← Chapters

မာန်နတ်ဘုရား၏ဘယ်ဘက်လက်

Vol. 41 Ch. 558

မာန်နတ်ဘုရား၏ဘယ်ဘက်လက်

Vol. 41 Ch. 558

စုမင် မှော်အစီအရင်ထဲသို့ ဝင်ကာပျောက်ကွယ်သွားချိန်တွင် ကောင်းကင်ဘုံနယ်နမိတ်က အလွန်ကြီးမားသောအရှိန်ဖြင့် ပြိုလဲသွားသည်။ နေရာကိုစွန့်ခွာနိုင်သောမျိုးနွယ်စုဝင်များက ၎င်းတို့၏လွတ်လပ်ခွင့်ကိုရပြီးနောက် စုမင်ကိုထားရစ်ခဲ့ကြသည်။ သူတို့က အသက်သွင်းထားသောမှော်အစီအရင်ထဲသို့ဝင်ရောက်ပြီးသည်နှင့် အထဲမှာပင်ပျောက်ကွယ်သွား၏။

စုမင်က နဝမမြောက်တောင်ထွဋ်ကို

လွန်၍ ပင်လယ်မျက်နှာပြင်အထက်တွင်ပေါ်လာသောအခါ ကောင်းကင်တွင် လှိုင်းလုံးများ တက်လာသည်။ ထို့နောက် အလွန်ကြီးမားသော ဝဲဂယက်အဖြစ် ပြောင်းလဲသွားသည်။ ထိုဝဲဂယက်မှ ပြင်းထန်သော ပေါက်ကွဲသံများထွက်ပေါ်လာချိန်တွင် လောကကြီးကို တစ်ဟုန်ထိုးတိုက်ခတ်သွားမည့် လေပြင်းများအသွင်ဖြစ်ပေါ်လာ၏။

ပြင်းထန်သောလှိုင်းလုံးများနှင့် အလိပ်လိပ်ထလာသော ဝဲဂယက်တို့အလယ်တွင် နဝမမြောက်တောင်ထွဋ်က မည်သည့်အချိန်တွင်ဖြစ်စေ နစ်မြှုပ်တော့မည်ကဲ့သို့ ထင်ရကာ အန္တရာယ်တွင်းသို့ ကျရောက်သွားသည်။ စုမင်၏မျက်လုံးထဲတွင်လင်းလက်သွားပြီး အားကုန်ထုတ်သုံးလိုက်၏။ မျက်စိတစ်မှိတ်တွင် တောင်ဆီသို့ချဥ်းကပ်၍ သူမ၏ဖခင် ပိုင်စုနှင့် အဖြူရောင်ဝတ်ထားသောအဘိုးအိုကို မြေကြီးပေါ်ချလိုက်သည်။

ထိုအချိန်တွင် သူ့ခန္ဓာကိုယ်ကိုဖြတ်သန်းလာသော ပြင်းထန်သည့်အင်အားတစ်ခုက နဝမမြောက်တောင်ထွဋ်သို့မရောက်မီ တောင်ပတ်ပတ်လည် ပင်လယ်ရေထဲသို့ ဖြတ်သန်းလာသည်။ မိုးခြိမ်းသံကဲ့သို့ပြင်းထန်သော မြည်ဟိန်းသံထွက်ပေါ်လာသည်။ထို့နောက် နဝမမြောက်တောင်ထွတ်တည်ရှိရာအလယ်ဗဟိုတွင်လှိုင်းလုံးများက ကြီးမားသည့်တွင်းကြီးတစ်ခုအသွင်ကိုဖြစ်ပေါ်လာစေ၏။

ထိုတွင်းနားရှိ လှိုင်းလုံးများကလေထဲသို့မြင့်တက်လာသည်။ ထိုမြင်ကွင်းကထိပ်လန့်စရာကောင်းသောမြင်ကွင်းတစ်ခု ဖြစ်သည်။ လှိုင်းလုံးများက ကြီးမားသည့် နက်ရှိုင်းသည့်တွင်းကြီးဖြစ်စေရန် ပင်လယ်ကိုဖိထားသည့် ကြီးမားသောလက်များနှင့်တူသည်။

နက်ရှိုင်းသောတွင်းကြီးဖြစ်ပေါ်မှုက နဝမမြောက်တောင်ထွတ်ကို ပင်လယ်ပြင်မှာငေါထွက်စေသည်။ တောင်ခြေရင်းမှ ရေများထွက်လာသောအခါ စုမင်က သူ့၏ညာဘက်လက်ကိုမြှောက်၍ ချိတ်တံဆိပ် ဖန်တီးကာ သူ့လက်ဖဝါးကိုမြေပြင်ပေါ်သို့ဖိချလိုက်သည်။

ဖိချနေသည့်တစ်ချိန်တည်းမှာပင် သူ့ဆံပင်များလေထဲတွင် တဖျပ်ဖျပ်လွင့်ပျံနေ လေသည်။ထို့နောက်သူ့ မျက်လုံးထဲတွင် ရိပ်ခနဲလင်းသွားသော်လည်း သူ့အမူအရာမှာတည်ငြိမ်နေသည်။ သူ့လက်ဖဝါးက မြေကြီးကိုထိသောအခါ ရွှေရောင်အလင်းတန်းတစ်ခုက သူ့ခန္ဓာကိုယ်မှထွက်လာပြီး သူ၏ညာဘက်လက်မှတစ်ဆင့် အပြင်သို့ပျံနှံသွားသည်။ ခဏအတွင်းမှာပင် ရွေရောင်အလင်းတန်းသည် နဝမမြောက်တောင်ထွဋ်ကိုလွှမ်းခြုံ၍ လိုက်ကာတစ်ခုကဲ့သို့ကာကွယ်ပေးနေ၏။

ထိုအချိန်တွင် စုမင် အဝေးသို့တွန်းပို့လိုက်သောပင်လယ်ရေတို့သည် တွင်းထဲသို့ပြန်ဝင်လာကြသည်။ ပင်လယ်ရေတို့ပြန်လျှံလာပြီး ရွှေရောင်အလင်းတန်းများဝင်းခနဲလက်သွားချိန်တွင် နဝမမြောက်တောင်ထွဋ်က အရှိန်ပြင်းသောလှိုင်းလုံးများနှင့်လေပြင်းများကြားတွင် တစ်ခုတည်းသောတောင်အဖြစ်ပြောင်းလဲသွားသည်။

ထိုစဥ် စုမင်သည် ဟူဇီ၏ဂူဗိမ္မာန်အပြင်တွင်ရပ်နေသည်။ ထိုသူသည် သူ၏ဂူထဲတွင်တခေါခေါ်နှင့်ဟောက်နေ၏။ စုမင် နောက်တွင်ပိုင်စုနှင့် သူမဖခင်ရှိသည်။ ထိုနှစ်ယောက်သည် ကောင်းကင်ဘုံတံခါးပြိုကျသည်ကိုမျက်မြင်တွေ့ခဲ့ရပြီး အံ့သြတုန်လှုပ်နေကြသည်။ တစ်ချိန်တည်းမှာပင် သူတို့နှစ်ယောက်သည် စုမင်၏အစွမ်းကိုပိုနက်ရှိုင်းစွာယုံကြည်ခဲ့ကြပြီး အထူးသဖြင့် စုမင်၏နောက်ကျောကိုကြည့်ကာ မယုံကြည်မှုတို့ဖြင့်ပြည့်နေသော ပိုင်စုဖခင်ပင် ယုံကြည်လာခဲ့သည်။

ထို့နောက် တုံ့ဆိုင်းခြင်းတခဏလေးပင်မရှိဘဲ ရုတ်တရတ်သူ၏မြင့်မြတ်သောနတ်ဘုရားအာရုံကို အပြင်သ်ို့ ဖြန့်ကျက်လိုက်သည်။

စစ်မာရှင်း ကိုဆန့်ကျင်သောတိုက်ပွဲကမပြီးဆုံးသေးကြောင်း သူကောင်းကောင်းသိသည်။ ပိုင်စုကို ကယ်တင်ရန်မသွားလျှင် စစ်မာရှင်းကို အဖန်တလဲလဲဖြစ်နေသောသံသရာစက်ဝန်းအောက်တွင် သတ်ပစ်မည်ဟုယုံကြည်နေသော အခွင့်အရေးဆုံရှုံးမည်ဖြစ်သည်။

သို့သော် မာန်နတ်ဘုရားတို့၏မြင့်မြတ်သောစွမ်းရည်ကိုအမွေဆက်ခံသော စစ်မာရှင်းက စုမင်ကိုစိုးရိမ်ပူပန်စေခဲ့သည်။ ထိုလူက ထွက်ခွာမသွားသေးဘဲ ထောင့်ချိုးတစ်ခုတွင်ရှိနေမည်မှာ အသေအချာဖြစ်သည်။ စုမင်က မြင့်မြတ်သောစွမ်းရည်များအပြင်သို့ ပျံ့နှံ့စေသောအခါ စူးရှတောက်ပသောအလင်းများက သူ့မျက်လုံးရှိရာရောက်လာသည်။

ပင်လယ်ရေအနက်တွင် လုံးဝပျော်ကျသွားသော ရေခဲတုံးတစ်တုံးကို သူရှင်းလင်းစွာခံစားမိခဲ့သည်။ ထိုရေခဲတုံးက မဟာယွီအင်ပါယာမြို့တော်မှ တံဆိပ်ခတ်ထားသော ရေခဲတုံးများနှင့်ကွဲပြားခြားနားသည်။ ထိုအရာက အနီရောင်သွေးများဖြင့် ချင်းချင်းနီသွား လေ၏။

သွေးနီရောင်ရေခဲဆီသို့ဦးတည်နေသော လှိုင်းခေါင်းတစ်ခုရှိသည်။ စုမင်၏မြင့်မြတ်သောစွမ်းရည်က လှိုင်ခေါင်းထဲတွင်သွားလာနေသော စစ်မာရှင်း ကိုမြင်ရပြီးသွေးနီရောင်ရေခဲကို တဟုန်ထိုးတိုက်ခိုက်နေသည်။

“ငါ့ကိုဒီမှာစောင့်နေတာပေါ့...”

စစ်မာရှင်း ကိုသတ်လိုသောဆန္ဒက နည်းနည်းလေးမှလျှော့ပါးမသွားပေ။ သူ့မျက်လုံးများတောက်ပလာကာ ပင်လယ်ထဲသို့ချက်ချင်း ခြေတစ်လှမ်းတိုးလိုက်သည်။

သူက ပင်ပန်းကြီးစွာ ခရီးဆက်ခဲ့ပြီး ခဏအတွင်းပင် ပင်လယ်အောက်ခြေအထိရောက်နိုင်ခဲ့သည်။ ထို့နောက် စစ်မာရှင်း ချန်ခဲ့သောလမ်းအတိုင်း လှိုင်ခေါင်းထဲသို့ပြေးဝင်၍ သူ့နောက်သို့ ကောက်ကောက်ပါအောင်လိုက်လေသည်။

“ဒါ...လွန်ခဲ့တဲ့နှစ်တွေကတည်းက အေးခဲကောင်းကင်မျိုးနွယ်လက်အောက်က ရေခဲမြစ်ဖြစ်နိုင်ပြီး နှင်းတွေအရည်ပျော်သွားတဲ့အချိန်မှာတောင် ရှိနေခဲ့တယ်.. စစ်မာရှင်း ရဲ့ကံကောင်းမှုတွေက ဒီမှာရခဲ့တဲ့ပုံပဲ”

စုမင်သည် အနီရောင်လှိုင်ခေါင်းကို ဖြတ်၍တိုက်ခိုက်ခဲ့သည်။ သူက အေးဆေးနေပုံပေါ်သော်လည်း သူ့စိတ်ကတော့ ပြင်းထန်စွာသတိပေးနေလေသည်။သူ့ မြင့်မြတ်သောနတ်ဘုရားအာရုံကို သူ့ပတ်ဝန်းကျင်သို့ ပျံ့နှံ့စေခဲ့သည်။ သူလိုဏ်ခေါင်းတလျှောက်ရွေ့လျားနေစဥ် နတ်ဘုရားအာရုံဖုံးလွှမ်းထားသော ဧရိယာအတွင်း စစ်မာရှင်း ၏ပုံရိပ်ကရုတ်တရတ်ပေါ်လာ၏။

၎င်းက အနီရောင်ရေခဲအလွှာဖြစ်ပြီးလှိုဏ်ခေါင်းထဲမှ ရေခဲသာလျှင် အက်ကွဲစေနိုင်သည်။ သို့သော်အကြောင်းအရင်းအမျိုးမျိုးကြောင့် ပင်လယ်ရေမဝင်ရောက်နိုင်ပေ။

ထိုအနီရောင်ရေခဲက အတော်လေးထူပြီး အချိန်ကြာရှည်စွာအက်ကွဲကြောင်းကိုဖြစ်စေသည်။ ထိုရေခဲအောက်ရှိမြေကြီးက သွေးများဖြင့်အရောင်ဆိုးထားသကဲ့သို့ ကြက်သွေးရောင်ဖြစ်သည်။ စုမင်က နတ်ဘုရားအာရုံမှ ထိုမြင်နိုင်သောအနီရောင်ရေခဲက ဖောက်ထွင်းမြင်နိုင်သော အလွှာတစ်ခုသာဖြစ်သည်ကို မြင်လိုက်ရသည်။ ရေခဲက အောက်ခြေရှိ ကြက်သွေးရောင်လောကကိုပုံဖော်နေကြောင်း နားလည်သဘောပေါက်လာခဲ့သည်။

ရေခဲလွာအောက်ရှိ မြေပြင်ပေါ်တွင် ပေရာပေါင်းများစွာရှည်လျားသော အလွန်ကြီးမားသည့်လက်တစ်ဖက်ရှိသည်။ ထိုအရာသည် ကောင်းကင်ရှိရာသို့ ဆွဲဆန့်လျက်ရှိပြီး လက်ငါးချောင်းလုံးက လက်သည်းပုံစံဖြင့်နေရာယူထားကာ အောက်ခြေတွင်ရှိသော ကံကြမ္မာကိုလက်ခံရန်ငြင်းဆန်နေသည့် စိတ်ဝိညာဥ်ရှိသကဲ့သို့ ကောင်းကင်ကို ဆုတ်ဖြဲရန်လက်ကိုဆန့်တန်းလျက်ရှိသည်။

ထိုအရာက ဘယ်ဘက်လက်တစ် ချောင်းဖြစ်သည်။

လက်ပေါ်ရှိ လက်ဖဝါးအရေးအကြောင်းတို့ကို ရှင်းလင်းစွာမြင်နိုင်သည်။ ကြမ်းတမ်းသောအရေးအကြောင်းများရှိနေ၍ အစစ်နှင့်တူသည်။ ထိုအရာနှင့် ခဏထိတွေ့မိသောအခါ ထိုလက်မှလက်ရှိထွက်ပေါ်လာသောအရာက စုမင်၏နတ်ဘုရားအာရုံကို ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာဖြစ်သွားစေသည်။

ထိုအရာက... ဒုတိယမာန်နတ်ဘုရား၏ ဘယ်ဘက်လက်ဖြစ်လေသည်။

လက်ဖဝါးပေါ်တွင်ထိုင်နေသော လူတစ်ယောက်ရှိပြီး ထိုသူမှာ ထင်သည့်အတိုင်း စစ်မာရှင်းဖြစ်သည်။

ထိုနေရာသည် စစ်မာရှင်း သူ၏ကံ ကောင်းမှုကို ရခဲ့သောနေရာဖြစ်ပြီး ဒုတိယဘုရားသခင်၏အမွေအနှစ်ကို ပေးအပ်ခြင်းခံရသော အရင်းမြစ်လည်းဖြစ်သည်။ လုံးဝမလိုအပ်လျှင် စစ်မာရှင်းသည် စုမင်ကို သွေးဆောင်မည်မဟုတ်ပေ။ သို့သော် ကောင်းကင်ဘုံနယ်နမိတ်၏ရှစ်လွှာရှိ ထူးဆန်းသောတိုက်ပွဲ၌ သူ၏လုပ်ဆောင်ချက်များကို မထိန်းချုပ်နိုင်ကြောင်း တွေ့ရှိသွားသောအခါ သူ့ကိုရူးသွပ်လုနီးပါးဖြစ်သွားစေသည်။ ထိုနာကျင်မှုမျိုးသူနောက်ထပ် မလိုချင်တော့ပေ။ သူ ထိုနေရာသို့လာရခြင်းအကြောင်းရင်းမှာ စစ်မာရှင်းနှင့်စုမင်ကြားရှိ နောက်ဆုံးတိုက်ပွဲကို နိဂုံးချုပ်လိုသောကြောင့်ဖြစ်သည်။

စုမင်က စစ်မာရှင်းကို တွေ့ရှိသွားသောအခါ သူ၏မြင့်မြတ်သောအာရုံကို အစိတ်စိတ်ကွဲပြားသွားစေပြီး သူ၏ခြေလှမ်းများကိုအချိန်ခဏတာ ရပ်တန့်သွားစေသည်။ သူ့မျက်နှာက အနည်းငယ်ဖျော့တော့သွားသော်လည်း ခဏလေးအတွင်း ပြန်လည် ကောင်းမွန်လာခဲ့သည်။ သူ့မျက်နှာတွင် စူးရှသောအကြည့်များပေါ်လာခဲ့ပြီး သူ့နောက်ရှိအက်ကွဲကြောင်းကို တစ်ချက်ကြည့်၏။ ခဏအကြာတွင် သူ့မျက်လုံးထဲအရိပ်တစ်ခုပေါ်လာပြီး လိုဏ်ခေါင်းထဲဝင်သွားလေသည်။

မာန်နတ်ဘုရား၏ ဘယ်ဘက်လက်ဖဝါးပေါ်တွင် စစ်မာရှင်း တင်ပျဥ်ခွေချိတ်ထိုင်နေစဥ် သတ်ဖြတ်လိုသောအရိပ်များသူ့မျက်လုံးထဲတွင် ပေါ်နေသည်။ သူ့လက်ဖဝါးကို သူ့ဘေးရှိလက်ဖဝါးပေါ်တွင်ထားလိုက်ပြီး သူ့အပေါ်ရှိ ကြက်သွေးရောင်ရှိသောရေခဲပြင်လွှာကိုမော့ကြည့်သည်။ အေးစက်သောလှောင်ရယ်သံတစ်ခု သူ့နှုတ်ခမ်းထက်တွင်ပေါ်လာသည်။

ခဏအကြာ ကျောချမ်းစရာကောင်းသောအကြည့်တစ်ချက် သူ့မျက်လုံးထဲတွင်ပေါ်နေပြီး သူ့လက်များကို လျင်မြန်စွာ လေထဲသို့ဝှေ့ယမ်းလိုက်၏။ မာန်နတ်ဘုရား၏ ဘယ်ဘက်လက်စတင်လှုပ်ရှားလာပြီး ထင်ယောင်ထင်မှားပုံရိပ်တစ်ခုပေါ်လာသည်။ ထိုအရာသည် မထင်မရှားဖြစ်ပြီး စစ်မာရှင်း သူ့လက်ကိုဝှေ့ယမ်းလိုက်လျှင် ဒုတိယမာန်နတ်ဘုရား၏ ဘယ်ဘက်လက်ဖဝါးက ကြက်သွေးရောင်ရေခဲအလွှာဆီသို့ ဦးတည်သွားကာ အလွန်ပြင်းသောအရှိန်ဖြင့် လှိုဏ်ခေါင်းကိုဖြတ်၍သွားနေသော လူထံသို့တိုက်ရိုက်ဦးတည်သွားလေသည်။

ထိုအရာသက အဝေးမှကြည့်လျှင်အလွန်ထိပ်လန့်စရာကောင်းသော မြင်ကွင်းဖြစ်သည်။ ဖော်မပြနိုင်သော အရှိန်နှင့်အတူ မြေကြီးမှထိုးထွက်နေသော အလွန်ကြီးမားသည့်လက်ဖဝါးသည် ရေခဲပြင်ကိုဖြတ်၍ပြေးနေသောသူကို ဖမ်းဆီးလိုက်၏။ ထိုလက်ကိုတင်းတင်းဆုပ်ကိုင်လိုက်ပြီး ကျယ်လောင်သောအသံက လေထဲမှဖြတ်သန်းလာလေသည်။

ရေခဲအလွာက တုန်ခါလာပြီး ဆုတ်ပြဲကျိုးကြေကာ အပိုင်းအစများစွာတစ်စစီဖြစ်သွားသည်။ ထိုကျိုးကြေနေသောအပိုင်းအစတို့သည် မြေကြီးပေါ်ကျသွားလေသည်။ ခဏအကြာလျှင် ကျလာသောရေခဲများက လေထဲတွင်ပြည့်ကာ စစ်မာရှင်း၏အမြင်အာရုံကိုဖုံးလွှမ်းသွားသည်။ အနီရောင်အလင်းတန်းက ရေခဲပြင်ကိုရောင်ပြန်ဟပ်ကာ ရေထဲသို့ထိုးဖောက်လာသော တောက်ပသည့်အလင်းရောင်ကဲ့သို့ထင်ရပြီး မည်သူမျှဘာဆက်ဖြစ်မလဲဟု ရှင်းလင်းစွာမသိနိုင်ပေ။

စစ်မာရှင်းက မျက်မှောင်ကြုတ်မိနေလေသည်။ထိုတိုက်ပွဲအတွက် အချိန်အကြာကြီးပြင်ဆင်ထားခဲ့သော်လည်း စုမင်ကို အားထုတ်မှုမရှိဘဲ သတ်ပစ်နိုင်လိမ့်မည်ဟု မယုံကြည်ခဲ့ပေ။ သူလွယ်ကူစွာသတ်နိုင်လျှင် အသက်ရှင်ကျန်ခဲ့မှာမဟုတ်။

စစ်မာရှင်းမျက်လုံးထဲတွင် စုမင်က သူ၏အကြီးမားဆုံးရန်သူဖြစ်သည်။ သူက အတ်ိတ်တွင် အေးခဲကောင်းကင်မျိုးနွယ်၏ပါရမီရှင်ကလေးသာ မဟုတ်ခဲ့လျှင် သို့မဟုတ်...မာန်ဒုတိယနတ်ဘုရား၏အမွေဆက်ခံခြင်းကိုရရှိပြီးနောက် သူကိုယ်တိုင် စတုထ္ထမာန်နတ်ဘုရားဟုမကြေငြာလျှင် အချိန်တိုင်းစုမင်၏လက်ထဲတွင်သူ လုံးဝပျောက်ဆုံးမှာမဟုတ်ပေ။

စုမင် လိုဏ်ခေါင်းကိုဖြတ်နေစဥ် နတ်ဘုရားအာရုံကို ဖျကိစီးခြင်းခံရသော်လည်း သတိလက်လွတ်နေ ည်မဟုတ်။ သူ့လက်များသည်လျင်မြန်စွာချိပ်တံဆိပ်တစ်ခုကိုစတင်ပုံဖော်သည်။ လေထဲတွင်ကြေမွနေသောရေခဲများက ပေါက်ကွဲကာ အပေါ်သို့တရှိန်ထိုးကျလာကြသည်။

သူ့ခေါင်းပေါ်ရှိရေခဲများ တရှိန်ထိုးကျလာသည့်အခိုက်အတန့်တွင် ကြီးမားသောအန္တာရယ်ခံစားမှုက စစ်မာရှင်းစိတ်ထဲတွင်ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် ပြင်းထန်သောအရှိန်ဖြင့် လေထဲမှ ကြယ်အစုအဝေးကဲ့သို့ပုံရိပ်တစ်ခုပေါ်ထွက်လာပြီး လေထဲတွင်ကျယ်လောင်သောအသံနှင့်အတူ စစ်မာရှင်းရှိရာဦးတည်ပြေးလွှားနေသည်။

ထိုပုံရိပ်က လျင်မြန်လွန်းပြီး စစ်မာရှင်းအကြည့်ထဲသို့ ဝင်ရောက်လာ၏။ မျက်စိတမှိတ်အတွင်းမှာပင် ထိုပုံရိပ်က ပေရာချီအကွာအဝေးကိုရောက်နေပြီး ထိုပုံရိပ်သည် အမှန်ပင် စုမင်ဖြစ်လေသည်။

သူသည် လျင်မြန်စွာလာနေပြီး သူ့မျက်လုံးထဲတွင်သတ်ဖြတ်လိုစိတ်က လျှပ်စီးကဲ့သို့ ထင်ဟပ်နေသည်။ သူညာလက်ကိုမြှောက်၍ စစ်မာရှင်းရှိရာချိန်ရွယ်လိုက်သည်။ ထိုလက်တွင် စုမင်၏စိတ်ဆန္ဒတို့ပါဝင်ပြီး ထိုလက်ချောင်းတွင်သူ့ဖြစ်တည်မှုအားလုံးပါဝင်ကာ လောကကြီးကိုတစ်စစီဖြစ်စေသောအင်အားဖြင့် စစ်မာရှင်းကို တိုက်ခိုက်ရန်ဝန်းရံလိုက်ကြ၏။

အန္တရာယ်က စစ်မာရှင်း ၏ခေါင်းပေါ်မှထွက်ပေါ်လာသည်။ တခြားတစ်ယောက်သာဖြစ်ခဲ့လျှင် ထိုမျှပြင်းထန်သောအင်အားဖြင့် သူတို့ဆီဦးတည်ပြေးလွှားလာသောအစွမ်းကိုရှောင်တိမ်းရန်မဖြစ်နိုင်ပေ။ သို့သော် စစ်မာရှင်းက အတိတ်ကပါရမီရှင်တစ်ယောက်ဖြစ်ခဲ့ပြီး ယခု သူ့ကိုယ်သူမာန်တို့၏စတုထ္ထမြောက်နတ်ဘုရားဟုခေါ်ဆိုခဲ့သည်။ ထိုအရာများသည် မောက်မာမှု၏အကြောင်းရင်းများဖြစ်သည်။ တုံ့ဆိုင်းခြင်းမရှိဘဲ သူ့ပါးစပ်ကိုကျယ်ကျယ်ဟ၍ စုမင်၏တိုက်ခိုက်မှုကို မရှောင်တိမ်းပေ။ ထိုအစား ကောင်းကင်နှင်မဟာပထဝီ‌ မြေကြီးကိုတုန်လှုပ်စေသည့် ဟိန်းဟောက်သံတစ်ချက်ကိုသာထုတ်ပလွှတ်လိုက်သည်။

ထိုဟိန်းဟောက်သံက သာမန်မဟုတ်ဘဲ ဒုတိယဘုရားသခင်ပိုင်ဆိုင်သော စွမ်းအင်အနှစ်သာရများပါဝင်သည်။ ထိုအရာက ဒုတိယမာန်နတ်ဘုရားသခင် ချီရှန်ဖို၏ဟိန်းဟောက်သံဖြစ်ပြီး စီမာရှင်း၏ခန္ဓာကိုကိုသယ်ဆောင်သူအဖြစ်အသုံးပြုကာ အချိန်တစ်လျှောက်လုံးဖြတ်သန်းနေပုံရ၏။

ထိုအရာသည် မာန်နတ်ဘုရားသခင်၏ဟိန်းဟောက်သံဖြစ်သည်။

အသံထွက်လာသည်နှင့် စုမင်၏မျက်လုံးများ ပြူးကျယ်သွား၏။ ကျယ်လောင်သောအသံများက နားထဲမှထွက်ပေါ်လာပြီး သွေးများစီးကျလာသည်။ သူ့အနားရှိနေရာက တစ်လက်မချင်းစီပျက်စီးသွားကာ အပိုင်းအစများအဖြစ်ပြောင်းလဲသွားသည်။ မဖော်ပြနိုင်သောအင်အားကြီးမားသည့်စွမ်းအားတစ်ခု သူ့ကိုတိုက်ခိုက်သွားပြီး ခဏတာအေးခဲသွားစေသည်။

ကျယ်လောင်သောအသံများ သူ့ထံမှထွက်ပေါ်လာပြီး သူ့အရိုးနှင့်အသားများကိုစုတ်ဖြဲနေသလိုခံစားချက်က သူ့ခန္ဓာကိုယ်ကိုရိုက်ခတ်နေသည်။ နှုတ်ခမ်းထောင့်စွန်းမှသွေးများကျလာ၍ ပေထောင်ချီ နောက်ပြန်ဆုတ်လိုက်ရသည်။

ထိုဟိန်းဟောက်သံ၏အစွမ်းက အံ့အားသင့်စရာဖြစ်သော်လည်း စစ်မာရှင်းကိုယ်တိုင်မကျေနပ်ပေ။ ထိုဟိန်းသံထုတ်လိုက်သောအခါ သူ့ခန္ဓာကိုယ်ကလျင်မြန်စွာအားအင်နည်းလာသည်။ထို တိုက်ခိုက်မှုကြောင့် သူ့ခန္ဓာကိုယ်၏အသွေး၊အသား အနှစ်သာရတို့ကို စုတ်ယူသွားသကဲ့သို့ခံစားလိုက်ရသည်။ မာန်နတ်ဘုရား၏ဘယ်ဘက်လက်က အနည်းငယ်တုန်ခါသွားကာ မမြင်န်ိုင်သောအရှိန်အဝါတစ်ခုက စစ်မာရှင်းထဲ စီးဝင်သွားသည်။ သူ့ခန္ဓာကိုယ်ထဲရောက်ရှိသွားပြီး အားအင်တ်ို့ပြည့်တင်းလာ၏။

“စုမင်.. ဒီနေရာက မင်းရဲ့သင်္ချိုင်းပဲ”

ပေထောင်ပေါင်းများစွာအဝေးတွင်ရပ်နေသောစုမင်ကို စိုက်ကြည့်နေရင်း

ရက်စက်ကြမ်းကြုတ်သောအကြည့်တစ်ချက် စစ်မာရှင်းမျက်နှာတွင်ပေါ်လာသည်။ သူ့မျက်နှာမှာညိုးနွမ်းသောအခြေအနေမှလျင်မြနိစွာ ကောင်းမွန်လာသော်လည်း သူ့အသွင်ပြင်က မယုံကြည်နိုင်လောက်အောင်ဆိုးဝါးလာခဲ့လေသည်။

..............

All Chapters