စစ်မာရှင်း၏ ပြောင်းလဲမှု
Vol. 41 Ch. 559
စုမင်နောက်ပြန်ဆုတ်ချိန်တွင် စစ်မာရှင်း၏မျက်နှာက ကြောက်စရာကောင်းသောအသွင်အဖြစ် ပြောင်းလဲသွားသည်။ သူ့လက်များကိုမြှောက်၍ ချိပ်တံဆိပ်ကိုအမြန်ဖန်တီးပြီး သွေးချောင်းဆိုးရန်လျှာထိပ်ကို ကိုက်လိုက်သည်။ ထိုသွေးများက သူ့ခန္ဓာကိုယ်အောက်ရှိ လက်ဖဝါးပေါ်တွင်သွေးများ ပေကျံသွားကာ (လက်မှာရှိတဲ့)လက္ခဏာမျဥ်းများအတိုင်းစီးကျလာပြီး ယခင်က မပြတ်သားသောလက္ခဏာများက အခုမယုံကြည်နိုင်လောက်အောင်ပင် ရှင်လင်းပြတ်သားသွား၏။
“မာန်မျိုးနွယ်စုရဲ့ နတ်ဘုရားတစ်ယောက်အနေနဲ့ အားလုံးရဲ့ ကံကြမ္မာကငါ့လက်ထဲမှာ ရှိတယ်.. လောကကြီးနဲ့ စကြဝဋ္ဌာကြီးတစ်ခုလုံးက ငါ့ထိန်းချုပ်မှုအောက်မှာပဲရှိရမယ်..လက်ဖဝါးပေါ်က အရေးအကြောင်းတွေက ငါ့ကံကြမ္မာဖြစ်ပြီး အဲ့ဒီအရေးအကြောင်းတွေကို မင်းကိုသတ်ဖို့အတွက် အသုံးပြုမှာ...”
စစ်မာရှင်းက အမြန်ပြော၍ သူ့လက်များကိုမြှောက်ကာ ရှေ့သို့တွန်းထုတ်လိုက်သည်။
စုမင်သည် ကုန်ဆုံးသွားသည့်အချိန်တလျှောက် ဒုတိယမာန်နတ်ဘုရား၏စွမ်းအင်များပါဝင်သော ဟိန်းဟောက်သံကြောင့် နောက်ပြန်ဆုတ်သွားသော်လည်း ကြောက်မက်ဖွယ်ကောင်းသော အသံက သူ့နားထဲရောက်လာသည်။
စုမင်ခန္ဓာကိုယ်ထဲတွင် တစ်စီစုတ်ပြဲသွားသောခံစားချက်တစ်ခုပေါ်လာသော်လည်း သူ့မျက်နှာတွင်ထိတ်လန့်နေသည့်အရိပ်အယောင်ကိုမတွေ့ရတော့ပေ။ ၎င်းအစား အေးစက်သောအကြည့်တစ်ချက် သူ့မျက်လုံးထဲတွင်ပေါ်လာသည်။ သူနောက်ပြန်ဆုတ်သော်လည်း ညာဘက်လက်ကို အမြန်မြှောက်၍ ညာဘက်လက်မောင်းပေါ်ရှိ ကြက်သွေးရောင်နဂါးအမှတ်တံဆိပ်က အနီရောင်တောက်နေပြီး သင်္ကေတတစ်ခုနှင့်ဆင်တူနေသည်။
ရဲရင့်တက်ကြွသော အကြည့်က ကြက်သွေးရောင်နဂါးမျက်လုံးထဲတွင်ပေါ်နေပြီး မာန်ဒုတိယနတ်ဘုရား၏ဘယ်လက်ဖမိုးပေါ်တွင်ထိုင်နေသော စစ်မာရှင်းရှိရာမြေပြင်ပေါ်သို့ကြည့်လိုက်၏။
ထိုအချိန်တွင် ၎င်းတို့အပေါ်ရှိရေခဲပြင်တစ်ခုလုံးသည် ချက်ချင်းမဲမှောင်လာသည်။ စုမင်ပတ်ဝန်းကျင်တစ်ခုလုံးတွင် အနီရောင်မျဥ်းများပေါ်လာ၏။
ထိုမျဥ်းများက နေရာတစ်ခုလုံးပြည့်နှက်သွားသည်။ ၎င်းတို့က အချင်းချင်းလိမ်ယှက်နေသကဲ့သို့ထင်ရသော်လည်း တစ်စုံတစ်ယောက်က အနီးကပ်ကြည့်လျှင် ထိုကောင်ကင်းပေါ်မှမျဥ်းများက မာန်ဒုတိယနတ်ဘုရား၏ ဘယ်ဘက်လက်ပေါ်ရှိ လက်ဖဝါးအရေးအကြောင်းများဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။
ရှေးဦးဖြစ်တည်မှုတစ်ခုက ရေခဲလောကမှ ပြန့်ကျဲထွက်လာသည်။ စုမင်၏မျက်လုံးများ ကျဉ်းမြောင်းသွား၏။ ထို့နောက်ချက်ချင်းပင် နဂါးအော်သံတစ်ခု စုမင်၏ဘယ်ဘက်လက်ပေါ်မှထွက်ပေါ်လာပြီး ကြက်သွေးနီရောင်နဂါးသည် ထင်ရှားလာသည်။ ၎င်းက စုမင်ခန္ဓာကိုယ်ကို ဝန်းရံထားကာ ဟိန်းဟောက်ရန် သူ့ခေါင်းကိုမြှောက်လိုက်သောအခါ ပိုကြီးထွားလာသည်။
၎င်းခန္ဓာကိုယ်၏ ပေတစ်သောင်းတွင်စုမင်ကို ပတ်ဝိုင်းထားပြီး ဒေါသတကြီးဟိန်းဟောက်လိုက်လျှင် သူတို့အပေါ်ရှိရေခဲအလွှာက ကျယ်လောင်စွာလှုပ်ရမ်းသွားကာ အများအပြားပြိုကျသွားသည်။ ကြက်သွေးရောင်နဂါးကို စစ်မာရှင်းမြင်သောအခါ နောက်တစ်ကြိမ်နောက်ဆုတ်သွားပြန်သည်။
စုမင်၏စွမ်းအင်နှင့် သူအသုံးပြုသောနည်းလမ်းများက စစ်မာရှင်း၏မျှော်လင့်ချက်ကိုကျော်လွန်သည်ထက် အကြိမ်ကြိမ်ကျော်လွန်သွားခဲ့သည်။ စုမင်က နဂါးပိုင်ဆိုင်ရမည်ဟုဘယ်တော့မှမတွေးခဲ့ဘဲ ကြည့်ရုံမျှနှင့် ၎င်းသည်မယုံကြည်နိုင်လောက်စွာသန်မာနေ၏။
ကြက်သွေးရောင်နဂါးကိုမြင်သောအခါ စစ်မာရှင်း၏မျက်နှာကအနက်ရောင်ပြောင်းသွားသည်။ သူ့ညာလက်ဖြင့်ချိတ်တံဆိပ်ဖွဲ့စည်းပြီး မျက်ခုံးအလယ်ကိုထိလ်ုက်၏။ သေးငယ်သောလက်ချောင်းမှလက်သည်းဖြင့် မျက်ခုံးကြားမှကြီးမားသောဒဏ်ရာကို ခွာမိလျှင် သွေးများစီးကျလာလေသည်။
သွေးများစီးကျလာသောကြောင့် သူ့အပေါ်မှလက်ဖဝါးက ကြီးမားသောလက်ဖဝါးအဖြစ်ပြောင်းသွားသည်။ သို့သော်လည်း အစစ်မှန်ဖြစ်သောထိုလက်ဖဝါးက ကြက်သွေးရောင်အရေးအကြောင်းများဖြင့်ဖွဲ့စည်းထား၏။
ကျယ်လောင်သောအသံများက လေထဲတွင်ပျံ့နှံ့သွားသည်။ အရေးအကြောင်းများဖြင့်ဖွဲ့စည်းထားသောလက်ဖဝါးသည် အတွင်းတွင် စုမင်ကိုကြေမွသွားရန် တင်းကျပ်စွာဆုပ်ကိုင်ထားသည်။ ထိုသို့လုပ်နေသည့်အတွက် အပေါ်မှလေထုက တုန်လာခါလာ၏။ ကြီးမားသောလက်ဖဝါးအရေးအကြောင်းများက အတူစုစည်း၍ကျုံ့သွားသည်။ ၎င်းက လောကကြီးတွင်ပါဝင်သောနိယာမဖြစ်သောကြောင့် အတွင်းမှဖမ်းမိသူအားလုံးကိုအံ့သြသွားစေသည်။
လက်ဖဝါးက စုမင်ဘေးပတ်လည်ကိုဖုံးအုပ်လိုက်လျှင် ကြက်သွေးရောင်နဂါးက ကောင်းကင်ကိုတုန်လှုပ်သွားစေသော ဟိန်းဟောက်သံတစ်ချက်ထွက်လာလေသည်။ ၎င်း၏ခန္ဓာကိုယ်က ပိုကြီးမားလာပြီး ခန္ဓာကိုယ်သည် ထိုဧရိယာတစ်ခုလုံးကို စတင်လွှမ်းမိုးနိုင်သည်အထိ ပိုကြီးမားလာသည်။ ၎င်း၏ခန္ဓာကိုယ်ဖြင့် လက်ဖဝါးကိုဆန့်ကျင်သွားလာနေသော ကြီးမားသည့်ကြက်သွေးရောင် လေပွေအဖြစ်ပြောင်းလဲသွားသည်။
ဝုန်းခနဲပေါက်ကွဲသံကြီးက လေထဲမှတဟုန်ထိုးထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ရာကောင်းသောလက္ခဏာများက ၎င်းခန္ဓာကိုယ်မှထွက်ပေါ်လာစဥ် ထိုအင်အားနှစ်ရပ်က လေထဲတွင်ရင်ခိုင်တိုက်ခိုက်ကြပြီး တူညီသောအင်အားများလည်းရှိကြသည်။
ထိုအဖြစ်ပျက်အားလုံးသည် အသက်တစ်ရှိုက်စာတလျှောက်ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ အံ့သြစရာကောင်းသောပေါက်ကွဲသံက ပတ်ဝန်းကျင်တစ်ခုလုံးတုန်လှုပ်သွားစေပြီး လှိုင်းလုံးကြီးတစ်ခုလျင်မြန်စွာပျံ့နှံ့သွား၏။ ပျံ့နှံ့သွားသည့်တလျှောက် ထိုလှိုင်းလုံးက အပေါ်မှရေခဲများကိုကွဲကြေသွားစေသည်။
လေထဲမှလက်ဖဝါးက တစ်လက်မချင်းစီကွဲကြေသွားပြီး နောက်ဆုံးတွင်ပေါက်ကွဲသွားလေသည်။ သို့သော် စစ်မာရှင်းက သူ၏လက်ရှိကျင့်ကြံမှုအဆင့်ဖြင့်စွမ်းအားပြည့်ဝစေရန်မလုပ်ဆောင်နိုင်သော်လည်း မာန်နတ်ဘုရား၏မြင့်မြတ်သောစွမ်းရည်ရှိနေဆဲဖြစ်သည်။ ၎င်း၏စွမ်းရည်ကို အစိတ်အပိုင်းတစ်ခုမျှသာစွမ်းဆောင်နိုင်ရုံဖြင့် စစ်မာရှင်းကိုဂုဏ်ယူစေရန်လုံလောက်နေပေသည်။
ထိုအချိန်တွင်စုမင်၏ ကြက်သွေးရောင်နဂါးသည်လည်းတုန်ခါလာကာ သူ့ခန္ဓာကိုယ်မှာပေါက်ကွဲသွားသည်။ ကံကောင်းထောက်မစွာ ၎င်းခန္ဓာကိုယ်က မြေကြီးအရှိန်အဝါ ဖြင့်ပြုလုပ်ထားပြီး အသားအစစ်မဟုတ်ပေ။ ထိုသို့မဟုတ်လျှင် သေဆုံးသွားမည်ဖြစ်သည်။
သို့သော် ၎င်းကို မြေကြီးအရှိန်အဝါဖြင့်လုပ်ထားသော်လည်း ၎င်းခန္ဓာကိုယ်က ပျက်စီးနိုင်သေးသည်။ အစိတ်စိတ်အမွှာမွှာဖြစ်သွားပြီး ကြက်သွေးရောင်နဂါးက စုမင်နောက်တွင် အတူစုစည်းသွား၏။ ၎င်းက ၎င်း၏အားမန်ကိုဆုံးရှုံးသွားသကဲ့သို့ မယုံကြည်နိုင်လောက်အောင် အားနည်းသွားသည်။ ၎င်း၏ဖြစ်တည်မှုကိုအချိန်အကြာကြီးထိန်းသိမ်းမထားနိုင်သကဲ့သို့ သူ့ခန္ဓာကိုယ်က မရှင်းလင်းတော့ပေ။ နောက်တစ်ကြိမ် ကြက်သွေးနီရောင်အမှတ်သားအဖြစ်ပြောင်းလဲသွားပြီး စုမင်၏ညာလက်ရုံးဖြစ်သွားကာ ပြန်ကောင်းမွန်လာစေရန် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလေသည်။
“အတော်လေးအထင်ကြီးစရာကောင်းတဲ့ စွမ်းရည်ပဲ၊ ဒါပေမဲ့အဲ့ဒီအစွမ်းကိုသုံးနေသရွေ့ ငါ့ကိုသတ်နိုင်မှာမဟုတ်ဘူး”
စုမင်မျက်နှာမှာ တည်ငြ်ိမ်နေသော်လည်း သူ့အကြည့်တွင် သတ်ဖြတ်လိုစိတ်များပြည့်နှက်နေသည်။ သူ့ညာခြေထောက်ကိုမြှောက်၍ ခြေတစ်လှမ်းလှမ်းကာ စစ်မာရှင်းပေတစ်ရာခန့်အကွာလေကိုဖြတ်သော စက်ဝန်းပြတ်အလင်းတန်းအဖြစ်ပြောင်းသွားသည်။
စုမင်က သူ့ညာခြေကိုမြှောက်သော်လည်း စစ်မာရှင်းရှိရာသို့မသွာပေ။ ထိုအစား သူ့လက်ချောင်းများကို ခြေသည်းပုံသဏ္ဍာန်ထားကာ လေထဲမှတဆင့်သူ့ပြိုင်ဘက်ကို ဖမ်းဆုပ်ထားသည်။ စစ်မာရှင်းက ရုတ်တရတ်လန့်သွားပြီး သူ့ခန္ဓာကိုယ်က မာန်နတ်ဘုရား၏ဘယ်ဘက်လက်သုံးပေအထက်မှ သူ့ကိုဖမ်းထားသကဲ့သို့ မြင့်တက်လာလေသည်။
ထိုမြင်ကွင်းက စစ်မာရှင်းကိုအံ့သြသွားစေသည်။ သူသည် စုမင်ကြောင့်အံ့သြပြီးသားဖြစ်၏။ ထပ်ခါတလဲလဲတွေ့ဆုံမှုများအပြင် စုမင်၏မမောပန်းနိုင်သောတိုက်ခိုက်မှုများက သူ့က်ိုအကြိမ်များစွာအံ့အားသင့်စေပြီး ကြက်သွေးရောင်နဂါးပေါ်လာချိန်တွင် သူ့၏အံ့သြမှူတို့သည်အထွတ်အထိတ်သို့ရောက်သွားသည်။ စုမင် ထိုသို့သန်မာလိမ့်မည်ဟု သူဘယ်တော့မှ မမျှော်လင့်ခဲ့ပေ။
အမုန်းတရားနှင့် အတိတ်တွင်သူခံစားခဲ့ရသော ကျရှူံးမှုတို့က စစ်မာရှင်းကို စိတ်ဓာတ်ကျစေသည်။ အခွင့်အရေးကြုံလျှင် လောကကြီးကိုသိမ်းပိုက်နိုင်သော ပါရမီရှိကြောင်း သူနားလည်သဘောပေါက်လာပြီး စုမင်နှင့် နောက်တစ်ကြိမ်ဆုံတွေ့ခဲ့ရသည်။ သို့သော်လည်း ကောင်းကင်ဘုံနယ်နမိတ်တွင် ထပ်မံကျရှူံးခဲ့ရပြန်သည်။ မရဏအရှိန်အဝါက သူ့ခေါင်းပေါ်မှထွက်ပေါ်လာပြီး စစ်မာရှင်း၏ယုံကြည်မှုကို ကြီးမားသောထိုးနှက်မှုဖြစ်စေ၏။
မာန်နတ်ဘုရား၏ခြေလှမ်းခုနှစ်သွယ်စွမ်းရည်က သူ့အတွက်အသုံးမဝင်ပေ။ ကောင်းကင်၏မျက်နှာသာပေးမှုနှင့် လောကကြီး၏တင်းမာမှုမှာ ကျိုးပျက်သွားခဲ့သည်။ ထိုစဥ် စုမင်တွင် မာန်နတ်ဘုရား၏ လက်ဖဝါးအရေးအကြောင်းများကိုတွန်းလှန်နိုင်သော စွမ်းအားမှာရှိနေ၏။ ထိုအရာများက စစ်မာရှင်း၏နှလုံးသားတွင် စိတ်ပျက်အားငယ်ခြင်းများဖြစ်စေသည်။
သူ့မျက်လုံးများ အနီရောင်ပြောင်းသွား၏။ ထိုအချိန်တွင် သူ၏ဆက်ခံမှုမပြည့်စုံသည်က်ိုလည်း ဂရုမစ်ိုက်နိုင်တော့ပေ။ အမှန်တွင် သူက မာန်ဒုတိယနတ်ဘုရား၏ဘယ်လက်နှင့်ပေါင်းစပ်ရန် အချိန်ပိုလိုအပ်ပြီး နောင်တစ်ချိန်တွင် လက်ကိုလုံးဝစုပ်ယူနိုင်မှသာ သူ့ကိုယ်ပ်ိုင်လက်အဖြစ်ပြောင်းလဲသွားပြီး အမွေဆက်ခံခြင်းပြီးမြောက်မည်ဖြစ်သည်။
သို့သော် ထိုအချိန်တွင် သူအန္တာရယ်ရှိနေပြီဖြစ်သည်။ သူ့ကိုယ်တိုင် မြင့်မြတ်သည့်စွမ်းရည်ကို တွန်းလှန်နိုင်လျှင် သူ့ခန္ဓာကိုယ်က စွမ်းအင်ကိုကြံ့ကြံ့ခိုင်နိုင်ပြီးပြန်လည် ကောင်းမွန်နိုင်သည်က်ိုလည်း ဂရုမစိုက်နိုင်တော့ပေ။ မျက်လုံးရဲများဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူအော်နေစဥ် ချွန်ထက်သောအနက်ရောင်ဆူးငြောင့်ကိုးချောင်းက မာန်နတ်ဘုရား၏ဘယ်လက်မှ ချက်ခြင်းထွက်လာသည်။ ထိုဆူးတို့တွင် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော ဖြစ်တည်မှုတည်ရှိနေပြီး တချို့ဆူးတို့တွင် အနက်ရောင်ရေစက်လေးများ ယိုစိမ့်ထွက်နေသည်။ အေးစက်နေသောလေက ထိုရေစက်များမှပျံ့နှံ့လာပြီး ၎င်းတို့ထံမှမှောင်မိုက်၍ မကောင်းသော အတိတ်နိမိတ်ကိုလည်းခံစားရ၏။
“မာန်နတ်ဘုရားရဲ့ အရိုးဆူးတွေ”
စစ်မာရှင်းက ဖြူဖျော့နေပြီး သူ အော်ဟစ်လိုက်သောအချိန်တွင် သူ့ခန္ဓာကိုယ်က ညှိုးနွမ်းနေသော်လည်း ထိုအခြေအနေမှပြန်လည်ကောင်းမွန်လာမှုသည် ယခင်ကထက် ပိုနှေးကွေးလာခဲ့သည်။ ကြွေးကြော်သံတစ်ချက်နှင့်အတူ အနက်ရောင်ဆူးငြောင့်များက မာန်နတ်ဘုရား၏ဘယ်လက်မှပြုတ်ထွက်သွားပြီး လေချွန်သံတစ်ချက်နှင့်အတူ မဖော်ပြနိုင်သောအရှိန်ဖြင့် လေထဲမှတဆင့်စုမင်ရှိရာဦးတည်သွားကြသည်။
စစ်မာရှင်း၏ဆံပင်တို့က လေထဲတွင်လွင့်နေကာ ရူးသွပ်မှုတို့ကို သူမျက်လုံးထဲတွင်တွေ့နေရသည်။ ဆူးငြောင့်များ စုမင်ထံဦးတည်သွားသည့်အခွင့်အရေးကို အသုံးပြု၍ ညာဘက်လက်ကိုလျင်မြန်စွာမလိုက်ပြီး မာန်နတ်ဘုရား၏ဘယ်လက်ပေါ်သို့ ဖိထားလိုက်လေသည်။ မျက်လုံးများကိုမှိတ်ထားကာ အသက်ကိုဖြည်းညင်းစွာရှုနေသော်လည်း စကားလုံးများကရှူပ်ထွေး၍ မည်သူမှရှင်းလင်းစွာမကြားရပေ။
စုမင်၏မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။ ကြီးမားသောအန္တာရယ်တစ်ခု သူ့နှလုံးသားထဲတွင်မြှင့်တက်လာသည်။ ထိုအရာက သူ့ထံလာတော့မည့် ဆူးအရိုးကိုးချောင်းဖြစ်နိုင်ပြီး တစ်ခုချင်းစီတွင် သတ်ဖြတ်နိုင်သောဖြစ်တည်မှုများထွက်ပေါ်လာ၏။
အနက်ရောင်ဆူးအရိုး၊ အနက်ရောင်အရည်နှင့် ၎င်းတို့၏ သွေးကိုအေးခဲစေနိုင်သောအရှိန်နှုန်းများက ၎င်းတို့သွားရာနေရာတိုင်းတွင် အရိုးဆူးများက လေထုကိုမှောင်မည်းစေသည်။
စုမင်က လေကိုဖြည့်ပေးသည့်ချိတ်တံဆိပ်၏အစွမ်းကိုခံစားနိုင်သည်။ အကြောင်းမှာ ဆူးအရိုးတ်ို့သည် သူ၏ချီကို မလွတ်တမ်းလိုက်နိုင်သည်ဟု ခံစားခဲ့ရပြီး အဆုံးမသတ်နိုင်တော့ပေ။ ထိုအရိုးဆူးများ သူ့ခန္ဓာကိုယ်တွင်နစ်မြုပ်သွားခဲ့လျှင် သူရင်ဆိုင်ရမည့်အကျိုးဆက်သည် အလွန်ပြင်းထန်ပေလိမ့်မည်။
ထိုအရာများက သာမန်ဆူးအရိုးများမဟုတ်ဘဲ အာဃာတရား၏အထွတ်အထိတ်နှင့် ရူးမိုက်မှုတို့သည် မာန်ဒုတိယနတ်ဘုရား၏ခန္ဓာကိုယ်ထဲတွင် နှစ်ပေါင်းများစွာကိန်းအောင်နေခဲ့ပြီး ပြိုကွဲသွားသောအခါ သူ့ခန္ဓာကိုယ်ထဲတွင် ချိတ်တံဆ်ိပ်အဖြစ်နေရာယူထားခဲ့သည်။ ထိုအရာအားလုံးပေါင်းစပ်ပြီးသောအခါ အချိန်ကာလတလျှောက် သူ့ဘယ်လက်ထဲတွင်အရိုးများဖွဲ့စည်းကာ အဆုံးတွင် ထိုအရိုးများကိုမွေးဖွားပေးခဲ့၏။
မာန်စိတ်ဝိညာဥ်နယ်ပယ်တွင် ကြီးမားသောပြီးမြောက်မှုကိုရရှိထားသောသူပင်လျှင် ထိုဆူးများကြောင့် အံ့သြသွားနိုင်သည်။ ကံကောင်းထောက်မစွာ ၎င်းတို့တွင်လည်း အရေအတွက်အကန့်အသတ်ရှိခဲ့သည်။ မာန်ဒုတိယနတ်ဘုရား၏ဘယ်လက်တွင်ရှိသော ဆူးချွန်များဖြစ်ပုံရသည်။
ထိုအခိုက်တန့်တွင် စုမင်၏ခန္ဓာကိုယ်အေးခဲပြီးနောက်ကြောင်းပြန်ဆုတ်ချိန် စီမာရှင်းက သူ့ခေါင်းကိုလျင်မြန်စွာ မော့လိုက်သည်။ ထို့နောက် သူ့ပုံမှာအရိုးစုကဲ့သို့ဖြစ်သွားပြီး ချောမောသောမျက်နှာသည်ဖျော့တော့သွားကာ သူ့ခန္ဓာကိုယ်မှအရေပြားလွှာတစ်ခု ဆုတ်ခွာသွားသကဲ့သို့ အမာရွတ်များဖြင့်ပြည့်နှက်နေသော သွေးစွန်းနေသည့်မျက်နှာကိုပေါ်လွင်စေ၏။
ထိုအရာသည် သူ့မျက်နှာအစစ်ဖြစ်သည်။
အေးခဲနေသော ဂူတွင်နှင်းကိုက်ခံရခြင်းကြောင့် သူ၏အရေပြားသည်အညိုရောင်ဖြစ်နေပြီး သူ့မျက်နှာတွင်အညိုရောင်အစက်ပြောက်များကျန်နေခဲ့သည်။
သူ့အသားတွင်ပြန့်ကျဲနေသော အမာရွတ်များက စက်ဆုပ်စရာဖြစ်နေပြီး ကြောက်စရာကောင်းသောအသွင်ပြင်ကြောင့် လူသားတစ်ဦးနှင့်မတူတော့ပေ။
စစ်မာရှင်းက ကျယ်လောင်စွာအော်၍ သူ့ညာဘက်လက်ကို မာန်နတ်ဘုရား၏လက်ဖဝါးမှ မယူလိုက်သည်။ ထိုသို့လုပ်သောအခါ ဓားပုံစံရှိသောဆူးတစ်ချောင်းကိုဆွဲထုတ်လိုက်သည်။
မာန်ဒုတိယနတ်ဘုရား၏ဘယ်လက်က စတင်တုန်လှုပ်လာပြီး ထိုခဏတွင် စစ်မာရှင်းသည် အရိုးဆူးတစ်ခုလုံးကို တရွတ်တိုက်ဆွဲကာကောင်းကင်ဆီသို့ အော်ဟစ်လိုက်လေသည်။
ထိုအရာသည်ဆယ်ပေခန့်ရှည်သော အရိုးဓားတစ်လက်ဖြစ်ပြီး တစ်လက်လုံးအနက်ရောင်ဖြစ်သည်။ မာန်နတ်ဘုရား၏ဘယ်လက်မှဆွဲထုတ်လိုက်သည့်ခဏတွင် ပတ်ဝန်းကျင်ရှိအေးခဲသောလေထုက ချက်ချင်းပိုမိုအားကောင်းလာပြီး ယခင်ထက်ပိုမိုပြင်းထန်လာသော သတ်ဖြတ်လိုစိတ်လှိုင်းလုံးများကလည်း နယ်ပယ်တစ်ခုလုံးပျံ့နှံ့သွားခဲ့သည်။
ထိုအရိုးဓားကိုကိုင်လိုက်သောအခါ စစ်မာရှင်းမျက်နှာတွင် ရူးသွပ်သောအကြည့်တစ်ချက်ပေါ်လာ၏။ သူသည် စုမင်ကိုမုန်းတီးသောအကြည့်တို့ဖြင့်စိုက်ကြည့်နေသည်။ ထိုအချိန်တွင် သူ့လက်ဖြင့်စုမင်ကိုသတ်လ်ိုသော အတွေးတစ်ချက်သာရှိပြီး ထိုနှစ်များအတွင်း သူခံစားရသောအငြိုးအာဃာတများကို အဆုံးသတ်ရန်ဖြစ်သည်။
“စုမင်...”
စစ်မာရှင်းသည် လေထဲသို့ခြေလှမ်းတစ်လှမ်းလှမ်းပြီး ပထမဆုံးအချိန်တွင် သူ့ခန္ဓာကိုယ်က မာန်နတ်ဘုရား၏ ဘယ်လက်ရုံးအဖြစ်လုံးဝထွက်သွားပြီဖြစ်သည်။ သူလေထဲတွင်ရပ်နေချိန် ကြီးမားသောအရိုးဓားကို စုမင်ဆီသို့ ခုတ်ချလိုက်လေသည်။
...............