← Chapters

အလှည့်အပြောင်းတစ်ခု

Vol. 41 Ch. 567

အလှည့်အပြောင်းတစ်ခု

Vol. 41 Ch. 567

အချိန်အတော်ကြာပြီးနောက် စုမင်က စိတ်မချမ်းမြေ့သော အကြည့်များကို ဖုံးကွယ်ရန် မျက်လုံးများကို တစ်ဖန်ပြန်မှိတ်လိုက်သည်။ သူ၏အထီးကျန်မှုများကြားတွင် ဒုတိယနတ်ဘုရားထံမှနွေးထွေးမှုက သူ၏အမှတ်တရများတွင်နဖူးကိုထိသောလက်ကြမ်းမှထိတွေ့သည့်ခံစားမှုနှင့်အတူတူပင်ဖြစ်ကြောင်းသူခံစားခဲ့ရသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက တည်ရှိခဲ့သော ထိုနန်းတော်သို့ သူပြန်လာခဲ့ပြီး ထိုအမှောင်လောကတွင် သူခံစားခဲ့ရသော နွေးထွေးမှုလေးများဆီသို့ ပြန်ရသွားသကဲ့သို့ပင် ခံစားခဲ့ရသည်။

“ဒီ‌လောကမှာ ကံကြမ္မာက တကယ်ရှိကောင်းရှိနိုင်တယ်…”

စုမင်က တိုးတိုးလေးပြောသည်။

ဒုတိယဘုရားဘယ်ဘက်လက်၊ အတိတ်ကအနမ်း၊ ယနေ့ထိတွေ့မှု(နတ်ဘုရားဘယ်လက်ကိုထိတွေ့မှု)၊ စက်ဝိုင်းပုံသဏ္ဍာန်၊ အရာအားလုံး၏အစကို သူရှာတွေ့ခဲ့ပြီး အဆုံးကိုလည်းတွေ့ခဲ့သည်။

‘အမှတ်တရတွေက တကယ်အစစ်အမှန်လား... အဆုံးကိုရှာတွေ့ပြီးတာနဲ့ အစကိုလည်းရှာတွေ့မယ်... ဒါဘဝလား.. “

စုမင်က မျက်လုံးမှိတ်လိုက်ပြီး နာကျင်မှုက သူ့မျက်နှာမှာ ပေါ်လာသည်။

သူက မာန်နတ်ဘုရားဘယ်ဘက်လက်မှစွမ်းအားကိုသူ့ခန္ဓာကိုယ်ထဲသို့စုပ်ယူရန်မလိုအပ်တော့ပေ။ ယင်းအစား လွန်ခဲ့သည့်အချိန်မှစတင်၍ တည်ရှိခဲ့သော အမှတ်ရစရာများက သူ့ခေါင်းထဲတွင် ပေါ်လာသည်နှင့် စွမ်းအားများသည် သူ့ထံသို့ အလိုအလျောက် တိုးဝင်လာသည်။

ကိုယ်တိုင်စုပ်ယူခြင်းနှင့် သူ့ဘာသာ ပေါင်းစပ်ရန် ကိုယ်တွင်းသို့ တိုးဝင်လာသော အသက်စွမ်းအား ကွာခြားချက်မှာ မယုံနိုင်လောက်အောင် ကြီးမားပါသည်။

ထိုထဲက တစ်ခုက သူ့ခန္ဓာကိုယ်ထဲကို စွမ်းအား အပြင်းအထန် တိုးဝင်လာပြီး နောက်တစ်ခုကတော့ သူ့ကို အသိအမှတ်ပြုပြီးနောက် ပြီးပြည့်စုံသောလက်ဆင့်ကမ်းခြင်းဖြစ်သည်။

အချိန်များ တဖြည်းဖြည်းကုန်ဆုံးသွားလေသည်။ ဒုတိယဘုရားသခင်၏ ဘယ်ဘက်က တဖြည်းဖြည်း ညှိုးနွမ်းကာ ကျုံ့သွားသည်။ သူ့ခန္ဓာကိုယ်၏ ကိုးပုံတစ်ပုံကိုမာန်အရိုးများ အဖြစ်ပြောင်းလိုက်သည်နှင့် ကြီးကျယ်ခမ်းနားစွာပြီးမြောက်ခြင်းကို ဦးတည်သွားစေသော စွမ်းအားအားလုံးက စုမင်၏ကိုယ်ထဲသို့ရောက်ရှိသွားသည်။

ဒုတိယဘုရားသခင်၏ဘယ်လက်ကတစ်စုံတစ်ဦးကိုအမြဲတမ်းစောင့်ဆိုင်းနေသကဲ့သို့ဖြစ်သည် - လွန်ခဲ့သည့်နှစ်ပေါင်းမကျန်နှစ်ပေါင်းများစွာက သူထွက်ခွာသွားမီ သူ့နဖူးလေးကိုထိထားသည့်ကလေးအားစောင့်ဆိုင်းနေသကဲ့သို့ဖြစ်သည်။

ထိုနှစ်များတစ်လျှောက်လုံး သူက စစ်မာရှင်းကို သူ့ကလေးဖြစ် အထင်လွဲနေနိုင်သည်။သို့သော်လည်း စစ်မာရှင်းကွယ်လွန်ပြီး စုမင် ရောက်ရှိလာခြင်းကြောင့် အရာအားလုံးက မူလလမ်းကြောင်းသို့ ပြန်ရောက်သွားစေခဲ့သည်။

စုမင် စစ်မာရှင်းဆီမှလုယူသွားခဲ့သောအရာအားလုံးက နဂိုကတည်းက စုမင်၏ပိုင်ဆိုင်မှုများပင်ဖြစ်သည်။

‘ကံကြမ္မာ .... ငါ့ကံကြမ္မာက ဘာလဲ...”

စုမင်က ဒေါသတကြီးဖြင့် မျက်လုံးမှိတ်လိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ များပြားလှသော အသက်စွမ်းအင်က သမုဒ္ဒရာတစ်ခုလို တဟုန်ထိုး ခုန်တက်လာကာ သူ၏သွေး၊ အသားနှင့် အရိုးများအားလုံး လျင်မြန်စွာ ပြောင်းလဲသွားကာ မည်သူမျှ မပြီးမြောက်ခဲ့သော မာန်စိတ်ဝိညာဥ်နယ်ပယ်တွင် စစ်မှန်သော ပြီးစီးမှုဆီသို့ အဆက်မပြတ် ရွေ့လျားနေပါသည်။

သူ့ခန္ဓာကိုယ်ရှိ အရိုး၊ အသား၊ အသွေးအားလုံးသည် စစ်မှန်သောမာန်အသွေးအသားများ အဖြစ်သို့ ပြောင်းလဲသွားသောအခါမှသာ သူ့ခန္ဓာကိုယ်က မူလဇာတ်မြစ်အတိုင်း ပြန်ဖြစ်သွားသည်ဟု ဆိုနိုင်မည်ဖြစ်သည်။ သူ၏ စွမ်းအားမှာလည်း သူ၏ လက်ရှိ တိုက်ခိုက်ရေး စွမ်းရည်ကို ကျော်လွန်နေပေလိမ့်မည်။

အချိန်များ တဖြည်းဖြည်း ကုန်လွန်လာပြီး ဒုတိယ ဘုရားသခင်၏ ဘယ်လက်က ညှိုးနွမ်းပြီး ကျုံ့သွားသည်။ နောက်ဆုံးတော့ ပျောက်ကွယ်သွားပါတော့သည်။

စုမင်၏ ဆံပင်များက တဖျပ်ဖျပ် လွင့်ပျံ‌ နေနေခဲ့ပြီး သူ၏ တည်ရှိမှုက ကောင်းကင်သို့ လွင့်ပျံလာသည်။ သို့ပေမယ့်... သူ့မျက်နှာမှာ နာကျင်ခြင်းတွေ ကျန်နေခဲ့သည် ။

နှစ်ပေါင်းများစွာကြာပြီးနောက် ပြန်လည်ဆုံဆည်းမှုက နွေးထွေးမှုကို တစ်ချက်ထိရုံဖြင့် အမှတ်ရစေခဲ့သည်။ သူ့အမှတ်တရများကနေ တဖြေးဖြေး နိုးထလာကာ သူ့ကို ရင်တထိတ်ထိတ်နှင့် ဆုံးရှုံးမှုတစ်ခုကိုပါ ခံစားရစေခဲ့သည်။

စုမင်က ဘဝ၏ အဓိပ္ပါယ်ကို အတိအကျ နားမလည်ပေ။ ထိုအချိန်မှာ သူရုတ်တရက် ပြင်းပြသောဆန္ဒတစ်ခုက... ဘဝဆိုတာဘာလဲ...

ရှုပ်ယှက်ခတ်နေသည့်ကြားထဲတွင် ကျယ်လောင်သော အော်ဟစ်သံများက သူ့ကိုယ်တွင်းမှ ထွက်ပေါ်လာပြီး ချက်ချင်းပင် ရွှေရောင်ပြောင်းသွားသည် ။ ထိုရွှေရောင်အလင်းတန်းက ဘုရားငါးဆူးချိပ်တံဆိပ် မှထွက်လာသောအလင်းရောင်ကိုကျော်လွန်သွားသည်။

ဤအလင်းရောင်သည် စုမင် ၏ခန္ဓာကိုယ်မှ၊ သူ့အရိုးတစ်စစီ၊ သူ့အရေခွံတိုင်း၊ သူ့သွေးစက်တိုင်း၊ သူ့အသားတစ်ပိုင်းစီမှ… သူ့အစိတ်အပိုင်းတိုင်းမှ ထွက်လာသည်။

လေထဲတွင် တဟုန်ထိုး မြည်သံများ ပဲ့တင်ထပ်လာသည်နှင့်အမျှ သူ့တစ်ကိုယ်လုံးရှိ ရွှေရောင်အလင်းတန်းများ အားကောင်းလာသည်။ သူ၏ အရိုးအားလုံးနီးပါးက မာန်အရိုး

အဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။ သူ၏ ဦးခေါင်းခွံတစ်ခုတည်းသာ လုံးလုံးလျားလျား မပြောင်းလဲသေးသော်လည်း ပြောင်းလဲမှုက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

သူ၏ ဦးခေါင်းခွံကို မာန်အသွေးအသား အဖြစ်သို့ ပြောင်းလဲခြင်းသည် မယုံနိုင်လောက်အောင် မြန်ဆန်သည်။ ခဏအကြာတွင် စုမင်၏ မျက်ခုံးအလယ်တည့်တည့်တွင် ရွှေရောင်အလင်းတန်းများ တောက်ပစွာ လင်းလက်လာသည်။ ကွဲလေထဲတွင် ပေါက်ကွဲသံများ အရှိန်အဟုန်ဖြင့် တိုးလာခဲ့သည်။ ခဏအကြာတွင်၊ အထွတ်အထိပ်သို့ရောက်ရှိခဲ့သည်။

ထိုအချိန်တွင်၊ သူ၏အရိုး၊ သူ့အသား၊ သူ့သွေးနှင့် သူ၏အရွတ်များအားလုံးသည် စစ်မှန်သောမာန်အ သွေးအသားနှင့်ဆိုင်သော အရာများအဖြစ်သို့ ပြောင်းလဲသွားသည် ။

တစ်ချိန်တည်းမှာပင် စုမင်၏ လက်အောက်တွင် ဘယ်ဘက်လက်က ပွ ပေါ်လာပြီး ပြန်ပျောက်ကွယ်သွားခဲ့သည်။ ၎င်းက ၎င်း၏တာဝန်ပြီးမြောက်ပြီး စောင့်ဆိုင်းနေသကဲ့သို့ ယခုအခါ မြေမှုန့်အဖြစ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။

စုမင်က သူ့မျက်လုံးကိုဖွင့်ကြည့်လိုက်သော် မာန်နတ်ဘုရား၏ဘယ်ဘက်လက်မှာ အကြာကြီးမတ်မတ်ထောင်သည့်မြင်ကွင်းကို သူမြင်လိုက်ရသည်။ ပုံဆောင်ခဲများအဖြစ်သို့ ပြောင်းလဲသွားပြီး စက်ဝိုင်းပုံစံလှည့်သွားသည်။ လေထုထဲတွင် ပျံ့နှံ့သွားကာ အချို့က စုမင် ၏ မျက်ခုံးအလယ်ဗဟိုကိုထိမိကာ သူ့အမှတ်တရများတွင် ကြီးမားသောပုံရိပ်က သူ့နဖူးကို နမ်းရှိုက်နေသည်ကို မြင်လိုက်ရသည်။ ထိုခံစားချက်က အမှောင် လောကမှာ ခံစားခဲ့ရသော အတိတ်က ခံစားချက်ပင်ဖြစ်သည်။

စုမင်က လေထုထဲတွင် ထွက်ပေါ်လာသော ပုံဆောင်ခဲအလင်းရောင်ကို တိတ်တဆိတ် ကြည့်နေသည်၊၊ ထိုအလင်း ရောင်က ဘုရားငါးဆူချိပ်တံဆိပ်မှတဆင့် စိမ့်ဝင်သွားပြီး ပျောက်ကွယ်သွားကာ သူ့ရင်ထဲတွင် အထီးကျန်မှု ခံစားချက်များ တိုးလာသည်။

အချိန်အတော်ကြာပြီးနောက် စုမင်က မျက်လုံးမှိတ်လိုက်သည်။ ပြန်ဖွင့်လိုက်တော့ သူ့အကြည့်များက ငြိမ်သက်သွားတယ်။ စိတ်ရှုပ်ထွေးမှု၊ အထီးကျန်မှုနှင့် စိတ်ပူပန်မှုများကို ဖုံးကွယ်ထားသည်။ ထိုအရာများကို မည်သူမှ မမြင်နိုင်ပေ။ စုမင် ကိုယ်တိုင်ကသာ သူ့နှလုံးသားထဲမှာ ၎င်းတို့ကို အာရုံခံစားနိုင်သည် ။

ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်က အလင်းတန်းငါးလွှာအတွင်း၌ပင် အလယ်အလတ်သို့ တက်သွားသည်။ သူ ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သော်လည်း ချက်ချင်းပင် ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။

သူ့မှာ တစ်ခုခု ချို့တဲ့နေသကဲ့သို့ ခံစားရလေသည်။ထို့နောက် သူ တိတ်ဆိတ်စွာနေလိုက်သည်။

ထိုစွမ်းအားက ယခင်က သူပိုင်ဆိုင်ထားသည်ထက် ပိုမိုအားကောင်းခဲ့သော်လည်း ယခင်ကနှင့် နှိုင်းယှဉ်ပါက ထက်ဝက်သာ အားကောင်းခဲ့သည်။ သူ့အရိုးများအားလုံး မာန်အရိုးအဖြစ်သို့ပြောင်းသွားပြီးနောက် သူပိုင်ဆိုင်မည်ဟု ထင်ထားသည့် ဖိနှိပ်စွမ်းအားကို သူပိုင်ဆိုင်ခွင့်မရှိခဲ့ပေ။

စုမင်၏မာန်အရိုးများ တွင် လေထုခွဲဖြာခြင်းနည်းသုံးသွယ်၊ လျှပ်စီးမာန်စွမ်းအား၊ ‌ဖယောင်းနဂါး၏ကောင်းချီးပေးမှု၊ သွေးပြောင်းသွေးလွှဲမျိုးနွယ်စု၏အမွေအနှစ်နှင့် ဒုတိယမာန်နတ်ဘုရား၏အမွေအနှစ်များပါဝင်သည်။

ဤအရာများ အားလုံးက သူ၏ လက်ရှိစွမ်းအားဖြစ်လာပြီး ယခင်က သူ့ဘိုးဘေးများ မပိုင်ဆိုင်နိုင်ခဲ့ပေ။

သို့သော် လက်ရှိအခြေအနေသို့ ရောက်ရှိပြီးနောက် ရရှိလာသော ခံစားချက်မှာ ယခင်နှင့် နှိုင်းယှဉ်လျှင် အလွန်ပြင်းထန်ခြင်းမရှိကြောင်း၊ တစ်ခုခုလွဲချော်နေပြီဟု ခံစားရခြင်းဖြစ်သည်။

အထူးသဖြင့် သူ့ ၏မာန်အရိုးများ၊ သူ့သွေး နဲ့ သူ့အသား အတွင်းမှာ ပါ၀င်သော အလားအလာကောင်း အများကြီးကို ခံစားမိသည်။သို့သော် ထိုအရာအားလုံးကို စုစည်းပြီး မထုတ်ဖော်ပြနိုင်ခဲ့ပေ။

“ငါ့ရဲ့စွမ်းအားအပြည့်အ၀ကို မြန်မြန်ဆန်ဆန် ထုတ်ပြနိုင်ဖို့ ငါ့အတွက် အလှည့်အပြောင်းတစ်ခု လွဲချော်နေတာ ဖြစ်နိုင်တယ်.. ငါ့ကိုယ်ငါ အချိန်အကြာကြီးသန့်စင်ရမယ်.. ပြီးတော့ အချိန်အတိုင်းအတာတစ်ခုရောက်ရင် ငါ့ရဲ့ စွမ်းရည်ကို အပြည့်အဝ ထုတ်နိုင်လိမ့်မယ်… ဒါပေမယ့် အခု ငါ့မှာ အချိန်မရှိဘူး...”

စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူ ချို့တဲ့နေသောအရာများကို ကောင်းမွန်စွာ နားလည်လာသည်။

သို့ပေမယ့် ထိုအရာက သူ့၏ စိတ်ကူးသက်သက်ပင်ဖြစ်သည်။ နောက်ဆုံးတော့၊ သူ့၏ လက်ရှိအခြေအနေက မာန်ကျင့်ကြံသူများကြားမှာ တစ်ခါမှ မကြားဖူးသော အရာတစ်ခုပင်ဖြစ်သည်။ သူ့မှာ စမ်းတဝါးဝါးဖြစ်နေသော်လည်းလမ်းစဉ်ကို အဆက်မပြတ် ရှာဖွေနေလေသည်။

ခဏတာတိတ်ဆိတ်သွားပြီးနောက် စုမင်၏မျက်လုံးများ တောက်ပလာသည်။ သူ၏ကနဦးကျင့်ကြံမှု စွမ်းအားက ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပျံ့နှံ့သွားကာ သူ၏ဆံပင်များက လေမတိုက်ဘဲ စတင်လွင့်ပျံလာသည်။ ပြင်းထန်ပြီး အရိုင်းဆန်သော ခံစားချက်က နေရာတစ်ခုလုံးကို လွှမ်းမိုးသွားသည်။

ငါ အဲ့ဒီစွမ်းအားကို ဖော်ထုတ်နိုင်မှဖြစ်မယ်...”

စုမင်အတွင်းရှိ စွမ်းအားက ပို၍ လျင်မြန်စွာ လည်ပတ်နေလေသည်။ ၎င်းက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာခါနီးတွင် အတင်းအကျပ် ပြန်ဆုတ်သွားကာ မတူညီသော ဖိအားနှစ်မျိုး ပေါ်လာသည်။

ထိုဖိအားနှစ်မျိုးထဲမှ တစ်ခုက သူ့အထဲမှာ ရှိနေပြီး သူ့၏အရှိန်အဝါက အပြင်ကို တိုးထွက်ချင်နေပြီး နောက်တစ်ခုက အပြင်ဘက်ကနေ ထွက်မရအောင် ဖိထားလေသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် စုမင်က ၏ခန္ဓာကိုယ်သည် ထိတိုက်မှု၏ဗဟိုအဖြစ်သို့ ပြောင်းလဲသွားသည်၊၊ စွမ်းအားနှစ်ခုက သူ့ကို အတွင်းအပြင်မှ ဆက်လက်ဖိနှိပ်လာသောအခါတွင် သူ၏မျက်နှာက ပိုမိုတင်းမာလာခဲ့သည်။

သာမာန်လူတစ်ယောက်က ထိုကဲ့သို့ဖိနှိပ်မှုမျိုးကို ခံစားရလျှင် ချက်ချင်းသေဆုံးသွားလိမ့်မည်။

မိမိကိုယ်ကို ဖျက်ဆီးခြင်းဆိုသည်မှာ ခန္ဓာကိုယ်က ကန့်သတ်ချက်သို့ တွန်းပို့ခံလိုက်ရပြီး ခန္ဓာကိုယ်ပြင်ပမှလောကကြီးက ခန္ဓာကိုယ်ကို ညှစ်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ပြိုလဲသွားသည့် အခြေအနေတစ်ခုဖြစ်သည်။ ဖိအားပိုကြီးလေ၊ ပေါက်ကွဲမှုပိုပြင်းလေဖြစ်သည်။

လူတစ်ဦးက မိမိကိုယ်တိုင်ဖျက်စီးခြင်းပြုလုပ်သောအခါ သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားအားလုံးကို ပေါက်ကွဲမှုတွင် ထုတ်ဖော်ပြမည်ဖြစ်သည်။ ဤသည်မှာ စုမင် တွေးခဲ့သော နည်းလမ်းဖြစ်ပြီး အလွန်မိုက်မဲသော အကြံအစည်ဖြစ်သည်။

သူ့တွင် သူ ၏စွမ်းအားကို ဖြည်းညှင်းစွာ ဖိနှိပ်ပြီး သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်ရန် ဖြည်းဖြည်းချင်း ထုတ်ရန် အချိန်မရှိသောကြောင့်...တူညီသော ရလဒ်များ ရရှိရန် ဤအစွန်းရောက်နည်းလမ်းကို အသုံးချနိုင်ခဲ့သည်။

ယခုအချိန်တွင် သူ့ခန္ဓာကိုယ်၏ ခံနိုင်ရည်အားက ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ အားနည်းချက်မှာ စုမင်က မိမိကိုယ်မိမိ ဖျက်ဆီးလိုလျှင် အခြားသူများနှင့် ယှဉ်လျှင် သူ့အတွက် ပို၍ခက်ခဲလိမ့်မည် ။

ထိုအချိန်တွင် သူ့ခန္ဓာကိုယ်အတွင်းအပြင်မှ ဖိအားများကြောင့် ဖြစ်ပေါ်လာသော ဖိစီးမှုအား အဆက်မပြတ်ခံစားနေရသည်။ သူ့မျက်လုံးများတွင် အလင်းတဖျပ်ဖျပ် ပေါ်လာပြီး သူ့အတွင်းမှ စွမ်းအားများက အရှိန်အဟုန်ဖြင့် ပျံ့နှံ့နေတော့သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဖိနှိပ်မှုမှ စွမ်းအားက ပိုမိုအားကောင်းလာသည်။ ဤစွမ်းအားအောက်တွင် စုမင်က သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများက သူ၏ကနဦးကျင့်ကြံမှုစွမ်းအားနှင့် ပေါင်းစပ်သွားသည်ကို သတိပြုမိသည်။

“ဒါအလုပ်ဖြစ်မယ်မှန်းသိသားပဲ..”

စုမင်က အံကြိတ်ကာ သူ့အတွင်းမှ စွမ်းအားများ လည်ပတ်မှု တစ်ဖန် တိုးလာလေသည်။ ယခုတစ်ကြိမ်တွင် ကန့်သတ်ချက်သို့ တွန်းပို့လုနီးပါး ဖြစ်သွားသည်။ လေထဲတွင် ကျယ်လောင်သောအသံများက ပဲ့တင်ထပ်ကာ တုန်ရီလာသည်။ သူ့အပေါ်ကို ဖိထားသော သူ့ခန္ဓာကိုယ်အတွင်းနှင့် အပြင်ရှိ ဖိအားများကြောင့် ဖြစ်ပေါ်လာသော ဖိစီးမှုက သူ့မျက်လုံးများကို သွေးယိုစီးကျစေခဲ့သည်။ သို့ပေမဲ့ ထိုလုပ်ရပ်က နောက်တစ်ကြိမ် ထပ်ကွဲသွားနိုင်တဲ့ အလားအလာကို သဲလွန်စ ဖြစ်စေခဲ့ပြီး သူ့ရဲ့ စိုက်ပျိုးမှု အခြေခံထဲကို ပေါင်းစပ်သွားခဲ့တယ်။

သူ၏ကနဦးကျင့်ကြံမှုစွမ်းအားက လျင်မြန်စွာ ပျံ့နှံ့လာသည်နှင့်အမျှ သူ့ကိုယ်တွင်းရှိစွမ်းအားက ဆက်တိုက် တွန်းထုတ်ခံခဲ့ရသော်လည်း… ၎င်းမှာ မများလှပေ။

‘ဒီအတွက် အလှည့်အ‌ပြောင်းတစ်ခုလုပ်ဖို့လိုနေပြီ...”

စုမင်၏ မျက်နှာပေါ်တွင် ပြတ်သားသော အကြည့်တစ်ခု ပေါ်လာသည်။ သူ၏ညာလက်ကို လျင်မြန်စွာ မြှောက်လိုက်ပြီး လက်နှစ်ချောင်းကို ဓားပုံသဏ္ဍာန်အဖြစ် ထားလိုက်သည်။ သူ့လက်ချောင်းထိပ်ကို စိုက်ကြည့်ရင်း တုံ့ဆိုင်းမနေဘဲ မျက်ခုံးအလယ်ကို ပုတ်လိုက်သည် ။

လက်ချောင်းထိပ်များက သူ့အား ထိလိုက်သည်နှင့် တပြိုင်နက် သူ့မျက်ခုံးအလယ်မှ စူးစူးရှရှ နာကျင်သည့် ဓားတစ်ချောင်း ထွက်လာသည်။ ထိုနာကျင်မှုက ချက်ချင်းပင် အထွတ်အထိပ်သို့ ရောက်ရှိလာသည်။ ၎င်း၏မျက်နှာပြင်ပေါ်တွင် အပ်တစ်ချောင်းဖြင့် ထိုးဖောက်ထားသော လွင့်ထွက်နေသော ပူဖောင်းတစ်ခုကဲ့သို့၊ ဖိနှိပ်မှုအောက်တွင် စုမင်၏ ခန္ဓာကိုယ်တွင် ထွက်ပေါက်တစ်ခု ပေါ်လာသည်။ သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများအားလုံး ပေါက်ကွဲသံနှင့်အတူ ထွက်ပေါ်လာသည် ။

ထိုပေါက်ကွဲမှု၏စွမ်းအားကစုမင် ၏ ခန္ဓာကိုယ်အတွင်း စွမ်းအားများ လည်ပတ်မှုကို ကျော်လွန်သွားသည် ။ ပေါက်ကွဲသံအောက်တွင် သူ့ခန္ဓာကိုယ်တွင်စွမ်းအား အပြည့်အ၀ ထွက်လာသည်။ ပြင်းထန်သော ဝေဒနာက သူ့အား ဖြတ်၍ ပြိုလဲလုနီးနီး ဖြစ်နေသကဲ့သို့ပင် ဖြစ်နေတော့သည်။ သို့သော်လည်း ဤနာကျင်မှုများကြားတွင် စုမင်က သူ့ကိုယ်သူ ခံစားနိုင်သည်..

သူ၏ ယခင်စွမ်းအားထက် အဆပေါင်းများစွာ ကျော်လွန်သွားသည့် စွမ်းအားတစ်ခုဖြစ်ပြီး၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးကိုမာန်အရိုးများအဖြစ် ပြောင်းလဲပေးခဲ့သော သူတကယ်ပိုင်ဆိုင်သည့် အားကောင်းသည့် ခံစားမှုတစ်ခုဖြစ်သည်။

စုမင်က ခေါင်း မော့ပြီး ဟိန်းဟောက်လိုက်သည် ။ ၎င်းတွင် သူ၏နာကျင်မှု၊ သူ၏ကနဦးကျင့်ကြံမှုစွမ်းအားနှင့် သူ၏စိတ်ဆန္ဒပါ၀င်ပါသည်။

ထိုဟိန်းဟောက်သံက အရပ်ရပ်သို့ပျံ့နှံ့သွားဆသာအခါ ဘုရားငါးဆူချိပ်တံဆိပ်က စတင်လှုပ်ခါသွားခဲ့သည်။

ဟိန်းဟောက်သံက အလင်းလွှာအကာအကွယ်ကို ရိုက်ခတ်ကာ ပင်လယ်တစ်ခုလုံးကို လှုပ်ခတ်သွားစေသည်။ လှိုင်းလုံးကြီးများက ကောင်းကင်တွင် ထွက်ပေါ်လာသည်။ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အလယ်တွင် နဝမမြောက်တောင်ထွဋ်မှ လူများအားလုံး ပင်လယ်နက်မှ လွင့်ပျံလာသော ဆူမင်၏ ဟိန်းဟောက်သံကို ကြားလိုက်ရသည်။

All Chapters