နွေးထွေးမှု
Vol. 41 Ch. 566
ရေခဲများက သမုဒ္ဒရာ၏ အနက်ရှိုင်းဆုံးတွင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ပင်လယ်ကြီးတစ်ခုလုံး မှောင်မိုက်နေပြီး သေမင်းကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေ၏။
အဝေးမှ လှမ်းကြည့်လျှင် အလင်းရောင်တစ်မှုန်မျှ မတွေ့ရပေ။ ရွှေရောင်တောက်နေသည့်အရာတစ်ခုမှမရှိသကဲ့သို့ မာန်နတ်ဘုရားဘယ်လက်လည်း
တစ်စုံတစ်ယောက်က မည်သည့်နေရာတွင် တည်ရှိနေသည်ကို အတိအကျ သိနေသော်လည်း မြင်မြင်သမျှက ဗလာနတ္ထိဖြစ်နေလေသည်။ ထိုနေရာမှာ အတိတ်က အဖြစ်အပျက်၊ အရိပ်အယောင်များကိုပင် မတွေ့နိုင်တော့ပေ။
မူလမျက်စိဖြင့် မတွေ့နိုင်သော ဤနေရာက နတ်ဘုရားအာရုံဖြင့်လည်း မမြင်နိုင်ပေ။ ပင်လယ်နှင့် ကွဲကွာနေသည့် အချိန်အတိုင်းအတာတစ်ခုဖြစ်သည်။ ရွှေရောင်အလင်းတန်းများက ၎င်းကိုဝိုင်းရံထားကာ ထိုအလင်းရောင်က ပျံ့နှံ့သွားသည်နှင့်အမျှ ၎င်းက နေရာတစ်ဝိုက်တွင် လှည့်ပတ်နေသော ရွှေရောင်မှော်သင်္ကေတများအဖြစ်သို့ ပြောင်းလဲသွားသည်။
သို့သော်လည်း ပြင်ပလောကတွင် ၎င်းတို့ကို မမြင်နိုင်ပေ။
အချိန်အတိုင်းအတာ၏ အလယ်ဗဟိုတွင် ထိုအလယ်ဗဟိုကို ဖုံးအုပ်ထားသော ရွှေရောင်အလင်းတန်းငါးခုရှိသည်။ ၎င်းတို့က ဘဲဥပုံသဏ္ဍာန်နှင့်တူပြီး အသက်ရှု နေသကဲ့သို့ ပိန်လိုက် ဖောင်းလိုက်ဖြစ်နေလေသည်။
၎င်းက ထူးဆန်းသောအလင်းတန်းငါးခုရှိသော အချိန်အတိုင်းအတာတစ်ခုဖြစ်သည်။ ပင်လယ်ဧ။်အနက်ရှိုင်းဆုံးမှာ မယုံနိုင်လောက်အောင် ကြီးမားသော ဧရာမ လက်တံကြီးဖြစ်သည်။ ၎င်းက အလင်းရောင်တွင် မတ်မတ်ရှိနေပြီး လေထဲတွင် လွင့်ထားသည်။ သူ့လက်ချောင်းတွေက အနည်းငယ်ကွေးကောက်နေပြီး လက်ဖဝါးပေါ်ထိုင်နေသော လူငယ်လေးကတော့ မျက်လုံးမှိတ်ထားလိုက်သည် ။
လူငယ်၏ ရှည်လျားသော အနက်ရောင်ဆံပင်များက သူ့ပခုံးပေါ် ဝဲကျသွားသည်။ ထိုလူက ချောမောပြီး ပါးပြင်များ အနည်းငယ် နီမြန်းလာသည်။ အချိန်အတော်ကြာပြီးမှ တစ်ကြိမ်သာ အသက်ရှုလေသည်။ သူထိုင်နေသော လက်ဖဝါးထိပ်ပေါ်မှာ သူ့လက်များကို ဖိထားပြီး နှစ်ယောက်သား ပေါင်းစပ်ထားပုံသည်။ထိုအရှိန်အဝါက သူ့ခန္ဓာကိုယ်ထဲသို့ ပျံ့နှံ့သွားပြီး မျက်လုံး၊ နား၊ နှာခေါင်းဆီသို့ရောက်ရှိသွားလေသည်။
စုမငခါက တိတ်တဆိတ် တရားထိုင်နေပုံရသည်၊ သို့သော် သူ့ခန္ဓာကိုယ်ထဲတွင် မုန်တိုင်းများ တဟုန်းဟုန်းတောက်နေသကဲ့သို့ ကြီးမားသောပြောင်းလဲမှုကို ဖြတ်သန်းနေရသည်။ အဆုံးမရှိသော အသက်စွမ်းအင်လုံးကြီးက သူ့ထံ အဆက်မပြတ် တိုးဝင်လာနေသည်။ ၎င်းက သူ၏ခန္ဓာကိုယ်ကို ဖြတ်ကျော်ဝင် ရောက်လာပြီး မာန်အရိုးများက လျင်မြန်စွာ ဝါးမျိုသွားခဲ့သည်။
စုမင်၏ကျင့်ကြံမှုအခြေခံက ထူးခြားသည်။ အခြားလူများတွင် မာန်အရိုးနှစ်ဆယ်သာသာရှိကြသော်လည်း စုမင် ၏ခန္ဓာကိုယ်ရှိ အရိုးတစ်ခုစီတိုင်းက မာန်အရိုးအဖြစ်သို့ပြောင်းလဲနိုင်ခြေရှိသည်။ တကယ်တော့ သူ့အသား၊ အသွေးနဲ့ သူ့ခန္ဓာကိုယ်အတွင်းက အရာအားလုံးက အတူတူပင်ဖြစ်သည်။
သူက ထိုလျင်မြန်သောစုပ်ယူမှုကိုဆက်လက်လုပ်ဆောင်နေချိန်တွင် အချိန်ပမာဏတစ်ခု ကုန်လွန်သွားကာ သူ၏ကိုယ်ပိုင်တည်ငြိမ်မှုကို ရရှိခဲ့သည်။ သူ့ခန္ဓာကိုယ်ရှိ အရိုးအားလုံး၏ ကိုးပုံတစ်ပုံနီးပါးက စစ်မှန်သောမာန်အရိုးများအဖြစ်သို့ ပြောင်းလဲသွားသည်။
စုမင်က ၎င်းတို့အားလုံးကို လုံးလုံးလျားလျား ပြောင်းလဲလိုက်သည်နှင့် သူ၏စွမ်းအားက ချက်ချင်းပင် အမြင့်သို့ ရောက်ရှိသွားပေလိမ့်မည်။ ထိုအချိန်တွင်၊ သူစောင့်ကြိုနေမည့်အရာမှာ... သူ့ရှေ့တွင်မည်သူမျှမရှိသလို သူ့နောက်မှမည်သူမျှမရနိုင်တော့သည့် စစ်မှန်သောမာန်စိတ်ဝိညာဉ်နယ်ပယ်ပင်ဖြစ်လိမ့်မည် ။
သူအောင်မြင်နိုင်ခဲ့လျှင် သူ့ ၏စွမ်းအားက အထွတ်အထိပ်ကို ရောက်ရှိလိမ့်မသည်။ သူက ကံကြမ္မာအဖြစ်သို့ မပြောင်းလဲခဲ့လျှင်ပင် မာန်စိတ်ဝိညာဉ်နယ်ပယ်တွင် ကြီးကျယ်စွာ ပြီးမြောက်အောင်မြင်ခဲ့သောကျင့်ကြံသူတစ်ဦးဖြစ်လာလိမ့်မည်။သူ့မှာ လုံးဝ အားနည်းချက်ရှိမည်မဟုတ်ပေ။
မဟုတ်လျှင် သူက စွမ်းအားကြီးသောဘီလူးကြီးများ၏နှောင့်ယှက်ခြင်းကို ခံရမည်ဖြစ်သည်။ ၎င်းတို့၏ ကြီးကျယ်ခမ်းနားသော စမ်းသပ်မှုများစွာဖြင့် အသက်လမ်းကျင့်စဉ်လမ်းစကို ရယူနိုင်ခဲ့သည်။
သို့သော်၊ ဤအရာအားလုံးဖြစ်မြောက်ရန်အတွက် အဓိကအချက်မှာ စုမင်က သူ့အတွင်းရှိအရာအားလုံးကို မာန်အရိုးများ အဖြစ်ပြောင်းလဲကာ မာန်စိတ်ဝိညာဉ်နယ်ပယ်အထွဋ်အထိပ်သို့ လှမ်းနိုင်ခဲ့ခြင်းပင်ဖြစ်သည်။
သူသည် အသက်စွမ်းအားကို စုပ်ယူလိုက်သောအခါတွင် သူ၏ခေါင်းထဲတွင် ကြီးမားသောပုံရိပ်တစ်ခုပေါ်လာသည်။ ထိုသူသည် ထိုလူကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း ထိုပုဂ္ဂိုလ်က သူ၏ မြင့်မြတ်သောစွမ်းရည်နှင့်ကျင့်စဥ်များကို သူ့ခေါင်းထဲသို့ တစ်ခုပြီးတစ်ခုထည့်ပေးနေလေသည်။
ထိုကျင့်စဉ်များက ရှုပ်ထွေး ကွဲပြားကြသည်။ စုမင်က အချို့ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သော်လည်း အချို့မှာ ချက်ချင်း ပြီးဆုံးသွားခဲ့သည်။ သူပို၍ အနီးကပ်ကြည့်သောအခါ ထိုကျင့်စဉ်များကို အသက်သွင်းရန် ခက်ခဲနေသေးသည်ကို တွေ့ရှိရသည်။
မြင့်မြတ်သောစွမ်းရည်များအပြင် မြင်ကွင်းအချို့ကိုလည်း သူတွေ့မြင်ခဲ့သည်။ ၎င်းတို့က အတော်လေး ရှုပ် ထွေးနေပြီး အများအားဖြင့် ပေါ်လာပြီး မကြာခင်မှာ ပျောက်သွားတတ်သည်။ ၎င်းတို့ကို ချိတ်ဆက်ရန် မဖြစ်နိုင်ပေ။
အချို့သော မြင်ကွင်းများကိုသာ ချိတ်ဆက်နိုင်ခဲ့ပြီး ၎င်းတို့ထဲမှ တစ်ဦးမှာ ခြေမလှုပ်ဘဲ အဝေးသို့ ပျံတက်သွားသည့် ဧရာမလူတစ်ဦးဖြစ်သည်။ ထိုလူက ကြယ်များဖြင့် ပြည့်နေသော တောက်ပသော နဂါး ငွေ့တန်းထဲတွင် ရှိနေသည်။
သူ့ရှေ့တွင် ကြီးမားသော ဘောလုံးဝိုင်းကြီးတစ်ခု ရှိနေပြီး အတွင်းတွင် ပြည့်စုံသော လောကကြီးတစ်ခုကဲ့သို့ပင် သမုဒ္ဒရာများနှင့် တိုက်ကြီးများ ရှိနေသည်။
သူက ထိုလောကပေါ်သို့ ရောက်သွားသောအခါတွင် မရေမတွက်နိုင်သော ရှည်လျားသောအလင်းတန်းများ လွင့်ပျံလာသည်။ လေထဲတွင် အော်ဟစ်ညည်းတွားသံများ ပဲ့တင်ထပ်နေချိန်တွင် ပုံကားချပ်တစ်ခုကလူက ရှေ့ခုနစ်လှမ်းကို လှမ်းလာသည်ကို စုမင် မြင်လိုက်ရသည်။
ထိုခုနစ်လှမ်းကို သူလှမ်းလိုက်သောအခါ နဂါးငွေ့တန်းတစ်ခုလုံး တုန်လှုပ်သွားသည်။ သူ၏ပထမခြေလှမ်းဖြင့်၊ သူက အလွန်ပြင်းထန်သောစွမ်းအားလှိုင်းကြီးကို လှုံ့ဆော်ပေးသဖြင့် ရှည်လျားသော အလင်းတန်း အများစုက နောက်ပြန်ဆုတ်သွားခဲ့သည်။ သူ၏ဒုတိယခြေလှမ်းဖြင့်၊ သူ့လမ်းကြောင်းကို ပိတ်ဆို့နေသော အလင်းတန်းများကို မတွေ့နိုင်တော့ပေ။ တတိယခြေလှမ်းကို လှမ်းလိုက်သောအခါတွင် လောကကြီးတစ်ခုလုံး ကျယ်လောင်စွာ တုန်လှုပ်သွားသည်။ စတုတ္ထခြေလှမ်းကို လှမ်းလိုက်သည်နှင့်ပင် ပင်လယ်က တုန်လှုပ်သွားပြီး အရာအားလုံးကို နစ်မြှုပ်သွားခဲ့သည်။
သူ၏ ပဉ္စမ၊ ဆဌမနှင့် သတ္တမခြေလှမ်းတို့ ချလိုက်သောအခါ၊ စက်လုံးဝိုင်းကြီးက ၎င်းအပေါ် ဘေးဥပဒ်တစ်ခု ကျရောက်လာသကဲ့သို့ ကမောက်ကမ ဖြစ်နေလေသည်။ ထိုအလုံးကြီး အစိတ်စိတ်အမွှာမွှာ ကွဲသွားသောအခါ ထိုလူက ခေါင်းကို မော့ကာ ဟောက်သည်။
စုတ်ပြတ်နေသောလောကကြီးက လျင်မြန်စွာ ပျက်စီးသွားခဲ့သည်။ ၎င်းကိုမှုန်မှုန်ညက်ညက်ကြေသွားသည့်အခါ သလင်းကျောက်အလင်းတန်းတစ်ခု လွင့်ထွက်သွားပြီး ထိုလူက၏လက်ထဲတွင် ဖမ်းမိသွားသည်။ ရွေ့လျားနေသော အလင်းတန်းများကြားထဲတွင် ကြည်လင်သော အလင်းတန်းတစ်ခု ဖြစ်၏။ ထိုအထဲမှာ... တစ်လောကလုံး၏စွမ်းအားများ ရှိလေသည်။
ထိုအရာက လောကကြီး၏စွမ်းအားပင်ဖြစ်သည်။
ထိုလူက သလင်းကျောက်ကို လက်ထဲမှာကိုင်ထားပြီး ထွက်သွားလေသည်။
မြင်ကွင်းကလျှပ်တပြတ် ပြောင်းလဲသွားသည်။ ထိုလူက စုမင်၏စိတ်ထဲတွင် တစ်ဖန်ပေါ်လာသည်။ သို့သော် ယခုတစ်ကြိမ်တွင်တော့ သူ့မျက်နှာက ဖုံးကွယ်မထားတော့ပေ။ စုမင်က အနည်းငယ် ပိုမိုရှင်းလင်းစွာ မြင်နိုင်သည်။ အလွန်ရိုးရှင်းသော မျက်နှာထားမျိုးဖြစ်သည်။ သူ့အနားမှာ ရိုးစင်းပြီး ရိုးသားသောအငွေ့အသက်ကိုပင်ရနေလေသည်။
အထူးသဖြင့် သူက ပြုံးပြလိုက်သည်နှင့် ပိုဖော်ရွေပြီး ပိုရင်းနှီးသော ခံစားချက်ကို ပေးစွမ်းလေသည်။
စုမင်က ဤလူ၏မျက်နှာကိုမြင်သောအခါတွင် တဖြည်းဖြည်းရင်းနှီးလာခဲ့သည်။ စုမင်က ဟန်တောင်တန်းမြို့ မှာရှိစဉ် သူ့အမှတ်တရများကို ရှာဖွေရန် ဟန်တောင်တန်းဘိုးဘေးများဆီကနေ စွမ်းအားတစ်ခုကိုငှားယူခဲ့ဖူးသည်။ ထိုလူပုံရိပ်မှာ တိထျန်း၏ ဧရာမဦးခေါင်းကြီးပင်ဖြစ်သည်။
ဤလူ၏မျက်နှာက သူမြင်ဖူးသောဦးခေါင်းနှင့် အတော်လေးဆင်တူသည်။ မည်သူမဆို ဤကြင်နာသောမျက်နှာနှင့် ထိုခေါင်းပေါ်ရှိ ရက်စက်ကြမ်းကြုတ်မှုကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ထိုလူနှစ်ယောက်က ကွဲပြားသည်ဟု ပြောနိုင်လိမ့်မည်။
စုမင်က တိတ်ဆိတ်နေခဲ့သည်။ ဖော်ရွေပြီး ခမ်းနားထည်ဝါမှု လုံးဝကင်းမဲ့သော ဒုတိယ မာန်နတ်ဘုရားက သူ့ ဘယ်လက်ကို မြှောက်ပြီး သူ့လက်မောင်းကို ကောင်းကင်ကို ဝှေ့ယမ်းလိုက်ပသည်။ နေ ၊ လ နှင့် ကြယ်များက ကောင်းကင် မှ ပေါ် လာ ပြီး သူ့၏စွမ်းရည်ဖြင့်ကောင်းကင် နှင့် မြေ ကြီး ကို တုန်လှုပ် စေ သည် ။
ဒုတိယဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် လူသားတံဆိပ်ခတ်ခြင်း စွမ်းရည်သုံးခုကို အသက်သွင်းနေသည်ကိုလည်း သူမြင်ခဲ့သည်။ သူ့မျက်နှာပေါ်ရှိ အာရုံစူးစိုက်မှု နှင့် ချစ်စရာကောင်းသော အပြုံးကို မျိုးဆက်သစ်လူငယ်အဖွဲ့ဝင်တစ်ဦးအား လက်ဆောင်အဖြစ် ပေးလိုသည်ကို သူမြင်သည်။
ထိုအရာတစ်ခုတည်း မဟုတ်ပေ။ နေ၊ လ၊ ကြယ်တို့အသွင်ယူခြင်း နောက်တစ်မျိုးလည်း ရှိသေးသည်။
နတ်ဘုရားက ထိုစွမ်းရည်များကိုအသက်သွင်းပြီးနောက် နေရာတစ်ခုဆီသို့လျှောက်သွားသည်ကို စုမင်မြင်လိုက်ရသည်။နန်းတော်များစွာရှိသည့် တော်ဝင်မြို့တစ်မြို့သို့ လမ်းလျှောက်ခဲ့သည်။ ကလေးငိုသံများက နန်းတော်တစ်ခုပြီး နန်းတော်တစ်ခုမှ ထွက်ပေါ်လာသောအခါ ဒုတိယနတ်ဘုရားက ဝမ်းသာမျက်ရည်ကျနေလေသည်။ ထိုအချိန်တွင် သူက နတ်ဘုရားတစ်ပါးမဟုတ်ဘဲ သာမန်အရွယ်ရောက်ပြီးသူတစ်ဦးကဲ့သို့ဖြစ်နေသည်။ သူက နန်းတော်တံခါးကို တွန်းဖွင့်ကာ ရင်သွေးငယ်အား အတွင်းမှ ကျင့်ကြံသူနှစ်ဦးကို ၎င်း၏ မူလရတနာအဖြစ် ပေးတော့မည်ဟု တွေးနေပုံရသည်။
နန်းတော်တံခါးပေါ်၌ လက်တင်ကာ တွန်းဖွင့်လိုက်ရာ ကောင်းကင်က ရုတ်တရက် ပြောင်းလဲသွားပြီး နှင်းများ ကျလာသည်... ဒုတိယ ဘုရားသခင်က သူ၏ ဘယ်လက်ကို ပြန်မသိမ်းမီ တစ်ခဏမျှ အေးခဲရပ်တန့်သွားသည်။ သူ့မျက်နှာက အေးစက်သွားကာ ကောင်းကင်ကို မော့ကြည့်ရင်း ယခင်က နူးညံ့သိမ်မွေ့သော လူတစ်ယောက်နှင့် လုံးဝမတူတော့ပေ။
မြင်ကွင်းက တစ်ဖန်ပြောင်းသွားသည်။ စုမင်က နန်းတော်ကို ပြန်မြင်ခဲ့ရသော်လည်း ယခုတစ်ကြိမ်တွင် သူသည် အထဲမှာရှိနေသည်။ နန်းတော်တံခါးများပွင့်သွားပြီး ဒုတိယဘုရားသခင်ကို သွေးများဖြင့်ဖုံးလွှမ်းထားသည်။ အပြင်ဘက်တွင် တိုက်ပွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး လောကကြီးတစ်ခုလုံး ဘေးဆိုးကျရောက်သွားသကဲ့သို့ အော်ဟစ်ညည်းတွားနေသည့် အဆုံးမရှိသောအသံများ လေထဲသို့ပဲ့တင်ထပ်သွားကြသည်။
ဒုတိယဘုရားသခင်၏ မျက်နှာက ဖြူဖျော့နေသည်။ သူက နန်းတော်ထဲသို့ လျှောက်သွားကာ အတွင်းဘက်တွင် ရပ်နေသော ခပ်ဖျော့ဖျော့ ပုံစံတူ အမျိုးသမီးကို ကြည့်လိုက်သည်။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြသည်။
အချိန်အတော်ကြာပြီးနောက် ဒုတိယဘုရားသခင်သည် အနီးနားတွင် ရှိသောကုတင်သေးသေးလေးနှစ်ခုဆီသို့ လှမ်းကြည့်လိုက်သည်။ ကုတင်ပေါ်မှာ ကလေးနှစ်ယောက် လဲလျောင်းနေ
လေသည်။ သူတို့ထဲက တစ်ယောက်က ငိုနေပြီး ကျန်တစ်ယောက်က မျက်လုံးများကို မှိတ်ထားပြီး သေလူကဲ့သို့ မလှုပ်မယှက်ဖြစ်နေလေသည်။
သူက လှမ်းတက်လာပြီး ငိုနေသော ကလေးမလေး၏ နဖူးကို ထိရန် ဘယ်လက်ကို ဆန့်ထုတ်လိုက်သည်။ ထို့နောက် သေသွားပြီဟု ထင်ရသည့် အခြားကလေးငယ်ကို စိတ်ရှုပ်စွာ ကြည့်လိုက်သည်။ သူ သက်ပြင်းချလိုက်ပြီး ကလေးဆီသို့ လျှောက်သွားလိုက်သည်။
သူသေသွားပုံရသော ကလေးငယ်၏နဖူးကို ဘယ်လက်ဖြင့် ထိလိုက်သည်နှင့် စုမင်က မျက်လုံးများကို အမြန်ဖွင့်လိုက်သည်။ သူ တုန်လှုပ်လာသည်။ ဤမြင်ကွင်းရှိ အရာအားလုံး- ကလေးငိုသံ၊ ဒုတိယဘုရားသခင်၏ ကြင်နာမေတ္တာ အပြုံး၊ နတ်ဘုရားက အခြားကလေးငယ်၏နဖူးကို ထိလိုက်သောအခါ ခံစားချက်၊ ၎င်းတို့အားလုံးက စုမင်၏ အသက်ရှုခြင်းကို ငြိမ်သွားစေခဲ့သည်။
ထိုအချိန်တွင်၊ သူက မာန်နတ်ဘုရားလက် အတွင်းမှ စွမ်းအားကို စုပ်ယူနေသေးသော်လည်း၊ ကလေး၏ အော်ဟစ်သံက သူ့ကို ရင်းနှီးသော ခံစားချက်၊ မယုံနိုင်လောက်အောင် ရင်းနှီးသော ခံစားချက်ကို ပေးသောကြောင့် သူ့မျက်လုံးများကို ဖွင့်ထားရန် လိုအပ်နေသည်။
သူ၏ စွမ်းအားများ တိုးလာသည်နှင့်အမျှ သူမြင်လိုက်ရသည့်အရာကြောင့် တုန်လှုပ်သွားကာ ထိုခံစားချက်က သူ့နှလုံးသားထဲတွင် တိုးလာသည်နှင့်အမျှ ရုတ်တရက် ပြင်းထန်သော နာကျင်မှုတစ်ခု သူ့နှလုံးသားထဲတွင် ပေါ်လာသည်။ သူ့ခေါင်းထဲက တစ်ခုခု အပိုင်းပိုင်းကွဲသွားသလိုပဲ ကွဲအက်သံတွေ ထွက်လာသည်။
တစ်ချိန်တည်းမှာပင် သူ မူးဝေလာသည်။ အမှောင်ဖုံးနေသော ကမ္ဘာကြီးကို သူမြင်လိုက်သော်လည်း သူ့ပတ်ဝန်းကျင်က နွေးထွေးနေလေသည်။ ငိုသံနှင့် အော်ဟစ်သံများက သူ့ရင်ထဲတွင် ပဲ့တင်ထပ်နေသည်။ စကားပြောနေသူမှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမ၏အသံက နူးညံ့သိမ်မွေ့လှသည်။
“ဖေးအာ...မေမေ ဒီမှာပါ၊ မငိုနဲ့တော့နော်..”
“မင်းက လူဆိုးလေး... မင်းက ငယ်သေးတယ်.. အရမ်းငိုနေတာလား..ငါ့သမီးလေး ကြီးပြင်းလာတဲ့အခါ သူက အရမ်း အစွမ်းထက်တဲ့သူ ဖြစ်လာမှာ သေချာတယ်...”
“ကောင်းပြီ မင်းရဲ့အရုပ်တွေကို ငါမသိမ်းတော့ဘူး...မငိုနဲ့နော်...”
“အင်း... ငါ့ရဲ့ အဖိုးတန်သမီးလေး၊ မင်းအဖေ ပြန်လာပြီ...”
စုမင်၏မျက်လုံးများရှေ့ရှိ အရာအားလုံးက မှောင်မိုက်နေခဲ့သည်။ အလင်းရောင်ကို မမြင်နိုင်သော်လည်း ငိုသံနှင့် အမျိုးသမီး၏ နူးညံ့သိမ်မွေ့သော အသံကို ရုတ်တရက် ကြားလိုက်ရသည်။ အော်ဟစ်သံများက ပိုပြင်းထန်လာပြီး နူးညံ့သိမ်မွေ့သော အသံက ရုတ်တရတ် တိတ်ဆိတ်သွားသည်။ အပြင်ဘက်တွင် နှင်းများကျနေသကဲ့သို့ သူ့ပတ်ဝန်းကျင်က တခဏအတွင်း အေးခဲရပ်တန့်သွားသည်။
တော်တော်ကြာတော့ သူ့နဖူးကို လက်ဖြင့်ထိလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ထို အထိအတွေ့က နွေးထွေးလွန်းသည်..။
စုမင်သတိပြန်ရလာသောအခါတွင် နတ်ဘုရားဘယ်ဘက်လက်ပေါ်တွင် ထုံထိုင်းသောအမူအရာဖြင့် ထိုင်နေလေသည်။ ထို့နောက် ခေါင်းငုံ့ကာ သူ့အောက်ရှိ မာန်နတ်ဘုရားကို ကြည့်လိုက်ရာ သူ့မျက်လုံးများမှ မျက်ရည်များ ဖြည်းညှင်းစွာ စီးကျလာသည်။
မာန်နတ်ဘုရား ဘယ်ဘက်လက်ကို ကိုင်လိုက်သည့်အခါ သူခံစားရသော နွေးထွေးမှုကို သူနားလည်ခဲ့သည်။
“ဖေးအာ…” ဒီနာမည်ကို စုမင်ကြားရတာ ဒုတိယအကြိမ်ဖြစ်သော်လည်း သူ့နှလုံးသားထဲမှာ လေးလေးနက်နက် ရေးထွင်းထားသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက တိထျန်း၏ကိုယ်ပွားကို ဆန့်ကျင်တိုက်ခိုက်ခြင်းမပြုမီ သူမြင်ခဲ့သော မြင်ကွင်းများက သူ့နှလုံးသားထဲတွင် တစ်ဖန်ပြန်ပေါ်လာသည်။
“အကိုကြီး…အကိုကြီး…”
စုမင်၏နားထဲတွင် ပဲ့တင်ထပ်ကာ အော်ဟစ်သံများနှင့်အတူ တဖြည်းဖြည်း ရောထွေးသွားသည်။