ကြီးကျယ်ခမ်းနားစွာပြီးမြောက်ခြင်း
Vol. 41 Ch. 568
စုမင်က ဟိန်းဟောက်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောများအားလုံး ပေါက်ထွက်ပြီး သူ့မျက်နှာက ရက်စက်ကြမ်းကြုတ်သော ပုံစံအသွင်ဆောင်သွားလေသည်။ သူ့ခန္ဓာကိုယ်မှာ အက်ကွဲ ကြောင်းများ ပေါ်လာပြီး ပျံ့နှံ့သွားလေသည်။စုမင်ကိုစောင့်ကြိုနေသည့်အရာက ပြင်းထန်သောနာကျင်မှုပင်ဖြစ်သည်။ သူ့အတွင်းက ကျင့်ကြံမှုစွမ်းအားများ ပြိုကွဲသွားမှသာ ဤဝေဒနာ ရပ်တန့်သွားမည်ဖြစ်သည်။
မဟုတ်လျှင် သူ့စွမ်းအားကို ထိန်းချုပ်ပြီး စိတ်တည်ငြိမ်အောင် လုပ်ရလိမ့်မည်။
စုမင်၏ မျက်လုံးများက သွေးရောင်အတိဖုံးလွှမ်းနေလေသည်။ ထိုအချိန်တွင် သူ၏စွမ်းအားက အပြင်သို့ ဆက်လက် ပျံ့နှံ့သွားခြင်းမရှိတော့ပေ။ ဖိနှိပ်မှုမှ လွတ်မြောက်ပြီးသော တောမြင်းရိုင်းတစ်ကောင်ကို ယဉ်ပါးစေခဲ့သကဲ့သို့ အားလုံးကို သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရယူခဲ့သည်။
အစကတည်းကသူ့ခန္ဓာကိုယ်ထဲက စွမ်းအားများကို ပေါက်ကွဲစေရန် ရည်ရွယ်ထားသည်။ ထိုအချိန်တွင် သူ၏ ကနဦးကျင့်ကြံမှု၏ ကြီးမားသော စွမ်းအားက သူ့ကို မယုံနိုင်လောက်အောင် အစွမ်းထက်စေသည်ဟု ခံစားမိသော်လည်း သူ့အတွင်း၌ အမျက်ဒေါသ လှိုင်းလုံးကြီးများကို သယ်ဆောင်လာသည်။
စုမင်က အကြာကြီး တုံ့ဆိုင်း မနေခဲ့ပေ။သူ ထိုင်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။ သူ့အတွင်းရှိ ချီစွမ်းအားများကမယုံနိုင်လောက်အောင်ကို ဖရိုဖရဲဖြစ်နေလေသည်။ ရံဖန်ရံခါ ကြမ်းတမ်းပြီး အခြားအချိန်များတွင် ငြိမ်သက် နေ လေသည်။ ဖယောင်းနဂါး၏မသေနိုင်ပြီးမပျက်စီးလွယ်သောလောကတွင်သူစုဆောင်းပြီး သန့်စင်ထားသော အစွမ်းထက်သောဆန္ဒများ ကျန်ရှိလေသည်။ ဤအခိုက်အတန့်တွင် ထိုဆန္ဒများက အရေးပါခဲ့သည်။ သူ၏စိတ်ဆန္ဒတွင် သူဖြတ်သန်းခဲ့သော အဆုံးမရှိ လူဝင်စားများပြီးသည့်တိုင် မပျက်စီးစေမည့် ဇွဲလုံ့လရှိသော သန္နိဋ္ဌာန်တစ်ခုပါရှိပြီးသည်၊၊ ယခု သူကြုံတွေ့ခဲ့ရသောအန္တရာယ်နှင့် နာကျင်မှုများက ဘာမှမဟုတ်ပေ။ ယခုလုပ်နေသည်များက ပို၍ကြီးမားသော စွမ်းအားကို ရရှိရန်ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ သူ့အတွင်းရှိ ဖရိုဖရဲဖြစ်နေသောချီက တဖြည်းဖြည်း အားနည်းလာသည်။ အချိန်မည်မျှကုန်သွားသည်ကို သူမသိသော်လည်း သူ့ခန္ဓာကိုယ်အတွင်း ငြိမ်သက်သွားသောအခါတွင် သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
သူ့အတွင်းမှ ကနဦးကျင့်ကြံမှုစွမ်းအားထွက်လာသည်ကို မတွေ့နိုင်ပေ။ သူ့အသားအရည်က ဖြူစင်ပြီး ခန္ဓာကိုယ် သေးသွယ်လေသည်။ သူက သာမန်မသေမျိုးကဲ့သို့ပင်ဖြစ်ပြီး၊ မည်သည့်ကနဦးကျင့်ကြံမှုစွမ်းအားအရိပ်အမြွက်မျှ မတွေ့ရှိနိုင်ပေ။
သူ့မျက်လုံးများက မယုံနိုင်လောက်အောင် ကြည်လင်နေခဲ့ပြီး လောကကြီးကတစ်ဆုံးမြင်နိုင် ထိန်းချုပ်နိုင်သကဲ့သို့ ခံစားနေရလေသည်။
ထိုအချိန်တွင် မာန်စိတ်ဝိညာဉ်နယ်ပယ်ကို ကြီးကျယ်စွာ ပြီးမြောက်အောင်မြင်ခဲ့သော သူများသည်ပင် အနီးကပ် ကြည့်ပါက သူ၏ကနဦးကျင့်ကြံမှုစွမ်းအားကို မြင်တွေ့နိုင်မည် မဟုတ်ပေ။
အကြောင်းမှာ... ထိုအချိန်တွင် စုမင်၏ ခန္ဓာကိုယ်တစ်ခုလုံး ပြောင်းလဲသွားရုံသာမက ဟန်ချက်ညီသော အခြေအနေသို့ ရောက်ရှိသွားသောကြောင့်ဖြစ်သည်။ သူ့ဘဝက အသွင်ကူးပြောင်းမှုတစ်ခုကို ဖြတ်သန်းခဲ့ရသကဲ့သို့ ပြီးပြည့်စုံသောအဆင့်ကိုရောက်ရှိသည်နှင့် သူ့စွမ်းအားများကို ဖုံးကွယ်ထားနိုင်ခဲ့သည်။
မာန်စိတ်ဝိညာဉ်နယ်ပယ်အတွင်းရှိ အင်အားကြီးမားသော စစ်သည်များက ၎င်းတို့၏ ကျောရိုးများပြောင်းလဲမှုကြောင့် အားကောင်းခဲ့သည်။ ရိုးရေစတေးနယ်ပယ် တွင် ကြီးကျယ်သော ပြီးမြောက်အောင်မြင်သူများက ၎င်းတို့၏ ခန္ဓာကိုယ်အတွင်း အတက်အကျများကို မထိန်းချုပ်နိုင်ပေ။ သူတို့၏ ကျောရိုးတစ်ခုလုံးကို မာန်အရိုး အဖြစ်ပြောင်းသွားသည့် ထူးခြားသောအခြေအနေက ခန္ဓာကိုယ်မှာရှိသောအခြားအရိုးများက ရေကြည်ထဲမှာပေါ်လာသော အမဲစက်ကလေးများကဲ့သို့ပင်ဖြစ်လာသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်းတို့နှင့်ပတ်သက်သော ကွဲပြားသည့်အရာတစ်ခုရှိကြောင်း လူတိုင်းပြောနိုင်လိမ့်မည်။
ထိုဖြစ်စဉ်မျိုးကိုမာန်ကျင့်ကြံသူများဆီမှာ မတွေ့ရဘဲ စုမင်ကသာ တစ်ဦးတည်းသောလုပ်ဆောင်နိုင်သူဖြစ်သည်။
သူ မျက်လုံးဖွင့်လိုက်သည်။ သူ၏မျက်လုံးထဲရှိ အနက်ရောင် အရိပ်က သူ့မျက်လုံးများကို ကြည့်နေသူများ အားလုံးအတွက် မယုံနိုင်လောက်အောင် ကြည်လင်နေပေလိမ့်မည်။ သူ ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲက အရှိန်အဝါတစ်ခုမှ ထွက်ပေါ်မလာပေ။ သူက သာမန်မသေမျိုးကဲ့သို့ပင် ဖြစ်နေလေသည်။ သူ့အပေါ်က ဘုရားငါးဆူချိပ် တံဆိပ်ကို ကြည့်ရင်း ညာလက်ကို တည်ငြိမ်စွာ မြှောက်လိုက်သည်။ သူ့လက်ကို အလင်းလွှာအကာအကွယ်ငါးခုရှိသော ဖန်သားပြင်ဆီ လွှဲယမ်းလိုက်သည်။
ထိုလှိုင်းလုံးကြီးက ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်မသွားစေခဲ့ဘဲ၊ ပထမအလင်းလွှာက တစ်လက်မချင်း ကွဲအက်စပြုလာသည်။ ၎င်းနောက်ကချိပ်စည်းလည်း ကွဲအက်စပြုလာသည်။
သို့သော် ဘုရားငါးဆူချိပ်တံဆိပ်က နတ်ဘုရားဘယ်ဘက်လက်ကိုဖိနှိပ်ရန်အသုံးပြုသောရတနာဖြစ်သည်။ ၎င်းက နှစ်သန်းပေါင်းများစွာအတွင်း ဘယ်ဘက်လက်မောင်းနှင့် တစ်သားတည်းဖြစ်လာနိုင်ပြီး ၎င်းအတွင်းမှ ဆွဲငင်မှုစွမ်းအားမှာပိုမိုအားနည်းလာသည်။သို့သော် ထိုအရာကို ချိုးဖျက်ရန် မလွယ်ကူပေ။
အလင်းလွှာအကာအကွယ်နှစ်ခု ကွဲအက်သွားကာ ကျန်သုံးလွှာက တောက်ပလာလေသည်။စုမင်က ၎င်းတို့နောက်တွင် အခြားအလွှာနှစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်
စုမင်က မတ်တပ်ရပ်ကာ ယခင်အတိုင်း ခက်ထန်နေ လေသည်။ ဘုရားငါးဆူချိပ်စည်း အပြောင်းအလဲကြောင့် သူမျက်နှာတွင် အပြောင်းအလဲများစွာ မတွေ့ရပေ။ သို့သော် သူ့မျက်လုံးများက အတွေးနက်နေသကဲ့သို့ တောက်ပလာသည်။
ခဏအကြာတွင် သူ့မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူ့ ညာလက်ကို မြှောက်ကာ အလင်းလွှာငါးလွှာရှိသော မျက်နှာပြင်ဆီသို့ချိန်ရွယ်လိုက်သည်။ သူ ချိန်ရွယ်လိုက်သည့်အခိုက်တွင် ထိုမျက်နှာပြင်က ပေါက်ကွဲသံနှင့်အတူ တုန်လှုပ်သွားသည်။ ထိုအလွှာငါးခုစလုံး တစ်ချိန်တည်းမှာ ကွဲအက်သွားသော်လည်း နောက်ထပ်အလင်းလွှာငါးလွှာက ထပ်မံပေါ်လာလေသည်။
၎င်းက အဆုံးမရှိ၊ အောက်ခြေမရှိသကဲ့သို့ ထာဝရတံဆိပ်တစ်ခုကဲ့သို့ဖြစ်သည်။
‘အပြင်ကနေ တံဆိပ်ကို တိုက်ခိုက်ရင် ရောဘာဖြစ်သွားမလဲ သိချင်တယ်..”
စုမင်၏ မျက်လုံးများတွင် အလင်းတဖျပ်ဖျပ် တောက်ပနေသည်။ အလင်းငါးလွှာက အပြင်ဘက်သို့ ကျယ်ပြန့်လာသောအခါ အတွင်းဧရိယာသည်လည်း ပိုကျယ်လာသည်။ ကြည့်ရလျှင် ချိပ်တံဆိပ်က ကွဲအက်ပြီး ပြန်လည်ကောင်းမွန်လာသောအခါမှသာ ဆက်လက်၍ ကျယ်ပြန့်လာမည်ဖြစ်သည်။
စုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့ညာလက်ကို မြှောက်လိုက်ရင်း ရှေ့သို့ နောက်တစ်ကြိမ် ချိန်ရွယ်လိုက်သည်။ ထို့နောက် သူက ရှည်လျားသော မြှားတစ်စင်းကဲ့သို့ ပစ်ဝင်လိုက်ပြီး တစ်ချက်မျှ မရပ်ဘဲ ရှေ့သို့ ချိန်ရွယ်ပြန်သည်။
အကြိမ်ပေါင်းများစွာ ပြုလုပ်ပြီးနောက်၊ အလင်းငါးလွှာရှိသော ဖန်သားပြင်က ဆက်လက်ကွဲအက်ကာ ပြန်ပေါ်လာသည်။ ပြန်ပေါ်လာတိုင်း၊ အပြင်မှာ ပိုကျယ်ပြန့်လာသည်။ ထိုဖြစ်စဉ်ကို အကြိမ်ကြိမ်ထပ်ခါထပ်ခါပြုလုပ်ပြီးနောက် စုမင်နှင့်အဝေးဆုံးတွင်ရှိသော အလင်းမျက်နှာပြင်က ပေပေါင်းသောင်းနှင့်ချီ၍ကျယ်ဝန်းသည်။
စုမင်က လေထဲသို့ ဆက်လက် တက်လာသည်နှင့်အမျှ အပြင်ဘက် အလွှာရှိ အလင်းရောင် မျက်နှာပြင်က ဖောင်းလာပြီး ပင်လယ်ဘက်သို့ ပျံ့နှံ့သွားတော့သည်။
စုမင်က မရပ်တန့်ပေ။ သူက ရှေ့ကို ချိန်ရွယ်ပြန်သည်။
အလင်း၏မျက်နှာပြင်က ဆက်လက်ကြီးမားလာသည်။ ဆက်လက် ကွဲအက်ပြီး ပြန်ပေါ်လာသည်နှင့်အမျှ၊ ၎င်းက အဆက်မပြတ် ချဲ့ထွင်နေသော ပင်လယ်ရေအောက်ရှိ လေပူဖောင်းကြီးတစ်ခုအဖြစ် မြင်ရပြီး ပင်လယ်မျက်နှာပြင်ဆီသို့ လွင့်မျောနေလေသည်။
ခဏအကြာတွင် နဝမမြောက်တောင်ထွဋ် ရှိ လူအားလုံး၏ မျက်စိရှေ့တွင် ၊သူတို့၏ ထိတ်လန့်တကြား အော်ဟစ်သံများကြားတွင် အဝေးမှ ပင်လယ်မျက်နှာပြင်မှ ကျယ်လောင်သော မြည်ဟည်းသံများ ထွက်ပေါ်လာသည်။ ပင်လယ်ရေက ပို၍ ပြင်းထန်စွာ တုန်ခါလာကာ ပင်လယ်ရေ ပွက်ပွက်ဆူလာသကဲ့သို့ လှိုင်းလုံးကြီးများ အဆက်မပြတ် တက်လာတော့သည်။
ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး ထိုအလင်းရောင် ပြန့်ကျဲလာသည်နှင့်အမျှ လေပူဖောင်းတစ်ခုနှင့်တူသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ထိုစဉ် မှောင်မိုက်နေသော ကောင်းကင်ကြီးက ရွှေရောင်အတိဖြစ်နေတော့ သည်။ လောကကြီးအနှံ့လွင့် မြော နေသော အားလုံး၏စိတ်ဝိညာဉ်များကို ခြိမ်းခြောက်နိုင်သည့် ဖိအားတစ်ခုပင် ဖြစ်သည်။
ရွှေရောင်အလင်းတန်းက ပင်လယ်ကို ဟိန်းဟောက်စေပြီး အရပ်ရပ်သို့ နောက်ပြန်စီးဆင်းသွားစေသည်။
လှန်လိုက်သော ပန်းကန်လုံးကြီးတစ်လုံးကဲ့သို့ ပင်လယ်မျက်နှာပြင်ပေါ်တွင် အလင်းတန်းများ လုံးလုံးပေါ်လာသောအခါ နဝမမြောက်တောင်ထွဋ်မှလူများမှ ရုတ်ရုတ်သဲသဲ ထွက်လာသည်။ မြင်သူတိုင်းက တုန်လှုပ်ခြောက်ခြားစွာဖြင့် မျက်လုံးပြူးသွားကြသည်။
ပင်လယ်ပြင်မှ ထွက်ခွာသွားသည့်တိုင်အောင် အလင်းရောင်က ကောင်းကင်ယံတွင် ဆက်လက်တောက်ပနေ၏။ ထို့နောက် ကြည့်ရှုသူအားလုံး၏ မျက်လုံးများရှေ့တွင် ပေါ်လာသည့်အရာမှာ ဘောလုံးနှင့်တူသောအလင်းတန်းတစ်ခုဖြစ်သည်။
အလင်း၏ဖန်သားပြင်က ရွှေရောင်အလင်းတန်းဖြင့် လင်းလက်နေပြီး ၎င်းတွင် အလွှာငါးခုရှိသည်။
အပြင်ဘက်ဆုံးအလွှာက ပေပေါင်းတစ်သိန်းကျော် ကျယ်ဝန်းပြီး အောက်ဘက်တွင် လူတစ်ဦးကို မြင်တွေ့နိုင်သည်။ ထိုလူကို ဖုံးကွယ်ထားသောကြောင့် မည်သူမျှ သူ့ကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ။
ပေတစ်သိန်းရှိသော အလင်းတန်း ဖန်သားပြင်က မှောင်မိုက်နေသော ကောင်းကင်အောက်ရှိ နေရောင်နှင့်တူသည်။ မြင်သူအားလုံး တုန်လှုပ်သွားပြီး တစ်ချိန်တည်းမှာပင် သူတို့၏ နှလုံးသားထဲတွင် အဆုံးမရှိသော ကြည်ညိုလေးစားမှု မြင့်တက်လာခဲ့သည်။
“ခင်ဗျားတို့ရဲ့ ခွန်အားကို အကုန်သုံးပြီး ဒီအလင်းမျက်နှာပြင်ကို ရိုက်လိုက်ပါ..”
လူတိုင်း ထိတ်လန့်တကြား မတ်တပ်ရပ်နေကြစဉ် စုမင်၏ အသံက အလင်းရောင် ဖန်သားပြင်မှ ညည်းတွားသံနှင့်အတူ ထွက်ကျလာသည်။ထို့နောက် နေရာ အရပ်ရပ်သို့ ပဲ့တင်ထပ်ကာ ပျံ့နှံ့သွားသည်။
“စုမင်... အဲဒါ စုမင်ပဲ...”
နဝမမြောက်တောင်ထွဋ်တွင် ခိုလှုံရန် ကောင်းကင်နယ်နမိတ်မှ လာသူအားလုံးက ထိုစကားသံကို ကြားလိုက်သည်နှင့် စိတ်လှုပ်ရှားမှုက ချက်ချင်းပင် မြင့်တက်လာသည်။ စုမင်က သူတို့အတွက် ရန်သူမဟုတ်သော်လည်း စစ်မာရှင်း၏ ထိန်းချုပ်မှုကနေ လွတ်မြောက်အောင် လုပ်ပေးခဲ့သော သူတို့၏ ကျေးဇူးရှင်ပင်။
ကောင်းကင်ဘုံနယ်နမိတ်မှာ သူတို့ လူတော်တော်များများကို သတ်ခဲ့သော်လည်း တရားခံက စုမင် မဟုတ်ပေ... စစ်မာရှင်းပင်...
အထူးသဖြင့် ဟိုးယခင်ကတည်းက သိကျွမ်းဖူးသူများက ထိုမြင်ကွင်းကိုမြင်ပြီး သူ့အသံကိုကြားလိုက်ရသည့်အခါ သူတို့၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးသော
အမူအရာတစ်ခုပေါ်လာလေသည်။ သူတို့ ၏နှလုံးသားထဲမှာ ခံစားချက်လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။
ပိုင်စုက စုမင်ကိုကြည့်ရင်း မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။ သို့သော် သူမ၏ မျက်ရည်များထဲတွင် ပျော်ရွှင်မှုများ ပါ၀င်နေသော်လည်း ရှုပ်ထွေးသော ခံစားချက်များလည်း ရှိနေသည်။ လွန်ခဲ့သော နှစ်များ က ဖြစ်ပျက်ခဲ့သော အရာတစ်ခုကို သူမ သတိရသွားပြီး ဝမ်းနည်း မိသည်။
အနောက်မှာ ရပ်နေသော သူ့မအဖေက ကောင်းကင်မှာရှိသော အလင်းငါးလွှာထဲတွင်ရှိနေသော စုမင်ကို တိတ်တဆိတ် ကြည့်နေလိုက်သည်။ ယခုအချိန်ထိတိုင် သူက သူ့ရှေ့ကလူကို အတိတ်က လူငယ်နှင့် မချိတ်ဆက်နိုင်သေးပေ။
“အားလုံးပဲ ဒီအလင်းမျက်နှာပြင်ကို တိုက်ခိုက်ပေးကြပါ...ကျုပ် အဲ့ဒါရဲ့ စွမ်းအားကို စမ်းသပ်ချင်တယ်...”
စုမင်၏ အသံက အလင်းဖန်သားပြင်မှ နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်တွင် လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ချက်ချင်း ပြေးတက်လာပြီး အလင်းလွှာမျက်နှာပြင်ဆီသို့ တိုးဝင်လာသည်။ များမကြာမီတွင်၊ လူများ ပိုများလာကာ ရှည်လျားသောအလင်းတန်းများက လေထဲသို့ရောက်ရှိလာသည်။ အလင်းလွှာမျက်နှာပြင်ပေါ်နှင့် နီးကပ်လာသည့်အခါ ကျယ်လောင်သောအသံများက လေထဲမှာပဲ့တင်ထပ်နေ လေသည်။ ရှည်လျားသောအလင်းတန်းအတွင်းမှ လူများအားလုံးက စုမင်၏ဆန္ဒအရ အလင်းအလွှာငါးလွှာရှိ အလင်းရောင်ကို စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်ကြသည်။
သို့သော် အလင်း၏မျက်နှာပြင်က အနည်းငယ်တုန်ခါရုံမျှသာဖြစ်ပြီး တစ်လက်မမျှ အက်ကွဲမသွားပေ။
“ဒါဆို လုံလောက်ပြီ...”
စုမင်၏ အသံသည် တစ်ဖန် ထွက်ပေါ်လာပြီး သူ့ပတ်ဝန်းကျင်မှ လူများက ရိုသေသော အမူအရာဖြင့် ချက်ချင်း ဆုတ်ခွာသွားကြသည်။
ဤအရာက ချိပ်တံဆိပ်ဖြစ်နိုင်သော်လည်း ကောင်းစွာအသုံးချနိုင်လျှင် ၎င်းက အကာအကွယ်အတွက် အသုံးပြုသည့်ရတနာအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။’
စုမင်၏ မျက်လုံးများ တောက်ပလာပြီး ညာလက်ကို သူ့ရင်ဘတ်ကို ဖိထားလိုက်သည်။ အနက်ရောင်အလင်းတန်းတစ်ခုက သူ့ပါးစပ်မှ ချက်ချင်းထွက်ပေါ်သည်။ ထိုနောက် အနက်ရောင်အလင်းတန်းများအဖြစ် တောက်ပလာပြီး စူမင်၏လက်ထဲတွင် နတ်မင်း ကြိုဆို ဆေးလုံးအဖြစ်သို့ ပြောင်းလဲသွားသည်။
ဆေးလုံးက နက်မှောင်နေလေသည်။ စုမင်က ဆေးလုံးကို ထုတ်လိုက်သော်လည်း သူ့မျက်နှာကတော့ မပြောင်းလဲသွားပေ။ မာန်နတ်ဘုရားသခင့်အစွမ်းသတ္တိများရရှိရန်ဤနတ်မင်း ကြိုဆိုဆေးလုံးကိုအသုံးပြုရန်မလိုအပ်တော့ပေ။ မာန်နတ်ဘုရားဘယ်ဘက်လက်ကို စုပ်ယူသောအခါ အရာအားလုံးကိုရရှိပြီးဖြစ်သည်။
နတ်မင်းကြိုဆိုဆေးလုံးကို ပယ်ရှားပြီးသည်နှင့် သူ့ပတ်ဝန်းကျင်တွင် ဘယ်သောအခါမှ ပျောက်ကွယ်သွားခြင်းမရှိသော ဘုရားငါးဆူချိပ်စည်းကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက သူ၏ မြင့်မြတ်သော နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ပြီး လည်ပင်းမှ တွဲလောင်းကျနေသော အနက်ရောင် ကျောက်တုံး အပိုင်းအစနှင့် ပေါင်းစပ်လိုက်သည်။
ကျောက်တုံးအပိုင်းအစများက သက်ရှိအားလုံးကို လှည့်ဖြားနိုင်သည်၊၊ဘုရားငါးဆူချိပ်တံဆိပ်က သဘာဝအတိုင်းမဟုတ်ဘဲ လူမှဖန်တီးထားလေသည်။ ဤသည်မှာ စုမင်က ဘုရားငါးဆူချိပ်စည်းတွင် စွန့်စားပြီး သူ့ကိုယ်သူ တည်ငြိမ်မှုကို ရှာဖွေရန် သတ္တိရှိခဲ့သည့် အကြောင်းရင်းတစ်ခုဖြစ်သည်။
စုမင်၏ နတ်ဘုရားအာရုံသည် အနက်ရောင် ကျောက်တုံးအပိုင်းအစကို ထိမိသည်နှင့် တပြိုင်နက် သူ့တည်ရှိမှုမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ ဒုတိယဘုရားသခင်၏တည်ရှိမှုက
သူ့ခန္ဓာကိုယ်မှတဖြည်းဖြည်းမှေးမှိန်သွားသည်။
သူသည် အခြားလူအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင် ဖြစ်သွားသည်။ စုမင်က သူ့ရှေ့မှ အလင်းတန်းငါးလွှာဆီသို့ လျှောက်သွားကာ အတွင်းအလွှာကို ထိလိုက်သည်နှင့် သူသွားရာလမ်းတွင် အတားအဆီး တစ်ချက်မှ မကြုံဘဲ ထွက်လာခဲ့သည်။ ကျန်အလွှာများဆီသို့ လှမ်း၍ အလယ်အလတ်တွင် ရပ်ကာ အလင်းရောင် ဖန်သားပြင်ဆီသို့ လှမ်းကြည့်လိုက်သည်။
စုမင် ထွက်သွားပြီးသည်နှင့် တံဆိပ်ခတ်ခြင်း၏ အရင်းအမြစ်ကို ရှာမတွေ့တော့ဘဲ အလင်းရောင်၏မျက်နှာပြင်က တဖြည်းဖြည်း ကျုံ့သွားသသည်။ နောက်ဆုံးတွင် လက်ဖဝါးအရွယ်ခန့်ရှိသော ရွှေရောင်ဘုရားငါးဆူချိပ်စည်း အဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုတံဆိပ်က လေထဲ၌ လွင့်မျောပြီး ပင်လယ်ဆီသို့ ကျဆင်းသွားသည်။ သို့သော် စုမင်၏လက်မောင်းကို လွှဲလိုက်သဖြင့် ဦးတည်ချက်ပြောင်းကာ သူ့ဆီသို့ ပျံသန်းသွားခဲ့သည်။ စုမင်က သူ့လက်ထဲမှာ ဂရုတစိုက် ကိုင်ထားရင်း သိမ်းလိုက်သည်။ထို့နောက် သူ့ခေါင်းကို လှည့်ပြီး နဝမ မြောက်တောင်ထွဋ်ကို ကြည့်ရင်း သူ့ပတ်ဝန်းကျင်က လူများကို ငေးကြည့်နေလေသည်။