ကောင်းကင်မြစ်ဆီသို့ အသက်စွမ်းအင်ကျောက်တုံး ကြွေကျခြင်း
Vol. 41 Ch. 569
“နှုတ်ခွန်းဆက်သပါတယ် သခင်လေးစုမင်..”
“ကျေးဇူးပြုပြီး ကျုပ်တို့ရဲ့နှုတ်ခွန်းဆက်စကားတွေကို လက်ခံပါ... သခင်လေးစုမင်...”
လွန်ခဲ့သည့်အခိုက်အတန့်က အလင်းလွှာမျက်နှာပြင်ကို တိုက်ခိုက်ရန် တောင်းဆိုခံရသည့် လူအုပ်ကြီးက စုမင်ရှေ့တွင် ရပ်ကာ သူ့ကို လေးလေးစားစား မျက်နှာထားဖြင့် ကြည့်နေကြသည်။ ယခင်က သူ ထိုလူတချို့ကို မြင်ဖူးလေသည်။ထိုအချိန်မှာ သူတို့၏ နှလုံးသားထဲတွင် ရောထွေးနေနေသော ခံစားချက်များနှင့် ပြည့်နေသော်လည် ထုတ်မပြရဲကြပေ။ သူတို့၏ မျက်နှာများက ရိုသေလေးစားမှုဖြင့် ပြည့်နှက်နေသည်။
မည်သည့်လူမျိုးစုပင်ဖြစ်စေ အင်အားကြီးတကျင့်ကြံသူအားလုံးကို လေးစားရမည်။ ဤလေးစားမှုက စိတ်ရင်းမှန်နိုင်ပြီး ကြောက်စိတ်ကြောင့်လည်း ဖြစ်နိုင်သည်။ အင်အားကြီးသူက လွှမ်းမိုးချုပ်ချယ်နိုင်ခြင်း - ဤသည်မှာ ဘယ်တော့မှ မပြောင်းလဲနိုင်သော လောကဥပဒေဖြစ်သည်။
စုမင်၏ မျက်လုံးများရှေ့တွင် လူအုပ်ကြီးက ဤကဲ့သို့ တိတိပပ ပြုမူကြသည်။
သူတို့က ကောင်းကင်ဘုံနယ်နမိတ် ပြိုကျပြီးနောက် ကျန်ခဲ့သော အသက်ရှင်ကျန်ရစ်သူများဖြစ်သည်။ စုမင်က အလွှာပေါင်းမြောက်မြားစွာ ဖြတ်ကျော်ကာ သတ်ဖြတ်ခဲ့သည်ကို တွေ့ခဲ့ကြရသည်။ သူတို့၏ စကားများ လေထဲသို့ ပျံ့လွင့်သွားသောအခါ စုမင်၏ အကြည့်များက သူတို့အပေါ် ကျရောက်လာသည်။ထို့ကြောင့် လူများက သူ့ကို ကြည့်ရန် သတ္တိမရှိ၍ ခေါင်းငုံ့ထားကြသည်။
စုမင်၏ အကြည့်သည် ပြင်းထန်သည် မဟုတ်သော်လည်း လေးနက်သော အကြည့်များဖြင့် ပြည့်နေသည့် ရှင်းရှင်းလင်းလင်း အကြည့်တစ်ချက်ပင်ဖြစ်သည်။ သို့သော် သူ့မျက်လုံးထဲတွင် ဤသာမန်အကြည့်က မြင်သူတိုင်း၏ အတွင်းစိတ်အတွေးများကို မြင်လိုက်ရသလို ခံစားလိုက်ရပြီး သူ့ထံမှ လျှို့ဝှက်ချက်များကို ဖုံးကွယ်မထားနိုင်သကဲ့သို့ ခံစားလိုက်ရသည်။
ထိုခဏအတွင်းမှာပင် သူတို့၏ နှလုံးသားများ တုန်လှုပ်သွားခဲ့သည်။စုမင်က ခေါင်းငုံ့ထားသောသူတို့ကို ကြည့်သည်။ စုမင်ဝိုးတဝါးသာ မှတ်မိနိုင်သောလူအချို့ပါရှိသော်လည်း သူတို့၏နာမည်များကို မမှတ်မိပေ။ ဤသူများက နဝမမြောက်တောင်ထွဋ်တွင် သူ ရှိနေစဉ်တွင် သူကိုယ်တိုင် ကြုံဆုံဖူးသော လူများဖြစ်သည်။
စုမင်ကို သိသူများအတွက် အချိန်ကာလ အနှစ် နှစ်ဆယ် ကုန်လွန်သွားလေပြီ။ အနှစ်နှစ်ဆယ်က အပြောင်းအလဲများစွာကို ဆောင်ကျဉ်းနိုင်သော်လည်း ကျင့်ကြံမှုလမ်းစဉ်အတိုင်း လျှောက်လှမ်းသူများအတွက် ၎င်းတို့၏ အမှတ်တရများက အလွန်အမင်း ပျောက်ကွယ်သွားမည်မဟုတ်ပေ။
သို့သော် စုမင်က ဖယောင်းနဂါး၏မသေနိုင်သော နှင့် မပျက်စီးနိုင်သောလောကတွင် မရေမတွက်နိုင်သော လူပြန်ဝင်စားခြင်းများစွာကို ဖြတ်သန်းခဲ့ရသည်။ သူ့စိတ်ဆန္ဒက ပိုအားကောင်းလာသော်လည်း သူ့အမှတ်တရက လူတစ်ချို့နှင့် တစ်ချို့အဖြစ်အပျက်များအကြောင်းမဟုတ်လျှင် ကျန်တာအားလုံးက သေကွဲကွဲရသကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။
အမှန်တော့ အတိတ်က ဆက်ဆံရေးအတွက် ခိုင်မာသော ခံစားချက်များရှိခဲ့သော်လည်း လူတယောက်အပေါ် ထားရှိသော ခံစားချက်များကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။ သူက အလယ်တွင် ရပ်ကာ လူအုပ်ကြားကို စူးစူးစိုက်စိုက်ကြည့်ကာ လွန်ခဲ့သည့်နှစ်များကကဲ့သို့ လှပသော အဖြူရောင် ၀တ်စုံဖြင့် လူတစ်ယောက်ကို သူ့မျက်လုံးများက စိုက်ကြည့်နေသည်။
ဟူကျီ၏ ကျယ်လောင်သော ဟောက်သံများသည် ရံဖန်ရံခါ လေထဲတွင် ထွက် ပေါ်နေသေးသည်။စုမင်၏ပုံပန်းသဏ္ဍာန်ကြောင့် လူအုပ်ကြားတွင် ငြိမ်သက်မှုကို သူက ဖြိုခွင်းလိုက်သည်။
စုမင်က ခြေဆန့်ကာ နဝမမြောက်တောင်ထွဋ်ဆီသို့ ခြေတစ်လှမ်းတိုးလိုက်သည်။သူ ခြေလှမ်းလိုက်သည်နှင့် လုံးဝပျောက်ကွယ်သွားသည်။ ထို့နောက် နောက်တစ်လှမ်း လှမ်းပြီးသောအခါ စုမင် ပြန်ပေါ်လာပြီး တောင်ထိပ်၌ ရပ်နေ လေ၏။
ပိုင်စု နှင့် သူ့အဖေအပြင်၊ တောင်ပေါ်ကို ပြေးလာသောကောင်းကင်ဘုံနယ်နမိတ်မှ လွတ်မြောက်သူတွေလည်း ရှိသေးသည်။ ထိုထဲက တစ်ယောက်က အဖြူရောင် ၀တ်စုံဝတ် အဘိုးကြီး ၊ သူ့အသက် စွမ်းအားများ ပြန့်ကျဲပြီး သေသွားသကဲ့သို့ သတိလစ် မေ့မြောသွားသော ကောင်းကင်ဘုံနယ်နမိတ်၏ အရှင်သခင်တွေထဲက တစ်ယောက်လည်း ဖြစ်သည်။
စစ်မာရှင်းကွယ်လွန်ပြီးနောက် အဖိုးအို၏ ခန္ဓာကိုယ်ရှိ သွေးကြိုမျှင်များက မပျောက်ကွယ်သွားပေ။ အသက်ဆုံးရှုံးသွားသကဲ့သို့ မလှုပ်မယှက်ဘဲ သူ့ကိုယ်တွင်းနက်နက်တွင် နစ်မြုပ်နေခဲ့သည်။
အဘိုးအိုက ဒဏ်ရာပြင်းထန်စွာရနိုင်ပြီး သူ၏အသက်စွမ်းအားသည် ပြန့်ကျဲသွားသော်လည်း သူလည်း တဖြည်းဖြည်းနိုးလာခဲ့သည်။ အမှန်တော့၊ အကယ်၍ သူက ထိုကဲ့သို့သော အန္တရာယ်ကို ခံဝံ့ပါက သူ၏ အသက်စွမ်းအားကို သဘာဝအတိုင်း ပြန်လည်ရရှိရန် နည်းလမ်းရှိလိမ့်မည်။ အမှန်တော့၊ သူ့ရှေ့မှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက ထင်ယောင်ထင်မှား ဖြစ်နိုင်သည်။
ထိုအချိန်တွင် ပြန်လည်နိုးထလာသော အဖြူရောင်အဖိုးအိုက စုမင် ရောက်ရှိလာသည်ကို မြင်လိုက်ရသည်။ သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသည့်အကြည့်က နေရာယူထားလေသည်။ အဖိုးအိုက သူ့ဆီသို့ လေးလေးနက်နက် ဦးမညွှတ်ခင် လက်ဖဝါးကို လက်ဖဝါးဖြင့် ပတ်ထားသည်။
“ကျုပ်က လင်းဟိုင်ကျီပဲ.. အေးခဲ ကောင်းကင်ကလန်ရဲ့ လွင်ပြင်အရှင်သခင်၊ နှုတ်ခွန်းဆက်ပါတယ်....”
အဘိုးအိုက ထိုစကားများပြောပြီးသည်နှင့် နဝမမြောက်တောင်ထွဋ်က ပိုင်စုနှင့်သူ့အဖေတို့အပြင် ကျန်လူများက လက်သီးကို လက်ဖဝါးနဲ့ ရစ်ပတ်ပြီး စုမင်ကို နှုတ်ဆက်ကြသည်။
“မင်္ဂလာပါ အေးခဲကောင်းကင်ကလန်ရဲ့ လွင်ပြင်အရှင်သခင်..”
လူအများက အသံထွက်ပြီး နှုတ်ဆက်ကြလေသည်။ ပင်လယ်မျက်နှာပြင်အထက် လေထုထဲတွင် ပဲ့တင်ထပ်ကာ အချိန်အတော်ကြာကြာပင် မှေးမှိန်သွားသည်။
ထို့နောက် မျက်နှာမှာ ရှုပ်ထွေး သောအမူအရာနှင့် ပိုင်စု၏အဖေက ခေါင်းကိုငုံ့ပြီး စုမင်ဆီသို့ လက်သီးနှင့် ရစ်ပတ်ဟန်ပြုလိုက်သည်။
ထိုအချိန်တွင် ထိုနေရာအတွင်းရှိ လူများအားလုံးသည် ဆူမင်အား လေးစားမှုအပြည့်ဖြင့် ချီးကျူးစကားသံများ ထွက်ပေါ်လာကြသည်။ ပင်လယ်ထဲမှာ မည်သည့်အရာများဖြစ်ပျက်ခဲ့သည်ကို မသိနိုင်သော်လည်း သူတို့၏ ခန္ဓာကိုယ်ထဲကမာန်မျိုးစေ့များက သူတို့ကို နှစ်ပေါင်းများစွာ ထိန်းချုပ်ခဲ့သည်ကို သတိရမိသည်။ ယခုမူ စစ်မာရှင်း၏သေဆုံးခြင်းကို ခံစားလိုက်ရသည်။
စုမင်က ပင်လယ်ပြင်မှ ထွက်ခွာလာသောအခါတွင် တောင်ပေါ်ရှိလူများအားလုံးက မည်သို့ပင်ဖြစ်ပါစေ စုမင်နှင့် စစ်မာရှင်း အကြားတိုက်ပွဲက စစ်မာရှင်း ၏သေဆုံးခြင်းနှင့်အတူ ပြီးဆုံးသွားပြီဖြစ်ကြောင်း နားလည်ခဲ့ကြသည်။
“ သခင်လေးစုမင်... အေးခဲကောင်းကင်ရဲ့ စစ်မာရှင်း ဘယ်လိုသေသွားတာလဲ..”
အဖြူရောင်ဝတ်ထားသော အဘိုးအိုက မမေးမီ တစ်ခဏမျှ တုံ့ဆိုင်းသွားသည်။ စစ်မာရှင်းက သူသဘောပေါက်သည့်အတိုင်း သေဆုံးသွားနိုင်သော်လည်း အဘိုးအိုက အနည်းငယ် မရေမရာဆဲဖြစ်သည်။ စုမင်၏ ပါးစပ်မှ အဖြေကို ကြားချင်နေလေသည်။
“စစ်မာရှင်းသေပြီ...”
စုမင်က အေးခဲနေကောင်းကင်ကလန်၏ လွင်ပြင်ကြီး အရှင်သခင်အဖိုးအိုအား စိတ်အနှောက်အယှက်မဖြစ်ဘဲ ဖြည်းညှင်းစွာပြောခဲ့သည်။
စုမင်၏ စကားကို ကြားလိုက်သည့် အချိန်တွင် အဘိုးအိုက အသက်ပြင်းပြင်းရှူကာ မျက်နှာပေါ်တွင်စိတ်လှုပ်ရှားနေသော အမူအရာ ပေါ်လာသည်။ သူက စုမင် ကိုကြည့်ကာ နောက်တစ်ကြိမ် လက်သီးကို လက်ဖဝါးဖြင့် ပတ်ဟန်လုပ်ထားသည်။
စုမင်ပြန်လာပြီး စစ်မာရှင်း သေဆုံးကြောင်းကြောင်း သတင်းပို့သောအခါ၊ ကောင်းကင်ဘုံနယ်နမိတ်မှ အသက်ရှင်ကျန်သူများသည် ဆုံးရှုံးမှုကို ခံစားလိုက်ရသည်။ သူတို့သွားရမည့်နေရာကို ဆုံးရှုံးခဲ့ရသကဲ့သို့ သူတို့၏ ကံကြမ္မာက ချမှတ်ထားသည့်အရာကိုလည်း ဆုံးရှုံးခဲ့ရသည်။
ညရောက်သောအခါ စုမင်က နဝမမြောက်တောင်ထွဋ်ရှိ ဟူကျီ၏ဂူအပြင်ဘက်တွင် အိပ်ငိုက်နေဆဲဖြစ်သည်။ သူ့ဘေးမှာ အဖြူ ရောင်ပုံရိပ်ကလွဲ၍ တခြားမည်သူမှ မရှိတော့ပေ။ နေရာတစ်ခုလုံးက အလွန်တိတ်ဆိတ်နေပြီး အပြင်သို့ ရံဖန်ရံခါ ထွက် ပေါ်လာသော ဟူကျီ၏ ဟောက်သံများနှင့်အတူ လှိုင်းပုတ်သံများကိုသာ ကြားနေရသည်။
ကောင်းကင်ဘုံနယ်နမိတ်၏ အသက်ရှင်ကျန်သူများက တောင်ပေါ်၌ နေရာအနှံ့ ပြန့်ကျဲနေခဲ့သည်။ သူတို့ ဤနေရာနှင့် မရင်းနှီးပေ။ ရံဖန်ရံခါတွင် သူတို့က ခေါင်းမော့ပြီး တောင်ထိပ်ရှိ လအောက်ရှိ ပုံရိပ်ဆီသို့ အလိုအလျောက် ကြည့်နေတတ်သည်။ သူတို့၏ အကြည့်များတွင် ကျေးဇူးတင်ခြင်းနှင့် လေးစားမှုတို့ဖြင့် ပြည့်နေလိမ့်မည်။
ပိုင်စုက စုမင်ဘေးမှာထိုင်နေလေသည်။ သူတို့နှစ်ယောက် ဘေးချင်းကပ်ထိုင်ရင်း ကောင်းကင်ကြီးနှင့် ပင်လယ်ရေကိုနှစ်နာရီနီးပါးကြာအောင် ထိုင်ကြည့်နေခဲ့သည်။ နှစ်ယောက်လုံး စကားမပြောကြပေ။
အမှန်မှာ ထိုနေရာတွင် သူတို့ချည်းသာမဟုတ်ပေ။ မနီးမဝေးတွင် ချောက်ကမ်းပါးတစ်ခုရှိပြီး ချောက်ကမ်းပါးအစွန်းတွင် မြေပြင်ပေါ်တွင် လှဲလျောင်းနေသည့် ထိပ်ပြောင် ကြိုးကြာငှက်တစ်ကောင်ရှိသည်။ ခြေသည်းများတွင် တောက်ပနေသော ကျောက်တုံးတစ်တုံးရှိသည်။ ရံဖန်ရံခါတွင် ၎င်း၏နှုတ်သီးက ညစ်ညမ်းသော အပြုံးဖြင့် ကွေးကောက်ကာ အော်ဟစ်သံများ ထွက်လာသည်။
“ ရှင် ထပ်ထွက်သွားအုံးမှာလား”
အချိန်အတော်ကြာပြီးနောက် ထိပ်ပြောင်ကြိုးကြာငှက်က အဝေးသို့ မျှော်ကြည့်ရင်း စုမင်၏ပိုင်စု၏အခြေအနေကိုအကဲခတ်နေလေသည်။ ထိုစဉ် ပိုင်စုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
“ငါ အရှေ့မြေရိုင်းနယ်မြေကိုသွားမယ်.”
စုမင်က အနက်ရောင်ပင်လယ်ရေကို ကြည့်ကာ ပြောလိုက်သည်။
“ရှင့်ကို ကောင်းမွန်တဲ့ဘဝရစေချင်တယ်... “
ပိုင်စုက ခေါင်းငုံ့ပြီး ပင်လယ်ရေကို ငုံ့ကြည့်ရင်း တိုးတိုးလေးပြောနေလိုက်သည်။
စုမင်က စကားမပြောပေ။ သူက လှည့်ပြီး ပိုင်စုဘက်ကို လှမ်းကြည့်လိုက်သည်။ သူမ၏ အနက်ရောင်ဆံပင်များက မယုံနိုင်လောက်အောင် ရှည်လျားပြီး သူမ၏မျက်နှာကို ဖုံးအုပ်ထားလေသည်။၎င်းက သူ့အမြင်အာရုံကို ဖုံးထားရုံသာမကကြောက်စရာကောင်းသော အမာရွတ်ကိုလည်း ဖုံးကွယ်ထားခဲ့သည်။
“ငါအရင်တုန်းက မရင့်ကျက်ဘူး... ငါ့အပေါ် သည်းခံပေးလို့ ကျေးဇူးတင်ပါတယ်..ရှင့်ကို ပြန်တွေ့ခွင့်ရလို့ အရမ်းပျော်တယ်...”
ပိုင်စုက တိုးတိုးလေးပြောလိုက်သည်။ သူမက စုမင်ကို မကြည့်ဘဲ ပင်လယ်ကိုကြည့်ရန် ခေါင်းငုံ့ထားသည်။ သူမ၏မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သော အပြုံးတစ်ခုရှိပြီး လွမ်းဆွတ်ခြင်းနှင့်အတူ ပူပင် ကြောင့်ကြမှုကင်းမဲ့ နေလေသည်။
အချိန်အတော်ကြာပြီးနောက် သူမက မတ်တပ်ထရပ်ပြီး စုမင်ကိုဖြတ်လျှောက်လာခဲ့သည်။
“နဝမမြောက်တောင်ထွဋ်က ရှင့်ရဲ့အိမ်ပဲ.. စိတ်ချလက်ချ ထားခဲ့ပါ.. ငါ ဒီမှာနေမယ် ဒီနေရာကို ဂရုစိုက်မယ်... တကယ်လို့ လောကကြီးထဲက ထွက်ခွာရမဲ့တစ်နေ့ ရောက်လာရင် ငါ့ခန္ဓာကိုယ်ကို ချန်ထားခဲ့မယ်...အရင်တုန်းက ရှင့်အပေါ် လုပ်ဖူးတဲ့လုပ်ရပ်တွေအတွက် ပြန်ပေးဆပ်မယ်..”
ဟု တိတ်တိတ်လေး ပြောလိုက်သည်။
စုမင်က ဖြတ်လျှောက်လာသောသူမလက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။ သူမ တုန်လှုပ်သွားသည်။ သူမက သူ့လက်ကို ဆုပ်ကိုင်ထားရန် ခွင့်ပြုထားသော်လည်း သူမ ခေါင်းကို အောက်သို့ ငုံ့ထားလိုက်သည်။
စုမင်က မတ်တပ်ထရပ်ပြီး ပိုင်စု ကို ကြည့်ရင်း ညာလက်ကို မြှောက်လိုက်သည်။ သူ့မျက်နှာပေါ်ရှိ ကြောက်စရာကောင်းသောအမာရွတ်ကို ဖယ်ကြည့်လိုက်သည်။ သူမ သိသိသာသာ တုန်လှုပ်သွားပြီး ရုန်းမထွက်နိုင်ပေ။ သူ့မမျက်နှာပေါ်ရှိ ကြောက်စရာကောင်းသော အမာရွတ်ကို စုမင် မြင်သွားလေသည်။
ပိုင်စုက မျက်လုံးတွေကိုမှိတ်ထားရင်း ပါးပြင်ပေါ်မှာ မျက်ရည်များ စီးကျလာသည်။ ထိုရုပ်ဆိုးသောအမာရွတ်ကို မမြင်ချင်သလိုပင် ခေါင်းငုံ့ထားလိုက်သည်။
“ဘာတစ်ခုမှပြန်ပေးဆပ်စရာမလိုပါဘူး...ပြီးခဲ့တာတွေလည်း အတိတ်မှာထားလိုက်ပါတောာ့.. လွန်ခဲ့တဲ့ နှစ်တွေကတည်းက ချစ်စရာကောင်းပြီး အရိုင်းဆန်တဲ့ မိန်းကလေးကိုပဲ မြင်ချင်တယ်”
ပိုင်စုကို ကြည့်ရင်း တိုးတိုးလေး ပြောခဲ့သည်။
“လူတွေက ကြီးပြင်းလာကြတယ် မဟုတ်လား.....ငါလည်း ဟိုအရင်ကငါ မဟုတ်တော့ဘူး ရှင်လည်း မဟုတ်တော့ဘူး..”
ပိုင်စုက မျက်လုံးဖွင့်ပြီးစုမင်ကိုကြည့်လိုက်သည်။ သူမ၏အကြည့်များက သူ့အမှတ်တရများမှ ငယ်ရွယ်မှု မထိန်းနိုင်တော့ဘဲ အသက်အရွယ်နှင့် အချိန်၏တိုက်စားမှုများအဖြစ် ပြောင်းလဲသွားခဲ့သည်။
နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော ပင်ပန်းနွမ်းနယ်မှု နှင့် သူမ ရင်တွင်းရှိ ကံကြမ္မာကို ကူကယ်ရာမဲ့ ရုန်းကန်နေရသော အကြည့်မျိုးလည်း ရှိနေသည်။
“တစ်ခါက ကျွန်မအဖေ ပြောဖူးတယ်.ကျွန်မက..ကောင်းကင်မြစ်ထဲကို ကျသွားတဲ့အသက်စွမ်းအင်ကျောက်တုံးကို ဆက်စပ်နေတယ်လို့ ပြောဖူးတယ်...အဲ့ဒါကြောင့် ကျွန်မနားရှိတဲ့သူတွေက စိတ်ဆင်းရဲရမယ်..မျက်ရည်ကျရမယ်... ကျွန်မတစ်ယောက်တည်းနေရဖို့ ကံပါလာတယ်ထင်တယ်…”
ပိုင်စုက စုမင်ကိုကြည့်ကာ သူ့လက်မှ လွတ်မြောက်ချင်သလို ဆုပ်ကိုင်ထားသည့် ညာလက်ကို ပြင်းပြင်းထန်ထန် ရုန်းကန်လိုက်ရသည်။
“ငါ့ကိုစောင့်ပါ...အနောက်ဘက်နယ်မြေတွေနဲ့ ပူးပေါင်းပြီး နည်းလမ်းရှာမယ်....တကယ်လို့ ငါနည်းလမ်းရှာတွေ့ရင် မင်းငါ့နောက် လိုက်ခံ...”
စုမင်က လက်မလွှတ်ပေ။ သူကပိုင်စုကိုကြည့်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ကောင်းကင်မြစ်ထဲကျသွားတဲ့ ကျောက်တုံးက ကြွေကျမှုကြောင့် ထာဝရ တည်ရှိနေမှာပဲ.... မြစ်ထဲမှာ ရှိနေရင်တောင် ရေအရမ်းများနေတာကြောင့် ကျောက်တုံးကို ဘယ်သူမှ ရှာမတွေ့နိုင်မှာမဟုတ်ဘူး.. “
“စုမင်...ကျွန်မဒီမှာပဲနေမယ်.. ရှင့်အတွက် နဝမမြောက်တောင်ထွဋ်ကို ဂရုစိုက်ပေးမယ်.. ဒါပေမဲ့ ကျွန်မ ရှင်နဲ့ အတူတူထွက်မသွားတော့ဘူး...”
ပိုင်စုက ခေါင်းကို လှည့်ပြီး သူ့လက်ကနေ ရှောင်ထွက်သွားသည်။ သူမ နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သောအခါ သူမ၏ မှောင်မိုက်သောဆံပင်များက လေထဲတွင် လွင့်ပျံနေလေသည်။ သူမ၏ မျက်လုံးများမှ ကျလာသော မျက်ရည်အချို့ကိုသုတ်လိုက်သည်။ ထို့နောက် ပိုင်စုက အဝေးသို့ ထွက်သွားသည်။
စုမင်က သူ့အကြည့်မှ ပျောက်ကွယ်သွားသော သူမ၏ပုံစံကို တိတ်တဆိတ် ကြည့်နေသည်။ ထို့နောက်တွင်၊ မဟူရာမျိုးနွယ်စု၏ပိုင်လင်း နှင့်ယင်ကိုးပါးလောက ကောင်းကင်ဘုံ နတ်သမီးလေးတို့က သူ့ခေါင်းထဲတွင် ပေါ်လာသည်။ ထိုအမျိုးသမီးသုံးယောက်၏ပုံရိပ်များက ပေါင်းစပ်သွား လေသည်။
“ကောင်းကင်မြစ်ထဲကိုကျသွားတဲ့အသက်စွမ်းအင်ကျောက်တုံးက ... တစ်တုံးတည်း ထူး”ခြား”ရှိနေတဲ့အချိန်မှ ပြန်ပေါ်လာလိမ့်မည်..အဲ့ဒီကျသွားသောကျောက်တုံးက မြစ်ထဲမှာ ရောနှောသွားလိမ့်မယ်.. အဲ့ဒီ့ကျောက်တုံးကို ဘယ်သူမှ ရှာမတွေ့နိုင်တော့ဘူး...”
တောင်၏တစ်ဖက်ကမ်းမှ ရှေးကျ သောအသံ တစ်ခု ထွက်ပေါ်လာသည်။ ၎င်းနှင့်အတူ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာဖြင့် ဖြူဖျော့သော အဘိုးအိုတစ်ဦး ရောက်လာသည်။ အဘိုးအို၏ အသက်စွမ်းအင်က သူ့အတွင်း၌ အသက်များစွာမရှိသကဲ့သို့ မှုန်မှိန်သွားလေသည်။ ။ ထို့ နောက် သူက စုမင် ဆီသို့ လျှောက်သွားလိုက်သည်။ အဘိုးအိုက ပိုင်စု၏ဖခင်ဖြစ်ပြီး ၎င်းက လွန်ခဲ့သောနှစ်များတစ်လျှောက်လုံး ကောင်းကင်ဘုံနယ်နမိတ်တွင် ကျော်ကြားသော လူလတ်ပိုင်းတစ်ဦးဖြစ်ခဲ့သည်။
အနှစ်နှစ်ဆယ်ကြာပြီးသည်နှင့် သူ့ခန္ဓာကိုယ်ပေါ်တွင် အချိန်တိုက်စားမှုများကို ချန်ရစ်ခဲ့သည်။
“ဒါက သူ့ဘဝပဲ... သူမ လွတ်မြောက်အောင် မလုပ်နိုင်ရင် ဒီနည်းနဲ့ပဲ အဆုံးသတ်ရမှာပဲ...