နတ်မင်းကြိုဆိုဆေးလုံး
Vol. 41 Ch. 562
“စုမင်.. ဒီနေ့ ငါတို့ရဲ့ အာဃာတတွေကို မဖြေဖျောက်နိုင်ရင် ငါစိတ်အေးနိုင်မှာ မဟုတ်ဘူး..မာန်ကျင့်ကြံသူတစ်ယောက်အနေနဲ့ ငါ့ရဲ့သွေးကို လောင်ကျွမ်းစေပြီး ငါ့ခန္ဓာကိုယ်ကို ဒုတိယမာန်ဘုရားအဖြစ် ပြန်ပြောင်းလိုက်မယ်”
စစ်မာရှင်း၏ အသံက ပင်လယ်ထဲမှ ထွက်လာသည်။ လှိုင်းလုံးများဟိန်းဟောက်သည်နှင့်အမျှ သူ့အသံက နေရာအားလုံးတွင် ပျံ့နှံ့သွားသည်။ထိုစဉ် စုမင်က မျက်မှောင်ကြုတ်လိုက်သည်။
စစ်မာရှင်းကို သတ်ရန် အခက်အခဲရှိပုံကို သူ့ ဘဝ တွင် ရှားရှားပါးပါး တွေ့ ခဲ့ရ သည် ။ ယခုထို ထိုလူမသေသေးပေ။ ယင်းက အကြင်နာမဲ့မာန်မျိုးစေ့စွမ်းရည် အပေါ် ပိုမိုနက်ရှိုင်းစွာ နားလည်လာစေသည်။
ဒုတိယမာန်နတ်ဘုရားကိုသတ်ရန်အတွက် အင်မော်တယ်များက အဘယ်ကြောင့်ဤမျှလောက် အစွမ်းထက်သောကျင့်ကြံသူများကို အသုံးချပြီး သူ၏ခန္ဓာကိုယ်ကို အပိုင်းပိုင်းအပြတ်ပြတ် သတ်ပစ်ရခြင်းကို ရုတ်တရက်နားလည်လာခဲ့သည်။
ထို့ပြင် ဒုတိယမာန်နတ်ဘုရားက လက်ရှိစစ်မာရှင်းနှင့်ယှဉ်လျှင် သတ်ဖြတ်ရန် ပို၍ခက်ခဲမည်မှာ သေချာပါသည်။ ဘယ်သူပဲဖြစ်ဖြစ် ထိုကဲ့သို့ရန်သူနှင့် မျက်နှာချင်းဆိုင်တွေ့သည့်အခါ မျက်မှောင်ကြုတ်ကြလိမ့်မည်။
စစ်မာရှင်းက အကြိမ်ပေါင်းများစွာ ဒဏ်ရာပြင်းထန်စွာရရှိထားပြီးဖြစ်ပြီး၊ သူပြန်လည်ကောင်းမွန်လာသည့်အကြိမ်အရေအတွက်အပေါ်အခြေခံ၍သူ့ကိုအကြိမ်ပေါင်းမရေတွက်နိုင်အောင်သတ်ခဲ့သည်ဟုဆိုနိုင်သော်လည်း ယခုပင် ၊ ထိုလူက အသက်ရှင်နေသေး၏။
ပင်လယ်ထဲရှိဝဲဂယက်ထဲမှတည်ရှိမှုကလည်း ယခင်ကထက် အနည်းငယ် ပိုအားကောင်းလာသည်။
သူ၏အသံက ပဲ့တင်ထပ်နေပြီး ပင်လယ်မှဟောက်သံများက လေထဲတွင် တဟုန်ထိုးမြည်လာသောအခါ ဒုတိယမာန်နတ်ဘုရား၏ဘယ်ဘက်လက်က တုန်လှုပ်သွားလေသည်။ ၎င်း၏လက်ဖဝါးမှ အရိုးဓားကို ဆွဲထုတ်လိုက်သည့်နေရာက အားကောင်းသောအလင်းရောင်ဖြင့် တောက်ပလာသည်။ ထိုထဲမှ စစ်မာရှင်း ၏ ခန္ဓာကိုယ် ပေါ်လာသည် ။
သူ့ခန္ဓာကိုယ်က ဘယ်တော့မှအပိုင်းပိုင်းဖြစမမသွားဘဲ နဂိုအကောင်းတိုင်းသားရှိနေလေ၏။ သို့သော် ယခင်ကထက် ပို၍ ပိန်လှီးနေပုံရသည်။ ယခုအချိန်မှာတော့ သူ့ကိုယ်က အရိုးပေါ်အရေတင်ဖြစ်နေလေသည်။ သူ့မျက်လုံးများက နီရဲနေပြီး သူ့မျက်နှာမှာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
သူသည် မတ်တပ်မရပ်ဘဲ သူ၏လက်များကို ဒုတိယမာန်နတ်ဘုရား၏လက်ဖဝါးပေါ်တွင် ဖိထားလိုက်သည်။ သူက စုမင်ကို စိုက်ကြည့်ရန် ခေါင်း မော့လိုက်သည်။စူးရှသောအလင်းရောင် အောက်တွင် သူ၏ခန္ဓာကိုယ်က မသဲကွဲဖြစ်နေလေသည်။ တစ်ချက်ကြည့်လိုက်သော် သူ့ပါးစပ်ထဲက ထူးဆန်း သောအသံတစ်ခု ထွက်လာသည်။
“အမွှေးတစ်တိုင်စာအတွင်းမှာ ငါ့ရဲ့ ဝိညာဉ်တွေ ကွဲလွင့်သွားစေတဲ့ဟိန်းကြွေးသံတစ်ခုကို နား ထောင်ကြလော့.. ငါရဲ့ သွေးတွေ လောင်ကျွမ်းပါစေ...”
စစ်မာရှင်းက ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်အတွင်း၌ လောင်ကျွမ်းသွားသကဲ့သို့၊ အပူလှိုင်းတစ်ခုက နေရာအနှံ့ ရုတ်တရက်ပျံ့နှံ့သွားသည်။ တစ်ချိန်တည်းမှာပင် စစ်မာရှင်း၏ မျက်နှာက လျင်မြန်စွာ ပြောင်းလဲလာသည်။ သူ့အောက်ရှိမာန်နတ်ဘုရား၏လက်က စုပ်ယူခံလိုက်ရသကဲ့သို့ လျင်မြန်စွာ ညှိုးနွမ်းစပြုလာသည်။
ရူးသွပ်မှုများနှင့် ပြည့်နှက်နေသောဟိန်း ဟောက်သံက လေထဲကို ဖြည်းညှင်းစွာ တိုးဝင်သွားသည်။ ထိုဟိန်းဟောက်သံက စစ်မာရှင်းနှင့်မဆိုင်သလို စုမင်လည်းမပိုင်ပေ။ ၎င်းက လောက ကြီးတွင် မူလကတည်ရှိနေသကဲ့သို့ဖြစ်နေလေသည်။ အချို့သောအခိုက်အတန့်တွင် လူအချို့သာ ကြားနိုင်မည်ဖြစ်သည်။
ဤသည်မှာ… ဒုတိယမာန်နတ်ဘုရား၏ဟိန်းဟောက်သံဖြစ်ပြီး၊ အင်မော်တယ်များအပေါ် သူ၏အာဃာတပြည့်နှက်နေပြီး သေခြင်းတရားကိုလက်ခံလိုစိတ်မရှိပေ။
ဟိန်းဟောက်သံကြီးက နေရာတိုင်းကို လွှမ်းခြုံလိုက်သည်နှင့် တပြိုင်နက် စစ်မာရှင်းလည်း ခေါင်းကို မော့ကာ ဟိန်းဟောက်လိုက်သည်။ ၎င်းက ဒုတိယမာန်နတ်ဘုရားဟိန်းဟောက်သံနှင့် ပေါင်းစပ်ကာ ကြိမ်နှုန်းတစ်ခုအဖြစ်သို့ပြောင်းလဲသွားကာ ၎င်းကိုကြားရသူများသည် အသံများကိုမခွဲခြားနိုင်တော့ပေ။
စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူ့မျက် မှောင်ကြုတ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ချက်ချင်းပင် မာန်နတ်ဘုရားလက်ဘေးမှ ပေါ်လာသည်။ ထိုအခိုက်တန့်တွင် သူ့အရိုးဓားက လေထဲတွင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းကာ စစ်မာရှင်းဆီသို့ ရွေ့လျားသွားသည်။
သူလှုပ်ရှားနေစဉ်တွင် စစ်မာရှင်၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ဖောင်းပွလာပြီး သူ၏ဆံပင်များက ပို၍ရှည်လာသည်။သူ့ခန္ဓာကိုယ်ထဲရှိ အသားများက တွန့်လိမ်လာပြီး အရင်ကထက် ပိုကြမ်းတမ်းလာတယ်။ သူ့ခန္ဓာကိုယ် ပြောင်းလဲလာသည်နှင့်အမျှ သူက ပေသုံးဆယ် အရပ်မြင့်လာသည်။
ထိုအချိန်တွင် သူက စစ်မာရှင်း မဟုတ်တော့ပေ။ အခြားလူအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူ့ခန္ဓာကိုယ်မှ ရူးသွပ်မှုများနှင့် ပြည့်နှက်နေသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူက မာန်နတ်ဘုရား၏ဘယ်လက်ကို ညာခြေဆောင့်နင်းကာ ဝင်လာသော အရိုးဓားဆီသို့ ပျံသန်းခဲ့သည်။
ထိုအချိန်တွင် သူ့စိတ်ရှုပ်ထွေးနေသောကြောင့် ထိုလက်သီးချက်က စစ်မာရှင်း၏ထိုးချက်ဟု ပြောရန် မတိကျတော့ပေ။ သူ့သွေးများလောင်ကျွမ်းစေခြင်းနှင့် အမွေအနှစ်ထဲမှာ စွမ်းအား အပြည့်အဝကိုအသက်သွင်းခြင်းက ယခုအချိန်တွင် သူထိန်းချုပ်နိုင်သော အရာမဟုတ်ပေ။ သူ့အသက်ကိုရင်း ထိုစွမ်းအားကို ထိထိမိမိအသက်သွင်းခြင်းမှာ ဘေးထွက်ဆိုးကျိုးမှာ ရှိနေဆဲပင်။
ထိုအရာက သူ့ကိုယ်ပိုင် တက်ကြွမှုပင်။ သူက သူ့အသက်ကို ယဇ်ပူဇော်ရန် အသုံးပြုခဲ့ပြီး ၎င်း၏မာန်မျိုးစေ့ များအတွင်းမှ အသက်စွမ်းအားအားလုံးကို အသုံးပြုခဲ့ပြီး ၎င်းအားလုံးသည် စုမင်ကို သတ်ရန်အတွက် ဖြစ်သည် ။
စစ်မာရှင်း၏ လက်သီးချက်က အရှိန်အဟုန်ဖြင့် ရောက်ရှိလာသည်။ အမှန်တော့ သူခန္ဓာကိုယ်က စုမင်ရှေ့မှောက်တွင် ပေါ်လာပြီးသော်လည်း သူ့အရိပ်များက မာန်နတ်ဘုရား၏ လက်တွင် ကျန်နေသေးသည်။
ထိုထိုးချက်ကြောင့် စုမင်က မျက်လုံးအပြူးသားဖြစ်သွားသည်။ သူ့ရှေ့မှ လျင်မြန်စွာ ရောက်လာသော အဆုံးမရှိသော ဖိအားတစ်ခုကို သူ ခံစားလိုက်ရသည် ။
သူ၏ ၀တ်ရုံများက နောက်သို့ တဖျပ်ဖျပ်လွင့်သွားကာ ကြက်သီးမွှေးညင်းများပင်ထလာသည်။ သူ့အတွင်း၌ ပြင်းထန်သော အန္တရာယ် အာရုံခံစားတစ်ခု တိုးလာသည်။ သူ့မှာ စဉ်းစားရန် အချိန်မရှိပေ။ သူ့လက်ထဲရှိ အရိုးဓားကို ကိုင်လိုက်ပြီး သူ့ရှေ့မှ လေထဲသို့ ခုတ်ပိုင်းလိုက်သည်။
ထိုအချိန်မှာပင် တုန်လှုပ်ချောက်ချားဖွယ် ကောင်းသော ပေါက်ကွဲသံကြီးက ကောင်းကင်သို့ ပျံ့လွင့်သွားသည်။ လေထဲမှာ တဟုန်ထိုး တုန်ခါသွားသလို လောကကြီးတစ်ခုလုံး တုန်ခါသွားသည် ။ သို့သော် စုမင်က သူ့ရှေ့မှ ကြီးမားသော တွန်းအားကြီးကို ခံစားလိုက်ရသည်။ ထိုတွန်းအားက သူ့လက်နားသို့ရောက်လာသော် အရိုးဓားကို အားကုန်လွှဲယမ်းလိုက်သည်။
ထိုစွမ်းအား ဖြတ်သန်းသွားသည့်အခိုက်တန့်တိုင်း၌ သူ့အပေါ်၌ တောင်ပေါင်းတစ်သိန်းပြိုလဲသွားသလို ခံစားလာရသည်။ သူက သွေးတစ်လုတ်ကြီးအန်လိုက်ရပြီး ပေထောင်ပေါင်းများစွာ နောက်ပြန်လွင့်သွားသည်။ လွန်ခဲ့သည့်အခိုက်အတန့်နေရာဆီသို့ လှမ်းကြည့်ရင်း သူ့မျက်နှာပေါ်တွင် လေးနက်သောအမူအရာတစ်ခု ပေါ်လာသည်။
စစ်မာရှင်း၏ ခန္ဓာကိုယ်က ဟင်းလင်းပြင်မှ ရုပ်လုံးပေါ်လာသည်။ ထိုခဏတွင် သူ၏ညာဘက်လက်တစ်ခုလုံး ပေါက်ကွဲသွားပြီး သွေးထွက်သံယိုဖြစ်သွားသော်လည်း ထူးထူးခြားခြား ပြန်လည်ကောင်းမွန်လာသည်။ သူ့မျက်နှာက ခံစားချက်ကင်းမဲ့ပြီး သူ့မျက်လုံးများက အသက်မဲ့နေသော်လည်း သူ့ခန္ဓာကိုယ်ထဲမှာ ကြီးမားသောစွမ်းအားများ ကိန်းအောင်းနေလေသည်။
ဤသည်မှာ ဒုတိယမာန်နတ်ဘုရား၏သွေးလောင်ကျွမ်းခြင်းစွမ်းရည်ဖြစ်သည်။ ၎င်းသည် သူ၏ အမွေဆက်ခံမှုအတွင်း လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်တစ်ခုဖြစ်ပြီး ကျင့်ကြံသူ၏ တိုက်ခိုက်ရေးစွမ်းအားများကို ချက်ချင်းတိုးတက်စေနိုင်သည်။ထိုစွမ်းရည်က… စုမင်၏ “ကံကြမ္မာ” နှင့် အံ့အားသင့်ဖွယ်ရာ ဆင်တူသည်။
အတိတ်က ဒုတိယမာန်နတ်ဘုရားက ဤမြင့်မြတ်သောစွမ်းရည်ကို အသက်သွင်း သောအခါ မာန်ကျင့်ကြံသူအားလုံးကို ဦးညွှတ်ပြီး အရိုအသေပေးခဲ့ကြသည်။အင်မော်တယ်မျိုးနွယ်စုများပင် ထိတ်လန့်ခဲ့ရသည်။ ပထမမာန်နတ်ဘုရားပြီးနောက် အင်မော်တယ်တို့၏အရိုးများကို ပိုင်းဖြတ်ခဲ့သော အထောက်အထားများကို ချန်ရစ်ခဲ့လေသည်။
၎င်းက သူ၏သေဆုံးမှုအတွက် အရင်းအမြစ်လည်းဖြစ်ခဲ့သည်။
ထိုအချိန်တွင် စစ်မာရှင်း၏ အသက်ကင်းမဲ့ပြီး မထီမဲ့မြင်မျက်လုံးများဖြင့် စုမင်ဆီသို့ လှမ်းကြည့်လိုက်သည်။ သူ့ညာခြေကို မြှောက်ပြီး စုမင်ဆီသို့ လျှောက်လာစဉ် သူ့အတွင်း မည်သည့် စိတ်ခံစားကိုမျှ မတွေ့ရပေ။ သူ့ခြေချလိုက် သည်နှင့် တပြိုင်နက် လောကကြီး တုန်လှုပ်သွားသည်။ စုမင်က ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ဆက်လက်ဆုတ်ခွာသွားခဲ့သည်။
သူပျောက်ကွယ်သွားသည့်အခိုက်တွင် ယခင်ကကွဲအက်သွားသည့်နေရာမှ လေထုက အလွန်ကြီးမားသောအနက်ရောင်ဝဲဂယက်အဖြစ်သို့ ပြောင်းလဲသွားသည်။ စစ်မာရှင်းက အဝေးမှ ပေါ်လာသော စုမင်ဆီသို့ မျှော်ကြည့်ရန် ဝဲဂယက်ထဲမှ ထွက်လာခဲ့သည်။
စုမင်၏ အမူအရာက မယုံနိုင်လောက်အောင် သုန်မှုန်သွားခဲ့သည်။စစ်မာရှင်း ၏ ပြောင်းလဲမှုက သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို သိသိသာသာ တိုးမြင့်လာစေခဲ့သည်။ စုမင်၏အမြင်အရ သူယခုထုတ်လွှတ်လိုက်သော လက်သီးက မာန်စိတ်ဝိညာဉ်နယ်ပယ်တွင်ကြီးမားစွာအောင်မြင်သောကျင့်ကြံသူကို လုံးလုံးလျားလျား နှိမ်နင်းနိုင်ခဲ့သည်။
စုမင်က ကံကြမ္မာအဖြစ် ပြောင်းလဲနိုင်မည်ဆိုလျှင် သူ့ကို တိုက်ခိုက်နိုင်လိမ့်မည်ဖြစ်သည်။သို့သော် အချိန်ခဏလေးအတွင်းမှာ ကံကြမ္မာအဖြစ်ပြောင်းလဲရန်မလွယ်ကူပေ။။ ထို့အတွက်ကြောင့် ယခုလေးတင် စွမ်းအားကြီးမားလာသော စစ်မာရှင်းကို တွန်းလှန်ရသည်မှာ ခေါင်းစားစရာတစ်ခုဖြစ်လာသည်။
စစ်မာရှင်းက သူ့ကိုအသက်မဲ့သော မျက်နှာထားဖြင့် လှမ်းကြည့်သည်။ထို့နောက် စစ်မာရှင်းက ညာခြေကိုမြှောက်ကာ သူ့နားသို့နီးကပ်လာသော် စုမင်၏မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ ဒုတိယမာန်နတ်ဘုရား၏မထင်ရှားသောဟိန်းဟောက်သံများက လောကတစ်ခွင်လုံး ပဲ့တင်ထပ်နေလေသည်။
သူတို့အောက်ရှိ ပင်လယ်ရေက တော်လဲသံကဲ့သို့ ဟိန်းဟောက် ထွက်ပေါ် လာသည်။ထို့ပြင် သူတို့အပေါ်ရှိဖုံးလွှမ်းထားသောရေခဲပြင်က တစ်စတစ်စအက်ကွဲလာသည်။ထိုအရေးကြီးသောအခိုက်အတန့်တွင် စုမင် ၏နှလုံးသားထဲတွင် အတွေးတစ်ခုပေါ်လာသည်။ စစ်မာရှင်းက ခြေကန်ပြီး ကောင်းကင်သြို အရှိန်ပြင်းပြင်းဖြင့် တက်သွားသော်စုမင်က သူ၏ညာလက်ကို လျင်မြန်စွာ ရုတ်သိမ်းလိုက်ပြီး သိုလှောင်အိတ်ကို ပွတ်သပ်လိုက်သည်။ ချက်ချင်းပင် သူ့လက်ဖဝါးပေါ်၌ ဆေးဒယ်အိုးကြီး ပေါ်လာသည်။
ထိုဆေးလုံးက နတ်မင်းကြိုဆို ဆေးလုံးပင်ဖြစ်သည်။
လောကကြီးထဲရှိ ဝိညာဉ်အပိုင်းအစများအားလုံးကို စုပ်ယူနိုင်သည်။ တစ်စုံတစ်ယောက်က ၎င်းကို မျိုချလိုက်လျှင် ဝိညာဉ်အဖြစ်သို့ ပြောင်းလဲနိုင်မည်ဖြစ်သည်။ ဆေးလုံးကိုမြိုချလိုက်သည်နှင့် မည့်သည့်ဝိညာဉ်မျိုးအဖြစ် ပြောင်းလဲသွားမည်ကို ခန့်မှန်း၍မရပေ။
“ နေရာအနှံ့က ဝိညာဉ်တွေကို စုပ်ယူပါ.. လက်ခံပါ၊ လောကကြီးထဲမှာရှိတဲ့ စိတ်ဆန္ဒတွေကို စုပ်ယူပါ.”
နတ်မင်း ကြိုဆိုဆေးလုံးကို လက်ချောင်းဖြင့် ဆုပ်ကိုင်ထားရင်း သူ့မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းတန်းတစ်ခု လျင်မြန်စွာ ထွက်ပေါ်လာသည်။
ထိုစကားကို သူပြောသည်နှင့် တပြိုင်နက် သူ့လက်ထဲမှ နတ်မင်း ကြိုဆို ဆေးလုံးမှ အနက်ရောင် အလင်းတန်းကြီး ထွက်ပေါ်လာသည်။ ထိုအလင်းရောင်က အနက်ရောင်နေလုံးကြီးမှ ဆင်းသက်လာသကဲ့သို့ မြင်လိုက်ရသဖြင့် နေရာတစ်ခုလုံးကို တခဏချင်း လင်းထိန်သွားစေသည်။ ထိုအခိုက်အတန့်၌ သူတို့အပေါ်ရှိ ရေခဲပြင်ကြီးတစ်ခုလုံး၊ သူတို့အောက်က လှိုင်းဂယက်ထနေသော ပင်လယ်ကြီးက အနက်ရောင် အလင်းတန်းဖြင့် လုံးဝတောက်ပနေခဲ့သည်။
ထိုစဉ် စစ်မာရှင်း ၏ခန္ဓာကိုယ်က စုမင် မှ ပေရာနှင့်ချီအကွာအဝေးတွင် လျင်မြန်စွာ ပေါ်လာပြီး အမှောင်အလင်းတန်းမှ တွန်းထုတ်ခံလိုက်ရသလိုပင်။
သူ့ခန္ဓာကိုယ် ပေါ်လာပြီးနောက် ဒုတိယမာန်နတ်ဘုရား၏ ဟိန်းဟောက်သံက ဤပင်လယ်အတွင်းရှိ ဤရေခဲကမ္ဘာကြီးအတွင်း အကျယ်ဆုံးအနေအထားထိချက်ချင်းရောက်ရှိသွားသည်။
လေထဲတွင် တဟုန်ထိုး တုန်ခါသွားကာ ကုန်ဆုံးသွားသည့် အခိုက်အတန့်တိုင်း ပိုမိုရှင်းလင်းလာသည်။ အသက်တစ်ရှိုက်စာအတွင်း စုမင်၏ ညာဘက်နားမှ ဟောက်သံများ ထွက်ပေါ်လာသည်။ ထိုနေရာ၌ ပဲ့တင်ထပ်နေချိန်တွင် အနက်ရောင် ချည်မျှင်များက နေရာအနှံ့မှ ထွက်ပေါ်လာသည်။ ချက်ချင်းပဲ သူတို့အားလုံး စုမင်၏ နတ်မင်း ကြိုဆို ဆေးလုံးဆီသို့ ပြေးသွားကြသည်။
ပင်လယ်အောက်ရှိဝဲဂယက်မှမာန်နတ်ဘုရား ၏ဘယ်ဘက်လက်က ပြင်းထန်စွာ တုန်လှုပ်သွားသည်။စစ်မာရှင်းမှလွဲ၍ အခြားတစ်ယောက်ကြောင့် တုန်လှုပ်သွားသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
စစ်မာရှင်းက ဒုတိယမာန်နတ်ဘုရား၏အမွေအနှစ်ကို လုံးလုံးလျားလျား လက်ခံနိုင်ခဲ့ပြီး ကျင့်စဉ်များကို ရရှိခဲ့သည်။ ထိုကဲ့သို့အခွင့်အ ရေးနှင့်ကံကောင်းမှုမျိုးကို အခြားမည်သူမှ ရယူနိုင်မှာ မဟုတ်ပေ။
အထူးသဖြင့် စစ်မာရှင်း၏ကျင့်စဉ်များက ဒုတိယမာန်နတ်ဘုရား၏ဘယ်ဘက်လက်တွင် ချန်ထားခဲ့သောကြောင့် စုမင်ကိုယ်တိုင် ဤအမွေကို ရရှိရန် မဖြစ်နိုင်ပေ။
အနက်ရောင်ကျောက်တုံးအပိုင်းအစကို အသုံးပြု၍ အမွေအနှစ်ကိုလှည့်ဖြားယူရန် မဖြစ်နိုင်ပေ။
သို့သော် နတ်ဘုရားများ ကြိုဆိုဆေးလုံးက အရာအားလုံးကို လုံးဝပြောင်းလဲသွားစေခဲ့သည်။
ဤဆေးလုံးက ကမ္ဘာပေါ်ရှိ ဝိညာဉ်အပိုင်းအစများအားလုံးကို စုပ်ယူနိုင်သည်... ဒုတိယမာန်နတ်ဘုရား၏စိတ်ဝိညာဉ်ကလည်း ထိုအပိုင်းအစများတွင် ပါဝင်သည်။
အကယ်၍ ဒုတိယမာန်ဘုရားက ယနေ့တိုင်အောင်မရှိခဲ့ပါက အချိန်ကာလတစ်ခုအတွင်းလူအစုအဝေးတစ်ခု၏ဒဏ္ဍာရီသည်ဖြစ်လာလိမ့်မည်။ သို့သော် ဒုတိယမာန်နတ်ဘုရား၏စိတ်ဆန္ဒများကို သူ့လက်မောင်းမှာ တွေ့နိုင်လေသည်။
စုမင်က ဤနေရာ၌ နတ်မင်းကြိုဆို ဆေးလုံးကို အသက်သွင်းခဲ့မည်ဆိုလျှင်၊ ဒုတိယမာန်နတ်ဘုရား၏ ဝိညာဉ်ကို စုပ်ယူနိုင်လိမ့်မည်
မာန်နတ်ဘုရား၏ဘယ်ဘက်လက်က တုန်ခါလာသည်နှင့်အမျှ ထိုအတွင်းမှအနက်ရောင်အခိုးအငွေ့များစွာထွက်ပေါ်ပြီး စုမင်၏နတ်မင်းကြိုဆိုဆေးလုံးဆီသို့ဦးတည်သွားသောမြူခိုးများအဖြစ်သို့ပြောင်းလဲသွားသည်။
မြူခိုးများက ချက်ချင်းပင် ဆေးလုံးနှင့် ရောနှောသွားပြီး ပြင်းထန်စွာ တုန်လှုပ်သွားသည်။ထိုစဉ် အရောင်က ရုတ်တရတ် ပြောင်းသွားသည်။ အတွင်းမှ ရှေးဟောင်းအငွေ့အသက်များ ပျံ့နှံ့လာသည်။ ဆေးလုံးက အလွန်ကြီးမားသော စုပ်ဝဲတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်၊၊ ၎င်းက နေရာအတွင်းရှိ ဝိညာဉ်အပိုင်းအစများအားလုံးကို စတင်စုပ်ယူသွားသည်။