ဓားကိုလုယူခြင်း
Vol. 41 Ch. 561
စုမင်သည် သူ့လက်များကိုအတူပူးထားပြီး အရိုးဓားကိုရပ်တန့်စေလေသည်။ အေးခဲနေသောထုက သူ့လက်များမှတဆင့်ခန္ဓာကိုယ်အတွင်းစီးဆင်းသွားသည်။ အအေးဓာတ်ကသူ့ကိုခဏတာအေးခဲသွားစေသည်။
သို့သော် သူ့မျက်လုံးများကကြည်လင်နေပြီး ရက်စက်ကြမ်းကြုတ်သောအ ငွေ့အသက်များက ၎င်းတို့ထဲတွင်ရှိနေသည်။ သွေးများက သူ့ပါးစပ်ထောင့်စွန်းမှစီးကျလာ၏။ သူကံကြမ္မာဖြစ်စဥ်ကြောင့် သွေးအန်ခြင်းမှာ ပထမအကြိမ်ဖြစ်သည်။
“ပိုင်ရှင်အစစ်မှန်ကို သစ္စာမစောင့်သိတဲ့ဓားက ငါ့ကိုသတ်ဖို့မထိုက်တန်ဘူး”
စုမင်က ကြွေးကြော်ပြီး နစ်မြှုပ်နေသောခန္ဓာကိုယ်က ရပ်တန့်၍ ခေါင်းကိုမော့ကာ အရိုးဓားကိုစိုက်ကြည့်နေလေသည်။
“ငါ...စုမင်က မင်းရဲ့သခင်ပဲ.. အခုကစပြီး မင်းကိုငါပိုင်တယ်”
ထိုစကားကိုပြောလိုက်သည်နှင့် သူ့လက်များက အနက်ရောင်ပြောင်းသွားပြီး အေးစက်သောလေများ ပြန့်နှံ့လာကာ သူ့ဆံပင်များလေထဲတွင် လွင့်နေသည်။ သူ၏ကနဦးကျင့်ကြံမှုစွမ်းအားက သူ့ခန္ဓာကိုယ်မှထွက်လာပြီး အရိုးဓားဆီသို့မရောက်ခင် သူ့နောက်မှကြီးမားသောအရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
၎င်းကိုထိလိုက်သည့်အချိန်တွင် အင်အားတစ်ခုကတွန်းလှန်နေသကဲ့သို့ခံစားလိုက်ရသည်။ စုမင်က ယခင်က ဓား၏စွမ်းရည်ကိုဖြတ်တောက်ခဲ့သဖြင့် သူ့ကိုတွန်းလှန်သောအင်အားသည် သန်မာနေသော်လည်း ၎င်း၏နေရာသည်အေးခဲ၍ မလွတ်မြောက်တော့ပေ။ ကနဉီးကျင့်ကြံမှုစွမ်းအားထဲသို့ ရူးသွပ်စွာ အတွင်းသို့ ဝပ်တွားခယလာသည်။
ထိုဓားကိုသိမ်းပိုက်ရန် ပြင်းပြင်းထန်ထန်ကြိုးစားခဲ့သောကြောင့် ထိုသို့လုပ်နိုင်ခဲ့သည်။ သို့သော် စုမင်၏စိတ်ဆန္ဒက ဖယောင်းနဂါး၏မသေနိုင်၍ နားလည်လွယ်သောကမ္ဘာတွင် အဆုံးမရှိပြန်လည်ဝင်စားခြင်းကို ကျော်လွှားပြီးနောက် ဖွဲ့စည်းထားခြင်းဖြစ်သည်။
သူ့အလိုဆန္ဒ၏စွမ်းအားက သူ၏ကျင့်ကြံခြင်းစွမ်းအားထက် များစွာသာလွန်ပြီး မာန်စိတ်ဝိညာဥ်နယ်ပယ် တွင် ကြီးမားသောအောင်မြင်မှုရရှိထားသူများပင် ယင်းနှင့်နှိုင်းယှဉ်၍မရနိုင်ပေ။
သူ့ စိတ်ဆန္ဒ၏စွမ်းအားက လက်တွေ့ကျသော တိုက်ခိုက်ရေး စွမ်းအားကို မပိုင်ဆိုင်နိုင်ဘဲ လေဗလာကဲ့သို့ အပေါ်ယံ ခံစားချက်ကို ပိုင်ဆိုင်ထားသော်လည်း ၎င်းကို သူ၏ကနဦးကျင့်ကြံမှုစွမ်းရည်နှင့် ပေါင်းစပ်လိုက်လျှင် ထွက်ပေါ်လာမည့် စွမ်းအားက မည်သည့်အရာကိုမဆို ပိုင်ဆိုင်ရန် ကြိုးပမ်းရာတွင် ပြိုင်ဘက်ကင်းသည်။
ထို့အပြင် သူလိုတူညီသော ပြင်းထန်သည့် ဆန္ဒရှိသူ တစ်ဦးဦး မရှိလျှင် ဆန့်ကျင်ဘက် ရပ်တည်နိုင်သည့် သူ့ကိုဆန့်ကျင်၍ ရပ်တည်နိုင်သော နောက်ထပ်သူမျိုးကိုမတွေ့နိုင်ပေ။ ညို့ယူနိုင်သည့်တံဆပ်တပ်ထားသောကြောင့် စုမင်က ထိုအရိုးဓားကို အားနည်းစေရန်ရွေးခဲ့သည်။ အကြောင်းမှာ ထိုအရိုးဓားသည် သူ့အပ်ိုင်ဖြစ်ကြောင်း အခိုင်အမာပြောဆ်ိုရန်ဖြစ်သည်။
စုမင်၏စွမ်းအား ဝင်ရောက်လာသောအခါ အရိုးဓားက ပြင်းထန်စွာစတင်ခုခံသော်လည်း ထိုအချိန်တွင် စူးရှသောအသံကဓားအတွင်းမှထွက်ပေါ်လာသည်။ အတွင်းမှ ပြန့်နှံ့လာသောကြီးမားသည့်စွမ်းအားသည် စုမင်၏လက်မှလွတ်မြောက်ရန်ကြိုးစားနေ၏။
“ဘယ်အရာမှ မျက်စိမှိတ်မယုံနိုင်ဘူး”
စုမင်၏အမူအရာက မှောင်မိုက်ခြင်းကိုပြောင်းလဲသွားသည်။ ဓားကိုဆုပ်ကိုင်ထားပြီး ထွက်ခွာခွင့်မပေးပေ။ သူ၏စွမ်းအားက အလွန်ကြီးမားသောအရှိန်နှင့်အတူ အရိုးဓားသို့ပြေးဝင်သွားလျှင် ထောပတ်ကိုဖြတ်သည့်ဓားသွားကဲ့သို့ ဖိနှိပ်သည့်အတွေးမျိုးစုံကိုထိန်းချုပ်ရန်ကြိုးစားခဲ့သည်။
ထိုမြင်ကွင်းကို အဝေးမှ စစ်မာရှင်းမြင်သောအခါ မယုံကြည်နိုင်မှုများနှင့် အံ့သြသောအကြည့်တစ်ချက် သူ့မျက်နှာပေါ်တွင်ပေါ်လာသည်။ စုမင်၏လုပ်ဆောင်ချက်များက သူ့ကိုအံ့အားသင့်စေပြန်၏။ ထိုအရိုးဓားကိုသူ့ထံမှ လုယူရန် ဆုံးဖြတ်ထားမည်ဟုမတွေးခဲ့ဖူးပေ။
“မင်းက သတ္တိမရှိဘဲနဲ့ ကျွဲရိုင်းစီးနေသလိုပဲ..အဲ့ဒီဓားက မာန်ဝိညာဥ်နတ်ဘုရားရဲ့ဘယ်လက်ကမွေးဖွားလာခဲ့တာ... နှစ်ပေါင်းများစွာထဲက သတိရှိနေခဲ့တာကြာပြီ..ငါသာ မာန်နတ်ဘုရားရဲ့မျိုးဆက်ဖြစ်မယ်ဆိုရင် သူ့ရဲ့အစွမ်းကိုငှားယူနိုင်တယ်.. ငါတောင် မထိန်းချုပ်နိုင်ဘဲနဲ့ မင်းကဘာလို့လုယူဖို့တွေးနေတာလဲ..မင်းရူးနေပြီ...”
စစ်မာရှင်းက သူ၏အံ့သြမှုကိုထိန်းချုပ်လိုက်သည့်ခဏ အေးစက်သောလှောင်ပြုံးတစ်ခုက သူ့နှုတ်ခမ်းကိုကွေးသွားစေသည်။ စုမင်အောင်မြင်လိမ့်မည်ဟု သူမယုံကြည်ပေ။ သူ့အတွက်တော့ ထိုလုပ်ရပ်က ရူးမိုက်လွန်းသည်။
စုမင် အောင်မြင်လိမ့်မည်ဟု သူမယုံသော်လည်း ဤသည်မှာ သူ့အတွက် အခွင့်အရေးဖြစ်သည်။ အကြောင်းမှာ ထိုအချိန်တွင် သူ၏ပြိုင်ဘက်က အရိုးဓားကို လုယူရန်တစ်ခုတည်းကိုသာအာရုံစိုက်နေသောကြောင့်ဖြစ်သည်။
သူ မတွန့်ဆုတ်ပေ။ ထိုစကားများကို သူပြောသည့်အချိန်တွင် စစ်မာရှင်းသည် ပြန်လည် ကောင်းမွန်လာပြီး စုမင်ဆီသို့ပြေးလာခဲ့သည်။နီးကပ်လာသည့် တခဏအတွင်း စုမင်နဖူးကို ရိုက်ရန်သူ့ညာလက်ကိုမြှောက်လိုက်သည်။ သတ်ဖြတ်လိုသောဆန္ဒက သူ့မျက်လုံးများထဲတွင် တောက်ပနေပြီး မကျေအေးနိုင်သော အမုန်းတရားများ ပါဝင်သောတိုက်ပွဲသည် စုမင်ရှိရာခိုအောင်းနေလေသည်။
သူ့လက်ဖဝါးရောက်လာသည့်အချိန် စုမင်မျက်လုံးထဲတွင် တလက်လက်တောက်ပနေသည်။ သူ့အရိုးဓားမှ ဘယ်လက်ကိုလွတ်ချလိုက်ပြီး သွေးများစီးကျလာသည်ကို ဂရုမစိုက်ဘဲ ညာလက်ဖြင့်ထပ်မံဆုပ်ကိုင်ထား၏။ ထိုအရိုးဓားက မလွတ်မြောက်နိုင်ကြောင်းသေချာသည်နှင့်သူ့ဘယ်လက်ကိုစစ်မာရှင်းထံဝှေ့ယမ်းလိုက်သည်။
အချိန်ကိုနောက်ပြန်လှည့်ရန် စွမ်းအားများပြန်ရောက်လာပြီး စစ်မာရှင်း၏မျက်နှာက ချက်ချင်းဖျော့တော့သွား၏။ ထိုတစ်ကြိမ် သူ အတွက်အချက်မှားခဲ့သည်။ သူသည် မူလက စုမင်သည် အရိုးဓားကိုလုယူရန် အာရုံအပြည့်စိုက်ထားပြီး ကြောက်စရာကောင်းသည့် မြင့်မြတ်သောစွမ်းရည်ကို ထုတ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
သူက မှားယွင်းသောတွက်ချက်မှုများများစွာပြုလုပ်ခဲ့ပြီး စုမင်ကိုတိုက်ခိုက်ရာတွင်အမှားယွင်းများတွေ့ကြုံခဲ့ရကာ စစ်မာရှင်း၏ယုံကြည်မှုကိုပြင်းထန်စွာ ထိခိုက်စေခဲ့သည်။ အကြောင်းမှာ မည်မျှကံကောင်းမှုမျိုးကိုရသည်ဖြစ်စေ သူ့မျက်လုံးရှေ့တွင် ရှိသည့်အရှိန်ကိုမတိုက်ခိုက်နိုင်ဘဲ ကျဆုံးမည်ဟုစိတ်ခံစားချက်ရှိခဲ့သည်။
အစပိုင်းတွင် ထိုခံစားချက်ကို အနည်းငယ်သာသတိပြုမိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ မဆုံးနိုင်သောသံသရာသို့ဆွဲခံရသောအခါ သူ့နှလုံးသားတစ်ခုလုံးထိုခံစားချက်ဖြင့်ပြည့်နှက်သွားသည်။
စစ်မာရှင်း၏ခန္ဓာကိုယ်က အတိတ်ကစွမ်းအားများဖြင့် ပြည့်နှက်နေပြီး အရှေ့သွားရမည့်အစား အနောက်သို့ဆုတ်သွားချိန် စုမင်က လက်သီးကိုကျစ်ကျစ်ဆုပ်ထားပြီး ပြိုင်ဘက်၏ခန္ဓာကိုယ်ကိုဆောင့်ကန်လိုက်သည်။ သူ့ခန္ဓာကိုယ်ပြိုကျပြီး သွေးများအန်သောအခါ စုမင်က သူ့ဘယ်လက်ကိုနောက်တစ်ကြိမ်ဝှေ့ယမ်းလိုက်ပြန်သည်။
ထိုဖြစ်စဥ် ထပ်ခါတလဲလဲဖြစ်နေ၏။ စုမင်၏သက်တမ်းက ကံကြမ္မာပိုကြာရှည်လာသည်နှင့်အမျှတည်ရှိနိုင်သည်။ ထိုအရာသည် သွေးပြောင်းသွေးလွှဲမျိုးနွယ်စု ထံမှရသော ကံကောင်းခြင်းနှင့်ဆက်စပ်နေပြီး သူ့ကျင့်ကြံမှုအဆင့်တိုးတက်လာသည်နှင့် ဆက်သွယ်နေသည်။
စုမင်က ရံဖန်ရံခါ ထိုတိုက်ပွဲတွင် အကျိုးမရှိဖြစ်ပုံရသော်လည်း အမှန်တွင် သူတို့နှစ်ယောက်လုံးအမှန်တကယ်တိုက်ခိုက်သောကြောင့် ထိုတိုက်ပွဲလမ်းကြောင်းကိုလုံးဝဦးဆောင်နိုင်ခဲ့သည်ဟုဆိုနိုင်သည်။
သူသည် စစ်မာရှင်းကို သူ့စွမ်းအားဖြင့်ထိန်းချုပ်နိုင်ခဲ့သည်။
စစ်မာရှင်း၏မျက်လုံးအနီရောင်ပြောင်းသွားသည်။ သူ ထိုအရာက်ိုလက်မခံနိုင်။ လုံးဝလက်မခံနိုင်ပေ။
သူသည် မာန်ဒုတိယနတ်ဘုရား၏အမွေကိုရရှိထားသူဖြစ်သည်။ ၎င်းက မာန်ကျင့်ကြံသူတို့၏ နယ်ပယ်တစ်ခုလုံးတွင် အလွန်ရှားပါးသော ကံကောင်းမှုတစ်ခုဖြစ်သည်။ ထိုအရာက လူများ၏ မနာလိုစိတ်ကို အဆုံးမရှိ ရူးသွပ်သွားစေသည့် အခွင့်အလမ်းတစ်ခု ဖြစ်သော်လည်း... သူ့ကို စုမင်က ဖိနှိပ်ထားဆဲဖြစ်သည်။
စုမင်က အရိုးဓားကို ညာလက်ဖြင့် ဆုပ်ကိုင်ထားစဥ် စစ်မာရှင်းတွင် အဆုံးမရှိသံသရာထဲတွင်ပိတ်မိနေသောအခြေအနေကိုဆန့်ကျင်နိုင်သည့်အင်အား တစ်အောင်စလေးပင်မရှိခဲ့ပေ။ ထို့ကြောင့် စစ်မာရှင်းက သူ့ကံကြမ္မာကို လက်မခံနိုင်ဘဲ သူ့နှလုံးသားထဲတွင် အော်ဟစ်နေခဲ့သည်။
သို့သော် အသံထွက်၍ပင် မအော်ဟစ်နိုင်ပေ။
လေထဲတွင် တအုန်းအုန်းမြည်သံများ
တဟုန်ထိုးမြည်လာသည်နှင့်အမျှ စစ်မာရှင်း ၏ ခန္ဓာကိုယ်က အထပ်ထပ်အခါခါ ကွဲကြေသွားကာ သူ၏ပြန်လည်ကောင်းမွန်လာမှုမှာ တခဏချင်း နှေးကွေးလာသည်။ ထိုအတိုင်းသာ ဆက်ဖြစ်နေလျှင်သိပ်မကြာခင် သူ လုံးဝသေသွားမည်ဖြစ်သည်။
သ်ို့သော်လည်း စုမင်ရင်ထဲတွင်မောဟိုက်နေသည်။ သူ့စွမ်းအင်များမမျှော်လင့်ဘဲ ကြီးထွားလာပြီးနောက် စစ်မာရှင်းသည်သတ်ရန်အခက်ခဲဆုံးသူဟုဆိုနိုင်သည်။ ထိုအရာအားလုံးသည် သူလေ့ကျင့်ခဲ့သော မာန်ဝိညာဥ်မျိုးစေ့၏ ကြီးမားသောလုပ်ဆောင်မှုကြောင့်သာဖြစ်သည်။ စစ်မာရှင်းတွင်သာ ထိုအရာမရှိလျှင် ယခင်ကတည်းက စုမင်သတ်ပစ်နိုင်လိမ့်မည်။
ဒုတိယမာန်နတ်ဘုရား၏အမွေကိုရလျှင်ပင် စစ်မာရှင်းက စုမင်၏ပြိုင်ဘက်မဖြစ်နိုင်သေးပေ။
သ်ို့သော် စစ်မာရှင်း၏အသက်စွမ်းအားသည် မဆုံးနိုင်သောရေစီးကြောင်းအဖြစ်သူ့အတွင်းတွင်ရှိနေပြီး စုမင်၏ကံကြမ္မာကြောင့်ကန််သတ်ခြင်းခံထားရသည်။ သူ၏ကနဦးကျင့်ကြံမှုစွမ်းအားတိုးတက်လာခြင်းကြောင့် သူ၏အချိန်ကန့်သတ်ချက်က
ပျမ်းမျှကိုကျော်၍တိုးလာသော်လည်း ကံကြမ္မာကြောင့် သူ့အချိန်မှာယခုပင်ကုန်ဆုံးသွား၏။
စုမင်၏ဆံပင်သည် မူလအခြေအနေကိုလျင်မြန်စွာပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်သည်လည်း အမြန်ပြောင်းလဲသွားသည်။ အတိတ်၏စွမ်းအားတို့ကချက်ချင်းပင်အားနည်းလာ၏။
စစ်မာရှင်းက ချက်ခြင်းသတိထားမိသွားသည်။ သူ၏ပြိုလဲနေသည့်အခြေအနေမှ စတင်ကောင်းမွန်လာလျှင် ကြောက်စရာကောင်းသောအကြည့်တစ်ချက်သူ့မျက်ဝန်းထဲတွင်ပေါ်လာပြီး နောက်ဆုံးတွင်ပြောရန်အခွင့်အရေးရခဲ့သည်။
“ဆက်မလုပ်နိုင်တော့ဘူးလား စုမင်.. ဆက်မလုပ်နိုင်တော့ဘူးလား”
စစ်မာရှင်းက အားရပါးရရယ်လိုက်သည်။ သူ့တွင် ရင်ဘက်ကိုဖောက်ဝင်နေသောဒဏ်ရာတစ်ခုရှိပြီး ထိုအခိုက်အတန့်တွင်လျှင်မြန်စွာသက်သာသွားသည်။ စုမင်၏မြင့်မြတ်သောစွမ်းရည်အားနည်းလာသည်ကိုသူမြင်ချိန် သူ့မျက်နှာတွင်ကြောက်မက်ဖွယ်ရာကောင်းသောအမူအရာပေါ်လာပြီး ကျယ်လောင်စွာရယ်လေသည်။
“မင်းက ဆူညံနေတာပဲ”
စုမင်က အေးစက်စွာအော်လေသည်။ ချက်ခြင်း သူ့ပုံစံမှာမူလအတ်ုင်း ပြောင်းလဲသွားပြီး ဆံပင်မှာအနက်ရောင်ပြောင်း၍ ကံကြမ္မာအဖြစ်မှမူလအခြေအနေပြန်ရောက်လာသည်။ စစ်မာရှင်း၏ရယ်သံသည် လေထဲမှပဲ့တင်ထပ်လာပြီး သူ့ခန္ဓာကိုယ်က အတိတ်ကို ပြန်သွားနိုင်သည့် စွမ်းအားများဖြင့် ဦးတည်မရနိုင်တော့ပေ။ နောက်ဆုံးတွင် သူ လျင်မြန်စွာ ဆုတ်ခွာနိုင်ခဲ့သည်နှင့် စုမင်၏ ညာလက်ရှိ အရိုးဓားမှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။
ထိုစူးရှသောအော်သံသည် နာခံခြင်း၏ငိုကြွေးသံနှင့်တူပြီး ဓားအတွင်းမလိုလားသောအော်သံက ဖိနှိပ်ခြင်းကိုခံထားရသည်။ လေထဲတွင် ပဲ့တင်ထပ်နေသည့် အခိုက်အတန့်မှာပင် စုမင် ညာလက်ကို လွှတ်လိုက်သည်။ အရိုးဓားသည် ချက်ခြင်းလှည့်သွားပြီး ဓားရိုးသည် စူးမင်၏ လက်ဖဝါးပေါ်သို့ ပြုတ်ကျသွားသည်။ သူ့လက်ထဲ ကိုင်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ရှိ မာန်အရိုးများအားလုံး၏ စွမ်းအားသည် သူ့အတွင်း၌ လည်ပတ်နေ
တော့သည်။
ထိုအချိန်တွင် သူ့လက်ထဲရှိအရိုးဓားမှ အံသြစရာကောင်းသော၊ လူသတ်မည့်အရှန်အဝါများထွက်ပေါ်လာသည်။ ၎င်းကအရှက်ကွဲရသော်လည်း ထိုအချိန်စုမင်၏ထိန်းချုပ်မှုကိုခံထားရသည်။
စုမင် ၏ကနဦးကျင့်ကြံမှုစွမ်းအားက သူ၏ မယုံကြည်နိုင်လောက်သော ဆန္ဒနှင့် ပေါင်းစပ်လိုက်သောအခါ မာန်နတ်ဘုရား၏ဘယ်လက်အတွင်းမွေးဖွားခဲ့သည်ဖြစ်စေ၊ ၎င်းက နှစ်သန်းချီတည်ရှိခဲ့သည်ဖြစ်စေ အရိုးဓားကသူ့လက်အောက်ခံဘဝရောက်သွားခဲ့သည်။
စုမင်ဓားကိုကိုင်ထားသည့်အချိန် စစ်မာရှင်းရှိရာခြေတစ်လှမ်းလှမ်းလိုက်သည်။ ထိုလူသည် ကျယ်လောင်စွာရယ်နေသော်လည်း သူ့အမူအရာမှာချက်ချင်း ထိပ်လန််ခြင်းအဖြစ်ပြောင်းလဲသွားသည်။ရှည်လျားသော စက်ဝန်းပြတ်ကဲ့သို့ စုမင်က သူ့လက်ထဲရှိဓားနှင့် စစ်မာရှင်းရှိရာသွားပြီးခုတ်ချလိုက်သည်။
ဓားက စစ်မာရှင်း၏ ခန္ဓာကိုယ်ကို မဖြတ်မီ လေထုထဲသို့ ဖြတ်သန်းသွားသည့် စူးရှသော အသံတစ်ခု ထွက်ပေါ်လာပြီး အနက်ရောင် အလင်းတန်းတစ်ခု လေထဲမှ ထွက်လာသည်။ ထိုအချိန်တွင်၊ စုမင်၏ အရိုးဓားသည် စစ်မာရှင်း၏ ဦးခေါင်းထိပ်သို့ ရောက်ရှိလာပြီး သူ၏ ဦးခေါင်းခွံ၊ သူ့ခန္ဓာကိုယ်ကို တစ်ဝက် ဖြတ်သွားခဲ့သည်။
ကောင်းကင်နှင့် မြေကြီးမှတုန်ခါသောအသံ ကျယ်လောင်စွာထွက်ပေါ်လာသည်။ ဓားကသူ့ကို တပိုင်းစီဖြတ်လိုက်ချိန်တွင် စစ်မာရှင်းကနာကျင်စွာ စူးစူးဝါးဝါးအော်လေသည်။
စုမင်ခေါင်းကိုမော့လိုက်သည်။ လက်ထဲမှအနက်ရောင်ဓားနှင့်အတူ သူ့ခေါင်းနောက်မှလွင့်နေသော အနက်ရောင်ဆံပင်၊ အလွန်လေးနက်သော ထူးခြားသည့်အလင်းရောင်၊ ခက်ထန်နေသောအမူအရာများက မယုံကြည်န်ိုင်လောက်အောင် ပဟေဠိဆန်နေပြီး သူ့နားတွင်ရှုပ်ထွေးသောလေထုများဖြင့်ပြည့်နှက်နေသည်။
စစ်မာရှင်း ၏ခန္ဓာကိုယ်နှစ်ခြမ်းမှ ဘယ်ဘက်တစ်ခြမ်းသည် သူတစ်ဝက်ဖြတ်လိုက်သည်နှင့် အမှောင်ထုလွှာအဖြစ်ပြောင်းသွားပြီးနောက်ဆုံးတွင် အနက်ရောင်အရည်များအဖြစ်ပြောင်းသွားကာ
ပင်လယ်ထဲသို့ စီးဝင်သွားသည်။
သို့သော်လည်း သူ့ခန္ဓာကိုယ်မှကျန်ရှိနေသောအခြမ်းသည် သွေးထွက်နေသောအညစ်အကြေးများအဖြစ် ကျန်နေခဲ့စဥ် နောက်ပြန်လဲကျကာ ပင်လယ်ထဲကို ပြုတ်ကျသွားခဲ့သည်။
စုမင် ၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာပြီး လက်ထဲမှ အရိုးဓားဖြင့်ပင်လယ်ထဲသို့ဦးတည်သွားသည်။ သို့သော် ပင်လယ်ရေမျက်နှာပြင်နှင့် နီးကပ်လာသောအခါ သူ့အတွင်းမှ အန္တရာယ်အငွေ့အသက်တစ်ခု ထွက်လာသည်။ တုံ့ဆိုင်းမနေဘဲ အသက်ရှုသံတစ်ချက်အတွင်း သူ ပျောက်ကွယ်သွားလေသည်။ထို့နေညက် သူ ပေတစ်ထောင်အကွာမှ ပြန်ပေါ်လာသောအခါတွင် ယခင်က ပေါက်ကွဲသံကြီးဖြင့် ပြိုကျပြီး ဝဲဂယက်အဖြစ်ပြောင်းလဲသွားသည့်နေရာကို ချက်ချင်းမြင်လိုက်ရသည်။
ထိုဝဲဂယက်၏ အသွင်အပြင်က ပင်လယ်ရေမျက်နှာပြင်တွင် ဝဲကတော့တစ်ခုဖြစ်စေသည်။ ၎င်းက ပင်လယ်ထဲ နစ်မြုပ်နေပြီဖြစ်သော မာန်နတ်ဘုရားဘယ်ဘက်လက်၏ အလယ်ဗဟိုတွင် တည်ရှိလေသည်။
............