← Chapters

ဘဝဆိုတာ ဘာလဲ..

Vol. 41 Ch. 570

ဘဝဆိုတာ ဘာလဲ..

Vol. 41 Ch. 570

“ဘဝဆိုတာ ဘာလဲ”

စုမင်က အဝေးက ပင်လယ်နက်နှင့် ကောင်းကင်ကြီးကို ကြည့်ပြီး မေးခွန်းထုတ်လိုက်သည်။

ထိုစဉ် သူ့နားသို့ခြေသံများ နီးကပ်လာသည်။ ယခု အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော ပိုင်စု၏ဖခင် အဘိုးကြီးက ပေများစွာအကွာမှ ရပ်တန့်သွားသည်။ သူက စုမင်ကြည့် နေသောပင်လယ်နှင့် ကောင်းကင်ကို စိုက်ကြည့်နေ လေသည်။မြင်မြင်သမျှက အမှောင်ထုချည်းသာဖြစ်၏။

သူက ခဏလောက် ငြိမ်သက်သွားပြီးနောက်ခပ်တိုးတိုး စကားပြောလိုက်သည်။

“လောကကြီးထဲကအရာအားလုံးမှာ ဘဝ တွေရှိတယ်... အဲ့ဒါက အသက်ရှင်သန်နေတာကိုပဲပြောတာမဟုတ်ဘူး..အတိတ်ကလုပ်ခဲ့သမျှအရာအားလုံးကို အခုလက်ရှိဘဝမှာ ပြန်ထင်ဟပ်နေတာပဲ..”

“ပိုင်စုရဲ့ဘဝက ကောင်းကင်မြစ်ထဲကိုကျသွားတဲ့ ကျောက်တုံးတစ်တုံးဖြစ်ရမယ်လို့ ဘယ်လိုဆုံးဖြတ်ခဲ့တာလဲ”

စုမင်က အဖိုးကြီးကိုမကြည့်ဘဲ မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ ကောင်းကင်မြစ်ထဲမှာငါတို့ပိုင်မျိုးနွယ်စုရဲ့ မြေးမြစ်တွေရဲ့ အသက်သွေးကြောတွေရှိတယ်...ကျုပ်တို့ကချစ်ခြင်းမေတ္တာကြောင့် စိတ်ထိခိုက်ရပြီး တစ်ယောက်တည်းနေရတာပဲ.

ငါတို့ကလေးတွေက အသက်ကြီးသွားပြီးသေတဲ့အထိ ငါတို့နဲ့အတူနေရမှာပဲ... ကောင်းကင်မြစ်က ကြယ်ရောင်တွေနဲ့ ဖန်တီးထားပြီး ကောင်းကင်မှာ တောက်ပနေတဲ့ ကြယ်တွေအများကြီးရှိတယ်...သူတို့ပေါင်းစပ်လိုက်တဲ့အခါ မြစ်ကို ကြည်လင်ပြတ်သားစွာ မြင်နိုင်ပေမယ့် သေသေချာချာကြည့်တဲ့အခါမှာတော့ ခွဲခြားလို့ မရဘူး.. ဒါက ငါ့ဘဝပဲ ငါ့ညီလေး ပိုင်ချန်ကျစ်ရောအတူတူပဲ.. ငါ့သမီးပိုင်စုက အဲ့လိုတူညီတဲ့ကံကြမ္မာနဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်နေတယ်...”

“ဒါပေမယ့်ပိုင်စုက နည်းနည်းတော့ ခြားနားတယ်..အဲ့ဒီကျောက်တုံးကြောင့် သူ့ဘဝက ပြောင်းလဲသွားတယ်.. အဲဒီကျောက်တုံးက စစ်မာရှင်းဆိုလည်းဟုတ်တယ် မင်းလည်းဟုတ်တယ် “

ပိုင်စု၏အဖေက ဖြည်းညှင်းစွာပြောနေလေသည်။ ထိုမှောင်မိုက်သောညအချိန်၌ သူ့အသံက လေးနက်ပြီး ပဲ့တင်ထပ်နေလေသည်။

“အဓိပ္ပါယ်မရှိတာ..”

စုမင်က ခေါင်းကို လှည့်ပြီး ပိုင်စု ၏ ဖခင်ဆီသို့ အေးစက်စွာ တစ်ချက် ကြည့်လိုက်သည်။

“စစ်မာရှင်းရဲ့ဘဝက မတူဘူး..သူ့ဘဝနဲ့ကတော့ မနက်နေရောင်ခြည် ရောင်ပြန်ဟပ်တဲ့ မြက်ခင်းပေါ်က နှင်းစက်ရည်ထဲက အလင်းရောင်ပါပဲ.. မူလက မြက်ခင်းစိမ်းဖြစ်သင့်ပေမယ့် သူ့ခန္ဓာကိုယ်ပေါ်က နှင်းစက်တွေကြောင့် ထင်ရှားတဲ့ သူဖြစ်လာခဲ့တယ်..”

“ဒါက…ဘဝကို ချေးငှားနေထိုင်တာပဲ..”

“သူ့ရဲ့မူလဘဝက ဘယ်လိုဖြစ်ရမယ်မှန်း ငါမသိပေမယ့် သူ့မှာ ဒီလောက်ကြီးကျယ်တဲ့စွမ်းအားရဲ့နောက်ကွယ်က အကြောင်းအရင်းကတော့ နှင်းစက်ရည်တွေပေါ်က အလင်းရောင်ပြန်ဟပ်မှုကြောင့်ပဲ...ဒါကြောင့် သူသေရင် အလင်းရဲ့ရောင်ပြန်ဟပ်မှုကြောင့် သေမှာသေချာတယ်..”

“သူ့ကိုသတ်နိုင်တဲ့သူဟာ အဲဒီနှင်းစက်ရည်ကို ပေးတဲ့သူပဲ...သူ့အသက်စွမ်းအားကို စစ်မာရှင်းကို ချေးပေးတဲ့သူကပဲ သေချာပေါက် သတ်နိုင်မှာ..”

ပိုင်စုဖခင်၏မျက်လုံးများက မူလကမှိုင်းမှိုင်းနေပြီး အသက်မဲ့နေသော်လည်း ထိုစကားများကိုပြောသောအခါတွင် ၎င်းတို့က အလင်းရောင်ဖြင့် တောက်ပနေတော့သည်။ သူက စုမင်ကို လှမ်းကြည့်လိုက်သည်။

“အရင်တုန်းက မင်းရဲ့အသက် သွေး ကြောကို ငါနုတ်ယူခဲ့တယ်... မင်းမှာ မြက်၊ သစ်သားနဲ့ ကျောက်တုံးတွေရဲ့ အသက်သွေးကြောတွေ ရှိတယ်..အဲဒါတွေ အားလုံးမှာ သွေးပြန်ကြောတွေ ရှိပြီး ခန္ဓာကိုယ် တစ်ခုလုံးကို ထောက်ပံ့ပေးတယ်..ဒီလိုအသက်သွေးကြောရှိတဲ့သူတွေဟာ ရုပ်သေးရုပ်တွေလို ချုပ်ကိုင်ထားရမယ်.. သူတို့ မလွတ်မြောက်နိုင်ပါဘူး… သူတို့က ပိုင်စုရဲ့ဘဝနဲ့ မသင့်တော်ဘူး...”

“ဒါပေဲ့ မင်းရဲ့အသက်သွေးကြောကို အခုပြန်ရှာကြည့်လိုက်တော့ အရမ်းပြောင်းလဲသွားပြီ....မင်းရဲ့အသက်သွေးကြော အရိပ်အယောင်တောင် မတွေ့ရတော့ဘူး..”

ပိုင်စုအဖေက စုမင်ကိုကြည့်ပြီး ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။ သူ့အသံက စိုးရွံ့ထိတ်လန့်သွားသည်။

“ဒါမဖြစ်နိုင်ပါဘူး..လောကကြီးမှာ သက်ရှိအားလုံးက အသက် သွေးကြောရှိတယ်.. သေသွားတဲ့သူတွေတောင် အသက် သွေးကြောရှိကြလိမ့်မယ်. ပျောက်ကွယ်သွားမှာမဟုတ်ဘူး...ဒါပေမဲ့ မင်း...”

ပိုင်စုအဖေက စုမင်ကို စိုက်ကြည့်နေပြီး တောက်ပသောအလင်းရောင်က သူ့မျက်လုံးထဲမှာ ပေါ်လာသည်။

စုမင်က သူ့ရှေ့ရှိ အဖိုးအိုကို အေးစက်စွာ စိုက်ကြည့်နေသည်။ ဤအဘိုးကြီးပြောသောဘဝက သူနားလည်လာခဲ့သည့်

အသက်လမ်းစဉ်ကျင့်ကြံမှုနှင့် ဆက်နွှယ်နေပုံရသည်။

ထို့အပြင် အသက်လမ်းစဉ်ကျင့်ကြံခြင်းက မာန်စိတ်ဝိညာဉ်နယ်ပယ်ပြီးနောက် ပြီးနောက်နယ်ပယ်အသစ်ဖြစ်သည်။ ထိုနယ်ပယ်ထဲကို လျှောက်လှမ်းနိုင်ခဲ့သူများရှိကောင်းရှိနိုင်သော်လည်း မယုံနိုင်လောက်အောင် ရှားပါးသည်။ ကျင့်စဉ်လမ်းစရောက်အောင် စီမံထားသူများပင် အနည်းငယ်သာ ရှိမည်မှာ သေချာပါသည်။

ဤအဘိုးအိုက အသက်လမ်းစဉ်ကျင့်ကြံခြင်းဆီသို့ ဦးတည်သော လမ်းစသို့ လျှောက်လှမ်းနိုင်ခဲ့ကြောင်း ဆူမင် မယုံခဲ့ပေ။ သို့မဟုတ်ပါက စစ်မာရှင်း၏ဖိနှိပ်မှု ၊ အရှက်ရစေမှုများကို အဘယ်ကြောင့် ခံရမည်နည်း။သို့သော်... စုမင်က သူ့စကားများကို မယုံလျှင်ပင် သူ့စကားနောက်ကွယ်က အဓိပ္ပါယ်က သူ့နှလုံးသားကို အနည်းငယ် လှုပ်ရှားစေခဲ့သည်။

“စစ်မာရှင်းက သေဆုံးပြီး ရုပ်သေးရုပ်အဖြစ်ကို ပြောင်းလဲသွားတာပေါ့...အဲ့ဒီ့ရုပ်သေးရုပ်က (ဆံချည်)သွေးကြိုးမျှင်နဲ့ မျက်ခုံးလယ်မှာ သွေးတစ်စက်..ရှိတယ်..ပြီးတော့ ငါမြင်လိုက်ရတဲ့ ယဇ်ပလ္လင်တွေအများကြီးပဲ.. ဆံချည်မျှင်တွေက တိုက်ကြီးတစ်ခုလုံး ပြန့်ကျဲနေတာပဲ...

‘နှင်းစက်ရည်မှ အလင်းပြန်ခြင်း...’

စုမင် တွေးနေသည့် အမူအရာက သူ့မျက်နှာတွင် ပေါ်မလာပေ။ အဘိုးအိုကို ကြည့်လိုက်တော့ သူ့အကြည့်များက အေးစက်နေဆဲပင်...

“မင်း လွယ်လွယ်နဲ့ယုံမှာမဟုတ်ဘူး..ဒါမဲ့ ငါပြောနေတာ အမှန်ပဲ...”

ပိုင်စုအဖေက ထပ်ပြောပြန်သည်။

စုမင်၏ဘဝအကြောင်း ယခင်က သူပြောခဲ့သော စကားများက သူ့ခေါင်းထဲတွင် ပဲ့တင်ထပ်နေပါသည်။အထူးသဖြင့် မြက်၊ သစ်သားနှင့် ကျောက်တုံးများရှိ အသက်သွေးကြောများအကြောင်း ပင်... ရုပ်သေးကဲ့သို့ ထိန်းချုပ်ထားသည်၊ ထိုစကားများက သူ့မျက်လုံးများကို သိသိသာသာ ကျဉ်း မြောင်းသွား စေသည်။

“ဒါဆို ခင်ဗျားရဲ့ဘဝကဘာလဲ”

“ငါ့ဘဝ...”

ပိုင်စုဖခင်၏မျက်နှာတွင် နာကျင်မှုအနည်းငယ်ရှိနေသော်လည်း စုမင်ကိုကြည့်လိုက်သောအခါတွင် ထိုနာကျင်မှု့မျက်လုံးများတွင် ထူးဆန်းသောအရိပ်အယောင်တစ်ခုရှိနေ လေသည်။

“ငါ့ဘဝက ကောင်းကင်မြစ်ပြင်မှာ အသက်ရှုကြပ်နေတဲ့ ငါးတွေပဲကွ..

ဒီလိုဘဝမျိုးရှိတဲ့သူတွေက မပြေးနိုင်ကြဘူး..ဘာဖြစ်လို့လဲ ဆိုတော့သူတို့ဟာ ရေစွန့်ထားတဲ့ ငါးတွေလိုပဲ အသက်ရှည်မှာ မဟုတ်ဘူး...”

“မင်းကိုပြန်မတွေ့ခင်အချိန်ထိ ဘာကိုဆိုလိုတယ်ဆိုတာ ငါဘယ်တုန်းကမှနားမလည်ခဲ့ဘူး.. မင်းမှာအသက် သွေးကြေယမရှိဘူး...ဒါကြောင့် မင်းကိုယ်တိုင်က ဗလာနတ္တိပဲ”

ပိုင်စုအဖေက စုမင်ကိုကြည့်ပြီးရောထွေး နေသောခံစားချက်နှင့်စကားပြောလေသည်။

“ခင်ဗျား ကြာကြာ‌မနေရတော့ဘူးလို့ ပြောတာလား..”

“ငါ သိပ်မနေရတော့ဘူး.. ဒါမှမဟုတ် နှစ်ရက်လောက်ပဲနေရတော့မှာ..အဲ့ဒါပြီးရင် ငါသေလိမ့်မယ်....”

ပိုင်စုအဖေက အသံတိုးတိုးလေးနှင့် သက်ပြင်းချလိုက်သည်။

စုမင်က သူ့မျက်လုံးတွေကို မှိတ်ထားပြီး ရုတ်တရက် မေးလိုက်သည်။

“ တခြားလူတွေရဲ့ ဘဝကို ခင်‌ဗျားဘယ်လိုကြည့်တာလဲ “

“အဲဒါလား..”

ပိုင်စုအဖေက စုမင်ကို တစ်ချက်မကြည့်လိုက်ခင်မှာ တုံ့ဆိုင်းနေပြီး အံကြိတ်လိုက်သည်။

“ငါတို့ပိုင်မျိုးနွယ်စုက အေးခဲကောင်းကင်ကလန်နဲ့ ရှည်လျားတဲ့သမိုင်းကြောင်းရှိတယ်...ငါတို့က အဲ့ဒီကလန်နဲ့ နီးနီးကပ်ကပ် ချိတ်ဆက်နေတယ်...ငါတို့ရဲ့ဘိုးဘေး ပိုင်ယွမ်ဟွာကအေးခဲကောင်းကင်ကလန်ရဲ့ဖန်ဆင်းရှင် တွေထဲကတစ်ဦးပဲ.. သူ့ခေတ်သူ့အခါက သူ့ရဲ့ကျင့်ကြံမှုအဆင့်ကြောင့် တောင်ပိုင်းအရုဏ်ဦးနယ်မြေတစ်ခုလုံးမှာ ထင်ရှားတယ်...”

“အခု သူဘယ်မှာရှိနေလဲ ငါမသိဘူး.. သူက အေးခဲကောင်းကင်ကလန်ကိုတည်‌ ထောင်ပြီးတာနဲ့ တောင်ပိုင်းအရုဏ်ဦးနယ်မြေကနေထွက်သွားတယ်.. ဒါပေမယ့် သူမထွက်ခွာခင်မှာ သူကိုယ်တိုင် အနှစ်တစ်ရာလောက် အထီးကျန်နေခဲ့ရတယ် သူထွက်သွားတဲ့အခါ အသက်လမ်းစဉ်ကျင့်စဉ်ကို ချန်ခဲ့တယ်...”

“အဲ့ဒါက ပျက်စီးပြီး စုတ်ပြဲနေတာ.. ငါတို့ရဲ့ ဘိုးဘေးက မတော်တဆ ရခဲ့တာ.. သူက အခြားကျင့်စဥ်တွေကို ရှာဖွေချင်တာကြောင့် ထွက်သွားခဲ့တာ.. တကယ်တော့သူရဲ့ကြီးမားတဲ့ကျင့်ကြံမှုအဆင့်က အဲ့ဒီအသက်လမ်းကျင့်စဉ်ကရခဲ့တာဖြစ်နိုင်တယ်...”

“ဒါပေမယ့်ပိုင်မျိုးနွယ်စုရဲ့ သားမြေးတွေအတွက် ငါတို့ဘိုးဘေးတွေရဲ့ ပညာတွေချန်ခဲ့တာမျိုး မရှိဘူး..အခုချိန်ထိ အဲဒီကျင့်စဥ်ကို လုံးဝ နားလည်အောင် လုပ်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး..ငါတို့မှာ ရှိနေတဲ့ အရာတွေအတွက် ဒုက္ခရောက်မှာကို ကြောက်လို့..မျိုးနွယ်စုထဲမှာ လျှို့ဝှက်ထားခဲ့တယ်...”

“အရင်တုန်းက ငါ့ညီ ပိုင်ချန်ကျစ်က

အဲဒီစာလိပ်(ကျင့်စဉ်)ကို တော်”များ”နာစလည်ခဲ့ပေမဲ့ လေးနက်တဲ့အနှစ်သာရကို မသိခဲ့ဘူး.... ငါ့အတွက်တော့ ဒီစာလိပ်ထဲက အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ အပေါ်ယံ ဗဟုသုတတွေပဲ ရှိတယ်.. ပြီးတော့ ရိုးရှင်းတဲ့ ကောက်ချက်ချမှုတွေနဲ့ တွက်ချက်မှုတွေကိုပဲ ငါလုပ်နိုင်တယ်..”

ပိုင်စု၏ဖခင်က ရိုးသားမှုအပြည့်ရှိပြီး သူ၏အသံက အမှောင်ထဲတွင် ပဲ့တင်ထပ်နေကာ ၎င်းကိုကြားရသူအားလုံးက ရှေးဟောင်းလေထုကို ခံစားစေနိုင်သည်။

“ဒါ လုံးဝမှန်ပါတယ်..ငါမင်းကို လိမ်စရာအကြောင်း မရှိပါဘူး..ပိုင်မျိုးနွယ်စုရဲ့ အမွေအနှစ်ဖြစ်တဲ့ အသက်လမ်းစဉ်ကျင့်စဉ်ကို မင်းကို ပေးနိုင်တယ်..ဒါပေမဲ့ မင်းကို တစ်ခု မေတ္တာရပ်ခံချင်ပါတယ်”

ပိုင်စုအဖေက ထိုစကားများပြောပြီးနောက် ညာလက်ကို အမြန်ရုတ်လိုက်ပြီး မျက်ခုံးအလယ်ကို ချိန်ရွယ်လိုက်သည်။ ချက်ချင်းပင် သူ့လက်ချောင်းများနှင့် ထိမိသည့်နေရာမှ အနက်ရောင်အလင်းတန်းများ လင်းလက်လာသည်။ သူ့ခန္ဓာကိုယ်က ချက်ချင်းပင် တုန်ခါလာပြီးစုမင် မျက်လုံးများရှေ့တွင် ညှိုးနွမ်းသွားတော့သည်။

ညှိုးနွမ်းသွားသည်နှင့်အမျှ သူ့မျက်နှာပေါ်ရှိ အရေပြားက သူ့ခန္ဓာကိုယ်အတွင်း၌ တစ်စုံတစ်ရာ လှုပ်ရှားနေသကဲ့သို့ နီမြန်းလာသည်။ ထိုအချိန်တွင် သူက အသက်ပြင်းပြင်းရှူရင်း ဘယ်လက်ကို လေထဲသို့ လွှဲယမ်းလိုက်သည်။ အမွှေးနံ့သာချောင်းတစ်ချောင်း သူ့ရှေ့မှာ ချက်ချင်း ပေါ်လာသည်။ အမွှေးတိုင်များမှ အခိုးအငွေ့များက လေထဲသို့ လွင့်ပျံလာပြီး အထက်သို့တက်လာသည်။ ပိုင်စု၏ဖခင်က ၎င်း၏ဦးတည်ရာဆီသို့ အသက်ပြင်းပြင်းရှူရှိုက်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ထိုအခိုးအငွေ့များက အဖိုးအို၏ မျက်လုံး၊ နား၊ နှာခေါင်းထဲသို့ ဝင်သွားသော မီးခိုးခုနစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ဤသည်မှာ မယုံနိုင်လောက်အောင် ထူးဆန်းသော မြင်ကွင်းဖြစ်ပြီး သူကြည့်နေစဉ် စုမင်၏ မျက်လုံးများတွင် လေးနက်သော အကြည့်တစ်ခု ပေါ်လာသည်။ ပိုင်စု၏ဖခင်က ထိုမီးခိုးခုနစ်ခုကို စုပ်လိုက်သည်နှင့် တပြိုင်နက် တုန်လှုပ်သွားပြီး မျက်ခုံးအလယ်မှ အက်ကွဲသွားတော့သည်။

ထိုသို့ နဖူးအက်ကွဲသွားသော်လည်း သွေးများစီးကျမလာခဲ့ပေ။ ထိုစာလိပ်က နှစ်ပေါင်းများစွာ တည်ရှိနေသကဲ့သို့ ထင်ရသော်လည်း အများအားဖြင့် မည်သူမျှ မမြင်နိုင်အောင် ဖုံးကွယ်ထားကြသည်။

ပိုင်စာ၏ဖခင်က လျှို့ဝှက်ကျင့်စဥ်ကိုအသုံးပြုသည့်အခါမှသာ ဤအက်ကွဲကြောင်းပေါ်လာမည်ဖြစ်သည်။ ထိုအချိန်တွင် စုမင်က သူ့စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေမည့် တည်ရှိနေမှုကို ချက်ချင်းခံစားလိုက်ရသည်။

ဤတည်ရှိမှုကို စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲသည်။ မွှေးကြိုင်သောရနံ့နှင့်တူသော အနံ့ကို ရှူရှိုက်လိုက်သည်နှင့် ခန္ဓာကိုယ် ပြေလျော့သွားပြီး ကြည်နူးမှုကို ခံစားရစေမည်ဖြစ်သည်။ အမှန်တော့၊ ထိုသူများသည် ၎င်းတို့၏ ကျင့်ကြံမှုအခြေခံကို အနည်းငယ် တိုးမြင့်လာနေသည်ကိုပင် တွေ့ရမည်ဖြစ်သည်၊၊ ဖော်မပြနိုင်လောက်အောင် ပျော်ရွှင်ဖွယ်အချိန်အခါကို တွေ့ကြုံခံစားခဲ့ရသကဲ့သို့ ပျော်ရွှင်မှုများက ၎င်းတို့၏ နှလုံးသားထဲ၌ ပေါ်လာလိမ့်မည်။

ထိုအရာက လူတွေကို ပိုပြီး အာရုံခံစားနိုင်စေလိမ့်မည်။ သူတို့ကိုယ်သူတို့ ထိုအခိုးအငွေ့များကို ဆက်လက်ရှုရှိုက်ချင်နေလိမ့်မည်။‌‌သို့သော် နောက်ပိုင်းတွင် ထိုအနံ့က မမွှေးတော့ဘဲ ပျို့အန်စေသော ခံစားချက်အဖြစ် ပြောင်းလဲသွားသည်ကို တွေ့ရလိမ့်မည်။ ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါအစိတ်အပိုင်းများအားလုံးကို လွှင့်ပစ်ချင်သကဲ့သို့ ခံစားရစေမည်ဖြစ်သည်။ စောစောက သူတို့ခံစားမိခဲ့တဲ့အရာက လှည့်စားမှုတစ်ခုသာဖြစ်ပြီး သဘောတူညီချက်တစ်ခုသာသာဖြစ်သည်။

သို့သော်… ထိုတည်ရှိမှု(အနံ့)က အမှန်တကယ်ပင် ထူးဆန်းနေမည်မဟုတ်ပေ။ စုမင်တုန်လှုပ်သွားသည့်အရာမှာ ရင်တွင်းခံစားချက်များ ပျောက်ကွယ်သွားပြီး တစ်စတစ်စ ခါးသီးစွာ ထွက်ပေါ်လာခြင်းပင်ဖြစ်သည်။ ထိုခါးသီးသောအရသာက လောကကြီးထဲရှိ အကြီးဆုံးသည်းခြေအိတ်ကို မျိုချလိုက်သလိုဖ အရသာက သူ့ခန္ဓာကိုယ်တွင်းမှ သူ့အရေပြားဆီသို့ ရွေ့လျားသွားကာ အလွန်ခါးသီးသောအရသာအဖြစ်သို့ ပြောင်းလဲသွားသည်။

ရှုပ်ထွေးပြီး ကွဲပြားနေသော ဤတည်ရှိမှုက စုမင်၏စိတ်ကို ယိမ်းယိုင်သွားစေသည်။ တစ်ချိန်တည်းတွင်ပိုင်စု၏ဖခင်က ၎င်း၏ညာဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏မျက်ခုံးအလယ်ရှိ အက်ကွဲကြောင်းထဲသို့ ဖိလိုက်သည်ကို သူတွေ့လိုက်ရသည်။ ထိုအတွင်းမှ အနက်ရောင်သစ်သားတုံးကို ဖြည်းညှင်းစွာဆွဲထုတ်လိုက်သောအခါတွင် ရယ်ရခက်ငိုရခက်သောအမူအရာက သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။

ဤသစ်သားတုံးက အနံ လက်နှစ်ချောင်းရှိပြီး အကျယ်မှာ လက်ဖဝါးတစ်ဝက်သာရှိသည်။ စုမင်၏ စိတ်များ တုန်လှုပ်သွားအောင် လုပ်ခဲ့သော တည်ရှိမှုက ထိုအတုံးမှ ထွက်လာသည်။

လွန်ခဲ့သောနှစ်တွေတုန်းက ငါတို့ဘိုးဘေးတွေထားခဲ့တဲ့ အသက်လမ်းကျင့်စဉ်ပဲ.. ဒါက စာလိပ်သက်သက်ပဲမဟုတ်ဘူး.. သူ့ဘာသူ သစ်သားအပိုင်းအစအဖြစ် ပြောင်းလဲနိုင်တယ်…”

အနက်ရောင်သစ်သားတုံး၏ ပုံရိပ်က စုမင်၏ မျက်လုံးများတွင် ပေါ်လာသည်။ သူကြည့်နေရင်း ကလေးငယ်မိား၏ ငိုသံက သူ့နားထဲမှာ ပဲ့တင်ထပ်နေလေသည်။ထို့ပြင် ယောက်ျား၊ မိန်းမများ၏ ဝမ်းနည်းပူဆွေးမှုနှင့်အတူ သက်ကြီးရွယ်အိုများ၏ ငိုသံများကိုပါ ကြားရလေသည်။

“အချိန်ကာလအမျိုးမျိုးက လူတွေရဲ့ ငိုကြွေးသံတွေ...”

စုမင် မျက်မှောင်ကြုတ်မိသွားသည်။ သူ၏ လက်ရှိကျင့်ကြံမှု အဆင့်ဖြင့်၊ သူ၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲရန် ရှားရှားပါးပါး ဖြစ်ခဲ့သည်။ ထိုအချိန်တွင် သူ သိသိသာသာ လှုပ်ရှားသွားကာ အရာအားလုံးက ဤသစ်သား အပိုင်းအစလေးကြောင့် ဖြစ်လေသည်။

“ဒါက သာမန်တော့မဟုတ်ဘူး..”

ဤသည်မှာ စုမင် ခေါင်းထဲတွင် ပေါ်လာသည့် တစ်ခုတည်းသော အတွေးဖြစ်သည်။

ငိုသံများကြားရစဉ်တွင် သစ်သားတုံးများ ကာရံထားသည့်ပုံရိပ်ကို မြင်လိုက်ရပြီး ၎င်းတို့အားလုံးက ယောက်ျားမိန်းမ အချင်းချင်း လက်ထပ်ကြသည်။ ပြုံးနေကြသည်... အခြေအနေအရပ်ရပ်တွင် ပြုံးနေကြသည်၊ မွေးနေ့ပွဲ၊ ကလေးမီးဖွားစဉ်၊ အိမ်ထောင်ပြုချိန်၊ မင်္ဂလာဦးညနှင့် အခြားအခြေအနေအမျိုးမျိုးတွင် ပြုံးနေကြသည် ။ ထိုထင်ယောင်ထင်မှားများကြားတွင် လူအမျိုးမျိုးရှိကြပြီး အားလုံးက ပျော်ရွှင်စွာ ပြုံးနေကြသည်။

“ မင်းကို ငါပေးလိုက်မယ်... ဒါ့အတွက် ငါ့မှာ တောင်းဆိုမှုတစ်ခုပဲရှိတယ်..အသက်လမ်းစဥ်ရဲ့စည်းမျဥ်းစည်းကမ်းတွေကို မင်းပြောင်းလဲနိုင်စွမ်းရှိတဲ့နေ့ရောက်လာရင် ငါ့သမီးပိုင်စုကို ကူညီပေးမယ်လို့ ကတိပေးပါ...”

“မင်း ဒီစွမ်းရည်ကို မပိုင်ဆိုင်ခင်မှာ သူမကို... ဖရိုဖရဲဖြစ်နေတဲ့ ဒီလောကကြီးမှာ လုံခြုံစေချင်တယ်”

ပိုင်စု၏ဖခင်က မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး သူ့အသံက ပိုပျော့လာသည်။ ထိုစကားကို သူပြောပြီးသည်နှင့် ညာလက်ကို လေထဲသို့ လွှဲလိုက်ပြီး အနက်ရောင်သစ်သားတုံးက စုမင်ဆီသို့ ဖြည်းညှင်းစွာ ရွေ့လျားလာသည်။သူ့ရှေ့ရောက်တဲသည့်အထိ ဆက်သွား လေသည်။

စုမင်က ထိုသစ်သားတုံးကို ကြည့်ပြီး အတန်ကြာပြီးနောက် ဖြည်းညှင်းစွာ ခေါင်းညိတ်သည်။ အသက်လမ်းစဥ်နှင့်ပတ်သက်သော အဖိုးအို၏စကားများနှင့်ပတ်သက်၍ သံသယရှိနိုင်ဆဲဖြစ်သော်လည်း သူ၏တောင်းဆိုမှုကို သဘောတူရန် ရွေးချယ်ခဲ့သေးသည်။

သူ ခေါင်းညိတ်ပြလိုက်သည်နှင့် ပိုင်စု ၏ဖခင်က မှုန်ကုပ်ကုပ်လေး ပြုံးလိုက်သည်။ သူ့ ခေါင်းကိုမော့ပြီး အဝေးက မှောင်မိုက်နေသော ကောင်းကင်နဲ့ ပင်လယ်ကို လှမ်းကြည့်လိုက်သည်။ လေထဲမှ သူ့ဆီသို့ လျှောက်လာနေသော ဝိုးတဝါး အမျိုးသမီးပုံရိပ်မှာ သူမလက်ကို ဆန့်တန်းထားသည်ကို မြင်လိုက်ပုံရသည်။

“ဟွေ့ချန်... အဲဒါ မင်းလား...”

ပိုင်စုဖခင်၏ မျက်နှာပေါ်တွင် မူးဝေနေသော အမူအရာတစ်ခု ပေါ်လာပြီး ထိုမေးခွန်းကို တိုးတိုးလေး မေးလိုက်သည်။ သူ မျက်လုံးမှိတ်ထားလိုက်ရာ ထိုခဏ၌ပင် သူ့ခန္ဓာကိုယ်အတွင်း ရှိအသက်စွမ်းအင်များ ပျောက်ကွယ်သွားခဲ့သည်။

All Chapters