← Chapters

နဂါးဟန်ခေတ်အတွင်း သံသယများ၊ မသင်္ကာမှုများ

Vol. 60 Ch. 793

နဂါးဟန်ခေတ်အတွင်း သံသယများ၊ မသင်္ကာမှုများ

Vol. 60 Ch. 793

နဂါးချီလင်က ချင်မူ့ကို မယုံသင်္ကာဟန်ဖြင့် ကြည့်ပြီး ရင်ထဲတွင် ဝမ်းနည်းလာသည်။ “ဂိုဏ်းသခင်၊ ကျွန်တော့်ကို လိမ်နေပြန်ပြီ... ကျွန်တော်တို့ ထွက်ပြေးနိုင်‌အောင် ကာကွယ်ပေးဖို့ ဂိုဏ်းသခင် အနစ်နာခံပေးနေတယ်ထင်တာ... အခုတော့ ဂိုဏ်းသခင်က ဒီမိန်းကလေးတွေကို မျှားခေါ်သွားဖို့ ကျွန်တော်တို့ကို ငါးစာအဖြစ် အသုံးချလိုက်တာပေါ့လေ”

ချင်မူ အလျင်အမြန် ချော့လိုက်သည်။ “အစာပိုကျွေးပါ့မယ် ငါ့ကောင်ရ”

နဂါးချီလင် ပွစိပွစိ ညည်းညူနေသည်ကို ရပ်လိုက်ပြီး ငေးကြောင်နေသော ကောင်းကင်နတ်အရှင်ယွီနှင့် ကုန်းစွန်းယန်ဆီသို့ ပြောလိုက်သည်။ “ဂိုဏ်းသခင်က အင်မတန် ထက်မြက်ပြီး ရဲရင့်တယ်... ငါတို့ ဘေးကင်းလုံခြုံအောင် ဒီမိန်းကလေးကို ဖမ်းဖို့ အဲဒီအကွက် သုံးသွားတာ ဘယ်လောက် ပါးနပ်လိုက်သလဲ”

ရေချီလင်မှာ စိတ်ပျက်သည့်ဟန်ဖြင့် မျက်လုံးလှန်ကာ သူ့ဘာသာသူ တွေးလိုက်မိသည်။ ‘ဒီ‌ကောင်ရဲ့ အရှက်မရှိပုံကတော့ ငါ့ထက်တောင် ဆိုးသေးတယ်... အစာပိုစားရမယ်ဆိုတာနဲ့ ရှက်ကြောဖြတ်ခံလိုက်ရတဲ့အတိုင်းပဲ... တွေးကြည့်တော့မှ သူ့ကျမ်းစာက ဘယ်လိုခေါ်တာပါလိမ့်... အဲဒါကို လေ့လာဖို့ သူ့ကို ဖားဦးမှပဲ... အဲဒါမှ ငါလည်း အစာပိုစားရမှာ...’

ရေချီလင်သည် ကောင်းကင်နတ်အရှင်ယွီကို ကာကွယ်ပေးရင်း ဒဏ်ရာရခဲ့သော်လည်း ဒဏ်ရာအပြင်းထန်ဆုံးမှာ ကုန်းစွန်းယန် ဖြစ်၏။ ဤမိန်းကလေးမှာ မရှုမလှ အရိုက်နှက်ခံခဲ့ရသည့်အပြင် မြင်းမြီးယပ်လည်း အလုခံခဲ့ရသည်။

ယန်ချီလင်း၏ အခြွေအရံများက သိုင်းအဆင့်မြင့်မားကြ၏။ တစ်ယောက်က နတ်ကောင်းကင်ခန်းမအဆင့် ဖြစ်ကာ ကျန်ရှိသူများက ကျောက်စိမ်းမြို့‌တော်အဆင့်များ ဖြစ်ကြသည်။ ကုန်းစွန်းယန်မှာ ကမ္ဘာမြေမှုန်တာအိုသစ်သီး၏ အူတိုင်မှ မွေးဖွားလာသော နတ်ဘုရားတစ်ပိုင်းဖြစ်သော်လည်း အရပ်ခြောက်မျက်နှာ မူလဓားဖြင့် စွမ်းအားများစွာ မထုတ်လွှတ်နိုင်ခဲ့ပေ။

အကြိတ်အနယ် တိုက်ခိုက်ပြီးနောက် သူမ ဒဏ်ရာသွားသဖြင့် အဖမ်းခံခဲ့ရသည်။ သူမခေါင်းအနောက်ရှိ ရောင်ခြည်စက်ဝန်းအထဲရှိ အပင်ပေါက်လေးမှာလည်း ရိုက်နှက်မှုများကြောင့် ရှုံ့တွပြီး အသက်မဲ့နေချေပြီ။

ချင်မူက အားလုံးပြဿနာကြီးကြီးမားမား မဖြစ်ခဲ့ကြောင်း မြင်သည့်အခါမှ စိတ်သက်သာရာရသွားသည်။ “မမကြီးယန်၊ အခု ငါတို့အခြေအနေက ရှင်းနေပြီ... မင်းက ငါ့လက်ထဲမှာ ဆိုတော့ ငါတို့ ဘာလုပ်သင့်သလဲ”

ယန်ချီလင်းမှာ ဒဏ်ရာများကို အတတ်နိုင်ဆုံး ဖိနှိပ်နေရ၍ ခပ်မျှင်းမျှင်းသာ အသက်ရှူနေရသည်။ သူမက ခက်ခက်ခဲခဲ ပြောလေသည်။ “သူတို့ကို လွှတ်ပေးလိုက်”

အခြွေအရံမိန်းကလေးများက အင်တင်တင် ဖြစ်နေသေးသော်လည်း သူမ၏အမိန့်အတိုင်း ကောင်းကင်နတ်အရှင်ယွီနှင့် ကျန်ရှိသူများကို လွှတ်ပေးလိုက်သည်။

ယန်ချီလင်း၏မျက်လုံးများမှာ ဖူးယောင်နေပြီး သူမအသွင်မှာ စောစောကကဲ့သို့ ကြော့ရှင်းလှပမနေတော့ပေ။ သူမက တိုးညင်းသောအသံဖြင့် မေးသည်။ “ဘယ်လိုလဲ ကောင်းကင်နတ်အရှင်မူ”

ချင်မူက သူမပါးစပ်ထဲသို့ စွမ်းအင်ဆေးလုံးအနည်းငယ် သိပ်ထည့်၍ ပြောလိုက်သည်။ “ဒါက အနာကျက်ဆေးပဲ... မပူနဲ့ အဆိပ်မဟုတ်ဘူး”

ယန်ချီလင်းမှာ ဆေးလုံးများကို မမြိုချရဲပေ။

ချင်မူ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “စားလိုက်... ငါ မင်းကို မေးစရာတွေ ရှိတယ်”

ယန်ချီလင်းက ပါးစပ်ကို တင်းနေအောင် စေ့ထားသည်။

ရုတ်တရက် ချင်မူက သူမလည်ပင်းအပေါ် ဖိလိုက်၍ ယန်ချီလင်း ဆေးလုံးများကို မြိုချမိသွားသည်။ သူမနဖူးနှင့် ကျော၌ ချွေးစေးများ ပြန်လာတော့သည်။

သို့သော် ဤဆေးလုံးများ သူမ၏ဝမ်းဗိုက်ထဲသို့ ကျသွားသည့်အခါ ကိုယ်ပေါ်ရှိ ဒဏ်ရာအားလုံး ယားယံလာသည်ကို ခံစားလိုက်ရသည်။ ဒဏ်ရာများက ဖြည်းဖြည်းချင်း ကျက်နေကြ၏။

“ဒီဆေးလုံးတွေက ဖက်တီးနဂါးရဲ့ တံတွေးနဲ့ ပရဆေးပင်တွေကို ရောပြီး ဖော်ထားတဲ့ ဆေးလုံးတွေပဲ... အခုချိန်ဆို တစ်လုံးကို တဖုန်းကြေးဖြားတစ်သောင်းလောက် ကျတယ်” ချင်မူ ပြုံးလျက် ပြောနေသည်။

နဂါးချီလင်မှာ ဂနာမငြိမ် ဖြစ်လာကာ ခပ်တိုးတိုး ပြော၏။ “ဂိုဏ်းသခင်၊ ဒါ နဂါးသွားရည်ဗျ... တံတွေးမဟုတ်ဘူး... တံတွေးလို့ ပြောရင် ဝယ်မယ့်သူမရှိဘဲ နေလိမ့်မယ်”

ယန်ချီလင်း တစ်ချက် ညည်းလိုက်သည်။ ဒဏ်ရာများ သွေးတိတ်သွားပြီး ကျင့်စဉ်စွမ်းအင် အနည်းငယ် ပြန်ပြည့်လာသဖြင့် အားနည်းဖျော့တော့စွာ မေးလေသည်။ “နင် ဘာမေးချင်တာလဲ”

“အရင်ဆုံး အရပ်ခြောက်မျက်နှာ မူလဓားကို ပြန်ပေးဦး” ချင်မူ ပြောလိုက်သည်။

ယန်ချီလင်းက ထိုမိန်းကလေးများဆီသို့ ကြည့်လိုက်၏။ “မြင်းမြီးယပ်ကို သူ့ဆီ ပြန်ပေးလိုက်”

မိန်းကလေးတစ်ယောက်က မြင်းမြီးယပ်နှင့်အတူ ရှေ့သို့တက်လာပြီး ပေးရန် ပြင်လိုက်သော်လည်း ကောင်းကင်နတ်အရှင်ယွီက မြင်းမြီးယပ်ကို လှမ်းယူ၏။ သူကတစ်ဆင့် ချင်မူ့ဆီ ပြန်ပေးကာ ခပ်တိုးတိုး ပြောသည်။ “အစ်ကိုကြီး၊ ဒီမိန်းမတွေက သိပ်သန်မာတယ်... ဒီအခြေအနေကို အခွင့်ကောင်းယူပြီး တိုက်ခိုက်မှာစိုးရတယ်”

ချင်မူ မြင်းမြီးယပ်ကို သိမ်းပြီး သူ့ကို ချီးကျူးလိုက်သည်။ “သိပ်တော်တယ် ညီလေး”

“ဆိုတော့ မင်းက ပြင်ပကောင်းကင်နတ်ဘုံကလား”

သူက ယန်ချီလင်းဘက် လှည့်ကြည့်ကာ စိုးရိမ်းနေသောဟန်ဖြင့် မေးသည်။ “ကောင်းကင်နတ်ဧကရာဇ် အဆင်ပြေပြေ ရှိသေးရဲ့လား”

ယန်ချီလင်းက အေးစက်စက် ပြော၏။ “ပြင်ပကောင်းကင်နတ်ဘုံက သစ္စာဖောက်တွေ၊ သူပုန်တွေ ဖန်တီးထားတဲ့ ကောင်းကင်နတ်ဘုံတစ်ခုသက်သက်ပဲ... သူတို့က ဘယ်လိုလုပ် ငါ့ရဲ့သစ္စာခံမှုနဲ့ ထိုက်တန်မှာလဲ... နင် မှားနေပြီ၊ ငါက ပြင်ပကောင်းကင်နတ်ဘုံနဲ့ တစ်စက်မှ မပတ်သက်ဘူး...

“အဲဒီတုန်းက တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ ကောင်းကင်နတ်အရှင်မူက ဒီခေတ်ကလူမှန်း ငါ မထင်ထားခဲ့ဘူး... ကောင်းကင်နတ်ဧကရာဇ်သာ ဒီအကြောင်း သိရင် သေချာပေါက် အံ့အားသင့်သွားလိမ့်မယ်... ငါ သိပ်သိချင်မိတယ်... ကောင်းကင်နတ်အရှင်မူ ဘယ်လိုလုပ်ပြီး အတိတ်နှစ်တစ်သန်းဆီ ပြန်လာနိုင်ခဲ့တာလဲ... ပြီးတော့ နင်နဲ့အတူ ရောက်လာခဲ့တဲ့ ကောင်းကင်နတ်အရှင်ချင်က ခိုင်ဧကရာဇ်လား”

ချင်မူ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “မင်းကို မေးနေတာက ငါပါ... ဒါပေမဲ့ မင်းက ငါ့ဆီက သတင်းပြန်နှိုက်နေတယ်... မမကြီးက သိပ်လည်တာပဲနော်... စောစောက မင်း ပြောခဲ့တဲ့ တာအိုတစ်၊ တာအိုနှစ်တို့ဆိုတာ ဘယ်လိုအမျိုးအစား ခွဲထားတာလဲ”

ယန်ချီလင်း၏အမူအရာ အနည်းငယ် ပျော့ပျောင်းသွားသည်။ “ဒီကမ္ဘာပေါ်မှာ ရှိတဲ့ မဟာတာအိုတွေကို အမျိုးအစားအလိုက် ခွဲထားတာပဲ.... ယွမ်တုမှာ တာအိုသုံးဆယ့်ခြောက်မျိုး ရှိတယ်... ပထမတာအိုအမျိုးအစားက တာအိုတစ်၊ ဒုတိယအမျိုးအစားက တာအိုနှစ် အဲဒီလိုပေါ့... ယိုတုမှာ တာအိုခြောက်ဆယ့်လေးမျိုး၊ ရွှမ်တုမှာ ခုနစ်ဆယ့်နှစ်မျိုး ရှိတယ်... ကြယ်တာအိုတွေကတော့ သုံးရာ့ခြောက်ဆယ် ရှိတယ်... ဒီတာအိုတွေအားလုံးကို နံပါတ်စဉ် သတ်မှတ်ထားကြတယ်.... လူတစ်ယောက် ကောင်းကင်နတ်သိုင်းတစ်မျိုး ထုတ်လွှတတ်လိုက်တာနဲ့ မဟာတာအိုသဘောတရားကို ကြည့်ပြီး ဘယ်မဟာတာအိုရဲ့ ကောင်းကင်နတ်သိုင်းမှန်း သိနိုင်တယ်... ဥပမာ နင် ကောင်းကင်မီးလျှံကို ထုတ်ဖော်လိုက်တဲ့အချိန်မှာ ရွှမ်တုရဲ့ တာအိုနှစ်မှန်း တန်းမြင်ရတာမျိုးပေါ့”

ချင်မူ တစ်ယောက်တည်း ခပ်တိုးတိုး ရေရွတ်ရင်း စဉ်းစားနေမိသည်။ “ဒီလိုအမျိုးအစားခွဲတာက တာအိုဂိုဏ်းကိုတောင် သတိရမိစေတယ်... မင်း ပေတီးပေစုတ် တာအိုရသေ့ကြီးတစ်ယောက်ကို သိလား”

“တာအိုဂိုဏ်းရဲ့ တာအိုဘိုးဘေးကြီးကို ပြောတာလား”

ယန်ချီလင်းက ခေါင်းယမ်းသည်။ “သူ့အကြောင်း ကြားဖူးပေမယ့် မမြင်ဖူးဘူး”

ချင်မူ သူမအမူအရာကို အသေအချာ အကဲခတ်နေရင်း ဆက်မေးကြည့်၏။ “တာအိုဂိုဏ်းရဲ့ တာအိုဘိုးဘေးကြီးနဲ့ တကယ် မတွေ့ဖူးဘူးလား”

ယန်ချီလင်းက ပြောသည်။ “မတွေ့... တာအိုဂိုဏ်းရဲ့ တာအိုဘိုးဘေးကြီးနဲ့ ငါ တွေ့ဖူးတယ်.... နင် နင် နင် ငါ့ကို ဘာတွေ ကျွေးလိုက်တာလဲ”

ယန်ချီလင်းမှာ သူမ၏အသိစိတ်အလျဉ်ကို မထိန်းချုပ်နိုင်တော့သောကြောင့် ကြောက်လန့်သွား၏။ တာအိုဂိုဏ်း၏ တာအိုဘိုးဘေးကြီးနှင့် မတွေးဖူးဟု သူမ ပြောခဲ့ချင်သော်လည်း ချင်မူ ဒုတိယအကြိမ် မေးသည့်အခါ အမှန်ကို မပြောဘဲ မနေနိုင်ပေ။

“ဖက်တီးနဂါးရဲ့ တံတွေးလေ”

ချင်မူက ဖော်ရွေပျူငှာစွာ ပြောသည်။ “ပရဆေးပင်တချို့နဲ့ ‌ပေါင်းစပ်လိုက်တော့ အနာကျက်ဆေး ဖြစ်သွားတယ်... ဒါပေမဲ့ ဒီလိုဆေးမျိုးမှာ အားနည်းချက်ပါတယ်... အဲဒါက လူတစ်ယောက်ရဲ့ အသိစိတ်အလျဉ်အပေါ် သက်ရောက်မှုရှိတာပဲ... ဆေးစားလိုက်မိတဲ့ လူရဲ့ အသိစိတ်အလျဉ်က အခြားသူတွေနဲ့ မသိသာသာ လိုက်မျောသွားတတ်တယ်... ယိုတုရဲ့ မိစ္ဆာလမ်းစဉ် ကောင်းကင်နတ်သိုင်းတွေနဲ့ တွဲလိုက်တော့ စားသုံးသူရဲ့ ဝိညာဉ်ကို လွှမ်းမိုးနိုင်သွားတာမျိုးပေါ့... ဒါက စစ်ဆေးမေးမြန်းတဲ့နေရာမှာ မဆိုးဘူး... တာအိုဂိုဏ်းရဲ့ တာအိုဘိုးဘေးကြီးက ဒီမဟာတာအိုတွေကို နံပါတ်သတ်မှတ်နိုင်အောင် ကူညီပေးခဲ့တဲ့ တစ်ယောက်လား”

နဂါးချီလင်မှာ ကျေနပ်နေပြီး ရေချီလင်ဆီသို့ ပြောလိုက်၏။ “ဒါ နဂါးသွားရည်ရဲ့ အစွမ်းလေ”

ရေချီလင်မှာ လေးစားနေတော့သည်။ “ညီလေး၊ မင်း အားရင် ငါ့ သင်ပေးဦးကွာ”

“ဒါက မွေးရာပါအစွမ်းလို့ ခေါ်တယ်... ခင်ဗျား သင်လို့မရဘူး” နဂါးချီလင် ပို၍ပို၍ ကျေနပ်လာသည်။

ယန်ချီလင်း၏ နဖူးပေါ်ရှိ ချွေးပေါက်များက ရွှေရောင်သွေးတို့နှင့် ရောလျက် သူမ၏ပါးပြင်ပေါ်သို့ လိမ့်ဆင်းကျလာသည်။ သူမက ပါးစပ်ကို တင်းနေအောင် စေ့ထားကာ စကားမပြောတော့ပေ။

ချင်မူ့အသံက နူးညံ့လာသည်။ “မဟာတာအိုအားလုံးကို ကျမ်းပြုစုပေးခဲ့တဲ့သူက တာအိုဘိုးဘေးကြီးလား... သူ ပြုစုခဲ့တဲ့ တာအိုတွေကို မင်း အကုန်မြင်ခဲ့ရတယ် ဟုတ်တယ်မလား.. အဲဒါဆို အခု တာအိုဂိုဏ်းရဲ့ တာအိုဘိုးဘေးကြီး ဘယ်မှာလဲ”

ယန်ချီလင်းသည် အံတင်းတင်းကြိတ်ထားရ၍ မျက်နှာတစ်ပြင်လုံး နီရဲနေ၏။ သူမတစ်ကိုယ်လုံး တုန်ရီနေပြီး ဝိညာဉ်အပေါ် ပြုစားနေသော သူ၏မိစ္ဆာသံကို ခုခံနေကြောင်း ထင်ရှားသည်။

ချင်မူ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ သူမမှာ မည်သို့မေးမေး ပြောချင်သည့်ပုံမရသည့်အပြင် ချင်မူ့တွင်လည်း သူမကို အတင်းအကြပ် ပြောခိုင်းနိုင်သော နည်းလမ်းမရှိပေ။

ဤမိန်းကလေးကား စိတ်မာလွန်း၏။ ယွမ်တု၊ ယိုတုနှင့် ရွှမ်တု၏ ကျင့်စဉ်၊ လမ်းစဉ်များ၊ ကောင်းကင်နတ်သိုင်းမျာကိုလည်း တတ်မြောက်ထားရာ သူမဝိညာဉ်ကို ထိန်းချုပ်ရန် လွယ်မည်မဟုတ်ပေ။

“ဓားတာအိုရဲ့  တာအိုတစ်၊ သိုင်းတာအိုရဲ့ တာအိုတစ် ဆိုတာက ဘာကို ပြောတာလဲ” ချင်မူ မေးလိုက်၏။

ယန်ချီလင်းမှာ ဝန်ထုပ်များ ကျသွားသကဲ့သို့ သက်သာသွားဟန်ဖြင့် ခက်ခက်ခဲခဲ ဖြေသည်။ “ဒီကမ္ဘာပေါ်မှာ အစတုန်းက ဓားတာအိုနဲ့ သိုင်းတာအို မရှိခဲ့ဘူး... နောက်ပိုင်းမှသာ ပေါ်လာတာ... နောက်ပိုင်းမျိုးဆက်တွေကြောင့် ဖြစ်ပေါ်လာတာဆိုတော့ သဘာဝမဟာတာအိုနဲ့ မသက်ဆိုင်ဘူး... တာအိုဘိုးဘေးကြီး ပြောဖူးတယ် ... လမ်းစဉ်အဆင့် တန်းဝင်ရောက်နိုင်တဲ့ သိုင်းကွက်တစ်ကွက် ရှိရင် အဲဒါက တာအိုတစ်တဲ့....”

“တာအိုဘိုးဘေးကြီး ဘယ်မှာလဲ” ချင်မူ အလျင်အမြန် ‌မေးလိုက်၏။

ယန်ချီလင်း၏ ခန္ဓာကိုယ် တသိမ့်သိမ့် တုန်သွားပြီး သူမက လျှာကို ကိုက်ချလိုက်သည်။

ချင်မူ မျက်မှောင်ကြုတ်သွားကာ သူမလျှာ ပြတ်မသွားအောင် မြင်းမြီးယပ်ကို သူမပါးစပ်ထဲ ထည့်လိုက်၏။ သူက ချောင်းဟန့်ပြီး ပြောလိုက်သည်။ “မစိုးရိမ်နဲ့ ဒီမေးခွန်း ထပ်မမေးတော့ဘူး”

ယန်ချီလင်းက မြင်းမြီးယပ်ကို ထွေးထုတ်၍ အေးစက်စက် ပြောသည်။ “နင်က ဉာဏ်များလွန်းတယ်... ငါ နင့်ကို မယုံဘူး... ကောင်းကင်နတ်အရှင်မူ ဖြစ်ပြီး ဒီလိုအောက်တန်းကျတဲ့ နည်းလမ်းနဲ့ ငါ့ကို ဆေးခပ်တယ်”

ချင်မူ တဟားဟား ရယ်လိုက်ရင်း ကျေနပ်နေ၏။

ယန်ချီလင်းက သရော်တော်တော် ပြောသည်။ “ကောင်းကင်နတ်အရှင်ယွီရဲ့ ဝိညာဉ်တစ်စိတ်တစ်ပိုင်း ပျောက်နေသေးတယ်မဟုတ်လား... ဘယ်မှာရှိလဲ ငါသိတယ်... နင်နဲ့ငါ့ရဲ့ ရန်သူတွေက အတူတူပဲ၊ ငါတို့ အတူတူ ပူးပေါင်းသင့်တယ်”

“ငါ့ရန်သူရဲ့ ရန်သူဆိုတိုင်း ငါ့ မိတ်ဆွေမဖြစ်နိုင်ဘူး”

ချင်မူ ခေါင်းယမ်းပြီး ပြောလိုက်၏။ “ငါ မင်းရဲ့ ရည်ရွယ်ချက်အစစ်ကို မသိဘူး... မင်းက မိတ်ဆွေဟုတ်ရဲ့လားလည်း ပြောမရဘူး... ညီလေးလန်ရဲ့ ဝိညာဉ်က ဘယ်မှာရှိလဲဆိုတာ ငါလည်း သိထားပြီးသား”

ယန်ချီလင်း တိတ်ဆိတ်သွားသည်။ ရုတ်တရက် သူမက မေးသည်။ “နင် ကောင်းကင်နတ်အရှင်မူဘွဲ့ကို တကယ် ဂရုမစိုက်ဘူးလား”

“ကောင်းကင်နတ်အရှင်မူဟုတ်လား”

ချင်မူက ရယ်လိုက်ပြီး ခေါင်းယမ်းသည်။ “ကောင်းကင်နတ်ဧကရာဇ်က ငါ့ကို ကောင်းကင်နတ်အရှင်မူအဖြစ် တင်မြှောက်ခဲ့ပေမယ့် ဘာတွေများ ချီးမြှင့်ခဲ့လို့လဲ... ကောင်းကင်နတ်အရှင်မူ တံဆိပ်ပြားနဲ့ တော်ဝင်အမိန့်စာတမ်းလေးတစ်ခုထဲလေ... ငါဖြင့် ကြည့်တောင် မကြည့်မိဘူး... ကျန်တဲ့ကောင်းကင်နတ်အရှင်တွေကတော့ ရှေးဟောင်းနတ်ဘုရားတွေဆီက ကောင်းချီးတွေ ရခဲ့ပေမယ့် ငါကတော့ တံဆိပ်ပြားလေးတစ်ပြားပဲ ရခဲ့တာ... အလွန်ဆုံး သူ အဲဒါကို ပြန်ရုတ်သိမ်းရုံပဲ ရှိမှာ”

ယန်ချီလင်း ငြိမ်သက်သွားသည်။ တခဏကြာသော် သူမက မေး၏။ “ကောင်းကင်နတ်ဧကရာဇ်ရဲ့ ကောင်းချီးက အဲဒီတံဆိပ်ပြားနဲ့ တော်ဝန်အမိန့်စာတမ်းထဲမှာ ရှိနေတာလေ.... နင် ပြီးခဲ့တဲ့ နှစ်တစ်သန်းလုံးလုံး မသိခဲ့တာလား”

ချင်မူ မှင်သက်သွားသည်။

ယန်ချီလင်းက အပြုံးမဟုတ်သော အပြုံးဖြင့် သူ့ကို ကြည့်နေ၏။ ချင်မူမှာ ထောင်ကျယ်အိတ်ကို မွှေနှောက်၍ ထုတ်ကြည့်ချင်စိတ်ကို မြိုသိပ်ကာ ပြောလိုက်သည်။ “မေးခွန်းတွေက ဒီလောက်ပဲ မင်းတို့ သွားလို့ရပြီ... ဒဏ်ရာတွေကို ကောင်းကောင်းကု... ကောင်းကင်နတ်အရှင်ယွီကို စိတ်မပူနဲ့ ... သူ ငါနဲ့အမြဲရှိတယ်... ငါလည်း သူ့ကို ကောင်းကောင်းစောင့်ရှောက်ပေးမယ်... မင်း ငါနဲ့တကယ် မဟာမိတ်ဖွဲ့ချင်ရင် သူ့ဝိညာဉ်ကို ယူလာပြီး ငါ့ဆီ လာတွေ့လှည့်”

ယန်ချီလင်းသည် ခက်ခက်ခဲခဲ ထပြီး သူ့ဘေးမှ ဖြတ်သွား၏။ သူမက ရုတ်တရက် ရပ်ကာ တိုးညှင်းသော အသံဖြင့် ပြောလေသည်။ “အမိကမ္ဘာမြေကို မယုံနဲ့... ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်ကို သတိထား... ကောင်းကင်မဟာမိတ်အဖွဲ့ကိုရောပဲ.... သူတို့က ကောင်းတဲ့လူတွေမဟုတ်ဘူး”

ချင်မူ အံ့အားသင့်သွား၍ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။ သူက မိုးမခသစ်ရွက်ကို အလျင်အမြန် ထုတ်ပြီး တတိယမျက်လုံးအပေါ် အုပ်ရန် ပြင်လိုက်သော်လည်း ရပ်လိုက်သည်။ ထိုအစား ပြန်သိမ်းပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “တော်တော်လျင်တဲ့ မိန်းကလေးပဲ”

ယန်ချီလင်း ခြေဆယ်လှမ်းကျော် လျှောက်ပြီးသည့်အခါ အခြွေအရံမိန်းကလေးများက သူမကို ကူတွဲပြေးရန် ပြေးလာကြသည်။ မိန်းကလေးတစ်ယောက်က ခပ်တိုးတိုး ပြောသည်။ “မမလေး၊ ကျွန်မတို့...”

ယန်ချီလင်းက ခေါင်းယမ်းပြလိုက်၏။ “သူက ငါ့ကို အသေမသတ်ခဲ့တဲ့အပြင် ဒဏ်ရာတွေလည်း ကုပေးခဲ့တယ်... ဒီတော့ ငါလည်း ကျင့်ဝတ်တော့ ရှိဖို့ လိုတယ်... ဒီနေ့ ကိစ္စကိုတော့ ဒီမှာပဲ ရပ်ပြီး ငါ့သိက္ခာ ငါ့ဘာသာငါ ပြန်ဆယ်မယ်.... နင်တို့အကူအညီ မလိုဘူး... သွားကြစို့”

မိန်းကလေးတစ်ယောက်က ခန္ဓာကိုယ်လှုပ်ခါကာ ခွန်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ကျန်မိန်းကလေးများက ယန်ချီလင်းကို ခြံရံလျက် ခွန်ကြီး၏ကျောပေါ် တက်လိုက်ကြသည်။

ထိုခွန်ကြီး ပျံသန်းတော့မည့်အချိန် ချင်မူ၏အသံက အနောက်မှ ထွက်လာသည်။ “မမကြီးလင်း၊ ကောင်းကင်နတ်ဧကရာဇ် သေသွားပြီလား”

ယန်ချီလင်း၏ခန္ဓာကိုယ် သိမ့်ခနဲ တုန်ရီသွားပြီး သူမက အံတင်းတင်းကြိတ်ကာ စာလုံးတစ်လုံးသာ ပြောလိုက်သည်။ “သွား...”

ခွန်ကြီးက ဆူးတောင်များ ခတ်လျက် ကောင်းကင်ထက်သို့ ပျံတက်သွား၏။

ချင်မူမှာ သူတို့ထွက်သွားသည်ကို ကြည့်ရင်း အတွေးထဲ နစ်မျောသွားသည်။

ကုန်းစွန်းယန်နှင့် ကောင်းကင်နတ်အရှင်ယွီက သူ့ဘေးသို့ ကပျာကယာ ရောက်လာကြပြီး ထိုအခါမှ ချင်မူ သတိပြန်ဝင်သွားသည်။ သူက နွေးထွေးစွာ ပြုံးရင်း ပြောလိုက်သည်။ “မမကြီးယန်၊ ဒဏ်ရာတွေ ရထားတယ်မလား... အမာရွတ်မကျန်အောင် ကျွန်တော် ကုပေးမယ်”

ကုန်းစွန်းယန်က ခေါင်းညိတ်ပြပြီး ငြိမ်သက်စွာ ရပ်နေသည်။ ချင်မူက သူမအင်္ကျီချွတ်၍ ဒဏ်ရာများကို ကြည့်သည်။ ထို့နောက် သူမကိုယ်ပေါ်တွင် လိမ်းဆေး လိမ်းပေးရင်း သွေးခဲများ ညှစ်ထုတ်ပေး၏။ သူ၏လက်ဟန်နည်းစနစ်များက အလွန်ထိရောက်လေသည်။

ကုန်းစွန်းယန်၏အသားမှာ အလွန်ဖြူဖွေးနေသည်။

“ကောင်းကင်နတ်ဧကရာဇ် သေသွားပြီ”

ချင်မူက ရုတ်တရက် ရပ်လိုက်ပြီး ငေးငိုင်သွား၏။ “နဂါးဟန်ကောင်းကင်နတ်ဘုံက ရှေး‌ဟောင်းကောင်းကင်နတ်ဧကရာဇ် သေသွားပြီ”

ကုန်းစွန်းယန် အူကြောင်ကြောင် ဖြစ်သွားသည်။ သူ အဘယ်ကြောင့် ငေးငိုင်သွားမှန်း သူမ မသိသလို၊ ဆိုင်းမဆင့် ဗုံမဆင့် ထပြောလိုက်သည့် စကားကိုလည်း နားမလည်ပေ။

ချင်မူ စိတ်နှင့်ကိုယ် ပြန်ကပ်သွားပြီး သူမကို လိမ်းဆေး ဆက်လိမ်းပေးနေသည်။ သူက တစ်ယောက်တည်း ရေရွတ်နေသကဲ့သို့ တိုးညှင်းစွာ ပြောနေ၏။ “ပြင်ပကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်ဧကရာဇ်က ရှေးဟောင်းနတ်ဘုရား ကောင်းကင်နတ်ဧကရာဇ်လို့ပဲ အမြဲ ထင်နေခဲ့တာ... ဒါပေမဲ့ ယန်ချီလင်း မသိလိုက်ဘဲ ပြောလိုက်တဲ့ သတင်းအရ ကောင်းကင်နတ်ဧကရာဇ် သေသွားပြီ... ပြင်ပကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်ဧကရာဇ်က သူ မဟုတ်ဘူး.... တခြားတစ်ယောက်ပဲ”

သူက ကုန်းစွန်းယန်၏အရှေ့တွင် ရပ်၍ အင်္ကျီပြန်ဝတ်ပေးနေသည်။ သူ့လက်များက အဝတ်အစားကို ညင်ညင်သာသာဖြင့် သပ်သပ်ရပ်ရပ် လုပ်ပေးနေသော်လည်း ဤကောင်လေး စိတ်နှင့်ကိုယ် မကပ်ကြောင်း ကုန်းစွန်းယန် မြင်နေရသည်။ သူ့ခေါင်းထဲတွင် တခြားအတွေးများ ပြည့်နေ၏။

သူမအဝတ်အစားများမှာ အလွန်သေသေသပ်သပ် ရှိနေပြီဖြစ်သော်လည်း ချင်မူက ဟိုနားသည်နား သပ်ရပ်အောင် လုပ်ပေးနေသေးသည်။

တခဏကြာသော် ချင်မူသည် သက်ပြင်းအရှည်ကြီး ချ၍ ခပ်တိုးတိုး ပြောလိုက်၏။ “ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်၊ ကျွန်တော်တို့ အလေးအနက် စကားပြောဖို့ အချိန်ကျပြီထင်တယ်...”

ကုန်းစွန်းယန်မှာ သူ့စကားကို နားမလည်၍ ကြောင်နေသည်။

ချင်စာလုံးမြေပြင်ထဲတွင် မုတ်ဆိတ်ဖြူအဘိုးကြီးနှင့် ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

ဝှစ်

ချင်စာလုံးမြေပြင်၏ ကောင်းကင်ယံမှ ထာဝရအသိစိတ်အလျဉ် ဆင်းသက်လာပြီး ချင်မူ့အသွင် ပြောင်းသွားသည်။ သူက ဤရှေးဟောင်းနတ်ဘုရားနှစ်ပါး၏ ကိုယ်ပွားများကို ကြည့်နေလေသည်။

၎

င

၎

၎

၎

င

၎

၎

All Chapters