နိုင်မယ်ထင်လား”
မြေအောက်ဘုံအရှင်သခင် အတန်ငယ် တိတ်ဆိတ်သွား၏။ “လျှို့ဝှက်ချက်နည်းနည်း ပြောပြဖို့ သဘောတူပေမယ့် ငါတို့နဲ့ ပတ်သက်တာတွေတော့ မပြောနိုင်ဘူး”
ထိုအခါမှ ကောင်းကင်နယ်စားမင်း သက်ပြင်းချနိုင်သည်။ “မင်း ပြောမလား၊ ငါ ပြောမလား”
“ငါက ပိုနှုတ်လုံတော့ ငါပဲ ပြောမယ်” မြေအောက်ဘုံအရှင်သခင်က ပြောသည်။
သူတို့နှစ်ယောက်လုံး ပြန်သွားကြပြီး ချင်မူက သူတို့ကို မျှော်လင့်တကြီး ကြည့်နေ၏။
ကျောက်စားပွဲဘေးရှိ ဗုဒ္ဓအိုကြီးနှင့် ချိဧကရာဇ်လည်း မျှော်လင့်ချက်အပြည့်ဖြင့် နားစွင့်ထားကြသည်။
မဟာနေဧကရာဇ်မှာ နားထောင်ရမည်ကို လန့်နေ၍ ထွက်သွားရန် ပြင်နေသော်လည်း စပ်စုချင်စိတ်ကို မချိုးနှိမ်နိုင်ပေ။ ‘တစ်ခါ သေဖူးပြီးသားပဲဟာ ဘာကြောက်စရာလိုလို့လဲ’
အဝေးတွင် ခေါင်းကြီးကြီးကလေးကြီး ချင်ဖုန်းကျင့်လည်း ချင်စာလုံးတောင်တန်းထဲမှ လေးဖက်ထောက် ထွက်လာပြီး သူ့နားရွက်များက ရုတ်တရက် အလွန်အမင်းကြီးလာသည်။ ၎င်းတို့က တောင်တန်းများထက်ပင် ကြီးမားနေချေပြီ။ သူလည်း နားစွင့်နေ၏။
ကောင်းကင်နယ်စားမင်းက ချောင်းဟန့်၍ စကားတစ်ခွန်း မပြောဘဲ ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်ဆီသို့ ကြည့်သည်။ မြေအောက်ဘုံအရှင်သခင်သည် အတန်ကြာ တိတ်ဆိတ်နေပြီးနောက် တည်ငြိမ်စွာ ပြော၏။ “နဂါးဟန် ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်ဧကရာဇ် အမှန်တကယ် သေသွားပြီ”
ချင်မူ ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခါသွားပြီး သူ့ကို မျှော်လင့်ချက်များဖြင့် ကြည့်လိုက်မိသည်။
အဝေးရှိ ခေါင်းကြီးကြီးကလေးကြီး၏ အသံ ဟိန်းထွက်လာသည်။ “မြေအောက်ဘုံအရှင်သခင်ကြီး၊ ကောင်းကင်နတ်ဧကရာဇ်ရဲ့ ဝိညာဉ်ကို ငါ ဘယ်မှာသွားစားရမလဲ.... ခင်ဗျား သူ့ကို ဖွက်ထားတာလား... ခင်ဗျား ပစ္စည်းကောင်းတွေအများကြီး ဖွက်ထားတာ ငါ သိတယ်နော်”
မြေအောက်ဘုံအရှင်သခင်မှာ မျှော်လင့်နေသော မျက်ဝန်းများကို ကြည့်ပြီး ချီတုံချတုံ ဖြစ်သွားသည်။ “အဲဒါပဲ... ကောင်းကင်နယ်စားမင်း၊ ငါက နှုတ်လုံလွန်းတော့ ဘာပြောသင့်မှန်း မသိတော့ဘူး... သူတို့လှည့်စားခံရမှာလည်း ကြောက်တယ်.... မင်းပဲ ပြောလိုက်ပါတော့”
ချင်မူ မယုံသင်္ကာဖြစ်သွားပြီး မုတ်ဆိတ်ဖြူအဘိုးကြီးဆီသို့ မျှော်လင့်ချက်များဖြင့် ကြည့်လိုက်၏။
ကောင်းကင်နယ်စားမင်းက ခေါင်းကိုက်လာ၍ ဒေါသဖြင့် ရယ်လိုက်မိသည်။ “မင်းက နှုတ်လုံတာ မဟုတ်ဘူး ငါ့ကိုပဲ ပြောစေချင်တာပါ... ကောင်းပြီ၊ ငါ ပြောမယ်... နဂါးဟန်ခေတ်ရဲ့ ကောင်းကင်နတ်ဧကရာဇ်က မိန်းမတစ်ယောက်ကို လက်ထပ်ဖို့ လူပြန်ဝင်စားတဲ့အချိန်မှာ အသတ်ခံခဲ့ရတာပဲ”
ဗုဒ္ဓအိုကြီးမှာ ပါးစပ်ထဲမှ လက်ဖက်ရည်ကြမ်းများကို မျက်နှာချင်းဆိုင်၌ ထိုင်နေသော မဟာနေဧကရာဇ်၏ မျက်နှာတည့်တည့်သို့ ဖူးခနဲ မှုတ်ထုတ်လိုက်မိသည်။ မဟာနေဧကရာဇ်က ပူခြစ်နေသော မူလဝိညာဉ်သာ ဖြစ်၍ ရေကို သုတ်မနေတော့ပေ။ ရေများက သူ့မျက်နှာမှ အငွေ့ပျံသွားပြီး ခရုရစ်ကဲ့သို့ ခွေလျက် မြောက်တက်သွားသည်။
ချိဧကရာဇ်၏ ခေါင်းသုံးလုံးမှာ မျက်လုံးအပြူးသားဖြင့် ငေးကြောင်နေ၏။
ချင်မူ ရေရွတ်လိုက်မိသည်။ “ကောင်း.. ကောင်း... ကောင်းကင်နတ်ဧကရာဇ်က မိန်းမတစ်ယောက်ကို လက်ထပ်ဖို့ လူပြန်ဝင်စားတဲ့အချိန်တုန်းက သေသွားတာတဲ့လား... အဲဒီတစ်ယောက်က ကောင်းကင်နတ်ဧကရီရဲ့ ညီမ,လား”
“မဟုတ်ဘူး”
ကောင်းကင်နယ်စားမင်းက သက်ပြင်းချ၍ ပြော၏။ “အရှင်မင်းကြီးက ထက်မြက်ပြီး အင်အားကြီးတယ်... မြေအောက်ဘုံအရှင်သခင်၊ အမိကမ္ဘာမြေ၊ ငါ နဲ့ တခြားသူတွေ သူ့ကို အနိုင်မယူနိုင်ဘူး... ငါတို့အားလုံးရဲ့ အားနည်းချက်တွေက သူ့လက်ခုပ်ထဲက ရေပဲ... စကြဝဠာကြီးထဲက ပထမဆုံးသက်ရှိသတ္တဝါလည်း ဖြစ်တော့ သူ့စွမ်းရည်တွေက မြင့်မားလွန်းပြီး သူ့နည်းလမ်းတွေက ပြောင်မြောက်လွန်းလို့ အင်မတန် လေးစားစရာကောင်းတယ်... ဒါပေမဲ့ သူ့မှာ အားနည်းချက်တစ်ခု ရှိတယ်... အဲဒါ တဏှာကြီးတာပဲ”
မြေအောက်ဘုံအရှင်သခင် ချောင်းတစ်ချက် ဟန့်လိုက်သည်။
ကောင်းကင်နယ်စားမင်းက မျက်မှောင်ကြုတ်သွားပြီး ပြောသည်။ “ဒါတော့ ပြောလို့ရပါတယ်ကွ... ကောင်းကင်နတ်ဘုံ တည်ထောင်တုန်းက ကောင်းကင်နတ်အရှင်မူလည်း ရှိပါတယ်... မင်း အတွင်းသတင်းတွေ သိထားတယ်မလား... အရှင်မင်းကြီးရဲ့ အကျင့်ကို မင်း မြင်နိုင်မှာပါ”
ချင်မူ့အမူအရာက ထူးဆန်းနေ၏။ “ကောင်းကင်နတ်ဧကရီရဲ့ ညီမနဲ့ အိပ်ဖို့လေးအတွက် ကောင်းကင်နတ်ဧကရာဇ် လူပြန်ဝင်စားတာတော့ သိတယ်... သူတို့နှစ်ယောက်ကနေ ကောင်းကင်နတ်အရှင်ဟောင် မွေးလာတာ မဟုတ်လား... နောက်ပိုင်း ဘာတွေဖြစ်သွားလဲတော့ မသိဘူး”
ကောင်းကင်နယ်စားမင်း ဆက်ပြောသည်။ “ကောင်းကင်နတ်အရှင်ယွီ သေတော့ မျိုးနွယ်တွေအားလုံး ဒေါသူပုန်ထကြတယ်... သူတို့က ကောင်းကင်နတ်အရှင်ဟောင်ကို သုတ်သင်ကွပ်မျက်ပေးဖို့ ဆန္ဒပြတောင်းဆိုကြတဲ့အပြင် ကောင်းကင်နတ်အရှင်တချို့ကလည်း ကောင်းကင်နတ်အရှင်ဟောင်ကို လုပ်ကြံဖို့ ကြိုးစားကြတယ်.... အဲဒါနဲ့ ကောင်းကင်နတ်အရှင်ဟောင်ကို ကာကွယ်ဖို့ ကောင်းကင်နတ်ဧကရာဇ်က အဲဒီနတ်ဘုရားမကို တရားဝင်လက်ထပ်ရတော့တာပဲ... အဲဒါမှ ကောင်းကင်နတ်အရှင်ဟောင်လည်း ကောင်းကင်နတ်ဧကရာဇ်ရဲ့ တရားဝင်သား ဖြစ်လာလို့ ဘယ်သူမှ မထိရဲတော့တာ”
ချင်မူမှာ မျက်လုံးပြူးနေသည်။ “ကောင်းကင်နတ်ဧကရာဇ်က ကောင်းကင်နတ်ဧကရီနဲ့ သူ့ညီမ နှစ်ယောက်စလုံးကို ယူလိုက်တာပေါ့”
မြေအောက်ဘုံအရှင်သခင် ချောင်းတစ်ချက် ဟန့်လိုက်သည်။
“ဒါကိုလည်း ပြောလို့ရတယ်... ချောင်းဟန့်မနေနဲ့ အနှောင့်အယှက်ဖြစ်တယ်ဟ”
ကောင်းကင်နယ်စားမင်းက ပြောသည်။ “လူတွေက ရှေးဟောင်းနတ်ဘုရားတွေကို ဖြောင့်မတ်မှန်ကန်ကြတယ် ထင်ကြတယ်.... တကယ်တော့ အဲဒါ အမှားကြီးကွ... ရှေးဟောင်းနတ်ဘုရားတိုင်း ဖြောင့်မတ်မှန်ကန်ကြတာ မဟုတ်ဘူး... ရှေးဟောင်းနတ်ဘုရားတွေကို မွေးထုတ်ပေးခဲ့တဲ့ မဟာတာအိုကသာ ဖြောင့်မတ်မှန်ကန်တာ... ရှေးဟောင်းနတ်ဘုရားတွေက အဲဒီမဟာတာအိုကို လိုက်နာပြီး တာအိုရဲ့ ညွှန်ကြားမှုအတိုင်း လုပ်ဆောင်ကြရုံသက်သက်ပဲ... ရှေးဟောင်းနတ်ဘုရားတွေမှာလည်း လူတွေလို အတ္တတွေ ရှိတယ်....
“ဥပမာ ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုအချုပ်အနှောင်တွေကနေ လွတ်မြောက်အောင် လူပြန်ဝင်စားဖို့ ကြိုးစားကြတဲ့ ရှေးဟောင်းနတ်ဘုရားတွေ တစ်ပုံကြီးပဲ... တချို့ရှေးဟောင်းနတ်ဘုရားတွေဆို သူတို့ရဲ့ အာသာပြဖို့လေးအတွက် မျိုးနွယ်ပေါင်းစုံနဲ့ သားတွေ၊ သမီးတွေ မွေးပြီး နတ်ဘုရားတစ်ပိုင်းမျိုးနွယ်တွေ တည်ထောင်ခဲ့တယ်လေ... ရှေးဟောင်းနတ်ဘုရားအချင်းချင်းကနေ မွေးလာတဲ့ နတ်ဘုရားတစ်ပိုင်းတွေတောင် ရှိသေး...”
မြေအောက်ဘုံအရှင်သခင်က တဟမ်းဟမ်း ချောင်းဟန့်၍ သူ့ကို သတိပေး၏။ “အဆွေတော်၊ ဘာလို့ ဒါတွေ ပြောနေတာလဲ... မင့်စကားတွေက ရှေးဟောင်းနတ်ဘုရားတွေကို သိက္ခာချနေပြီ... သူ့ကို အရေးကြီးတဲ့ကိစ္စတွေသာ ပြောလိုက်စမ်းပါ”
ကောင်းကင်နယ်စားမင်းသည် သူ့ကို အဖက်မလုပ်ဘဲ ပြောသည်။ “ဒီအတားအဆီးအစီအရင်ထဲကို ရောက်လာကတည်းက နေ့တိုင်း ယိုတုသားတော် ရိုက်ပုတ်တာ ခံရလွန်းလို့ သိက္ခာကို မရှိတော့တာ ကြာပြီ.... ဒီအကြောင်း ပြောလို့ ဘာမှဖြစ်မသွားဘူး... နောက်လည်း ပြောရမှာပဲကို... ငါ မပြောရင် ဒီကလေးက မေးမှာပဲလေ... အဲ့ကျ ပြောပြရမှာပဲ”
ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က အသံကိုတိုး၍ ကပ်ပြောသည်။ “ပြောသင့်တာပဲ ပြော... မဟာနေဧကရာဇ်ကို နမူနာယူ”
မဟာနေဧကရာဇ်က ခေါင်းညိတ်ပြီး ပြော၏။ “ကျုပ်က အပြောမတတ်လို့ နောက်ကနေ ပစ်သတ်ခံခဲ့ရတာ....”
ကောင်းကင်နယ်စားမင်း ဆက်ပြောလိုက်သည်။ “အရှင်မင်းကြီးက သိပ်ဉာဏ်များတော့ ငါတို့ရှေးဟောင်းနတ်ဘုရားတွေ သူ့ကို မနိုင်ခဲ့ဘူး... နဂါးဟန်ခေတ်ရဲ့ ကောင်းကင်နတ်ဘုံကို တည်ထောင်တဲ့အချိန်မှာ ငါတို့ရှေးဟောင်းနတ်ဘုရားခေါင်းဆောင်တွေအားလုံး သူ့ကို ကောင်းကင်နတ်ဧကရာဇ်အဖြစ် ရွေးချယ်တင်မြှောက်ပြီး ထောက်ခံပေးခဲ့ကြတယ်... အဲဒီတုန်းက ငါတို့တွေးနေတာက မျိုးနွယ်တွေနဲ့ နတ်ဘုရားတစ်ပိုင်းတွေ အင်အားကြီးထွားလာတာကြောင့် တစ်ယောက်နဲ့တစ်ယောက် နေ့တိုင်း မသတ်ဖြတ်ကြအောင် စည်းမျဉ်းတွေနဲ့ ချုပ်ထားဖို့ လိုတယ်လို့ပေါ့... ကောင်းကင်နတ်ဧကရာဇ်က တဇောက်ကန်းဆန်ပြီး ဉာဏ်များလွန်းလိမ့်မယ် မထင်ထားခဲ့ကြဘူး... ငါတို့က သူ့ကို မိတ်ဆွေတစ်ယောက်အဖြစ် သဘောထားခဲ့ပေမယ့် သူကတော့ ငါတို့ကို သူ့ငယ်သားတွေလို ဆက်ဆံခဲ့တယ်”
ချင်မူ့ရင်ထဲတွင် တင်းကြပ်သွားပြီး သားသတ်ဒယ်အိုးထဲ၌ မြင်ခဲ့ရသော အားချိုကို အမှတ်ရလိုက်၏။
ကောင်းကင်နယ်စားမင်းက ပြောသည်။ “သူ့မှာ ရှေးဟောင်းနတ်ဘုရားအားလုံးရဲ့ အားနည်းချက်တွေ ရှိထားတယ်... မြေအောက်ဘုံအရှင်သခင်ရဲ့ အားနည်းချက်လည်း သူ့လက်ထဲမှာ.. အမိကမ္ဘာမြေလည်း တူတူပဲ... ငါတောင် ပါသေးတယ်... ငါတို့က သူ့ရဲ့ ညီနောင်တွေလေ၊ မိတ်ဆွေကြီးတွေလေ ... ဘယ်သူက သူ့လက်ထဲမှာ ရှိမနေဘဲ နေမလဲ... ယွမ်တုဖြစ်ဖြစ်၊ ယိုတုဖြစ်ဖြစ်၊ ငါ့ရွှမ်တုဖြစ်ဖြစ် သူ့လူတွေချည်း ပြည့်နေတာ... ဒါပေမဲ့ ငါတို့ကတော့ ကောင်းကင်နတ်ဘုံကို မမြင်ရခဲ့ဘူး”
ချင်မူ ခေါင်းညိတ်လိုက်သည်။ ကောင်းကင်နတ်အရှင်ယွီ၏ ဖြစ်ရပ်နှင့် သားသတ်ဒယ်အိုးထဲတွင် ကြားခဲ့ရသော ဇာတ်လမ်းကို သူ ပြန်တွေးမိသည်။
ကောင်းကင်နတ်ဧကရာဇ်သည် ဉာဏ်များပြီး စဉ်းလဲလွန်း၏။ မည်သည့်ရှေးဟောင်းနတ်ဘုရားဖြစ်စေ သူ့ကို မယှဉ်နိုင်ပေ။
ကောင်းကင်နတ်ဧကရာဇ်၏ နေရာက ခိုင်မာသည်ထက် ခိုင်မာလာပြီး ထာဝရတည်မြဲသင့်သော်လည်း
သူ အသတ်ခံခဲ့ရသေး၏။
“တကယ်တော့ ကောင်းကင်နတ်အရှင်မူ နဂါးဟန်ခေတ်ကနေ ထွက်သွားတဲ့အချိန်မှာ နတ်ဘုရားတစ်ပိုင်းတွေ၊ မျိုးနွယ်တွေ အရှိန်အဟုန်နဲ့ တိုးတက်လာပြီး သန်မာအားကောင်းတဲ့သူတွေ အများကြီး မွေးလာခဲ့တယ်.... နတ်ဘုရားတစ်ပိုင်းတွေနဲ့ မျိုးနွယ်တွေက အလျင်အမြန် တိုးတက်နေကြပေမယ့် ရှေးဟောင်းနတ်ဘုရားတွေမှာတော့ လိုက်မှီဖို့ ခက်လာတယ်... ရှေးဟောင်းနတ်ဘုရားတွေက သူတို့တာအိုနဲ့ သွေဖီနေတဲ့ ကျင့်စဉ်၊ လမ်းစဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို မသင်ယူနိုင်ဘူး... သူတို့တာအိုကိုပဲ လေ့လာပြီး တိုးတက်အောင် လုပ်ကြရတာ”
ကောင်းကင်နယ်စားမင်း သက်ပြင်းချမိသည်။ “နတ်ဘုရားတစ်ပိုင်းတွေ၊ သက်ရှိသတ္တဝါတွေ မအိုမင်း၊ မသေဆုံးနိုင်တော့တဲ့အခါ ရှေးဟောင်းနတ်ဘုရားတွေအပေါ် သူတို့ရဲ့ လေးစားကြည်ညိုမှုတွေလည်း တဖြည်းဖြည်း ပျောက်ကွယ်ကုန်တယ်... အဲဒီခေတ်အခါတုန်းက ဗုဒ္ဓအိုကြီးက ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့ပေမယ့် နတ်ဘုရားတစ်ပိုင်းတွေနဲ့ သက်ရှိသတ္တဝါတွေကြားမှ အထွန်းတောက်ဆုံး မဟုတ်ခဲ့ဘူး”
ဗြဟ္ဗဗုဒ္ဓက ခေါင်းညိတ်တော်မူသည်။ “ကောင်းကင်နတ်အရှင်ခုနစ်ယောက်လုံး ငါ့ကို အများကြီး ကျော်တက်သွားကြတယ်”
“ဗုဒ္ဓအိုကြီး ကိုယ့်ကိုယ်ကို အဲဒီလောက် မနှိမ့်ချပါနဲ့... ဗုဒ္ဓနဲ့ သူတို့က အနည်းငယ်ပဲ ကွာတာပါ”
ကောင်းကင်နတ်ဧကရာဇ် သူ့ကို နှစ်သိမ့်၍ ဆက်ပြောလိုက်၏။ “ကောင်းကင်နတ်ဧကရာဇ်က မျိုးနွယ်တွေအကြားမှာ လူသားမျိုးနွယ်ကိုပဲ ကြောက်ခဲ့တာ မဟုတ်ဘူး... နတ်ဘုရားတစ်ပိုင်းတွေထဲက ပါရမီရှင်တွေကိုလည်း ကြောက်လို့ သူ့သား၊ သူ့သမီးတွေကိုတောင် သတိထားစောင့်ကြည့်နေခဲ့တယ်... သူကပဲ နတ်ဘုရားတစ်ပိုင်းတွေနဲ့ မျိုးနွယ်အကြား ရန်တိုက်ပေးပြီး အင်အားယုတ်လျော့သွားအောင် လုပ်ခဲ့တာ... ဒါ့အပြင် လူသားမျိုးနွယ်နဲ့ နတ်ဘုရားတစ်ပိုင်းတွေကို ကောင်းကင်နတ်ဘုံငယ်တွေ ဖန်တီးနိုင်အောင် ခွင့်ပြုပေးထားပြီး သူတို့တိုက်ခိုက်တာ ထိုင်ကြည့်တယ်
“အဲဒီအချိန်တုန်းက အိမ်ရှေ့မင်းသားဝူချီရဲ့ အင်အားက မသေးဘူး... အဲဒါကြောင့် အရှင်မင်းကြီးက သူ ပုန်ကန်နိုင်အောင် အခွင့်အရေးတစ်ခု ဖန်တီးပေးလိုက်ပြီး သုတ်သင်ပစ်ခဲ့တယ်... အိမ်ရှေ့မင်းသားဝူချီ တိမ်းပါးသွားပြီးနောက်မှာတောင် ကောင်းကင်နတ်ဧကရာဇ်က သူ့ကို အလွှတ်မပေးသေးဘဲ သူ့မျိုးရိုးကို ရှဲ့အဖြစ် ပြောင်းခဲ့တယ်.... သူ့နာမည်က ရှဲ့ဝူချီပေါ့... အခု ယိုတုမှာ ဖမ်းချုပ်ခံထားရတယ်”
ချင်မူ ရင်ထဲတွင် တုန်လှုပ်သွား၏။ “ရှဲ့ဝူချီလား... ကျောက်စိမ်းအကျဉ်းထောင်တံခါးမှာ သူ့ကို တွေ့ခဲ့သေးတယ်”
ကောင်းကင်နတ်ဧကရာဇ်က ပြောသည်။ “အစတုန်းက ငါလည်း ဒီအကြောင်း မသိခဲ့ဘူး... ရှဲ့ဝူချီ ပုန်ကန်လို့ အသတ်ခံခဲ့ရတယ်ပဲ သိတာ... ကျန်တဲ့သတင်းက ငှက်လေးဆီကပဲ... သူပြောမှ ကောင်းကင်နတ်ဧကရာဇ်က ရှဲ့ဝူချီကို သတ်ချင်လို့ ပုန်ကန်အောင် တမင်အခွင့်အရေးပေးခဲ့မှန်း ဆက်စပ်မိသွားတယ်”
မဟာနေဧကရာဇ်မှာ ဇက်ပုသွားပြီး နောင်တရနေသော အမူအရာ ရှိသည်။
ကောင်းကင်နတ်ဧကရာဇ်က ဆက်ပြော၏။ “လူသားမျိုးနွယ်နဲ့ နတ်ဘုရားတစ်ပိုင်းတွေက တိုက်ခိုက်နေကြတယ်... သူ့ကလေးတွေက မပုန်ကန်ရဲဘူး... ရှေးဟောင်းနတ်ဘုရားအားလုံးရဲ့ အားနည်းချက်တွေက သူ့လက်ထဲမှာ... ကမ္ဘာလောကကြီးကလည်း သူ့လက်ထဲမှာ... အဲဒီခေတ်မှာ ဘယ်သူမှ သူ့ကို အနိုင်မယူနိုင်ဘူး.... အတိတ်မှာရော၊ ပစ္စုပ္ပန်မှာရော၊ အနာဂတ်မှာရော အနိုင်မယူနိုင်ဘူး”
“ဒါပေမဲ့ သူ သေသွားသေးတယ်လေ” ချင်မူ့မျက်ဝန်းများ အရောင်တောက်နေသည်။
ကောင်းကင်နယ်စားမင်း တခဏ တိတ်ဆိတ်သွားသည်။ “ငှက်လေးက သူ အစောကြီး သေခဲ့ရတယ် ပြောပေမယ့် အဲဒါ မမှန်ဘူး... ကောင်းကင်နတ်ဧကရာဇ်က သူ့ထက် အရင်သေခဲ့ရတာ”
မဟာနေဧကရာဇ်၏ အမွှေးအတောင်များ ကျွတ်ထွက်သွားပြီး သူက အော်လိုက်၏။ “မဖြစ်နိုင်ဘူး... သူ့အမိန့်အတိုင်း ကျုပ် ကောင်းကင်နတ်အရှင်ယွင်ကို သွားတိုက်ခိုက်ပြီး မြားတစ်စင်းနဲ့ နောက်ကနေ အပစ်သတ်ခံလိုက်ရတာလေ... ကျုပ်မှာ ကောင်းကင်နတ်ဧကရာဇ်ရဲ့ အမိန့်စာတောင် ရှိသေးတယ်... မဖြစ်နိုင်ဘူး”
ကောင်းကင်နယ်စားမင်း သက်ပြင်းအရှည်ကြီး ချကာ ပြောလိုက်သည်။ “မင်းက နောက်မှ သေတာပါ... နတ်ဘုရားတစ်ပိုင်းတွေနဲ့ လူသားမျိုးနွယ် တိုက်ခိုက်နေတဲ့အချိန် ယွမ်တုမှာ ပြိုင်ဘက်ကင်းအလှပိုင်ရှင်တစ်ယောက် မွေးဖွားလာတယ်... သူက လှလွန်းလို့ ငါတောင် မကြည့်ဘဲ မနေနိုင်ခဲ့ဘူး... သူ့နာမည်က ကျွယ်ဝူချိန်... ပြစ်မျိုးမှဲ့မထင် လှလွန်းတဲ့ တကယ့် အလှလေး... သူ့အလှက ငါ့နှလုံးသားကိုတောင် လှုပ်ခတ်စေခဲ့တယ်...”
ချင်မူက ထူးဆန်းသောအမူအရာဖြင့် သူ့ကို ကြည့်နေသည်။
ဗုဒ္ဓအိုကြီးနှင့် ချိဧကရာဇ်လည်း ထူးဆန်းသောအမူအရာများဖြင့် ကြည့်နေကြ၏။
ကောင်းကင်နယ်စားမင်း တခဏရပ်ကာ ဆက်ပြောသည်။ “အဲဒါနဲ့ ကောင်းကင်နတ်ဧကရာဇ် လူဝင်စားရောပေါ့ကွာ... သူက လူပြန်ဝင်စားရဲပေမယ့် ဒီတစ်ခေါက် သူ ဘယ်သူအဖြစ် လူပြန်ဝင်စားလဲ... ဘယ်နေရာမှာ ပြန်ဝင်စားလဲ... ဘာမျိုးနွယ်ဖြစ်လာလဲ.. ဘယ်သူမှ မသိအောင် တိတ်တိတ်လေး လုပ်ခဲ့တယ်... ဒါပေမဲ့ တစ်နေ့မှာ လူသားမျိုးနွယ်ရဲ့ ကောင်းကင်နတ်အရှင်တစ်ယောက်က ငါ့ကို ရှာဖို့ ရွှမ်တုဆီ ရောက်လာတယ်”
ချင်မူ စိတ်လှုပ်ရှားလာ၏။ “ဘယ်ကောင်းကင်နတ်အရှင်လဲ”
ကောင်းကင်နယ်စားမင်း တိတ်ဆိတ်သွားသော်လည်း ဆက်ပြောလိုက်၏။ “ကောင်းကင်နတ်အရှင်ယွင်... အဲဒီအချိန်တုန်းက သူက ကောင်းကင်ဟန် ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်ဧကရာဇ်ယွင် ဖြစ်နေပြီ... ဒါ့အပြင် ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်လည်း ဟုတ်တယ်”
ချင်မူ့ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ရီသွားပြီး မျက်လုံးများ ငေးငိုင်သွား၏။
“ကောင်းကင်နတ်အရှင်ယွင်က ငါ့ကို လာရှာပြီး ကောင်းကင်နတ်ဧကရာဇ်ရဲ့ လက်ခုပ်ထဲက ရေဖြစ်နေရတဲ့ အခြေအနေကို ဖြေရှင်းပေးနိုင်တဲ့အကြောင်း ပြောတယ်... အဲဒီလ၊ အဲဒီနေ့မှာ ငါတို့ ကြည့်ရုံပဲ ကြည့်ပြီး ဝင်မပါဖို့ပဲ လိုတယ်တဲ့
“သူ ဘာလုပ်ချင်မှန်း ငါ မသိပေမယ့် သဘောတူခဲ့တယ်... အဲဒီအချိန်မှာပဲ ကောင်းကင်နတ်အရှင် နောက်တစ်ယောက်က ယိုတုဆီ သွားပြီး မြေအောက်ဘုံအရှင်သခင်နဲ့ တွေ့ခဲ့တယ်”
သူက မြေအောက်ဘုံအရှင်သခင်ဆီသို့ ကြည့်၍ မေးသည်။ “ဘယ်ကောင်းကင်နတ်အရှင် လာတွေ့တာလဲ အဆွေတော် မှတ်မိသေးလား”
မြေအောက်ဘုံအရှင်သခင်က ဖြေသည်။ “မှတ်မိတာပေါ့... နတ်ဘုရားတစ်ပိုင်းတွေရဲ့ ခေါင်းဆောင် ကောင်းကင်နတ်အရှင်ဟောင်က ငါ့ကို လာရှာတယ်... သူက အဲဒီလ၊ အဲဒီနေ့ကျရင် ယွမ်တုမှာ ဖြစ်ပျက်နေတာတွေကို ကြည့်ရုံပဲ ကြည့်ပြီး ဝင်မပါဖို့ လိုတယ်တဲ့... ငါ ဝင်မပါရင် ယိုတုရဲ့ပြဿနာကို ဖြေရှင်းနိုင်မယ်ပြောလို့ ငါလည်း သဘောတူခဲ့တယ်”
ကောင်းကင်နယ်စားမင်း ဆက်ပြောလိုက်သည်။ “အဲဒီအချိန်တုန်းက ကောင်းကင်နတ်အရှင်ဟောင်က နတ်ဘုရားတစ်ပိုင်း ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်ဧကရာဇ်ဟောင် ဖြစ်နေပြီ”
ချင်မူမှာ နားမလည်တော့ပေ။ “ကောင်းကင်နတ်အရှင်ဟောင်... ကောင်းကင်နတ်အရှင်ယွင်... သူတို့က ဘာလို့အတူတူ ပူးပေါင်းထားတာလဲ... ရန်သူတွေမဟုတ်ဘူးလား... တစ်ယောက်က နတ်ဘုရားတစ်ပိုင်းတွေကို ကိုယ်စားပြုတယ်... တစ်ယောက်က လူသားမျိုးနွယ်ကို ကိုယ်စားပြုတယ်... တစ်ယောက်နဲ့တစ်ယောက် သူသေကိုယ်သေ တိုက်ခိုက်နေသင့်တာ မဟုတ်ဘူးလား”
“အဲဒါက ငါလည်း ဘယ်လောက်တွေးတွေး နားမလည်တဲ့အရာပဲ... ငါ့ကို အကြောက်လန့်စေဆုံးလည်း ဖြစ်တယ်”
ကောင်းကင်နယ်စားမင်း၏အမူအရာသည် ကြောက်လန့်တုန်လှုပ်နေသော အမူအရာ ဖြစ်သွား၏။ သူက အသံကို တိုးကာ ပြောသည်။ “အဲဒီနောက်ပိုင်း သူတို့ပြောတဲ့ နေ့ ရောက်လာတော့ တိုက်ပွဲ စတယ်.... ပထမဆုံး တိုက်တဲ့သူက ကျွယ်ဝူချိန်ပဲ... သူပြီးတော့ ကောင်းကင်နတ်အရှင်ယွင်နဲ့ ကောင်းကင်နတ်အရှင်ဟောင်က မျိုးနွယ်အမျိုးမျိုးရဲ့ အဆင့်မြင့်သိုင်းပညာရှင်တွေကို ဦးဆောင်လာတယ်... အဲဒီအချိန်ကျမှ သူတို့ သတ်ချင်နေတဲ့သူက ကောင်းကင်နတ်ဧကရာဇ်မှန်း ငါ သိခဲ့တာ... ဒါပေမဲ့ ကတိကြောင့် ဝင်မပါခဲ့ဘူး... ဒါ့အပြင် ငါလည်း ကောင်းကင်နတ်ဧကရာဇ်ကို ကြောက်လို့ သူ သေပါစေ မျှော်လင့်နေခဲ့မိတယ်... အဆွေတော်မြေအောက်ဘုံအရှင်သခင်လည်း မလှုပ်ရှားခဲ့ဘူး...”
ချင်မူ ခေါင်းယမ်းလိုက်မိပြီး ခြေလက်များ အေးစက်နေသည်။ သူက တိုးညှင်းစွာ မေးလိုက်မိ၏။ “အမိကမ္ဘာမြေလည်း ရှိသေးတယ်မဟုတ်လား သူ...”
“သူလည်း ကြည့်ပြီး မလှုပ်ရှားခဲ့ဘူး”
ကောင်းကင်နယ်စားမင်း၏အကြည့်က အနည်းငယ် ထူးဆန်းလာပြီး သူက အသံကို နှိမ့်လိုက်ပြန်၏။ “အမိကမ္ဘာမြေက ကမ္ဘာဦးသစ်ပင်ရဲ့ သစ်ရွက်တွေနဲ့ ကောင်းကင်ကို ဖုံးကာပြီး အဲဒီမှာ ဖြစ်ပျက်နေတာတွေကို ကောင်းကင်နတ်ဘုံ မမြင်နိုင်အောင်တောင် လုပ်ပေးခဲ့သေးတယ်”
၎
င
၎
၎