ကွဲပြားသောအမွေဆက်ခံမှု
Vol. 41 Ch. 563
အရာအားလုံးက ဖြည်ညှင်းစွာ ဖြစ်ပျက်သွားပုံရသည်။စုမင်က နတ်မင်း ကြိုဆိုဆေးလုံးကို အသက်သွင်းခဲ့သည်။ ဝိညာဉ်အပိုင်းအစများကို စုပ်ယူလိုက်သည့် အချိန်မှစ၍ အသက်ရှူသံများစွာ ကုန်ဆုံးသွားခဲ့သည်။ သူ့မျက်လုံးရှေ့ရှိ အနက်ရောင်မြူခိုးများက ဆေးလုံးကို ဝိုင်းရံထားပြီး သူ၏ ညာလက်ကိုပါ ဖုံးလွှမ်းထားသည်။
ဒုတိယမာန်နတ်ဘုရားထံမှ ဟိန်းဟောက်သံများက ပတ်ဝန်းကျင်မှ ထွက်ပေါ်မလာတော့ဘဲ နတ်မင်းကြိုဆိုဆေးလုံးမှ ထွက်ပေါ်လာသည်။ စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာပြီး မဆိုင်းမတွပင် ဆေးလုံးကို မျိုချလိုက်သည်။
သူ မျိုချလိုက်သည်နှင့် စစ်မာရှင်းက သူနှင့်နီးကပ်လာပြန်သည်။ သူက စုမင် ရှေ့မှာ ပေါ်လာပြီး ရက်စက်ကြမ်းကြုတ်စွာဖြင့် လက်သီးပစ်လွှတ်လိုက်သည်။
လေထုကိုဆုတ်ဖြဲသံများ ပဲ့တင်ထပ်နေလေသည်။ စုမင်က ခြေလှမ်းခုနစ်လှမ်း ဆုတ်သွားသည်။ စစ်မာရှင်းက သူ့နောက်သို့လိုက်ကာ လက်သီးထိုးချက်များကို တရစပ်ထုတ်လွှတ်နေလေသည်။
စုမင် နောက်သို့ ပထတစ်လှမ်းပြန်ဆုတ်သွားသောအခါ သူ့မျက်လုံးများတွင် အနက်ရောင်အလင်းတန်းလင်းလက်လာသည်။
ဒုတိယ ခြေလှမ်းကို ဆုတ်ပြီးနောက် စုမင် ငြိမ်သက်သွားသည်။ထိုစဉ် ထူးထူးခြားခြား ဆံပင်များ ပိုရှည်လာသည်။
သူ့တတိယခြေလှမ်းကို လှမ်းလိုက်သည်နှင့်ပင် စုမင်၏မျက်လုံးထဲတွင် အနက် ရောင်အလင်းတန်း ပေါ်လာသည်။ ထိုမှိတ်တုတ်မှိတ်တုတ် အလင်းရောင်က ထူးထူးခြားခြား မြင်ကွင်းတစ်ခုဖြစ် နေတော့သည်။
ထို့နောက် ပဉ္စမ၊ ဆဌမနှင့် သတ္တမခြေလှမ်းတို့ကို လှမ်းလိုက်သောအခါ၊ သူ၏ ခန္ဓာကိုယ်က အနည်းငယ် ပိန်လာသည်။ သူ့မျက်လုံးထဲရှိ အနက်ရောင်အလင်းတန်းက ပိုအားကောင်းလာသည်။ သူ့ဆံပင်က သူ့ခြေဖဝါးထိ ရှည်လာသည်။ခုနစ်ခုမြောက်ခြေလှမ်းကို လှမ်းလိုက်သောအခါတွင် သူ၏ခန္ဓာကိုယ်မှ စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
ထိုစွမ်းအား ပေါ်လာသောအခါ စီမာရှင်းက သူ့ကို ဖမ်းမိသွားသည်။ယခင်ကဲ့သို့ တူညီသော လက်သီးချက်အား သူ၏ ဦးခေါင်းခွံဆီသို့ တည့်တည့် ချိန်ရွယ်ထားသည်ကို စုမင် မြင်လိုက်ရသည်။ ထိုအချိန်တွင် သူ့မျက်လုံးထဲတွင် အနက်ရောင် အလင်းရောင်တစ်ခု လင်းလက်လာသည်။ သူက ပါးစပ်ကိုဖွင့်၍ ကျယ်လောင်သောဟောက်သံကို ထုတ်လိုက်ပြီး ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေခဲ့သည်။
စစ်မာရှင်း၏ လက်သီးက အေးခဲရပ်တန့်သွားပြီး သူ့အသားက ချက်ချင်း ပေါက်ကွဲထွက်သွားသည်။ ပြင်းထန်သောလေပြင်းတိုက်ခတ်လာသကဲ့သို့ သူ၏ခန္ဓာကိုယ်က တစ်လက်မချင်း ကွဲအက်စပြုလာပြီး တစ်ချိန်တည်းမှာပင် ရုတ်တရတ် ဆုတ်ခွာသွားလေတော့သည်။
ထိုအချိန်၌ သူ့မျက်နှာက ချက်ချင်းကြီး ပြောင်းလဲသွားသည်။ သူ့မျက်လုံးများ ပြူးကျယ်သွားကာ တုန်လှုပ်ခြောက်ခြားဖွယ်ရာ မယုံကြည်နိုင်မှုများ သူ့မျက်နှာပေါ်တွင် ပေါ်လာပြန်သည်။ သူ့အသက်ရှူသံများ မြန်လာသည်။ သူ့ခန္ဓာကိုယ် တုန်တုန်ယင်ယင်ဖြစ်နေပြီး စုမင်အပေါ် ထာဝရ ထိတ်လန့်သွားခဲ့သည်။
“မာန်နတ်ဘုရားရဲ့ဟိန်းဟောက်သံ.....ဒါ မဖြစ်နိုင်ဘူး...”
စစ်မာရှင်း၏ အသံတွင် ထိတ်လန့်မှုပါ ရောယှက် နေလေသည် ။ ထိုတိုက်ခိုက်မှုက အမှန်တကယ်ပင် မာန်နတ်ဘုရား၏ ဟိန်းဟောက်သံဖြစ်ခဲ့သည်။
စုမင်က လေထဲသို့ မတ်တပ်ရပ်လိုက်ပြီး စစ်မာရှင်းဆီသို့ လှမ်းကြည့်လိုက်ရာ သူ့မျက်လုံးထဲတွင် အနက်ရောင် အလင်းတန်းဖြင့် တောက်ပနေလေသည်။ ထိုအချိန်တွင် သူ့ခေါင်းက ကြည်လင်နေသော်လည်း သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ရာတွင် အနည်းငယ်ခက်ခဲနေလေသည်။သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး သူ့ဆန္ဒအတိုင်း တိုက်ခိုက်နေသာ သူ့အပြင် နောက်ထပ် အင်အားတစ်ခုရှိနေသကဲ့သို့ပင် ခံစားရလေသည်။
ဤစွမ်းအားက နတ်မင်း ကြိုဆိုဆေးလုံးမှ ဆင်းသက်လာသည်၊ သို့မဟုတ် ပို၍တိကျသည်မှာ… ဆေးလုံးစုပ်ယူလိုက်သော လောကကြီးထဲရှိ ဝိညာဉ်အပိုင်းအစများထံမှ ဖြစ်သည်။
တကယ်တော့ စုမင်၏ နှလုံးသားထဲတွင် ပြင်းထန်သော ခံစားချက်တစ်ခု ထွက်ပေါ်လာသည် ။ ထိုခံစားချက်က ပင်လယ်ရှိ မာန်နတ်ဘုရားဘယ်ဘက်လက်မှ ဖြစ်သည်။ ၎င်းသည် ရေထက်ပိုမိုပျစ်သောသွေးနှောင်ကြိုးတစ်ခု၏ပြင်းထန်သောခံစားချက်တစ်ခုဖြစ်သည်။ ထိုဘယ်လက်က သူ့ပိုင်သကဲ့သို့ပင်။
အမှန်မှာ သူက ထိုဘယ်ဘက်လက်မှ သူ့ကိုဆင့်ခေါ်နေသကဲ့သို့ ခံစားရလေသည်။
သို့သော် ဤခံစားချက်က သူ့ကြောင့်မဟုတ်ကြောင်း စုမင် သိသည်။ လောကကြီးထဲရှိဝိညာဉ်အပိုင်းအစများကိုစုပ်ယူခဲ့သော နတ်မင်း ကြိုဆိုဆေးလုံးကြောင့် ဖြစ်သည်။
“ စုမင်.... စစ်မာရှင်း...”
လွန်ခဲ့သည့်နှစ်များတစ်လျှောက် အေးခဲကောင်းကင်ကလန်တွင် ၎င်းတို့၏ပထမဆုံးတိုက်ပွဲ တိုက်ခဲ့ကြသည်။ထိုအခါ ကြည့်ရှုသူအားလုံးက သူတို့ဧ။်စွမ်းရည်များက မယုံနိုင်လောက်အောင်ဆင်တူကြပြီး သူတို့၏စိတ်နေသဘောထားချင်းပင် ဆင်တူသည်ဟု ထင်ခဲ့ကြသည်။ လူတော်တော်များများက ထိုခံစားချက်ကို စိတ်ထဲမှာ မှတ်မိနေခဲ့သည်။
ယခုအချိန်မှာတော့ သူတို့၏ နောက်ဆုံးတိုက်ပွဲကို မည်သူမှ မကြည့်လိုက်ရသော်လည်း စုမင်နှင့်စစ်မာရှင်းနှစ်ယောက်စလုံး၏ စွမ်းရည်များက အတူတူပင် ဖြစ်သည်။
စစ်မာရှင်းက ဒုတိယမာန်နတ်ဘုရား၏လက်တွင်သိမ်းဆည်းထားသောကျင့်စဉ်များကြောင့် သူ၏ တိုက်ခိုက်ရေး စွမ်းအားကို အမြင့်မားဆုံး မြှင့်တင်နိုင်ခဲ့သည်။ထို့ပြင် လက်ရှိအခြေအနေအရ စုမင်ကလည်း ဒုတိယမာန်နတ်ဘုရား ၏အ မွေအနှစ်ကို ရရှိခဲ့သည်ဟုလည်း ဆိုနိုင်သည်။
သို့သော်၊ သူ၏နည်းလမ်းသည် စစ်မာရှင်း သုံးသောနည်းလမ်းနှင့် ကွဲပြားသည်။ သူက ဒုတိယမာန်နတ်ဘုရား၏ဝိညာဉ်အပိုင်းအစများကိုစုပ်ယူခဲ့သည်၊၊ ထိုဝိညာဉ်က သူ့စိတ်ထဲသို့ဝင်သွားကာ ထိုစိတ်က သူ၏တစ်ကိုယ်လုံးကို လွှမ်းမိုးသွားစေခဲ့သည်။
စစ်မာရှင်းက ဒုတိယမာန်နတ်ဘုရား၏အမွေအနှစ်ကိုဆက်ခံခဲ့သည်။ ထိုစွမ်းအားက သူ့ခန္ဓာကိုယ်ထဲသို့ဝင်ရောက်ခဲ့ပြီး သူ့စိတ်ဝိညာဉ်ကိုကွဲလွင့်စေခဲ့သည်။
သူတို့မှာ မတူညီသော အမွေအနှစ်များ၊ထိုအမွေအနှစ်ကို အသက်သွင်းသောသူတို့၏ကျင့်စဉ်များ ရှိခဲ့သည်။ တူညီသောအရာတစ်ခုမှာ သူတို့ရရှိသောကျင့်စဉ်များက ဒုတိယဘုရားသခင်၏အမွေအနှစ်ဖြစ်သည်။
စုမင်က မျက်လုံးများကို မှိတ်ထားပြီး နတ်မင်း ကြိုဆို ဆေးလုံးအတွင်းပါရှိသော စွမ်းအားများနှင့် ပေါင်းစပ်ရန် သူ့ခန္ဓာကိုယ်မှတဆင့် သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။ ထို့နောက် သူ့မျက်လုံးများ ပွင့်လာပြီး ရှေ့တစ်လှမ်းတိုးရန် ညာခြေကို မြှောက်လိုက်သည်။
သူတို့အပေါ်ရှ် ရေခဲပြင်ပေါ်မှာ ချက်ချင်းပင် ပုံရိပ်ယောင်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်အတွင်း၌ ကြီးမားသော ခြေဖဝါးကြီးတစ်ခု ထွက်ပေါ်လာသည်။
ထိုအရာမှာ... စောစောကစစ်မာရှင်းအသက်သွင်းခဲ့သော နတ်ဘုရားခြေလှမ်းခုနှစ်လှမ်းပင်ဖြစ်သည်။
စုမင်ကလည်း ဆေးလုံးကို အသက်သွင်းလိုက်သည်နှင့်အမျှ စစ်မာရှင်း၏ ခန္ဓာကိုယ်က နောက်ပြန်ဆုတ်သွားသည်။ စုမင်က သူ၏ညာလက်ကို မြှောက်လိုက်ပြီး အပေါ်မှ ကြီးမားသော ခြေဖဝါးဆီသို့ လက်သီးဖြင့် ထိုးပစ်လိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ခြေရာကြီးက ပြိုကျကာ ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာပင် စစ်မာရှင်းက ပေရာနှင့်ချီ၍ နောက်ပြန်ဆုတ်ခဲ့ရသည်။ သူခေါင်းကို မော့ကြည့်လိုက်သော် သူ့မျက်နှာမှာ ရူးသွပ်မှုများ ပေါ်လာသည်။
“ဒါ မဖြစ်နိုင်ဘူး.. ငါက ဒုတိယမာန်နတ် ဘုရားရဲ့ကိုယ်ပွားပဲ..”
စစ်မာရှင်းက သူ့လက်များကို အရူးအမူး လျင်မြန်စွာ ရုတ်သိမ်းလိုက်ပြီး သူ့ခေါင်းပေါ်တင်ထားလိုက်သည်။ထို့နောက် သူ့လက်ခလယ်နှင့်လက်သန်းကိုသုံးကာ ချိပ်တံဆိပ်တစ်ခုဖန်တီးလေသည်။
တစ်ချိန်တည်းမှာပင်စုမင်၏ မျက်လုံးများ တောက်ပလာသည်။ သူကလည်း သူ့လက်ကို မြှောက်လိုက်ပြီး စစ်မာရှင်း လုပ်ခဲ့သော အမှတ်အသားအတိုင်း လိုက်လုပ်ခဲ့သည်။
“ငါသိတယ်... မင်းဆက်ခံထားတဲ့ မြင့်မြတ်တဲ့စွမ်းရည်တွေအားလုံးကို ငါသိတယ်”
စုမင်က တီးတိုးစွာပြောလိုက်သည်။ အ နက်ရောင်အလင်းတန်းက သူ့မျက်လုံးများတွင် တောက်ပနေလေသည်။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်အပေါ် ထိန်းချုပ်မှုကို စွန့်လွှတ်လိုက်ပြီး စစ်မာရှင်းအား တိုက်ခိုက်ရန် နတ်မင်းကြိုဆို ဆေးလုံး၏ စွမ်းအားကို ခွင့်ပြုလိုက်လေသည်။
“မာန်နတ်ဘုရားရဲ့ ကြယ်..နေ..လတို့အသွင်ပြောင်းလဲခြင်း...ပထမဆုံးပြောင်းလဲခြင်း..ကြယ်မိုးရွာခြင်း..””
စစ်မာရှင်းကက အော်ပြောပြီး သူ့လက်နှစ်ဖက်ကို ကောင်းကင်ဆီသို့ လွှင့်တင်လိုက်သည်။ထို့နောက် ၎င်းတို့အပေါ်မှ ရေခဲထုကြီးက ချက်ချင်း ပြိုကျပျက်စီးသွားပြီး ပုံရိပ်ယောင်တစ်ခုပေါ်ထွက်လာသည်။
ထိုပုံရိပ်တွင် ကြယ်ပေါင်းများစွာ တောက်ပနေသော ကောင်းကင်တစ်ခုဖြစ်သည်။ ၎င်းက ရွေ့လျားပြီး တောက်ပလာသောအခါတွင် ကြီးမားသောလက်တံတစ်ခုအဖြစ် အတူတကွ စုစည်းလိုက်ကြသည်။ ကောင်းကင်မှ ထွက်လာကာ စုမင်ပေါ်သို့ လျင်မြန်စွာ ကြွေကျလာပုံရသည်။
ထိုစကားများကလည်း စုမင်၏ပါးစပ်မှ တိုးတိုးလေး ထွက်လာသည်။ သူ့လက်ကို လွှဲလိုက်သည်နှင့် ကြယ်များပြည့်နေသော ကောင်းကင်ကြီးတစ်ခု သူ့အပေါ်တွင် ပေါ်လာသည်။ သို့သော်၊ ဤအရာက စစ်မာရှင်းအသက်သွင်းထား သောအရာနှင့် လုံးဝကွဲပြားသည်။
တောင်ပိုင်းအရုဏ်ဦးနယ်မြေရှိ လူများနှင့်မရင်းနှီးသောကောင်းကင်တစ်ခုပင်ဖြစ်သည်။ဤသည်မှာ စုမင် ၏အမှတ်တရများထဲမှ နက်မှောင်တောင်ရှိညကောင်းကင်ယံဖြစ်သည်။
ကောင်းကင်မှာ ကြယ် လင်းလက်နေပြီး စုဝေးသွားချိန်၌ လက်ချောင်းများထွက်ပေါ်လာလေသည်။ တစ်ချိန်တည်းလက်နှစ်ဖက် ပေါ်လာသည်နှင့် တပြိုင်နက် ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ ကောင်းကင်ကြီး ပြိုပျက်သွားစေလောက်အောင် ပြင်းထန်သော စွမ်းအားတစ်ခုက မြေကြီး အက်ကွဲသွားစေလေသည်။
ကြယ်များ ပြည့်နှက်နေသော ကောင်းကင်ကြီးက ကွဲအက်သွားပြီး သူတို့အပေါ်က ရေခဲပြင်က လုံးဝပြိုကျသွားသည်။ ပင်လယ်ရေက တစ်ဟုန်ထိုး မြင့်တက်လာပြီး ရေခဲထုကြီးက ပင်လယ်ပြင်ထဲသို့ နစ်မြုပ်သွားလေသည်။ မကြာခင်မှာပင် ထိုနေရာက ပင်လယ်ကြမ်းပြင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာတော့မည်။
စစ်မာရှင်းက သွေးတစ်လုတ်ကြီးအန်လိုက်ရပြီး ခြေလှမ်းများစွာ နောက်ပြန်ဆုတ်သွားသည်။ မာန်နတ်ဘုရား ဘယ်ဘက်လက်မှ စွမ်းအားကို စုပ်ယူလိုသကဲ့သို့ပင် ထပ်မံစုပ်ယူနိုင်တော့မည် မဟုတ်ကြောင်း တွေ့ရှိလိုက်ရသည်မှာ သူ့အတွက် တုန်လှုပ်ခြောက်ခြားဖွယ်ရာပင်။
မာန်နတ်ဘုရား၏လက်အတွင်းတွင်ပါရှိသောစိတ်ဆန္ဒတစ်ခုရှိသောကြောင့် သူ၏အမွေအနှစ်ကိုစုပ်ယူခြင်းကိုရပ်တန့်စေသည်။
“စစ်မာရှင်း... အခု ငါ တိုက်ခိုက်ရမယ့် အလှည့်ပဲ”
စုမင်က တည်ငြိမ်စွာပြောလိုက်သည်။ သူသည် လေထဲ၌ရပ်နေချိန်တွင် ညာလက်ကို မြှောက်ကာ သူ့ခန္ဓာကိုယ်ကို အနည်းငယ်ကွေးကာ လခြမ်းပုံသဏ္ဍာန် ဖြစ်နေလေသည်။
“မာန်နတ်ဘုရားရဲ့ နေ..လ..ကြယ်အသွင်ပြောင်းလဲခြင်း.. ဒုတိယအကြိမ်ပြောင်းလဲခြင်း ... လအသွင်ယူခြင်း..”
ထိုသို့ပြောလိုက်သည်နှင့် စစ်မာရှင်းက စိတ်ပျက်လက်ပျက်ဖြစ်သွားလေသည်။
ထိုစကားများပြောပြီးသည်နှင့် စုမင်၏ခန္ဓာကိုယ်မှ ပြင်းထန်သောအမှောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက တောက်ပလာသောအခါ သူ့တစ်ကိုယ်လုံး လခြမ်းအဖြစ်သို့ ပြောင်းလဲသွားသည်။ လရောင်က နေရာတစ်ခုလုံးကို ဖြတ်သန်းသွားပြီး မည်သည့်နေရာကို ပျံ့နှံ့သည်ဖြစ်စေ ထိုနေရာသည် အေးစက်ပြီး သတ်ဖြတ်လိုသောအငွေ့အသက်နှင့် ပြည့်နေလိမ့်မည် ။
သူ၏စွမ်းအားကို အသက်သွင်းလိုက်သည်နှင့် တပြိုင်နက်တွင် စစ်မာရှင်း ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် လ၏ ပုံရိပ်ယောင် ပေါ်လာသည်။ ထိုပုံရိပ်ယောင်က သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပြီး စစ်မှန်သောမရဏအငွေ့အသက်က သူ့နှလုံးသားထဲတွင် မြင့်တက်လာသည်။
စစ်မာရှင်း၏အမွေအနှစ်နှင့် သူ၏လက်ရှိကျင့်ကြံအဆင့်ဖြင့် ကြယ်များ၊ နေနှင့်လအသွင် ပြောင်းလဲခြင်းမှ ကြယ်များအသွင်ပြောင်းလဲခြင်းကို အသက်သွင်းနိုင်ခဲ့သည်။ ကျန်နှစ်ခုကိုတော့ အသက်သွင်း၍ မရချေ။ ထိုအချိန်တွင် စုမင်၏လအသွင်ပြောင်းလဲခြင်းကို မြင်သောအခါ စစ်မာရှင်းက ညာလက်ကို မြှောက်ကာ သူ့ရင်ဘတ်အား အပြင်းအထန်ထုရိုက်သည်။
ထိုဒဏ်ချက်ကြောင့် သူ ပါးစပ်မှ သွေးများစီးကျလာသည်။ သူ့ခန္ဓာကိုယ်ရှိ မာန်အရိုးများ ကြေမွသွားသည်၊၊ ကနဦးကျင့်ကြံအဆင့်တွင် သူတည်ဆောက်ခဲ့သော အခြေခံအုတ်မြစ် ပြိုကျခဲ့လေပြီ
။ သူ့အတွေးများ ပရမ်းပတာဖြစ်သွားကာ သူ့ခန္ဓာကိုယ်ရှိ အခြေခံကျင့်စဉ်များကို ရှုပ်ယှက်ခတ် စေခဲ့သည်။
သူ့မှ နောက်ထပ် အသက်စွမ်းအား မရှိ တော့လျှင် ကပြောင်းကပြန်ဖြစ်လိမ့်မည်။ သို့သော်လည်း စစ်မာရှင်းက သူ့ကိုယ်သူမရိုက်ခဲ့လျှင် သူသေမှာ သေချာလေ၏။ သူရူးသွပ်သွားမည့်အစား တစ်ခုခုလုပ်ရင် ပိုကောင်းလိမ့်မည်။ သူ မသေဆုံးမီတွင် စုမင်ကို သူနှင့်အတူ ငရဲသို့ ဆွဲခေါ်သွားခဲ့သည်။
“မင်းလည်း ငါနဲ့အတူတူသေရမယ်...”
စစ်မာရှင်း၏ နှုတ်ခမ်းထောင့်များမှ သွေးများ စီးကျလာသည်။ ရက်စက်ကြမ်းကြုတ်သောအမူအရာက သူ့မျက်နှာတွင် ထင်ဟပ်နေလေသည်။ သူဟိန်းဟောက်လိုက်ပြီး သူ့ညာလက်ကိုမြှောက်လိုက်သည်။ထို့နောက် စုမင်နှင့်တူသော ကိုယ်ဟန်အနေအထားတွင် ရှိနေသည်။
“နေ လ..ကြယ်အသွင်ပြောင်းလဲခြင်း.. ဒုတိယအကြိမ်ပြောင်းလဲခြင်း လအသွင်ပြောင်းလဲခြင်း ...”
စစ်မာရှင်း ဟိန်းဟောက်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်က စုမင်နှင့်တူသည်။ သူလည်း ပင်လယ်၏ နက်နဲရာမှာရှိသော လခြမ်းလေး ဖြစ်သွားသည်။
စစ်မာရှင်းက ကြယ်၊ နေ၊ လအသွင် ပြောင်းလဲခြင်းမှ ဒုတိယအကြိမ် ပြောင်းလဲခြင်းအား အပြီးမသတ်နိုင်ပေ ။ ထိုအချိန်မှာ သူဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။ အကျိုးဆက်အနေနဲ့ သေခြင်းတရားကိုရင်ဆိုင်ရလိမ့်မည်။ ထိုစွမ်းရည်ကိုအသက်သွင်းလိုက်သည်နှင့် စုမင်နားမှာလည်း လခြမ်းလေးပေါ်ထွက်လာလေသည်။
“လအသွင်ပြောင်းလဲခြင်း..”
“လအသွင်ပြောင်းလဲခြင်း..”
တူညီသော စကားလုံးများ အော်ဟစ်နေသော အသံနှစ်ခုက ပင်လယ်၏အနက်ရှိုင်းဆုံးနေရာထိ ပဲ့တင်ထပ်သွားသည်။ စုမင်နှင့်စစ်မာရှင်း ဝန်းကျင်တစ်ဝိုက်ရှိ လခြမ်း၏ အမှောင်ရိပ်များက ကွဲအက်ကာ တစ်ချိန်တည်း ပြိုကျသွားသည်။ အရိပ်များနှင့် ရောယှက်နေပုံရသည့် သူတို့၏ ခန္ဓာကိုယ်မှ ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။
စစ်မာရှင်း၏ ညာလက်မောင်း ပေါက်ကွဲပြီး ညာဘက်ခြေထောက် ကွဲသွားသည်။ သူ့ခန္ဓာကိုယ်က လွင့်ထွက်သွားပြီး သွေးများက ရေပန်းကဲ့သို့ပန်းထွက် နေလေသည်။ ဆုံးရှုံးသွားသော ညာဘက်လက်နဲ့ ခြေထောက်က ယခင်ကကဲ့သို့ ပြန်ကောင်းမလာတော့ဘဲ… တကယ်ပဲ ပျောက်ကွယ်သွားခဲ့သည်။
“ဒါကို ငါလက်မခံနိုင်ဘူး...ဒါကို ငါလက်မခံနိုင်ဘူး...”
စစ်မာရှင်းက ရှိုက်ကြီးတငင် အော်လိုက်သည် ။ သူ့အသက်စွမ်းအားများ ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရပြီး ထိုအချိန်မှာ သူက သေခြင်းနရားဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းနေပြီ၊သို့ပေမယ့်... ထိုအရာကို သူ လက်မခံနိုင်ပေ။
“ဒါ ငါ့ကံတရား မဟုတ်ဘူး..လုံးဝ မဟုတ်ဘူး...”