တိုက်ပွဲ
Vol. 41 Ch. 560
စုမင်၏မျက်လုံးများ မျက်မှောင်ကြုတ်မိသွားလေသည်။ သူ့ထံသို့ အလျင်အမြန်ဝင်လာနေသည့် အနက်ရောင်အရိုးဆူးကိုးချောင်းက သူ့က်ိုစိတ်ပူစေသောအရာများ မဟုတ်ပေ။ စစ်မာရှင်းလက်ထဲရှိ ရှည်လျားသောအရိုးဓားက အန္တာရယ်အငွေ့အသက်ကိုပေးပြီး အရိုးဆူးများထက်ပို၍ အန္တာရယ်များသည်။
အရိုးဆူးကိုးချောင်းနောက်ရှိ လေထုက အစိတ်စိတ်အမြွှာမြွှာပြိုကွဲသွားသလိုရှိပြီး ဆွေးမြေ့သွားကာ အမှောင်လွှာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ကျောချမ်း၍ ကြောက်မက်စရာကောင်းသော လက္ခဏာက စုမင်မျက်နှာပေါ်သို့ကျရောက်လာပြီး ဓားသည် သူ့ရှေ့မှ ဖြတ်သန်းလာခဲ့သောအချိန်တလျှောက် မာန်ဒုတိယနတ်ဘုရား၏ အငြိုးနှင့်ရူးမိုက်မှုတို့ကို သယ်ဆောင်လာခဲ့၏။
စစ်မာရှင်း၏ ပြောင်းလဲမှုပုံစံနှင့် ညိုးနွမ်းနေသောခန္ဓာကိုယ်က စုမင်မျက်လုံးထဲဝင်လာကာ မာန်နတ်ဘုရား၏ အရိုးဆူးများက ထင်မှတ်မထားလောက်အောင် ထိန်းချုပ်ရန်ခက်ခဲကြောင်း တစ်ချက်ကြည့်ရုံနှင့်နားလည်နိုင်ပြီး စုမင်ပင်လည်း ပြည့်စုံအောင်မကျော်လွှားနိုင်ပေ။ လက်တွေ့ကျကျဆိုရလျှင် အစွန်းနှစ်ဖက်ရှိသောဓားဟုဆိုရမည်။
စစ်မာရှင်းသည် စတင်ကတည်းက မထိန်းချုပ်နိုင်လျှင် ထိုတိုက်ပွဲကိုဆက်တ်ိုက်ရန်မလိုအပ်တော့ပေ။ ၎င်းသည် မာန်ဒုတိယနတ်ဘုရား၏ ဘယ်လက်ရုံးအဖြစ်မွေးဖွားလာသည့် ရတနာတစ်ခုဖြစ်ပြီး နှစ်ပေါင်းများစွာ ချိတ်တံဆိပ်တစ်ခုမှ စွမ်းအင်များစုစည်းတည်ဆောက်ထားသောအရာတစ်ခုဖြစ်သည်။ ထိုမြင့်မြတ်သောစွမ်းရည်သည် အသေအချာပင် စုမင်၏လက်ရှိကနဦးကျင့်ကြံခြင်းအဆင့်ဖြင့် လိုက်မီနိုင်မည်မဟုတ်ပေ။
သို့သော်လည်း စစ်မာရှင်း၏ မြင့်မြတ်သောစွမ်းရည်ကို အသက်သွင်းခြင်းက သူ့အတွက်အခွင့်အရေးတစ်ခုဖြစ်သည်။
စုမင်က တုံ့ဆိုင်းမနေပေ။ ထိုအရိုးဆူးကိုးချောင်း သူ့ထံသို့ရောက်ခါနီးတွင် ဘယ်လက်ကိုအောက်သို့ချလိုက်ပြီး ညာလက်ကိုကောင်းကင်ဆီသို့မြှောက်ကာ သူ့လက်ဖဝါးသည် ကောင်းကင်သို့မျက်နှာမူ၍ နောက်လက်သည် မြေပြင်ပေါ်သို့ ဦးတည်သွားသည်။ သူ့ဆံပင်များက လျင်မြန်စွာပြောင်းလဲသွားပြီး အရိုးဆူးများသည် သူ့ကိုယ်ထဲတွင်ပိတ်မိနေကာ သူ့ဆံပင်တဝက်သည်အဖြူရောင်ပြောင်းသွားပြီး ကျန်တဝက်သည် ခရမ်းရောင်ပြောင်းသွား၏။
ပြင်းထန်သောလေပွေသည် ရုတ်တရတ်သူ့ပတ်ဝန်းကျင်တွင်တိုက်ခိုက်သောကြောင့် သူ့ခန္ဓာကိုယ်သည်နောက်ဆုတ်သွားကာ ကံကြမ္မာအဖြစ်ပြောင်းလဲသွားသည်။
ကံကြမ္မာ၏သွင်ပြင်ကြောင့် စုမင်၏တိုက်ခိုက်ရေးစွမ်းအင်များက အထွတ်ထိပ်သို့ရောက်ရှိလာ၍ မာန်စိတ်ဝိညာဥ်နယ်ပယ်တွင် ပြီးပြည့်စုံစွာပြီးသူများကိုပင် ယခုတိုက်ခိုက်နိုင်ပြီဖြစ်သည်။
လေးနက်သောအမူအရာက သူ့မျက်နှာပေါ်တွင်ပေါ်နေပြီး ကံကြမ္မာသို့ပြောင်းလိုက်သည်နှင့် သူ့ဘယ်လက်ကိုမြှောက်လိုက်ကာ သူ့ထံလာနေသော အရိုးဆူးများထံသို့ လက်မောင်းကိုအပြင်ဘက်ဆန့်ထုတ်လိုက်လေသည်။ ၎င်းနှင့်အတူ အချိန်က သူ့ရှေ့မှပြောင်းပြန်ဖြစ်သွားသကဲ့သို့ နောက်သို့စီးဆင်းရန်တွန်းအားပေးနေလေသည်။
အရိုးဆူးကိုးချောင်းက ရှေ့သို့တဟုန်ထိုးပြေးသောအခါ ၎င်းတို့သည် ကိုယ်တိုင်အဖန်တလဲလဲဖြစ်ပေါ်နေသော မမြင်ရသည့်စွမ်းအင်ကို ဝင်တိုက်မိ၏။ အရိုးစူးကိုးချောင်းသည် စုမင်ထံ နောက်တစ်ကြိမ်မရွေ့လျားခင် ခဏတာအေးခဲသွားသည်။ သို့သော်လည်း ၎င်းတို့၏ အရှိန်နှုန်းသည် ယခင်ထက်နှေးနေပြီး ၎င်းတို့က အချိန်စီးကြောင်းကို ဆန့်ကျင်၍ရွေ့လျားနေသကဲ့သို့ထင်ရသည်။
ထိုအရိုးစူးကိုးချောင်းနောက်တွင်ရှိနေသော စစ်မာရှင်း၏မျက်နှာတွင်ရူးသွပ်မှုတို့ပေါ်လာပြီး အရိုးဓားကိုအောက်သို့ဝှေ့ယမ်းလိုက်သောအခါ သူ့ခန္ဓာကိုယ်သည် ကြက်သေသေသွား၍ မျက်နှာတစ်ခုလုံးနာကျင်သွားသော်လည်း အံကိုကြတ်ကာဆက်သွားခဲ့သည်။
စုမင်၏မျက်လုံးများလည်း ဝင်းလက်သွား၏။ ညာလက်သီးကို တင်းကျပ်စွာဆုတ်ကာ အရှေ့သို့ထိုးသည်။ ၎င်းသည် သူ့ရှေ့တွင်ပေါက်ကွဲသွားမည့် လှိုင်းလုံး အင်အားတစ်ခုအဖြစ်ပြောင်းလဲသွားသည်။ ထိုလှိုင်းလုံးသည် စစ်မာရှင်းနှင့် အရိုးဆူးကိုပွတ်တိုက်မိလျှင် ပေါက်ကွဲသံက ပိုကျယ်လာ၍ ပတ်ဝန်းကျင်ရှိဟင်းလင်းပြင်များ ခဏအတွင်းအက်ကွဲသွားသည်။
စုမင်သည် မရပ်ပေ။ သူနောက်တစ်ကြိမ်ဆုတ်ခွာသောအခါ ဒုတိယအကြိမ်ဘယ်လက်ကိုဝှေ့ယမ်းလိုက်သည်။ ထိုအချိန်တွင် စစ်မာရှင်းရှိအရှိန်ကိုပြောင်းလဲရုံသာမကဘဲ နောက်တစ်ကြိမ် ထပ်ခါထပ်ခါ မပေါက်ကွဲခင် သူ့လက်သီးကြောင့် လဲကျသွားသောနေရာကိုပြန်ပို့ထားနိုင်ခဲ့သည်။ မျက်စိတမှိတ်အတွင်းမှာပင် ထိုဖြစ်စဥ်သည် အကြိမ်ပေါင်းတစ်ဒါဇင်ခန့်ဖြစ်နေပြီဖြစ်သည်။
စုမင်က အရိုးဆူး၏အကျိုးသက်ရောက်မှုကို အများကြီးမပြောင်းလဲနိုင်ကြောင်းသိ၏။ ၎င်း၏စွမ်းအားက အတိတ်သို့ပြန်သွားရန် သူ့စွမ်းအားကိုဆန့်ကျင်တိုက်ခိုက်နိုင်သည်သာမက လဲလှယ်မှုတွင်လည်း အသာစီးရခဲ့သည်မှာထင်ရှားသည်။
သို့သော်လည်း သူပစ်သွင်းလိုက်သောလက်သီးချက်ကိုပြောင်းလဲနိုင်သည်။ သူသည် ထိုလက်သီးကို အဆုံးမသတ်နိုင်ဘဲ ကြောက်စရာကောင်းသောအခြေအနေကိုရောက်စေသည်။
လက်သီးချက်တစ်ခုစီသည် အပြင်းထန်ဆုံးစွမ်းအားပါဝင်လျှင် ထိုးသွင်းချက်များကိုပြောင်းလဲနိုင်သည့်အဆင့်သိုမရောက်နိုင်သော်လည်း မာန်စိတ်ညာဥ်နယ်ပင်တွင် ပြီးမြောက်ထားသော သာမန်မာန်လူမျိုးတစ်ယောက်၏စွမ်းအားကို တစ်ဒါဇင်၏ပေါင်းစပ်မှုက ကျောလွန်နိုင်သေးသည်။
စုမင်၏ခန္ဓာကိုယ်အတွင်း ကနဦးကျင့်ကြံမှုစွမ်းအားက သူ၏ထိုးချက်များထပ်ခါထပ်ခါဖြစ်နေသကဲ့သို့ အမြင့်ဆုံးစွမ်းရည်သို့ရောက်ရှိလာမည်ဖြစ်သည်။
ကျယ်လောင်သောမြည်ဟိန်းသံတစ်ခု လေထဲတွင်ပေါက်ကွဲသွားသည်။ ၎င်းသည် မြေပြင်ကိုတုန်လှုပ်စေသော အင်အားကြီးသည့်သက်ရောက်မှုတစ်ခုဖြစ်စေပြီး အပေါ်မှရေခဲပမာဏများကို ပဲ့ကျစေသည်။ စုမင်၏အပြင်းထန်ဆုံးစွမ်းအားက အချိန်ဒါဇင်ပေါင်းများစွာ ထပ်ခါထပ်ခါထိုးသွင်းနေသော လက်သီးချက်ပြီးနောက် ဝင်လာသော စစ်မာရှင်းနှင့်အရိုးစူးများထံသို့ ပြိုလဲကျသွားသည်။
အပေါ်ရှိရေခဲစွမ်းအားသည် ကြီးမားသောကြောင့် လေထဲမှပဲ့တင်ထပ်နေသည့်အချိန် အပိုင်းအစများပြိုကျကာ နေရာအနှံ့အပြားစတင်ပျံသန်းလာခဲ့သည်။ ပေတစ်ထောင်ဆွဲဆန့်နိုင်သော အက်ကြောင်းရာများသည် ရေခဲပြင်မှတဆင့်ပြိုကွဲသွားပြီး နောက်ဆုံးတွင် ရေခဲလွှာများပေါက်ကွဲသွားကာ ပင်လယ်ရေများ တဟုန်ထိုးထိုးဝင်လာသည်။
ကောင်းကင်မှ မိုးစတင်ရွာသွန်းလာသကဲ့သို့ ပတ်ဝန်းကျင်တွင်ရေများ တလိပ်လိပ်တက်လာပြီးနေရာတစ်ခုလုံး နစ်မြှပ်နေသကဲ့သို့ ဆက်လက်၍ရွာသွန်းနေသည်။
ပင်လယ်ရေသည် စတင်ကျဆင်းလာပြီး နေရာစ်ခုလုံးနိမ့်ဆင်းသွားသည်။ လေထဲတွင်ပေါက်ကွဲသံများစွဲကျန်နေသောအခါ စုမင်က ခြေလှမ်းတစ်ဒါဇင်ခန့်နောက်ဆုတ်သွားကာ သူ့မျက်နှာသည်အနည်းငယ်ဖျော့တော့သွားသော်လည်း သူ့မျက်လုံးတို့မှာတည်ငြိမ်နေသေး၏။ ရှေ့သို့ ခြေတစ်လှမ်းလျင်မြန်စွာလှမ်းလိုက်ပြီး စစ်မာရှင်းထံဦးတည်ပြေးလေသည်။
စစ်မာရှင်းက ထိုသက်ရောက်မှုအောက်တွင် မပျက်စီးမီ သူ့တွင်အရိုးဆူးကိုးချောင်း တစ်ချောင်းမှမရှိတော့ပေ။ သို့သော်လည်း ၎င်းတို့က ပိုနှေးလာပြီး စုမင်၏ထိုးချက်များက အကျိုးသက်ရောက်မှုများကြောင့် ဦးတည်ရာအနည်းငယ်ပြောင်းလဲသွားသည်။
စစ်မာရှင်းသည် ပါးစပ်မှသွေးများစွာစီးကျလာသည်။ နောက်ဆုံးတွင် သူကအမွေအနှစ်အပြည့်အဝမရသေးဘဲ မာန်နတ်ဘုရား၏အရိုးဆူးများ သူ့ထံအင်အားပြင်းစွာရောက်လာသောအခါ သူ၏နယ်နိမိတ်အတွင်းသို့ရောက်ရှိနေပြီဖြစ်သည်။ သူသွေးအန်သောအခါ သူ့မျက်နှာသည် မှုန်မှိုင်းသောအသွင်သို့ပြောင်းသွားပြီး အသက်မဲ့သကဲ့သို့ဖြစ်သွား၏။ သူရှေ့သို့ဆက်သွားရမည်ဖြစ်သော်လည်း အရိုးဓားသည် သူ့ကိုရှေ့သို့တစ်ချက်တည်းတရွတ်တိုက်ဆွဲသွားမည်မှာထင်ရှားသည်။
သူ၏အလွန်ကြီးမားသောအရှိန်နှင့်အတူ အချိန်ခဏအတွင်း စုမင်က အရိုးဓားကိုလွှမ်းခြုံထားသည်။ ထိုအရာများသည် ယခင်ကအရိုးစူးများဖြစ်ခဲ့လျှင် စုမင်သည် သူဘယ်လောက်မြန်သည်ဖြစ်စေ ရှောင်တိမ်းရန်မဖြစ်နိုင်သော်လည်း ယခုနှင့်မတူတော့ပေ။
၎င်းတို့သည် နှေး၏။ အချိန်စီးကြောင်းကိုဆန့်ကျင်၍ ဖြတ်သန်းလာသောထိုအရိုးစူးများက စုမင်နှင့် ၎င်းတို့ကြားတွင်မမြင်ရသောအတားအဆီးများကဲ့သို့ထင်ရသည်။ ၎င်းတို့၏ဦးတည်ချက်ပြောင်းလဲမှုကြောင့် စုမင်က အပြေးအလွှားသွားနေပုံထင်ရပြီး အမှန်တွင် တစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်နေစဥ် စုမင်၏ခန္ဓာကိုယ်သည်အကြိမ်များစွာ ပြောင်းရွေ့နေခဲ့သည်။
သူတစ်ကြိမ်ပြောင်းရွေ့သောအချိန်တိုင်း အရိုးဆူးများကိုရှောင်ရမည်ဖြစ်ပြီး ၎င်းတို့ကိုကျော်ဖြတ်သွားရမည်။ အဝေးမှထိုမြင်ကွင်းက ရှည်လျားသောအနက်ရောင်စက်ဝန်းများအဖြစ်ပြောင်းလဲသွားသော ထိပ်တိုက်ထိတွေ့မှုမှ စုမင်လွတ်ခဲ့ကြောင်း အထင်မှားမှုကိုပေးသည်။သို့ သော်ထိုအရိုးဆူးများက စုမင်၏ခန္ဓာကိုယ်မှတဆင့် လေထဲသို့ကျယ်လောင်စွာပေါက်ကွဲသံများနှင့်အတူ ငုပ်လျိုးသွားသောမြေပြင်သို့ ဆင်းသက်သွားပုံရသည်။
ပင်လယ်ရေက မြေပြင်ပေါ်သို့တဝက်စိုက်ထူထားသော မာန်နတ်ဘုရား၏ဘယ်လက်တဝက်ခန့်နစ်မြှုပ်သွားသည်။ အရိုးဆူးများထွက်ပေါ်လာလျှင် ပင်လယ်ရေတစ်ခုလုံး အနက်ရောင်ပြောင်းသွား၏။
အေးခဲနေသောလေက အဆက်မပြတ်ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ဧရိယာတစ်ခုလုံးပြည့်သွားသည်။
စုမင်သည် အရိုးဆူးများကိုရှောင်ရှားပြီးနောက်တွင် သူ၏အာရုံကိုခဏလေးပင် သတိလက်လွတ်မဖြစ်ခဲ့ပေ။သူ့ညာလက်ကိုမြှောက်၍ စစ်မာရှင်းခန္ဓာကိုယ်ကိုဆန့်ကျင်ကာ လက်သီးကိုပစ်သွင်းလိုက်သည်။ သူအရမ်းမြန်သောကြောင့် အရိုးဓားတခြားသူ၏လက်ထဲ မရောက်ခင် သူ့လက်သီးက သူ့ရင်ဘတ်သို့ရောက်နေပြီဖြစ်သည်။
ကျယ်လောင်သောအသံတစ်ခု လေထဲတွင်ပဲ့တင်ထပ်သွားသည်။ စစ်မာရှင်းမျက်လုံးပြူးကာ နောက်တစ်ကြိမ်သွေးချောင်းဆိုးလိုက်ပြန်၏။ သူနောက်ကြောင်းပြန်လှည့်သင့်သော်လည်း သူကိုင်ထားသောအရိုးဓားက သူ့ခန္ဓာကိုယ်တလျှောက် တရွတ်တ်ိုက်ဆွဲသွားပြီး သူ့ကိုအောက်သို့ခါယမ်းလိုက်သည်။
ထို့ကြောင့် စစ်မာရှင်း၏ခန္ဓာကိုယ်တွင် အင်အားနှစ်ရပ်သည် မတူညီသောဦးတည်ရာအတိုင်းသွားလာနေပြီး ထိုအချိန်တွင်ကြီးမားသောပေါက်ကွဲမှုနှင့်အတူ သူ့ကိုပြိုကွဲစေသည်။ သူသည် နှစ်ပိုင်းကွဲသွား၏။ တစ်ခုမှာ ညာဘက်လက်တွင်အရိုးဓားကိုင်ထားပြီး တခြားအစိတ်အပိုင်းတစ်ခုမှာ သူ၏ကျန်ရှိနေသောခန္ဓာကိုယ်ဖြစ်သည်။ သူအနောက်သို့ဆုတ်သွားသည်နှင့် အသက်စွမ်းအားက လျင်မြန်စွာကုန်ဆုံးလာ၏။
သို့သော်လည်း စစ်မာရှင်း၏အရိုးဓားကို ကိုင်ကာ စုမင်ကိုပိုင်းဖြတ်လိုက်လေသည်။
စုမင်သည် ၎င်းကိုရှောင်တိမ်းရန်နည်းလမ်းမရှိပေ။ အချိန်ကိုပြောင်းလဲလိုက်လျှင်ပင် ထိုအချိန်က သူဘာမှမလုပ်နိုင်ခဲ့ပေ။ သူ့ခေါင်းထက်ပေနှစ်ဆယ်အကွာအဝေးရှိသော အရိုးဓားကိုကြည့်ပြီး အအေးဓာတ်ကခန္ဓာကိုယ်တစ်ခုလုံးအေးခဲသွားသလိုခံစားလိုက်ရသည်။ သူ့ခေါင်းကိုမော့လိုက်၏။
ဟန်တောင်တန်းခေါင်းလောင်းက သူ့ပတ်ဝန်းကျင်တွင် ပေါ်ပေါက်လာပြီး ခေါင်းကိုးလုံးနဂါး၏အရိပ်ကပေါ်ပေါက်လာကာ အရိုးဓားနှင့်တိုက်မိသွားသည်။
အံ့သြစရာကောင်းသောပေါက်ကွဲမှုက လေထဲတွင်ပေါ်ပေါက်လာပြီး စူးစူးဝါးဝါး ပေါက်ကွဲသံများထွက်ပေါ်လာ၏။ ခေါင်းကိုးလုံးနဂါး၏ သုံးလုံးပေါက်ကွဲသွားပြီး ၎င်းခန္ဓာကိုယ်၏ပေါက်ကွဲသမျှတို့က ချက်ခြင်းပင်ဟန်တောင်တန်းဆီသို့ ပျောက်ကွယ်သွားလေသည်။ ထိုအချိန်တွင် အရိုးဓားက ကောင်းကင်မှထွက်လာသော လူသတ်မည့်လက္ခာဖြင့် ဟန်တောင်တန်းခေါင်းလောင်းကို ခုတ်လှဲလိုက်သည်။
ထိုခေါင်းလောင်းက လေထဲတွင်ပြင်းထန်စွာပေါက်ကွဲသွားပြီး ကျယ်လောင်သောအသံနှင့်အတူ ညာဘက်တွင်အရိုးဓားခုတ်ပိုင်းနေသည့်ကို တားဆီးနေသော
ဟန်တောင်တန်း ခေါင်း လောင်းပေါ်တွင် အက်ကွဲကြောင်းတစ်ခုထွက်ပေါ်လာသည်။
အက်ကွဲကြောင်းထွက်ပေါ်လာသည့်အချိန် ဟန်တောင်တန်းခေါင်းလောင်းသည် အမြန်ကျုံ့သွားကာ တုန်ခါနေစဥ်
စုမင်၏ခန္ဓာကိုယ်ပေါ်သို့ ပြန် ရောက်လာသည်။ အရိုးဓား၏ဖြစ်တည်မှုက အနည်းငယ်အားနည်းသော်လည်း စုမင်ထံသို့ သတ်ဖြတ်လိုသောအရိပ်အယောင်များသယ်ဆောင်လာဆဲဖြစ်သည်။
သူ့ကိုမသတ်နိုင်လျှင် ထိုဓားက တစ်လက်မလေးပင် နောက်ဆုတ်မည်မဟုတ်ပေ။
စစ်မာရှင်း၏ခန္ဓာကိုယ်က အဝေးတွင်ဒါဏ်ရာရနေသော်လည်း သူ၏အသက်စွမ်းအားက သိပ်မရှိတော့ပေ။ သို့သော်ကြီးမားသောပမာဏက မမြင်ရသောလှိုင်းလုံးများဖြင့်သူ့ထံသို့ တိုးဝင်လာပြီး သူ့ခန္ဓာကိုယ်က ချက်ချင်းပင်ပြန်လည်ကောင်းမွန်လာသည်။
သို့သော်လည်း သူ၏ပြန်လည်နလန်ထူမှုအရှိန်က ကောင်းကင်ဘုံတံခါးတွင်သူတိုက်ခိုက်ခဲ့သောအရှိန်နှင့်ယှဥ်လျှင် သိသိသာသာနှေးသည်။
“စုမင်...မာန်နတ်ဘုရားရဲ့ အရိုးဓားအောက်မှာ မင်းသေချာပေါက်သေရလိမ့်မယ်”
စစ်မာရှင်းက ဆုတ်ခွာပြီးသူ့ခန္ဓာကိုယ်ပြန်ကောင်းလာသောကြောင့် ကောင်းကင်တွင် ရူးမိုက်စွာရယ်ရန် ခေါင်းကိုမော့ထားသည်။ စုမင်ကို စိုက်ကြည့်ပြီး ၎င်းတို့အပေါ်ရှိရေခဲသည်ပြိုကျကာ မာန်နတ်ဘုရား၏ ဘယ်လက်ကိုနစ်မြှုပ်သွားစေသည်။
“အဲ့ဒါတော့ မသေချာဘူး”
စုမင်က အေးစက်စွာပြုံးသည်။ အရိုးဓားသည်သူနှင့် နီးကပ်လာသည့်အချိန် ညာဘက်လက်ကိုမြှောက်လိုက်၏။ ထိုအချိန် စုမင်၏လက်ဖဝါးတွင် ဆေးဒယ်အိုးတစ်လုံးချက်ခြင်းပေါ်လာသည်။
ထိုအရာက သူ၏ဆေးကိုပြန်လည်သန့်စင်ဖန်တီးရန်အသုံးပြုခဲ့သောအရာဖြစ်သော်လည်း အိုးတစ်လုံးသာဖြစ်ပြီး မဟာယွီပြည်ထောင်မင်းဆက်နှင့် မာန်လူမျ်ိုးတို့၏ အထွတ်မြတ်ထားသောအရာဖြစ်သည်။ ထိုဆေးဖက်ဝင်အိုးက အကျ်ိုးမရှိသောအိုးမဟုတ်သော်လည်း ၎င်းတွင်စွမ်းအင်ပါဝင်မည်မှာအမှန်ပင်ဖြစ်သည်။
အခြားသောပေါက်ကွဲသံတစ်ခုထွက်လာကာ ဆေးဖက်ဝင်အိုး အရိုးဓားနှင့် တိုက်မိပြီးအက်ကြောင်းတစ်ခုပေါ်လာ၍ အရိုးဓားက တဖန်ပြန်လည်အေးခဲရပ်တန့်သွားသည်။
တစ်ချိန်တည်းမှာပင် စုမင်က သူ့ဘယ်ဘက်ကိုမြှောက်၍ လေထုကိုဖမ်းကိုင်လိုက်သည်။ ချက်ချင်းပင် သူ့လက်ထဲတွင် ချွန်ထက်နေသော တင်းပုတ်ကရောက်လာ၏။ သူဆုတ်ကိုင်လိုက်သည့်ခဏတွင် ဆေးဒယ်အိုးကိုချထားလိုက်ပြီး ဝင်လာနေသောအရိုးဓားတည့်တည့်ကို လွှဲယမ်းလိုက်လေသည်။
အရိုးဓားနှင့် ချွန်ထက်သောတင်းပုတ်ကြားထိတ်တိုက်တွေ့ဆုံမှုက ထိုနေရာတွင်ပြင်းထန်သောပေါက်ကွဲမှုအမြဲဖြစ်ရန်လှုံ့ဆော်နေပြီး ရေခဲများကွဲကြေပေါက်ကွဲကာ ပင်လယ်ရေများပိုတက်လာသည်။
ထိုပေါက်ကွဲမှုက နယ် မြေတစ်ခုလုံးကိုလှုပ်ခါနေသောကြောင့် စုမင်၏လက်နက်သည် အက်ကွဲသွားသည်။ သူ့နောက်ကလိုက်လာသော တင်းပုတ်က တစ်လက်မချင်းစီ ပေါက်ကွဲသွားသောအခါ အရိုးဓား၏အရှိန်နှင့်အင်အားက ယခင်အင်အား၏သုံးပုံတစ်ပုံရှိသော ချွန်ထက်သည့်တင်းပုတ်ထက် နှေးကွေးသွား၏။
စုမင်က်ိုခုတ်ပိုင်းလိုက်သည့်အချိန်
ဆွဲဆောင်နေသောရတနာများကို ဂရုမစိုက်ဘဲသူ့လက်နှစ်ဖက်လုံးကိုမြှောက်ကာ အသံတိုးတိုးဖြင့် ထွက်လာသောအရိုးဓားကိုဆုပ်ကိုင်လိုက်သည်။
သူ့ခန္ဓာကိုယ်တုန်ခါသွားသော်လည်း သူ့ဦးခေါင်းထိပ်မှခုနှစ်လက်မအကွာတွင် အရိုးဓားကိုရပ်တန့်နိုင်ခဲ့သည်။
..................