အမျိုးသမီးတစ်ယောက်
Vol. 41 Ch. 557
ယခင်ကွဲအက်နေသောကောင်းကင်ကြီးမှာ အမှောင်ထုက အစားထိုးနေပြီဖြစ်သည်။ ထိုအမှောင်ထုက အကန့်အသတ်မရှိ၊ မည်မျှအထိ ပျံ့နှံ့သွားသည်ကို မည်သူမျှ မသိခဲ့ပေ။ မည်မျှကြီးမားသည်ကိုလည်း မသိခဲ့ကြပေ။ ထိုအမှောင်ထု၏တည်ရှိမှုက အရာခပ်သိမ်းကို ဝါးမျိုရန်အတွက် အံသြဖွယ်ကောင်းသော ပါးစပ်ကိုဖွင့်ထားသကဲ့သို့ပင်။
ထိုအချိန်တွင် ကောင်းကင်တံခါး၏ အဋ္ဌမအလွှာကို အမှောင်ထုက ဝါးမြိုသွားခဲ့သည်။ မကြာခင်အချိန်လေးမှာပင် နေရာတစ်ခုလုံးက အမှောင်ထဲ နစ်မြုပ်သွားသည်။...
ထိုအချိန်တွင် အမှောင်ထုထဲတွက် တွန့်လိမ်ပုံပျက်မှုများ ရုတ်တရက် ပေါ်လာသည်။ ကြီးမားသော အက်ကွဲကြီးတစ်ခုက အတွင်းမှ အမှောင်ထုကို ဖြတ်သွားကာ အက်ကွဲကြောင်းမှ ထွက်လာသော ဟိန်း ဟောက်သံများကို ကြားရသည်။ စုမင်က ထိုအက်ကွဲကြောင်းထဲမှာ ပိုင်စုကို တွေ့ခဲ့သည်။
ပိုင်စု၏ ခန္ဓာကိုယ်က သွေးများဖြင့် ဖုံးလွှမ်းနေသည်။ သူမရှေ့မှာ အဆုံးမရှိ အလောင်းပင်လယ်ကြီးတစ်ခုရှိနေလေသည်။ထိုအချိန်မှာပင်ဘီလူးကြီးနှစ်ကောင်က သူမထံ ပြင်းပြင်းထန်ထန် ဟိန်းဟောက်သံများနှင့် လှမ်းလာနေလေသည်။ သူမ၏ လှပသော မျက်နှာပေါ်တွင် ကြေကွဲနေသော အပြုံးတစ်ခု ပေါ်လာပြီး သူမ၏ မျက်နှာပေါ်ရှိ အမာရွတ်ကို သွေးများ ဖုံးလွှမ်းသွားသည်နှင့်အမျှ ထိုအမာရွတ်က ပို၍ပင် အံ့သြစရာ မြင်ကွင်းတစ်ခု ဖြစ်လာခဲ့သည်။
သူ့နောက်မှ အဖိုးအို၏ မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်နေသည်။ ထိုအချိန်တွင် သူ့မျက်လုံးများ ပြူးကျယ်သွားပြီး ပိုင်စု၏ နောက်ကျောကို ကြည့်နေသည်။သူ့မျက်လုံးထဲမှာ ဝမ်းနည်းမှုများ ပေါ်လွင်နေလေသည်။
သူမနှင့် ပေတစ်ဒါဇင်အောက်သာ ကွာဝေးသော ဘီလူးကြီးနှစ်ကောင်လှမ်းလာနေသည်ကို မြင်လိုက်သောအခါတွင် သူမ၏မျက်နှာပေါ်တွင် တည်ငြိမ်သောအကြည့်တစ်ခု ပေါ်လာသည်။ သို့သော် သူမ၏မျက်လုံးများတွင် စိတ်ပျက်အားငယ်မှုများ ရှိ နေလေသည်။ သူမသေခါနီးမှာ တစ်ခုခုကို သတိရနေသကဲ့သို့ သူမ အနည်းငယ် တွေဝေနေပုံရသည်။ သူ့မျက်နှာမှာ အပြုံးတစ်ခုပေါ်လာပြီး မျက်လုံးတွေကိုမှိတ်ထားလိုက်သည်။
ကောင်းကင်ရှိအက်ကွဲသံများထွက်လာရာလမ်းကြောင်းက လူလှမ်းဝင်၍ရသော ဥမင်လိုဏ်ခေါင်းတစ်ခုကဲ့သို့ဖြစ်နေလေသည်။ထိုအရာက စစ်မာရှင်း၏ လှည့်ကွက်ပင်ဖြစ်သည်။ ပိုင်စု အန္တရာယ်ကျရောက်နေကြောင်း မြင်နိုင်စေရန် ဤဥမင်လိုဏ်ခေါင်းကို ဖွင့်လိုက်သည်။စုမင်က သူမကို ကယ်တင်ရန် သွားနေလျှင် စစ်မာရှင်းက အသက်ရှုချောင်လိမ့်မည်။ စုမင်က သူမကိုသေချာပေါက် ကယ်တင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ စုမင်က စစ်မာရှင်း၏ ခန္ဓာကိုယ်ကို လက်သီး
နှင့် ထိုးလေသည်။ စစ်မာရှင်းက အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပြန်သည်။ထို့နောက် စုမင်က
သက်ပြင်းချကာ အသက်ရှိုက်စာအနည်းငယ်ကျန်နေသော ကံကြမ္မာအဖြစ် အသွင်ပြောင်းခြင်းကို အဆုံးသတ်လိုက်သည်။ထို့နောက် ကောင်းကင်ဆီသို့ ခြေတစ်လှမ်းလှမ်းခဲ့သည်။ သူရှေ့သို့ ရွေ့သွားသည့်အခိုက်တွင် သူ၏ခန္ဓာကိုယ်က မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။စုမင်က မီးခိုးရောင်အလောင်းများဖြင့် ပြည့်နေသော ထိုလောကကြီးတွင် ပေါ်လာရန် ကောင်းကင်ရှိ အက်ကွဲရာသို့ လှမ်းတက်သွားသည်။
ပိုင်စု မျက်လုံးမှိတ်ထားလိုက်သည်နှင့် စုမင် ချက်ချင်းပေါ်လာသည်။ ဧရာမဘီလူးကြီးနှစ်ကောင်က ဟိန်းဟောက်ပြီး ပိုင်စုဆီသို့ လက်သီးလက်မောင်းတန်းနေလေသည်။စုမင်၏မျက်လုံးထဲမှာ သတ်ဖြတ်ချင်စိတ်များ ပေါက်လာလေသည်။ နောက်အခိုက်အတန့်တွင် သူ ပျောက်ကွယ်သွားသည်။
ပိုင်စုက မျက်လုံးများကို မှိတ်ထားလိုက်သည်။ သူမအသက်ကို ဂရုမစိုက်တော့ပေ။ အခြားဘာကိုမှ ဂရုမစိုက်တော့ပေ။ ယင်းအစား၊ သူမက အတိတ်ကို ပြန်သတိရပြီး နဝမမြောက်တောင်ထွဋ်ရှိ ပျော်ရွှင်စရာအခိုက်အတန့်များက သူမ၏ခေါင်းထဲတွင် အမှတ်ရမှုများ ပေါ်လာသည်။
သူမ မောပန်းနွမ်းနယ်နေ၏။ ဤအနှစ်နှစ်ဆယ်အတွင်း ယခင်က သူမအား ပေးခဲ့သော အခွင့်အရေးကို မနှစ်မြို့ဘဲ အကြိမ်ပေါင်းများစွာ နောင်တရနေခဲ့သည်။
သို့ပေမယ့် ယခုတော့ အရာအားလုံးက အတိတ်မှာ ကျန်နေခဲ့သည်။ သူမ မပြောင်းလဲနိုင်ခဲ့ပေ။
ထိုအရာကို သူမ အကြိမ်ကြိမ် တွေးခဲ့ဖူးသည်။ ကောင်းကင်ဘုံနယ်နမိတ်က သူမကို နောက်ထပ်အခွင့်အရေးပေးလျှင်င် သေချာပေါက် တန်ဖိုးထားလိမ့်မည်။ သေချာပေါက် မြတ်နိုးလိမ့်မည်။..
သေခြင်းတရားက သူမအပေါ်သို့ မကျရောက်ပေ။ ထိုအစား နာကျင်စွာ အော်ဟစ်သံများနှင့်အတူ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကောင်းကင်ယံသို့ လွင့်ပျံလာသည်။ထို့နောက် သူမ၏ နားထဲတွင် ပဲ့တင်ထပ်သွားကာ သူမ၏ အမှတ်တရများ ပြတ်တောက်သွားခဲ့ရသည်။ သူမ မျက်လုံးများကို အလိုလိုဖွင့်လိုက်ပြီး ပြန်ပိတ်၍မရတော့ပေ။
ပိုင်စုက သူမ၏အမှတ်တရများတွင် ရင်းနှီးသော သူမ၏အရိုးများပေါ်တွင် ရေးထွင်းထားကာပုံရိပ် ၏နောက်ကျောကိုမြင်လိုက်ရသည်။ ထိုအချိန်တွင် ဝင်လာသော ဧရာမဘီလူးကြီးနှစ်ကောင်၏ အလောင်းများက ပြိုကျကာ ပြင်းပြင်းထန်ထန် အော်သံများနှင့်အတူ အပိုင်းပိုင်းကွဲသွားသည်။
ခရမ်းရောင်အလင်းတန်းက သူမကို ဝိုင်းရံထားပြီး ဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားသော အဝန်းဝိုင်းပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားသည်။ သွားလေရာရာ၌ မီးခိုးရောင်အလောင်းများက တုန်တုန်ယင်ယင်ဖြစ်ကာ၊ အပိုင်းပိုင်းကွဲသွားကြသည်။
“စု...မင်...”
ပိုင်စုက လုံးဝကို အံ့သြသွားလေသည်။ သူ့မျက်လုံးကို သူမ မယုံနိုင်ဖြစ်မိသည်။ စုမင်က သူမဘက်သို့ လှမ်းကြည့်လိုက်သောအခါ မျက်ရည်များက သူမမျက်လုံးမှ မျက်ရည်များပိုးပိုးပေါက်ပေါက် ကျလာသည်။ သူမစိတ်များ ခဏမျှ လွတ်သွားသည်။ သူမနားက လောကကြီးကပျောက်သွားပြီး စုမင်တစ်ယောက်ကိုသာ မြင်ခဲ့သည်။
အဘိုးအိုသည် စုမင်ကိုမြင်ပြီး ရှက်ရွံ့သောအမူအရာဖြင့် သူ့ကို စိုက်ကြည့်နေသည်။ သူ့မျက်လုံးများက အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။ စုမင်ကို သူသိသည်။ ထိုလူမှ သူ့သမီး၏ စိတ်နှလုံးကို ကြေကွဲစေသော နဝမမြောက် တောင်ထွဋ်၏ တပည့်ဖြစ်သည်။
တစ်ချိန်က သူက စုမင်ကို သတ်ချင်သော်လည်း ပိုင်စုကြောင့် သူ့အတွေးများ လွင့်ပါးသွားခဲ့သည်။ ယခုမူ၊ စုမင် သူ့ဆီ ယူဆောင်လာခဲ့သည့် ထိတ်လန့်မှုက စစ်မာရှင်း ပြန်လာချိန် မြင်လိုက်ရသည့် ထိတ်လန့်မှုသာသာ ဖြစ်သည်။
“စုမင်”
သူက ပိုင်စု ဘက်ကို လှည့်ကြည့်လိုက်သော် သူမက ငိုယိုပြီး စုမင်ပျောက်သွားမှာကို ကြောက်ပြီး တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။
စုမင်က တောင့်တောင့်ကြီးရပ်နေ သော်လည်း သူ့ခန္ဓာကိုယ်ကို တဖြည်းဖြည်း ဖြေလျှော့လိုက်သည်။ သူ့ရင်ခွင်ထဲရှိ ငိုနေသောပိုင်စုကို ကြည့်လိုက်သော် အတိတ်က အမှတ်ရစရာများက သူ့ခေါင်းထဲတွင် ပေါ်လာသည်။ နောက်ဆုံးတွင် နှင်းလွင်ပြင်တွင် အတူလမ်းလျှောက်လာသောအမှတ်တရ၌ ရပ်တန့်သွားသည်။ သူကြုံတွေ့ခဲ့ရတဲ့ စိတ်အပြောင်းအလဲက အချိန်ကြာလာသည်နှင့်အမျှ မသိနိုင်သော နောင်တရမှုတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
သို့သော် ဤနေရာက သူ့အတွက် တွေးတောစရာ နေရာမဟုတ်ပေ။ သူက ပိုင်စုကို ပွေ့ဖက်ထားပြီး သူမကိုစိတ်ရှုပ်ထွေးစွာကိုကြည့်နေသော အဘိုးကြီးဘက်ကို လှည့်ကြည့်လိုက်သည်။ သူ့လက်ကို တစ်ချက်လှုပ်ကာ အဘိုးအိုကို သူ့ဆီဆွဲယူလိုက်သည်။ထို့နောက် ကောင်းကင်ရှိ သူဝင်လာခဲ့သော အက်ကွဲကြောင်းဆီသို့ ပိုင်စုနှင့်အဘိုးအိုကို သူနှင့်အတူ ခေါ်ဆောင်သွားခဲ့သည်။
အက်ကွဲကြောင်းအပေါက်ဝက လျင်မြန်စွာ ကျုံ့သွားသည်။ စုမင် ရောက်ရှိလာပြီးကတည်းက အချိန်တိုတိုလေးသာ ကုန်သွားသော်လည်း အက်ကွဲကြောင်းက ယခင်အရွယ်အစားထက် ထက်ဝက်ခန့် လျော့နည်းသွားခဲ့ပြီဖြစ်သည်။
စစ်မာရှင်းက စုမင်ကို ပြန်မလာစေချင်ခဲ့တာ ရှင်းလေသည်။
ဟိန်းဟောက်သံများသည် မြေပြင်မှ ထွက်ပေါ်လာကာ ရာနှင့်ချီသောဘီလူးကြီးများက အဝေးမှ တစ်ရှိန်ထိုးတက်လာကြသည်။ စုမင်က ထိုလှည့်ကွက်ကို ကြိုတင်သတိပြုမိခဲ့သည်။ ဤဘီလူးကြီးများက မရဏပင်လယ်ရှိ ဧရာမဘီလူးကြီးများနှင့် အလွန်ဆင်တူသည်။
မြေပြင် တုန်ခါလာသည်နှင့်အမျှ ဧရာမ အက်ကွဲ ကြောင်းကြီးက မြေပြင်ကို ဖြတ်သွားသည် ။ စုမင် ရောက်ရှိလာခြင်းက ဤနေရာရှိ တန်ခိုးကြီးသော သက်ရှိတည်ရှိမှုသတ္တဝါများထံမှ အာရုံစူးစိုက်မှု အများအပြားကို ဖမ်းစားလိုက်သလိုပင်။ သူက ပိုင်စု၊ သူ့အဖေနှင့်အတူ ထွက်ခွာခါနီးတွင် မြေပြင်မှ ဟိန်းဟောက်သံများ ထွက်လာသည်ကို ကြားလိုက်ရသည်။စုမင် တစ်ချက်တည်းကြည့်လိုက်ရုံဖြင့် သူ၏ နှလုံးသား ပြင်းထန်စွာ တုန်လှုပ်သွားသည်။
မြေပြင်ပေါ်ရှိ ဧရာမ အက်ကွဲကြောင်းမှ ထွက်လာသော အဝါရောင် နဂါးကြီး...
၎င်းက နဂါး ဖြစ်နိုင်သော်လည်း ကြက်သွေးရောင်နဂါးနှင့် ကွဲပြားသည်။ ၎င်း၏ ခန္ဓာကိုယ် အစိတ်အပိုင်းက မြေပြင်ပေါ်တွင် ပေတစ်သောင်းခန့် ရှည်လျားသည်။ နဂါးပါးသိုင်းမွှေးတွေ မရှိခဲ့ပေ။ ယင်းအစား ချွန်ထက်သော ဆူးတောင်များက နဂါးကိုယ်ထည်၏တစ်ဖက်တစ်ချက် ပေထောင်ပေါင်းများစွာကို ဖုံးအုပ်ထားသည်။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးက အဝါရောင်အညိုရောင်ရှိပြီး ၎င်းကိုဖုံးအုပ်ထားသော အကြေးခွံများစွာရှိသည်။
ထိုနဂါးက ကောင်းကင်သို့ ကျယ်လောင်စွာဟိန်းဟောက်သံလိုက်သည်။ ၎င်း၏ခန္ဓာကိုယ်က မယုံနိုင်လောက်အောင် တကယ့်အစစ်အမှန်ဖြစ်ပြီး၊ ဤအရာက ပုံရိပ်ယောင် မဟုတ်ကြောင်း စုမင် ချက်ချင်းသိသည်။ ထိုအရာက တကယ့် နဂါးကြီးပင်ဖြစ်သည်။
နဂါး၏ခြေသည်းများထဲမှ တစ်ချက်က မြေပြင်ပေါ်သို့ ဟုတ်ချလိုက်သည်။ မြေကြီးတုန်ခါနေချိန်တွင် နဂါးက ခေါင်းကို မော့ကာ ရူးသွပ်သွားစေသည့် အနံ့တစ်ခုကို တွေ့ရှိလိုက်သလိုပင် အသက်ကို ပြင်းပြင်းရှုရှိက်လိုက်သည်။စုမင် ဘက်သို့ လျင်မြန်စွာ လှည့်လာပြီး ဟိန်းဟောက်လိုက်သည်။ထို့ကြောင့် စုမင်ဆီသို့ တစ်ရှိန်ထိုး တိုးဝင်လာသည်။
နဂါးထံမှ တန်ခိုးကြီးသောစွမ်းအားက အားနည်းနေသေးသော ဖယောင်းနဂါးကို မြင်လိုက်ရသကဲ့သို့ အလားတူ ခံစားချက်ကို ပေးခဲ့သည်။ ထိုအချိန်တွင် စုမင်၏ လက်မောင်းပေါ်ရှိ ကြက်သွေးရောင် နဂါးကြီးက မျက်လုံးများ ပွင့်လာသည်။
ချက်ချင်းဆိုသလိုပင် ၎င်းက ဟိန်းဟောက်ပြီး လေထဲ၌ ပေတစ်သောင်းရှိသော ကြက်သွေးရောင် နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ယခင်က အိပ်ပျော်နေရာမှ မနိုးထပေ။၎င်းကဲ့သို့ တူညီသော တည်ရှိမှုမျိုးမှ ပေးစွမ်းသော နှိုးဆော်မှုကြောင့် နိုးလာပြီး အဝါရောင် နဂါးကြီးအား ဟောက်လိုက်လေသည်။
“သူ့ကိုလွှတ်လိုက်ပါ..”
နဂါးနှစ်ကောင် မာန်ဖီနေသောအခါ စုမင်က လျင်မြန်စွာ သေးငယ်သွားသည်။ သူ၏လက်ရှိစွမ်းအားကို ကျော်လွန်သွားသော ဤစွမ်းအားရှိနေခြင်းကြောင့် သူ မလှုပ်ရှားနိုင်တော့ပေ။ သို့သော် ထိုအချိန်တွင် အမျိုးသမီးတစ်ဦး၏ အသံက မြေပြင်မှ ထွက်ပေါ်လာသည်။
ထိုသို့စကားပြောသောအခါတွင် အဝါရောင် နဂါးကြီးက ဟိန်း ဟောက်ခြင်း ရပ်တန့်သွားကာ စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ မြေပြင်ကငြိမ်သက်သွားသောအခါတွင် စုမင် ၏ခန္ဓာကိုယ်အပေါ် ဖိအားများ ပျောက်ကွယ်သွားသည်။ သူ ခေါင်းငုံ့ကာ မြေပြင်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် မဆိုင်းမတွဘဲ သူက ဖျော့တော့သော ပိုင်စု နှင့် သူမ၏အဖေကို အက်ကွဲ ကြောင်းဆီသို့ ခေါ်ဆောင်လာခဲ့သည်။ ကြက်သွေးရောင်နဂါးက ကြက်သွေးရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ သူနှင့်အတူ ပျံထွက်သွားသည်။
စုမင် ထွက်သွားပြီးသည်နှင့် အက်ကွဲကြောင်းက ပိတ်သွားပြီး သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်။
ထိုအချိန်တွင် အမျိုးသမီးတစ်ဦးက မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းမှ ဖြည်းညှင်းစွာ လွင့်ပျံလာသည်။ သူမက အသက်နှစ်ဆယ်ရှိဟန်တူသော်လည်း ရှေးဟောင်းအငွေ့အသက်က သူမ၏မျက်လုံးထဲတွင် ရှိနေသည်။ သူမက မယုံနိုင်လောက်အောင်ပင် လှပနေကာ သက်ရှိသတ္တဝါအားလုံး သူမရှေ့တွင် လောကကြီးက ဖြူဖျော့ပြီး ရှက်သွေးဖြာလောက်သည့်အထိ လှပနေခဲ့သည်။
လောကကြီးထဲမှာ ထိုကဲ့သို့အလှတရားမျိုးက ရှားပါးလေသည်။ပြောရလျှင် သူမ၏ အလှတရားမျိုးက ရှိတောင် မရှိသင့်ပေ။ ( အရမ်းလှလွန်းလို့ခုနှစ်ပြည်ထောင်မင်းတွေ စစ်မက်ထိုးရတဲ့အလှမျိုးပေါ့...”
သူမက ပျံသန်းလာပြီး အဝါရောင် နဂါး၏ ကျောပေါ်တွင် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လာသည်။ သူမ၏ တက်ကြွသောမျက်လုံးများဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။သူမ တဖြည်းဖြည်း မျက်
မှောင်ကြုတ်လိုက်သည်။
“နတ်ဘုရားထောင်ချောက်မျိုးနွယ်စုရဲ့စစ်မှန်တဲ့လောက....သူမှာဘာလို့ အဲ့ဒီလောကထဲက တည်ရှိမှုမျိုးရှိနေတာလဲ.. “
အမျိုးသမီးက မရယ်မောမီ ခဏမျှ စဉ်းစားခဲ့သည်။ သူမ၏ ရယ်မောသံကြောင့် လောကကြီးတစ်ခုလုံး ကမောက်ကမဖြစ်သွားလေသည်။
“စိတ်ဝင်စားဖို့ကောင်းသားပဲ.. မနက်ခင်းတာအိုလောကက ဒီအချိန်ခရီးသွားအတိုင်းအတာက ယင်မရဏနယ်မြေကို ဦးတည်တယ်.. ရှောင်ဟွမ်..ငါတို့ သွားကြည့်ကြစို့..”
အမျိုးသမီးက သူမ၏လက်ကို ကျောနောက်သို့ ချထားလိုက်ပြီး သူမ၏အပြုံးမှ ခမ်းနားကြီးကျယ်သောလေထုကို ပေးစွမ်း လေသည်။
ရှောင်ဟွမ် ဟုခေါ်သော နဂါးကအမျိုးသမီး ပြောစကားများကိုထောက်ခံကြောင်း ဟိန်းဟောက်သံ အချို့ထွက်လာသည်။
“ဟမ်...အဲဒီ့လူမှာ မင်းမကြိုက်တဲ့တည်ရှိမှုမျိူးပါနေလို့လား ရှောင်
ဟွမ်..ဒါဆိုရင် ငါတို့ရှာကြတာပေါ့..”
အမျိုးသမီးက သူ့ကိုယ်သူ ခေါင်းငုံ့ပြီး အဝါရောင်နဂါး၏ ခေါင်းကို ပွတ်သပ်ကာ နှစ်သိမ့်လိုက်သည်။ထို့နောက် ကောင်းကင်ကို ပျံတက်သွားသည်။ တခဏချင်းမှာပဲ သူတို့က လေထဲမှာ ရောနှောပြီး သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
“မဟာကံကြမ္မာဖန်ဆင်းရှင်... ဒါက မဟာထောင်ချောက်မျိူးနွယ်စုရဲ့လောကထဲမှာတောင် တွေ့ရခဲတဲ့ မယုံနိုင်စရာ လျှို့ဝှက်ဆန်းကြယ်တဲ့ မျိုးနွယ်တစ်ခုပါ.. ကောလဟာလတွေအရ တော့ သူတို့အားလုံး သတ်ဖြတ်ခြင်းခံရတာတဲ့..”
အမျိုးသမီးက မကျေမနပ်ဖြစ်ကာ စူးစမ်းချင်စိတ် ပေါ်လာလေသည်။ထို့နောက် အဝါရောင်နဂါးနှင့်အတူ ယင်မရဏနယ် မြေသို့ သွားခဲ့သည်။
စုမင်က ယခု အမှောင်ထုကို ဝါးမျိုသွားသည့် ကောင်းကင်ဘုံနယ်နမိတ်၏ လေထဲသို့ လျှောက်သွားသည်။ သူရောက်ရှိလာသည်နှင့် တပြိုင်နက် အဌမအလွှာ လုံးဝကွဲအက်သွားသည်။ စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ မတုံ့ဆိုင်းဘဲ သူက ပိုင်စုနှင့် သူမ၏အဖေကို သတ္တမအလွှာဆီသို့ တည့်တည့်ခေါ်ဆောင်သွားခဲ့သည်။
စစ်မှာရှင်းက ထိုနေရာမှာ မရှိသော်လည်း စုမင်ကတော့ သူထွက်သွားမှာမဟုတ်ကြောင်း သေချာသိနေလေ၏။ စစ်မာရှင်း၏ စုမင်ကိုသတ်ဖြတ်လိုသောဆန္ဒက စုမင်၏စိတ်ဆန္ဒကဲ့သို့ နက်နဲလာသည်။
အဋ္ဌမအလွှာက အပိုင်းပိုင်းကွဲအက်သွားသည်နှင့်အမျှ၊ ကောင်းကင်ဘုံနယ်နမိတ်တည်ရှိရာ အပိုင်းပိုင်းကွဲအက်နေသည့်အချိန်ခရီးသွားအတိုင်းအတာ ပြင်းထန်စွာတုန်ခါလာကာ အလုံပိတ်ထွက်ပေါက်ကို ထိုတုန်ခါမှုအောက်တွင် မဖြစ်မနေဖွင့်ခဲ့ရသည်။
စူမင်က သတ္တမအလွှာ၊ဆဋ္ဌမအလွှာနှင့် အခြားအလွှာများကို ဖြတ်ကျော်ပစ်လိုက်သည်။ အမှောင်ထုက သူ့နောက်ကွယ်မှ အရာအားလုံးကို ဆက်လက် ဝါးမျိုသွားခဲ့သည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် အမှောင်ထုက ကောင်းကင်ဘုံနယ်နမိတ်ဖြစ်သည့် ဤအလွှာများကို လုံးဝဝါးမြိုချင်နေလေသည်။
ရှည်လျားသောအလင်းတန်းများက စုမင်နောက်သို့ လိုက်သွားကြသည်။ ဤသူများက ကောင်းကင်ဘုံနယ်နမိတ်၏အောက်အလွှာတွင် အသက်ရှင်နေသေးသူများဖြစ်ပြီး သူ့နောက်လိုက်မှသာ ရှင်သန်နိုင်ကြောင်း သူတို့သိကြသည်။
တုန်ခါမှုဒဏ်ကြောင့် ထွက်ပေါက်ကို မဖြစ်မနေဖွင့်ခဲ့ရပြီး ဤနေရာမှ ထွက်ခွာသွားကြလေသည်။
စုမင်က ပထမအလွှာသို့ ပြေးသွားသောအခါတွင် သူက အသက်ဝင်နေသောမှော်အစီအရင်ကိုကြည့်လိုက်သည်။ ထို့နောက် ထွက်ပေါက်ဆီသို့ အရှိန်မတင်မီ စောစောက အကူအညီတောင်းခဲ့သော ဝတ်ရုံဖြူအဖိုးအိုကို ဆတ်ခနဲလှမ်းယူလိုက်သည်။