← Chapters

စစ်မာရှင်း၏သေဆုံးမှု

Vol. 41 Ch. 564

စစ်မာရှင်း၏သေဆုံးမှု

Vol. 41 Ch. 564

စစ်မာရှင်း၏ စူးစူးဝါးဝါးအော်သံက ရေထဲတွင် ပဲ့တင်ထပ်သွားလေသည်။ ပေထောင်ပေါင်းများစွာ နောက်ပြန်ဆုတ်သွားပြီးနောက် သူ ရပ်တန့်သွားသည်။ သူ့ဘယ်ဘက်လက်က ပုပ်ပွလာပြီး ဘယ်ဘက်ခြေထောက်က ဆတ်ဆတ်တုန်ယင်ပြီး ညှိုးနွမ်းပုပ်ပွလာသည်။ ယိုယွင်းပျက်စီးနေသော လက္ခဏာများ သူ့ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာသည်။

သူ့ခေါင်းမှ ဆံပင်များ ပြတ်ကျလာပြီး မျက်နှာပေါ်တွင် အနက်ရောင် အစက်အပြောက် များစွာ ပေါ်ထွက်လာသည်။ ထိုအနက်ရောင်အစက်အပြောက်များက တစ်ခုပြီးတစ်ခု ပုပ်ပွသွားကာ

မသတီစရာကောင်းသော အနံ့အသက်များ ထွက်လာသည်။ ဤသည်မှာ လအသွင်ယူခြင်း၏ စွမ်းအားကြောင့် မဟုတ်ပေ။စုမင်က ထိုစွမ်းရည်ကို အသက်သွင်းသောအခါတွင် စုမင် သူ့အတွင်း၌ ကျိန်စာ၏ စွမ်းအားကို စုဆောင်းမိခြင်းကြောင့် ဖြစ်သည်။

“မင်း ငါ့ရဲ့ မြင့်မြတ်တဲ့စွမ်းရည်အားလုံးကို သိချင်သိမယ်.. ဒါပေမယ့် မင်း... ငါ့ဘဝမှာ နောက်ဆုံးသုံးမယ့် စွမ်းရည်ကို မင်း သေချာ မသိနိုင်ဘူး..”

စစ်မာရှင်း၏ မျက်လုံးများက မှုန်မှိုင်းပြီး အသက်မဲ့လာသည်။ သူခေါင်းမော့ပြီး စုမင်ကိုကြည့်သောအခါ သူ့နှုတ်ခမ်းတွင်ရူးသွပ်သောလှောင်ပြောင်မှုတစ်ခု ပေါ်လာသည်။ ဤသည်မှာ သူ၏ အာဃာတတရားကြောင့်ဖြစ်ပေါ်လာသည်။ယခုဖြစ်ပျက်နေသောအရာအားလုံးကို သူလက်မခံနိုင်ခဲ့ပေ။

“ မာန်နတ်ဘုရားရဲ့ ကံကြမ္မာက အပိုင်းပိုင်းခံရပြီး သေဆုံးရမယ်...အဲဒီ့အပိုင်းအစတွေနဲ့ မျိုးဆက်သစ်တွေအတွက် မာန်မျိုးနွယ်စုနယ်မြေကို တံဆိပ်ခတ်ထားမယ်...မနက်ခင်းတာအိုလောကရဲ့စိတ်ဆန္ဒပဲ... “

စစ်မာရှင်းက တိုးတိုးလေးပြောလိုက်သည် ။ . လွန်ခဲ့သော နှစ်များစွာ၌ သူက ထိုလက်ကို ထိလိုက်သည်နှင့် သူ့ခေါင်းထဲတွင် ဤစကားလုံးများ ထွက်ပေါ်လာသည်။

“ဒါက… ဒုတိယမာန်နတ်ဘုရားကို တံဆိပ်ခတ်ထားတဲ့ စွမ်းအားပဲ..”

ဤစွမ်းအားသည် စစ်မာရှင်း နှင့်မသက်ဆိုင် ပေ၊၊ထိုအချိန်တွင် သူနှင့်စုမင်မတ်တပ်ရပ်နေသော ပင်လယ်နက်ကြီးထဲရှိ လောကကြီးနှင့်သက်ဆိုင်လေသည်။ ဤနေရာသည် ဒုတိယ၏ဘယ်ဘက်လက်ကို တံဆိပ်ခတ်ထားရာနေရာဖြစ်ပြီး တံဆိပ်ခတ်ခြင်းစွမ်းအားတည်ရှိသည်။

စစ်မာရှင်းက ထိုတံဆိပ်ကို ရိုးရှင်းစွာ အသက်သွင်းနေပြီ ဒုတိယဘုရားသခင်နှင့် မည်သို့သော ဆက်သွယ်မှုမျိုးမဆိုရှိသည့် လူအားလုံးကို တံဆိပ်ခတ်ရန် ချိတ်တံဆိပ်ကို ဖြန့်ကျက်ထားသည်။

ထိုစကားများကို သူပြောပြီးသည်နှင့် ပင်လယ်ကြီးက စတင်ရပ်တန့်သွားလေသည်။ လှိုင်းပုတ်နေသော ပင်လယ်ကြီးက အချိန်ရပ်တန့်သွားသကဲ့သို့ ရွေ့လျားမှုလည်း ရပ်တန့်သွားသည်။ မာန်နတ်ဘုရား၏ဘယ်ဘက်လက်က တုန်လှုပ်သွားပြီး အဝါရောင်အလင်းလှိုင်းများ ထွက်လာသည်။

“ဘုရားငါးဆူချိပ်တံဆိပ်က မာန်နတ်ဘုရားရဲ့လက်ကိုဖိနှိပ်ထားတာပဲ.. ဒီတံဆိပ်ကို ရွေ့‌ပြောင်းလိုက်တာနဲ့...လောကြီးကမျက်စိပွင့်နားပွင့်ဖြစ်လာပြီး..ယင်မရဏလောကလည်း ပွင့်လာလိမ့်မယ်...”

စစ်မာရှင်းကကျယ်လောင်စွာ ရယ်မောလိုက်သည်။ ထိုအချိန်တွင် စုမင်၏ မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူ စစ်မာရှင်း အနီးသို့ ရောက်ခါနီးတွင် ထိုလူက မျက်လုံးမှိတ်ပြီး ဆက်ရယ်နေလေသည်။

“ငါရှုံးခဲ့တယ်..ဒါပေမဲ့ ငါ မင်းကို မရှုံးခဲ့ဘူး စုမင်...ငါ ကံကြမ္မာကို ရှုံးခဲ့တယ်..”

“ဘုရားသခင်..အသင့်မှာ ကျုပ်ရှိနေရင်လုံလောက်ပါပြီ...ဘာလို့စုမင်ပါ ပေါ်လာတာလဲ..”

“ဒါက ငါ့ရဲ့ ကံကြမ္မာပဲ မဟုတ်လား..စုမင်ကို တိုက်ဖို့ ကံကြမ္မာဆိုးကြီးပဲ၊ အသက်ရှင်နေသေးတဲ့သူက ကောင်းကင်က အမှန်တကယ် ရွေးချယ်ထားတဲ့သူပဲ ဖြစ်မှာလား..”

စစ်မာရှင်းက ရူးသွပ်စွာ ရယ်မောရင်း သူ့မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။ သူ၏ ဘယ်ဘက်လက်က လျင်မြန်စွာ ပေါက်ကွဲသွားပြီး သူ၏ ဘယ်ဘက်ခြေထောက်က အရည်အဖြစ်သို့ ယိုယွင်းသွားသည်။

ဒုတိယဘုရားသခင်၏အမွေကိုရရှိသည့်အချိန်မှစပြီး ယခုအချိန်အထိ သူ၏ကနဦးပျော်ရွှင်မှုမှသည် သူ၏လက်ရှိစိတ်ပျက်အားငယ်ချိန်အထိ စစ်မာရှင်းက အရာများစွာကိုဖြတ်သန်းခဲ့သည်။ သူ စုမင်ကိုကြည့်လိုက်ရင်း သူ့မုန်းတီးမှုက ဖော်မပြနိုင်သော အဆင့်အထိ တိုးလာသည်။ သူသေသွားလျှင်တောင် သူနဲ့အတူ စုမင်ကိုဆွဲချလိမ့်မည်။

“ဒါက ငါ့ရဲ့ ကံကြမ္မာပဲ ဆိုရင် ငါ တိုက်မယ်.. ငါတို့ နှစ်ယောက်လုံး ဘယ်သူ့မှအသက်မရှင်ရဘူး..ငါ သူ့ကို ငါနဲ့အတူ သေစေချင်တယ်..ဒီကံကြမ္မာက ငါ့ရဲ့ဆန္ဒတွေကို မဖြည့်ဆည်းပေးချင်ဘူး..”

ထိုစကားများကို သူပြောပြီးသည်နှင့် သူ့တစ်ကိုယ်လုံး ကွဲအက်သွားပြီး အနက်ရောင်အသားစိုင်များက ပင်လယ်မျက်နှာပြင်ပေါ်ကို ကျဆင်းသွားခဲ့သည်။

ဒုတိယဘုရားသခင်၏အမွေကိုရရှိခဲ့ပြီးစတုတ္ထမာန်နတ်ဘုရားဟုခေါ်ဆိုခဲ့သောအေးခဲကောင်းကင်ကလန်၏ပဲ့ကိုင်ရှင်ဖြစ်သည့် စစ်မာရှင်းက ထိုကဲ့သို့အဆုံးသတ်ခဲ့သည်။ သူအနေနှင့် တံဆိပ်ခတ်ခြင်းစွမ်းအားကိုတောင် မပိုင်ဆိုင်ခဲ့ရပေ။

သူ့ခန္ဓာကိုယ် ကွဲအက်သွားသည်နှင့်အမျှ အသက်စွမ်းအင်က သူ့ဆီသို့ တိုးမလာတော့ပေ။ ဟန်တောင်တန်းမြို့၌ စုမင် နှင့်တွေ့ပြီးကတည်းက သူ့ဘဝကို အခိုင်အမာဆုံးဖြတ်ထားသည်။

သူ မသေလျှင် စုမင်သေရမည်။

စစ်မာရှင်း သေဆုံးပြီးချင်းမှာပဲ သူ့၏ ကွဲအက်နေသော ခန္ဓာကိုယ်ထဲက အနီရောင်အလင်းတန်းတစ်ခု ထွက်လာတယ်။ ထိုအလင်းတန်းက အနီရောင်ရုပ်သေးရုပ်တစ်ရုပ်ဖြစ်သည်။

စစ်မာရှင်း၏ပုံသဏ္ဍာန်ဖြင့် တည်ဆောက်ထားသော်လည်း ၎င်း၏နဖူးအလယ်ဗဟိုတွင် သွေးခြောက်စက်ရှိပြီး ထိုသွေးစက်အောက်တွင် အဖြူရောင်ဆံချညမျှင်တစ်ခုရှိသည်။

ထိုအမျှင်က အလွန်တိုပြီး မယုံနိုင်လောက်အောင် နူးညံ့သည်။ ၎င်းက အရွယ်ရောက်ပြီးသူကဲ့သို့မဟုတ်ဘဲ ကလေး ၏ဆံပင်နှင့်တူသည်။ သို့သော်၊ ဖြူနေသည်… ထိုဆံပင်ကြိုးမျှင်တွင် သက်ရှိအရိပ်အယောင်မရှိပေ။ ထို့ပြင် စုမင် နှင့် အလွန်ရင်းနှီးသော ယင်မရဏ ရောင်ဝါတစ်ခုသာဖြစ်သည်။

သို့ပေမယ့် သူက ဆံချည်မျှင်နဲ့ ခြောက်သွေ့နေသော သွေးစက်များနှင့် ပိုရင်းနှီး လေသည်။ သူက ၎င်းတို့ကို ယခင်က တစ်ခါမှ မမြင်ဖူးသော်လည်း ၎င်းတို့ထံမှ ရင်းနှီးသော ခံစားချက်က ခံစားရစေသည်။

ထိုအချိန်တွင် ရုပ်သေးရုပ်၏ ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်... ပေါက်ကွဲသံနှင့်အတူ အဖြူရောင်ဆံချည်မျှင်များက သွေး အရောင်စွန်းသွားပြီး လေထဲသို့ လွင့်ပျံသွားခဲ့သည်။ စုမင်က တိုက်ဆိုင်မှုမျှသာ ဟုတ်မဟုတ် မသိသော်လည်း ဆံချည်မျှင်က သူ့ဆီသို့ လွင့်ပျံလာပြီး သူ့လက်ဖဝါးပေါ်သို့ ကျရောက်သွားသည်။

သူ့လက်ဖဝါးကို ထိလိုက်သည်နှင့် သူ တုန်လှုပ်သွားသည်။ ထို့နောက် သူ့မျက်လုံးထဲတွင် မုန်တိုင်းနှင့်တူသော တစ်စုံတစ်ခု ဝင်လာသည်။ သူ့စိတ်ကို ဆံချည်မျှင်များက ရစ်ပတ်ပြီး ထူးဆန်း သော လောကတစ်ခုထဲကို ဝင်သွားသကဲ့သို့ပင်ဖြစ်သည်။

စုမင်က သူ့ခေါင်းထဲတွင် ကျယ်လောင်သော အသံများကိုသာ ခံစားလိုက်ရသည် ။ သူ့ကိုယ်သူပင်လယ်နက် ဆီသို့ တစ်ရှိန်ထိုး ပြေးသွားသည်ကို မြင်လိုက်ရသည်။ ကောင်းကင်တွင် တိမ်တိုက်များက ပြင်းထန်သော အရှိန်ဖြင့် ရွေ့လျားနေပြီး ဤနေရာဝန်းကျင်ရှိ အလင်းတန်းများက အဆုံးမရှိသော ကောင်းကင်ဆီသို့ ဦးတည်သွားခဲ့သည်။

ကောင်းကင်၏ အဆုံးကို ရောက်ပြီး နေကို ဖုံးလွှမ်းနေသော တိမ်မည်းများကို ဖြတ်သန်းပြီးနောက် တောက်ပသော ကောင်းကင်ကြီး ပေါ်လာသည်။ သူ မရပ်တန့်ခဲ့ပေ။ သူ့ပတ်ဝန်းကျင်မှာဆံချည်မျှင်တစ်ချောင်းက သူ့ကို လုံလုံခြုံခြုံ ချည်နှောင်ထားပြီး ကောင်းကင်ကို ဆက်တက်ရန် လမ်းညွှန်ပေးနေသကဲ့သို့ပင်ဖြစ်သည်။

အချိန်မည်မျှကုန်သွားသည်မသိတော့ပေ။ ကြည်လင်သော ကောင်းကင်ကြီး မရှိတော့သောအခါတွင် အနက်ရောင် မြူခိုးများက သူ့ကို ဝိုင်းရံထားသည်။ ထိုမြုခိုးများနှင့် သူနဲ့ရင်းနှီးလေသည်။ အတိတ်က ကြေးဝါဓားကို ဝန်းရံထားပြီး ပြေးမထွက်အောင် တားဆီးထားသော ယင်မရဏနယ်မြေက မြူခိုးများပင်ဖြစ်သည်။

စုမင်က ဟိန်းဟောက်သံတစ်ခုကိုကြားရသည်အထိ မြူခိုးများကြားတွင် ဖြတ်သန်းသွားလာနေလေသည်။ ထိုစဉ်သားရဲတစ်ကောင်က သူ့ရှေ့မှာ မြူခိုးများကြားမှာ ရှိနေလေသည်။ ၎င်းတွင် မိကျောင်း၏ဦးခေါင်းရှိသော်လည်း ဖော်မပြနိုင်သည့်အကွာအဝေးအထိ ဖြန့်ကျက်ထားသည့် နဂါးတစ်ကောင်၏ကိုယ်လုံးရှိသည်။ ထိုသားရဲက တစ်ခုခုကို တုံ့ဆိုင်းနေသကဲ့သို့ ၎င်း၏ဦးခေါင်းကို အပြင်သို့ဆန့်ကာ လှည့်ပတ်ကြည့်နေသည်။

သတ္တဝါ၏ခန္ဓာကိုယ်မှ စုမင်၏စိတ်ကို ပြိုကွဲလုနီးပါးဖြစ် စေသော စွမ်းအားကြီးသောတည်ရှိမှုတစ်ခုကို ခံစားရသည်။သို့သော် ၎င်းက သူ့ကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။ စုမင်က လေထုအထက်သို့ ဆက်တိုက်တက်လာပြီး အနက်ရောင် မြူခိုးများ ဖြတ်သွားသည်ကို ခံစားလိုက်ရသည်။

လမ်းတွင် သူက အစွမ်းထက်ပြီး ထူးဆန်းသော ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ဒါဇင်ကျော်ကို သူတွေ့ခဲ့သည်။ အမှန်တော့၊ သူမြင်လိုက်ရသည်များက တိထျန်း၏ကိုယ်ပွားထက်တောင် ပိုသန်မာကြောင်း ခံစားရစေသည်။

သူ့အထက်က မြူခိုးများက တဖြည်းဖြည်း ပိုပါးလာသည်။ ခပ်အုပ်အုပ်ဟိန်းဟောက်သံများက လေထဲတွင် ပဲ့တင်ထပ်နေချိန်တွင် သူ အမှောင်ထုထဲသို့ တိုးဝင်သွား လေသည်။ ထိုစဉ် သူက နဂါးငွေ့တန်း၊ ကြယ်များနှင့် အတိတ်က ကြေးဝါဓားပေါ်တွင် သူမြင်ခဲ့ရသမျှ အရာအားလုံးကို သူမြင်လိုက်ရသည်။

စုမင်က သူ့အောက်ရှိ အနက်ရောင် မြူခိုးများကြောင့် ဖြစ်ပေါ်လာသောဝဲဂယက်ကို မြင်လိုက်ရသည်။ ၎င်းက အလွန်ကြီးမားပြီး အဆုံးမရှိသောစကြာဝဠာအတွင်း မယုံနိုင်လောက်အောင် ကျယ်ပြန့်သော ဧရိယာကို ဖုံးအုပ်ထားသည်။ ကျယ်လောင်သော ဟစ်ကြွေးသံများနှင့်အတူ လှည့်ပတ်နေသော ဝဲဂယက်.. မြူခိုးနက်များက သူကို ဝိုင်းထားသကဲ့သို့ မရဏ ရောင်ဝါက ဧရိယာတစ်ခုလုံးကို ပြည့်လျှံစေခဲ့သည်။

နဂါးငွေ့တန်းနှင့် ကြယ်များကို ကြည့်ရင်းပင် စုမင်၏ ခန္ဓာကိုယ်က ဆက်လက်မြင့်တက်လာသည်။ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ဝဲဂယက်နှင့်ဝေးရာတစ်နေရာမှာ တည်ရှိသော နဂါး ငွေ့တန်းထဲမှာ လွင့်မျောနေသော ကုန်းမြေကြီးတစ်ခုပေါ် ရောက်လာသည်။

ဤသည်မှာ လူဆိတ်ညံသော လစ်လပ်မြေတစ်ခုဖြစ်သည်။ ဤနေရာတွင် သက်ရှိများ၏ရှိခဲ့ဖူးသည့်အရိပ်အယောင်များတွေ့ခဲ့ရသည်။ တစ်ခုတည်းသော အဆောက်အအုံမှာ မြင့်မားသော ယဇ်ပလ္လင်ဖြစ်သည်။ ထိုပေါ်၌ လူတယောက် ရှိနေပြီး တိတ်တိတ်လေး လဲလျောင်းနေလေသည်။ သူ၏ခြေလက်များကို မြေပြင်နှင့် ချုပ်နှောင်ထားခြင်းခံရပြီး သွေးကွက်ခြောက်ကြီးက နေရာတစ်ခုလုံး ပြည့်သွားသည်။

လူ၏မျက်ခုံးအလယ်ဗဟိုတွင် သွေးစက်တစ်စက်ရှိပြီး ၎င်းတွင် အဖြူရောင်ဆံချည်မျှင်တစ်မျှင်ရှိလေသည်။

ထိုလူက အရွယ်ရောက်ပြီးသူ တစ်ယောက်ကဲ့သို့ ထင်ရသော်လည်း... စုမင်က ထိုလူ၏ အသွင်အပြင်ကို မြင်လိုက်ရချိန်မှာတော့ သူ့ခေါင်းထဲမှာ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုလူမှာ စစ်မာရှင်းပင်ဖြစ်သည်။

စုမင်က တုန်တုန်ယင်ယင်ဖြင့် သူ့ခေါင်းကို ကိုင်မိလေသည်။ မူလလူဆိတ်ညံရာမြေ နေရာပေါ်တွင် အလားတူ ယဇ်ပလ္လင်များ ရုတ်တရက် ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိုယဇ်ပလ္လင်များက အလွန်များပြားသဖြင့် နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသည်။ခန့်မှန်းကြည့်လိုက်လျှင် ရာနဲ့ချီရှိခဲ့သည်။

ထို့အပြင် ဤယဇ်ပလ္လင်များ၏ အရွယ်အစားမှာလည်း ကွဲပြားသည်။ မယုံနိုင်လောက်အောင်မြင့်မားသော ယဇ်ပလ္လင်ငါးလုံးရှိပြီး ၎င်းတို့၏အရွယ်အစားက အခြားသူများထက် သာလွန်သည်။စုမင်က ၎င်းတို့ကို မြင်လိုက်သည်နှင့် အနီးနားမှာ လဲလျောင်းနေသောအလောင်းများ ရှိမရှိကို ကြည့်ရန် စိတ်အားထက်သန်ခဲ့သည်။

သူ အပြင်ကို လှမ်းကြည့်ချင်သော်လည်း ချက်ချင်းပင် ပြင်းထန်သော စုပ်ယူမှု စွမ်းအားတစ်ခုက သူ့နားတွင် ထွက်ပေါ်လာပြီး လွန်ကဲသော အရှိန်ဖြင့် နောက်သို့ ဆွဲယူသွားသည်။ ချက်ချင်းပင် စုမင်ကို ယင်မရဏ နယ် မြေရှိ ဝဲဂယက်ဆီသို့ ပြန်ခေါ်သွားခဲ့သည်။

စုမင်၏ မျက်လုံးများ တောက်ပလာသည်။ သူ့ခန္ဓာကိုယ်ကို ထိုနေရာလေးမှာ နေနိုင်စေသည့်စွမ်းရည်ကို အသက်သွင်းတော့မည်အချိန်၌ … သူ့မှာ ခန္ဓာကိုယ်မရှိ၊ သူ့စိတ်ဝိညာဉ်မျှင်သာ ရှိကြောင်း ရှာဖွေသိရှိသွားလေသည်။

ခါးသီးစွာ နောက်ပြန်ဆုတ်သွားရင်း နောက်ပြန်ဆုတ်သွားခဲ့ရသော်လည်း သူ့ နှလုံးသားထဲတွင် ထိုပုံရိပ်ကို စွဲမှတ်ထားလေသည်။ သူ့မျက်လုံးထဲတွင် ရူးသွပ်မှုများကို တွေ့ရ လေသည်။

သူ ဆုတ်ခွာသွားသည်နှင့် နဂါးငွေ့တန်းထဲတွင် အဆုံးမရှိ တိုက်ကြီးများ လွင့်မျောနေသည်ကို သူမြင်လိုက်ရသည်။ ဧရာမမှော်အစီအရင်များ ဖြစ်ပေါ်လာသကဲ့သို့ တိုက်ကြီးတိုင်းတွင် ဤကဲ့သို့သော ယဇ်ပလ္လင်များ ရှိသည်။ ထို မှော်အစီအရင်၏အလယ်တွင် တိုက်ကြီးတစ်ခုရှိပြီး ထိုတိုက်ကြီးတွင် ကြီးမားသောယဇ်ပလ္လင်တစ်ခုသာရှိသည်ကို ယောင်ဝါးဝါးမြင်လိုက်ရသည်။

အလယ်ဗဟိုရှိ တိုက်ကြီးက ယဇ်ပလ္လင်တစ်ခုသာ ဖြစ်သည်ဟု ဆိုခြင်းသည် ပိုမှန်ပေလိမ့်မည်။

စုမင်က ထိုနေရာကို ခေတ္တမျှ လှမ်းကြည့်နိုင်ခဲ့သော်လည်း သူ့ဝိညာဉ်ဆီသို့ လှမ်းခေါ်သံကို ခံစားလိုက်ရသည် ။

ထိုအရာက သူ နောက်ဆုံးမြင်လိုက်ရခြင်းပင်ဖြစ်သာ်။ သူ့ ရှိနေရာ‌ လောကကြီးထံတစ်ဖန် ပြန်လည် ရောက်ရှိလာသောအခါ ပင်လယ်နက်ကြီးတွင် မတ်တပ်ရပ်လျက် သူ့လက်ဖဝါးထက်တွင် အဖြူရောင်ဆံချည်မျှင်များ လွင့်နေတာကို တွေ့လိုက်ရသည်။

သူ ရောက်ရှိခဲ့သောလောကကြီးက

တဖြည်းဖြည်း ကွဲအက်သွားပြီး သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်..။

စုမင်က ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေပြီး မျက်လုံးများကိုမှိတ်ထားသည်။ ထိုအချိန်တွင် သူ့အောက်ရှိ ဒုတိယမာန်နတ်ဘုရား၏ဘယ်ဘက်လက်မှအဝါရောင်အလင်းတန်းက ပျံ့နှံ့သွားသည်နှင့်အမျှကျယ်လောင်သောပေါက်ကွဲသံတစ်ခုသည်လေထဲသို့ပျံ့လွင့်လာသည်။ အလင်းရောင်က ပိုတောက်ပလာပြီး ပင်လယ်ကြမ်းပြင်တစ်ခုလုံးကို လင်းထိန်သွားစေခဲ့သည်။

ဘုရားငါးဆူလမ်းကြောင်းမှ ကြီးမားသောချိပ်စည်းတစ်ခုက ဒုတိယမာန်နတ်ဘုရား၏ဘယ်ဘက်ကို ညွှန်ပြနေလေသည်။ အတိုင်းအတာတစ်ခုအထိ ထိုလက်ကိုတံဆိပ်ခတ်ထားသကဲ့သို့ မမြင် အောင်ဖုံးအုပ်ထားသည်။

ထိုတံဆိပ်က ဒုတိယမာန်နတ်ဘုရားကို ဖိနှိပ်ခဲ့သော ဘုရားငါးဆူစည်းတံဆိပ် ဖြစ်သည်။

စစ်မာရှင်းက စုမင်ကို သူနဲ့အတူ သေစေနိုင်သည်ဟု ယုံကြည်ထားသော ရတနာတစ်ခုလည်း ဖြစ်သည်။ ထိုရတနာက ဖိနှိမ်ရန် နှင့် တံဆိပ်ခတ်ရန်သာဖြစ်သည်။ ဒုတိယမာန်နတ်ဘုရားဘုရားသခင်နှင့်ဆက်နွှယ်နေသူအားလုံးနှင့်စွမ်းအားများအားလုံးကိုတံဆိပ်ခတ်ရန်ဖြစ်သည်။

သို့သော် ၎င်း၏ သက်တမ်းကြာရှည်မှုကြောင့် ချိပ်စည်းများ၏ စွမ်းအားက အလွန်လျော့ကျသွားခဲ့သည်။ ဒုတိယဘုရားသခင်၏ကြီးမားသောစွမ်းအားက သူ့ဘယ်လက်ရှိ ဘုရားငါးဆူစည်းတံဆိပ်၏စွမ်းအားနှင့် ရောယှက်သွားစေခဲ့သည်။ ထိုစဉ် ချိပ်တံဆိပ်၏ ဖိနှိပ်မှုစွမ်းအားက တစ်ဖန် အားနည်းလာသောကြောင့် စစ်မာရှင်းက အမွေအနှစ်ကို ရယူနိုင်ခဲ့သည်။

သို့သော်… စစ်မာရှင်း၏ ရူးသွပ်မှုကြောင့် ချိပ်တံဆိပ်က အသက်ဝင်(ပွင့်)လာခဲ့သည်။

နက်နဲသောပင်လယ်ရေက ငြိမ်သက်နေ လေ၏။ ပင်လယ်ကြမ်းပြင်ရှိ လှိုင်းတံပိုးများက ငြိမ်သက်နေလေသည်။ ပင်လယ်အောက်ခြေရှိ အရာအားလုံးက ယခုအချိန်မှစပြီး ရွေ့လျားမှု ရပ်တန့်သွားခဲ့သည်။ စစ်မာရှင်း၏ ပြိုကျနေသော ခန္ဓာကိုယ်အပြင်၊ လက်ဖဝါးအထက်တွင် လွင့်နေသော အဖြူရောင်ဆံချည်မျှင်ကြိုးနှင့်စုမင်ကိုယ်တိုင်လည်း အခြားအရာအားလုံး အေးခဲရပ်တန့်သွားခဲ့သည်။

ထို့‌နောက် စုမင် မျက်လုံးဖွင့်လိုက်သည်။

All Chapters