← Chapters

မုတ်ဆိတ်ပျားစွဲ

Vol. 41 Ch. 565

မုတ်ဆိတ်ပျားစွဲ

Vol. 41 Ch. 565

စုမင်က မျက်လုံးဖွင့်လိုက်သည်နှင့် နတ်ဘုရားဘယ်ဘက်လက်ပေါ်ရှိ ဘုရားငါးဆူစည်းတံဆိပ်မှ အဝါရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းရောင်က နေနှင့်တူသောကြောင့် ပင်လယ်၏ နက်နဲရာများကို ရွှေရောင်တောက်တောက် လင်းလက်စေကာ ရွှေကမ္ဘာအဖြစ်သို့ ပြောင်းလဲသွားစေသည်။

စုမင်၏ ခန္ဓာကိုယ်ကိုလည်း ထိုအလင်းရောင်ကြောင့် လင်းထိန်သွားသည်။ သူ့အသွင်အပြင်က မှိန်ဖျော့ဖျော့နေပြီး နူးညံ့သော ရွှေရောင်အလင်းတန်းများနှင့် တောက်ပနေလေသည်။ အလင်းရောင်မှ အန္တရာယ် တစ်စုံတစ်ရာကို မတွေ့နိုင်သော်လည်း ဤကမ္ဘာကြီးတွင် ထူးဆန်းလွန်းလှသည်။

အဘယ်ကြောင့်ဆိုသော် ဤအလင်းရောင်၏ ဧရိယာအတွင်းမှ လင်းထိန်နေသော အရာအားလုံးက ... ပင်လယ်ရေ သို့မဟုတ် ရေခဲဖြစ်မည်ဆိုပါက သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားပေလိမ့်မည်။

ရွှေရောင်အလင်းတန်းက အရာအားလုံးကို ဝါးမြိုသွားသလိုပင် စုမင် ပတ်၀န်းကျင်က အရာအားလုံးပျောက်ကွယ်သွားတော့ ရွှေရောင်အလင်းတန်းက တဖြည်းဖြည်း ကျုံ့သွားသည်။ ပြန်လင်းလက်လာသောအခါ အလင်းရှိရာ‌ နေရာများနှင့်ပင်လယ်က မတူညီသောအချိန်အတိုင်းအတာနှစ်ခုသို့ ကွဲသွားပုံရသည်။

တံဆိပ်ခတ်ခြင်းစွမ်းအားက ရွှေရောင်အလင်းတန်းကို ပြည့်စေခဲ့သည်။ စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူ့ခန္ဓာကိုယ်က ရုတ်တရက် ယိမ်းနွဲ့သွားပြီး သူ့နေရာကနေ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူ ပျောက်ကွယ်သွားပြီး တခဏချင်းမှာပဲ သူ့မူလနေရာမှာ ပြန်ပေါ်လာသည်။ သူ့အမူအရာက မည်းမှောင်သွားပြီး မျက်မှောင်ကြုတ်သွားသည်။

ယခုပင် သူ တုန်လှုပ်သွားသော်လည်း သူ့ကို ချက်ချင်း ဖယ်ထုတ်ခံလိုက်ရသည်။ ဤနေရာရှိချိပ်တံဆိပ်က အရာအားလုံးကို ခွဲထုတ်လိုက်သည်။

ထိုနေရာရှိ ရွှေရောင်အလင်းတန်းများသည် သူ့မျက်စိရှေ့တွင် ဆက်လက်ကျုံ့သွားခဲ့သည်။ ထိုအလင်း၏ အစွန်းများက မှောင်နေလေ၏။

စုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ရှည်လျားသော အကွေ့အကောက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ညာလက်ကို မြှောက်လိုက်ပြီး လေထုကို ဆုပ်ကိုင်လိုက်သည်။ ချက်ချင်းပင် ကြေးဝါရောင်ဓါးကြီးပေါ်လာလေသည်။

ကျုံ့သွားသော ရွှေရောင်အတားအဆီးဆီသို့ ထိုးဖောက်ဝင်ရောက်လေသည်။

လေထဲတွင် ကျယ်လောင်သော အသံတစ်ခု ပဲ့တင်ထပ်လာသည်။ စုမင်က နောက်ပြန်ဆုတ်လိုက်ပြီး ရှစ်လှမ်းဆက်တိုက် နောက်ပြန်ဆုတ်လိုက်သည်။ သူ့အမူအရာက ပို၍ လေးနက်လာသည်။ ရွှေအတားအဆီးအတွင်းပါရှိသော တံဆိပ်ခတ်ခြင်းစွမ်းအားက သူဖောက်မဝင်နိုင်သောအရာဖြစ်သည်။

အလင်းရောင် ဆက်လက်ကျုံ့လာသည်နှင့်အမျှ စုမင်က အပေါ်ကို မော့ကြည့်လိုက်သည်။ သူ့မျက်နှာတွင် လေးနက်သော အမူအရာတစ်ခု ပေါ်လာသည်။ သူ့ခေါင်းထက်က ရွှေရောင်အလင်းအတားဆီနောက်မှာ ရွေရောင်ပုံရိပ်တစ်ခုကို ဝိုးတဝါးတွေ့လိုက်ရသည်။ ထိုအရာက အတားအဆီးတစ်ခုပင်မဟုတ်ဘဲ ငါးယောက်ထဲက တစ်ယောက်ပင် ဖြစ်သည်။

အလွှာတစ်ခုစီတွင် အလင်းလွှာအကာအကွယ်ငါးခုက ပိုမိုနက်မှောင်လာကာ ၎င်းတို့အားလုံးက ရွှေရောင်ဖြစ်သည်။

ဤသည်မှာဘုရားငါးဆူချိပ်တံဆိပ် ဖြစ်သည်။ ရွှေရောင်အလွှာတစ်ခုစီက တံဆိပ်၏ စွမ်းအား ဦးတည်ရာတစ်ခုကို ကိုယ်စားပြုသည်။ ထိုအချိန်တွင်၊ ဦးတည်ရာငါးခုစလုံးရှိနေသဖြင့် တံဆိပ်၏စွမ်းအားက သာမန်မဟုတ်တော့ပေ။

စုမင်ပတ်လည်ရှိ ရွှေရောင်အလင်းတန်းများက နတ်ဘုရားဘယ်ဘက်လက် ဆက်တိုက်ကျုံ့သွားသည့်‌အနားတွင်မရပ်နိုင်စေရန် ခြေလှမ်းအနည်းငယ်ဆုတ်ခိုင်းသည်။ သူ့ခန္ဓာကိုယ်က အဆက်မပြတ် ကျုံ့နေသောလှောင်အိမ်ထဲတွင် ပိတ်မိနေသကဲ့သို့ဖြစ်ပြီး ဆက်လက်ကျုံ့သွားလျှင် လှောင်အိမ်ထဲတွင် ပိတ်မိမည်ဖြစ်သည်။

စုမင်က မျက်မှောင်ကြုတ်လိုက်သည်။ စစ်မာရှင်း သေဆုံးသွားဟန်ရှိသော်လည်း မသေဆုံးမီတွင် သူအသက်သွင်းခဲ့သော ဤတံဆိပ်ခတ်ခြင်းစွမ်းအားက မယုံနိုင်လောက်အောင်ပင် ထူးဆန်းလှသည်။စုမင်က ကြိုးစားရုန်းထွက်သော်လည်း အချည်းနှီးသာဖြစ်သည်။သူ ကြိုထွက်သွားနိုင်လျှင်တောင် အလင်းထဲမှာ ဖုံးအုပ်ထားဆဲဖြစ်ပြီး ထာဝရတံဆိပ်ခတ်ခံရမည်။

“စစ်မာရှင်းက ဘယ်လောက် ရူးသွပ်လဲဆိုရင် ဒီတံဆိပ်က ဒုတိယ ဘုရားသခင်ရဲ့ ဘယ်ဘက်လက်ကို တံဆိပ်ခတ်ထားရမှာ... ဒါပေမဲ့အခု နတ်မင်းကြိုဆိုဆေးလုံးက နတ်ဘုရားရဲ့အပိုင်းအစတွေကိုစုပ်ယူလိုက်တာဆိုတော့.. အဲ့ဒါကိုအသက်သွင်းနေတဲ့ ငါပါ

ချိပ်ပိတ်ခံရတော့မှာပဲ...”

စုမင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ထိုအချိန်တွင် သူက ထိုဘယ်ဘက်လက်နှင့်ပေများစွာအကွာ ဤမြေတွင် မတ်တပ်ရပ်နေသည်။ သူတို့ဆီသို့ ဖြည်းညှင်းစွာ ကျုံ့လာသော ရွှေရောင်အလင်းတန်းက ပေတစ်ရာအကွာတွင် ရှိနေသည်။

အလင်းလွှာအကာအကွယ်ငါးခုထက် ကျော်လွန်သော နေရာက ဟင်းလင်းပြင်ကြီးဖြစ်သည်။ ထိုအရာက ပင်လယ်ရေနဲ့ ပိုင်းခြားထားသော လျှိုမြောင်တစ်ခုကဲ့သို့ပင်ဖြစ်သည်။

‘စစ်မာရှင်းက ငါ့ကို သူ့လိုပဲ အမွေရခဲ့တာလို့ ယုံကြည်ခဲ့တယ်... ဒါပေမဲ့ တကယ်တော့ နတ်မင်း ကြိုဆိုဆေးလုံးကြောင့် အမွေအနှစ်တွေရခဲ့တာ.. ဒါကြောင့် ဒီနေရာကနေ ထွက်သွားရတာ အရမ်းရိုးရှင်းတယ်..ငါ့မှာ ဒုတိယဘုရားသခင်ရဲ့အ‌ မွေအနှစ်တွေမရှိဘူးဆိုတာကို ပြနိုင်ရင် ငါလွတ်ပြီ...”

စုမင်၏ မျက်လုံးထဲတွင် စူးစူးရဲရဲ အကြည့်တစ်ချက် ပေါ်လာသည်။ သူက ရွှေရောင်အလင်းတန်းကို ကြည့်ကာ ပါးစပ်ကို အမြန်ဖွင့်လိုက်သည်။ ချက်ချင်းပင် မှောင်မိုက်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ့ရှေ့တွင် နတ်မင်း ကြိုဆို ဆေးလုံးအဖြစ်သို့ ပြောင်းလဲသွားသည်။

သူ့ခန္ဓာကိုယ်မှ ဆေးလုံး ထွက်သွားသည်နှင့် တပြိုင်နက် အလင်းတန်းများ သူ့အပေါ်သက်ရောက်မှုက လျင်မြန်စွာ အားနည်းသွားသည်။ ဒုတိယဘုရားသခင်နှင့်ပတ်သက်သောမြင့်မြတ်သောစွမ်းရည်များအားလုံးသည်လည်းသူ၏အမှတ်တရများမှပျောက်ကွယ်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်အပေါ် ထိန်းချုပ်မှုကလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားကာ ယခင်ကဲ့သို့ ပျက်စီးယိုယွင်းသွားခြင်းမရှိတော့ပေ။

ပို၍အရေးကြီးသည်မှာ နတ်မင်းကြိုဆို ဆေးလုံးကို ဖယ်ရှားလိုက်သည့် တခဏချင်းတွင် သူ့ပတ်ဝန်းကျင်ရှိ ကျုံ့နေသော ရွှေရောင်အလင်းတန်းများထံမှ ချိတ်ဆွဲမှုစွမ်းအားကို သူ အာရုံမခံစားနိုင်တော့ပေ။

“ငါထင်သားပဲ’

ဆူမင်၏ မျက်ခုံးများက မပြေလျော့ဘဲ မျက်မှောင်ကြုတ်ကာ ဆက်ပြောသည်။ မရေမရာဖြစ်နေသောအရိပ်အယောင်များက သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။

သူက သူ့ဘေးတွင် မတ်မတ်ရှိနေသော နတ်ဘုရား၏ဘယ်ဘက်လက်ကို ကြည့်လိုက်သည်။ ထို့နောက်ဘုရားငါးဆူချိပ်တံဆိပ်မှ ရွှေရောင်အလင်းတန်းကို ကြည့်ကာ မသေချာမရေရာ ဖြစ်လာသည်။

‘ငါ အခုထွက်သွားရင် ငါ့မှာ အန္တရာယ်ဖြစ်နိုင်ချေ များတယ်.. ဒုက္ခအများကြီးမခံစားရဘဲ နဝမမြောက်တောင်ထွဋ်က်ု ထိပ်သီးအစည်းအဝေးကို ပြန်သွားနိုင်ပါတယ်... ဒါပေမယ့် ဒုတိယဘုရားသခင်ရဲ့ ဘယ်ဘက်လက်ကို ထပ်ပြီး ချိတ်ပိတ်သွားပါလိမ့်မယ်.. ငါပြန်လာပြီး နောက်မှလိုက်ရှာရင်တောင် ရှာတွေ့မှာမဟုတ်တော့ဘူး...’’

စုမင်၏ အကြည့်များက အလင်းတန်းနှင့် ပင်လယ်ရေကြားတွင် ရှိနေသော လျှိုမြောင်ပေါ်သို့ ကျဆင်းသွားသည် ။ ရှင်းနေသည်မှာ ဤနေရာကို နှစ်ပိုင်းခွဲထားသည်။ ဤနေရာမှ ထွက်ခွာခြင်းက ပြင်ပလောကမှ ဝင်လာရန် ကြိုးစားခြင်းထက် ပိုမိုလွယ်ကူသည်။

‘ဒါပေမယ့် ဒီအတိုင်း ထွက်သွားရင် တော်တော်ကံဆိုးတာပဲ...’

စုမင်က မျက်မှောင်ကြုတ်ပြီး ဆက်ပြောသည်။ သူက ဒုတိယဘုရားသခင်ကို အမှန်တကယ်စိတ်မ၀င်စားသော်လည်း စုမင်၏အကြင်နာမဲ့မာန်မျိုးစေ့ အကြောင်းတွေးသောအခါတွင် သူ့တွင် ခံစားချက်မျိုးစုံရှိနေသည်။ ပို၍အရေးကြီးသည်မှာ၊ ဒုတိယဘုရားသခင့်စွမ်းရည်နှင့် အမွေအနှစ်၏စွမ်းအားကိုယခုပင်တွေ့မြင်ခဲ့သည်။ မကြာသေးမီကပင် ၎င်းတို့ထဲမှ တစ်ခုကို အသက်သွင်းခဲ့လေသည်။

“ဒုတိယမာန်နတ်ဘုရားရဲ့ဘယ်ဘက်လက်က စစ်မာရှင်းကိုအဆက်မပြတ်ပြန်လည်ကောင်းမွန်စေခဲ့တယ်..ဒါ့ကြောင့် အဲဒီ့ထဲမှာ အသက်စွမ်းအားတွေ အများကြီးရှိရမယ်.. ငါ့ခန္ဓာကိုယ်ထဲက အရိုးအားလုံးရဲ့ ရှစ်ပုံကို မာန်အရိုးအဖြစ်ပြောင်းလဲပြီးသွားပြီ..ပြီးတော့ ငါဒုတိယနတ်ဘုရားရဲ့ဘယ်ဘက်လက်ကို ထပ်ပြီးစုပ်ယူနိုင်ခဲ့မယ်ဆိုရင် နောက်တစ်ကြိမ် ထပ်ပြီးအောင်မြင်မှုရနိုင်မယ်...”

စုမင်က ထိုအကြောင်းကိုတွေးပြီးသည်နှင့် သူ့နှလုံးသားက မြင်းတစ်ကောင်ကဲ့သို့ ဒုန်းစိုင်းနေလေသည်။

တစ်ဖက်တွင်မူ သူသည် ဘေးကင်းစွာ ထွက်ခွာသွားနိုင်သော်လည်း အမွေအနှစ်များစွာကို ခံယူနိုင်မည်မဟုတ်ပေ။ အခြားတစ်ဖက်တွင်၊ သူက အမွေအနှစ်မျးကိုစုပ်ယူရန်ဖြစ်သောကြောင့် အန္တရာယ်နှင့် ရင်ဆိုင်နိုင်သည်။ သူကျရှုံးသည်ဖြစ်စေ အောင်မြင်သည်ဖြစ်စေ အရေးမကြီးပေ။ ထာဝရတံဆိပ်ခတ်ခံရမည့်အန္တရာယ်ကို သူရင်ဆိုင်ရမည်ဖြစ်သည်။

“ဘယ်လိုရွေးချယ်ရမလဲ.....”

အချိန်အနည်းငယ်သာကျန်တော့သည်၊၊စုမင်က ဤကိစ္စကို လေးလေးနက်နက် စဉ်းစားရန် လုံးဝအချိန်မရှိပေ။ သူ့မျက်လုံးထဲတွင် ဖျတ်ခနဲ လင်းလက်လာပြီး အံကြိတ်လိုက်သည် ။

စွန့်စားရမှသာလျှင် အောင်မြင်မှု လာပါသည်။ အကြောင်းမရှိဘဲ ရောက်လာမည့် လောက၌ သာယာမှု မရှိပါ။ ငါလိုချင်တဲ့အရာကို ရယူပြီး လဲလှယ်ဖို့ တိုက်ပွဲဝင်ဖို့ လိုပါတယ်… ဖယောင်းတိုင်နဂါးရဲ့ မသေမချာနဲ့ မပျက်စီးနိုင်တဲ့ ကမ္ဘာမှာ ခမ်းနားတဲ့ အဖြစ်အပျက်တစ်ခုကို လက်ခံရရှိပြီး ဖယောင်းတိုင်နဂါးရဲ့ ကောင်းချီးကို ရရှိခဲ့တာ ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် မယုံနိုင်စရာ အန္တရာယ်တစ်ခုနဲ့ ထုတ်ဖော်ပြသရင်းနဲ့ အဲဒါအတွက် တိုက်ပွဲဝင်ခဲ့တာပဲ!’

သူ့ပတ်ဝန်းကျင်ရှိရွှေရောင်အလင်းတန်းက မာန်နတ်ဘုရားဘယ်ဘက်လက်နှင့်နီးကပ်လာလေသည်။ သူ့အပေါ်ရှိ အလင်းလွှာအကာကွယ်က စုမင်နှင့်နတ်ဘုရားဘယ်လက်ရှိရာသို့ နိမ့်ဆင်းကျလာသည်။ဘုရားငါးဆူစည်းတံဆိပ်မှ လင်းထိန်နေသော အလင်းရောင်က နူးညံ့သိမ်မွေ့ခြင်းမရှိတော့ဘဲ ပြင်းထန်ပြီး အားကြီးသောအရှိန်အဝါရှိလာသည်။

‘ငါစွန့်စားမှရမယ်..”

စုမင်၏မျက်နှာပေါ်တွင် စိတ်ပိုင်းဖြတ်ထားသောအကြည့်တစ်ခုပေါ်လာသည်။ သည်အတိုင်း ထွက်သွားလျှင် သူ့စိတ် မကျေမနပ်ဖြစ်မှာ သေချာလေ၏။ထို့ကြောင့် သူ စွန့်စားရန် ဆုံးဖြတ်လိုက်သည်။

စုမင်က ဤဆုံးဖြတ်ချက်ကို ချက်ချင်းချလိုက်ပြီး ညာလက်ကို မြှောက်လိုက်သည်။ နတ်မင်းကြိုဆို‌ဆေးလုံးကို ဆုပ်ကိုင်ကာ နောက်တစ်ကြိမ် မျိုချလိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ရှိနေသောတည်ရှိမှုက ချက်ချင်းပင် ပြောင်းလဲသွားသည်။ သူ့မျက်လုံးများက ပို၍ပင် နက်မှောင်လာသည်။ သူ့မျက်လုံးများတွင် မှုန်ဝါးဝါး ပုံရိပ်ယောင်တစ်ခုက အရိပ်တစ်ခုသည် ပေါ်လာသည်၊၊ ထို့နောက် ဒုတိယမာန်နတ်ဘုရားဧ။မ ဘယ်ဘက်လက်ပေါ်သို့ တက်လှမ်းရန် ခြေတစ်လှမ်း လှမ်းခဲ့သည်။ စုမင်က ထိုနေရာသို့ ပထမဆုံးအကြိမ် လှမ်းတက်ခဲ့ပြီး စစ်မာရှင်း ယခင်က ပြုလုပ်ခဲ့သည့်အတိုင်းပင် တင်ပျဉ်ခွေထိုင်ကာ ထိုင်ချလိုက်သည်။ ဘယ်ဘက်လက်ကိုထိလိုက်သောအခါ စုမင် ပထမဆုံးခံစားရသည့်အရာမှာ နွေးထွေးမှု ဖြစ်သည်။မရေမတွက်နိုင်သော နွေးထွေးမှုက တစ်နေရာရာမှာ တွေ့ဖူးသကဲ့သို့ ခံစားရစေတယ်။ သူထိုင်လိုက်သည်နှင့် သူ့အပေါ်မှ ဦးတည်ရာငါးခုမှ အလင်းရောင်သည် ပို၍ပင် တောက်ပလာပြီး နူးညံ့သိမ်မွေ့သော အလင်းရောင်မှ စူးရှသော အလင်းတန်းဆီသို့ ပြောင်းလဲလာသည်။ ထိုအတွင်းပါရှိသော တန်ခိုးကြီးသော တည်ရှိမှုသည် ယခုအချိန်တွင် အဆုံးမရှိ ကြီးထွားလာခဲ့သည်။

“ခင်ဗျားရဲ့အမွေအနှစ်ကို ကျုပ်မလိုအပ်ပါဘူး.. ခင်ဗျားရဲ့အသက်စွမ်းအားနဲ့မာန်နတ်ဘုရား တွေရဲ့ကျင့်စဉ်တွေကိုပဲ လိုချင်တယ်”

စုမင်က မျက်လုံးမှိတ်ထားရင်း လက်နှစ်ဖက်ကို မြှောက်ကာ သူ့ဘေးနားရှိ မျက်နှာပြင်ပေါ်မှာ ဖိကပ်ထားလေသည်။ ချက်ချင်းပင် စုမင်က အသက်ပြင်းပြင်းရှူလိုက်သည်။ များပြားလှသော အသက်စွမ်းအား အများအပြားက လေထဲတွင် ပဲ့တင်ထပ်နေသည့် အသံများနှင့်အတူ သူ့လက်များနှင့် ခန္ဓာကိုယ်မှတဆင့် သူ့ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ တိုးဝင်လာသည်။ ဤသည်မှာ....ဘယ်ဘက်လက်အတွင်းပါရှိသောတန်ခိုးဖြစ်သည်။ ၎င်းသည် လက်မောင်းကို မပျက်စီးစေရန် ပံ့ပိုးပေးသည့် စွမ်းအားဖြစ်ပြီး ဤပါဝါသည် မူလက စစ်မာရှင်းမှလွဲ၍ အခြားမည်သူမျှ မစုပ်ယူနိုင်သော အရာဖြစ်သည်။

စစ်မာရှင်းက သူ၏ကျင့်ကြံမှုအဆင့်ကြောင့် အသက်စွမ်းအားကို အလွန်အကျွံ မစုပ်ယူနိုင်ပေ။ သူက သူ၏ ကျင့်ကြံမှုအဆင့် မြင့်တက်လာတိုင်း ဤစွမ်းအားလှိုင်းကို စုပ်ယူရန် မူလက ရည်ရွယ်ခဲ့သည်။ ထို့နောက် သူ၏ကျင့်ကြံမှု ပြီးပြည့်စုံစွာ ပြီးမြောက်သောအခါ ထိုဘယ်ဘက်လက်အတွင်းမှ စွမ်းအားအားလုံးကို စုပ်ယူပြီး ၎င်းကို သူ့ပိုင်သောအရာအဖြစ် ပြောင်းလဲပစ်မည်ဖြစ်သည်။ ထိုအချိန်တွင်၊ သူက ဒုတိယနတ်ဘုရား၏အစိတ်အပိုင်းတစ်ခုကိုရရှိနိုင်လိမ့်မည်။

ယခု စစ်မာရှင်း သေဆုံးခြင်းနှင့်အတူ ထိုဘယ်ဘက်လက်အတွင်းပါရှိသော စွမ်းအားကို အခြားမည်သူမျှ စုပ်ယူနိုင်မည်မဟုတ်ပေ။ သို့သော် နတ်မင်းကြိုဆိုဆေးလုံးကြောင့် စုမင်က အမွေအနှစ်ကို သွယ်ဝိုက်၍ ရယူနိုင်ခဲ့သည်။ ဤစွမ်းအားကို စုပ်ယူနိုင်သော လူအဖြစ်သို့ ပြောင်းလဲခဲ့သည်။ ထို့အပြင် စုမင်က သူ့ခန္ဓာကိုယ်ရှိ မာန် အရိုးများအတွက် လိုအပ်သော အသက်စွမ်းအားပမာဏသည် ရိုးရှင်းလွန်းပြီး စစ်မာရှင်းက မယှဉ်ရဲပေ။ ထို့ကြောင့် စုမင်က အသက်စွမ်းအားကို စုပ်ယူလိုက်သောကြောင့် အောက်ခြေမရှိသောတွင်းအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ သူ့မျက်လုံးများကိုမှိတ်ထားလိုက်သ ်။ သူ့ခန္ဓာကိုယ်ထဲကို အသက်စွမ်းအားတွေ တိုးလာသည့်အခါ ထိုဘယ်ဘက်လက်က တုန်လှုပ်သွားပြီး ယခင်ကတည်းက ဘယ်တော့အခါမှ မလှုပ်ရှားဖူးသော လက်ချောင်းများက ဖြည်းဖြည်းချင်း ရွေ့လျားလာလေသည်။

နောက်ဆုံးတွင် ထိုလက်ချောင်းငါးချောင်းက စုမင်၏ခန္ဓာကိုယ်ကို ကာကွယ်သည့် အကာတစ်ခုအဖြစ်သို့ ပြောင်းလဲရန် ဖြည်းညှင်းစွာပိတ်စပြုလာသည်။

ဤအကာအကွယ်က မရေရာသော အသိအမှတ်ပြုမှုပုံစံဖြစ်ပြီး မူလက စစ်မာရှင်း၏ ကံကောင်းမှုဖြစ်သင့်သော်လည်း ယခု... ၎င်းက စုမင်အတွက် ဖြစ်လာခဲ့သည်။

စစ်မာရှင်းမသေဘဲ ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် သူသွေးအန်မှာ သေချာလေ၏။ မူလက သူ့ပိုင်သင့်သည့်အရာဖြစ်သည်။စုမင် က ခေါင်းကို မော့လိုက်သည်။ သူ၏ရှည်လျားသောဆံပင်များက လေထဲတွင် ကခုန်နေပြီး နီးကပ်လာသောရွှေရောင်အလင်းတန်းများကိုကြည့်လိုက်သည်။ သူ့ဦးခေါင်းထက်တွင် ဘုရားငါးခု လွင့်မျောနေသဖြင့် သူ့ပတ်ဝန်းကျင်တစ်ခုလုံးကို ချိပ်ပိတ်သွားစေသည်။ ထိုနေရာက သေမင်း၏တိတ်ဆိတ်မှုများဖြင့် ပြည့်နှက်နေလေသည်။ စုမင်က မလှုပ်မယှက်ထိုင်နေပြီး ထိုဘယ်ဘက်လက်ကြားတွင် ဖြစ်ပေါ်လာသော အက်ကွဲကြောင်းများကို မြင်တွေ့နိုင်သည်။

အချိန်များ တဖြည်းဖြည်းကုန်ဆုံးသွားသည်။ ထိုအချိန်တွင် ဤတံဆိပ်ခတ်ထားသော နေရာအပြင်ဘက်တွင် နဝမမြောက်တောင်ထွဋ်ရှိ လူအများအပြား စုဝေးခဲ့ကြသည်။ ဤလူများအားလုံးက ကောင်းကင်ဘုံနယ်နမိတ် မှ အသက်ရှင်ကျန်ရစ်သူများဖြစ်သည်။ ထိုအချိန်တွင် သူတို့အားလုံးက ပင်လယ်ဘက်သို့ ရံဖန်ရံခါ မျှော်ကြည့်ရင်း သူတို့၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာများ ရှိနေကြသည်။ပိုင်စု၏မျက်နှာပေါ်တွင် စိုးရိမ်သောကအမူအရာရှိနေကာ ထောင့်တစ်နေရာမှ တိတ်တဆိတ် ပင်လယ်မျက်နှာပြင်ကို တိတ်တဆိတ်ကြည့်နေသည်။ ဟူကျီက သူ၏ လှိုဏ်ဂူတွင် ဆက်လက်ဟောက်နေစဉ် ထိပ်ပြောင်ကြိုးကြာငှက်က ဟူကျီ ၏နောက်ကျောကို လှမ်းတက်ကာ ချွန်ထက်သောနှုတ်သီးဖြင့် ထိုးဆိတ်လိုက်သည်။ ဟူကျီနောက်ကျောမှ ပါးလွှာသော ချည်မျှင်တစ်ချောင်းကို ထုတ်ယူပြီး မျိုချလိုက်သည်။ သူ့မျက်နှာပေါ်တွင် မယုံနိုင်လောက်အောင် ကျေနပ်နေသော အကြည့်တစ်ခု ပေါ်လာသည်။

“မင်း စောစောက ငါနဲ့တူတူပုန်းတမ်း ကစားချင်နေတာ မဟုတ်ဘူးလား... သွား..ပုန်း‌နေတော့.. ငါ မင်းကို လိုက်ရှာမယ် မိသွားရင်စားပစ်မယ်....”

All Chapters