← Chapters

မူလအရည်၊ ကမ္ဘာနဲ့ဆိုင်တဲ့ပစ္စည်း

Vol. 37 Ch. 721

မူလအရည်၊ ကမ္ဘာနဲ့ဆိုင်တဲ့ပစ္စည်း

Vol. 37 Ch. 721

ဤအခိုက်အတန့်တွင် ပေထင်းဟွမ် တခြားစကားများပြောရန်ပင် မလို ပေ။ သူတို့ ၇ ယောက်သည် နတ်သားရဲတစ်ကောင်စီ ရွေးချယ်ကြသည်။ စာချုပ် တည်ထောင်ပြီးနောက် ဂူချန်းဇယ့်၏မွန်မြတ်သောသားရဲမှလွဲပြီး သူတို့၏ မှော်သားရဲများသည် အထွတ်အမြတ်သားရဲများဖြစ်သည်ကို ပေထင်းဟွမ် သိလိုက်ရသည်။ ထိုအရာကို သူမ မမျှော်လင့်ထားပေ။ ၎င်းသည် သူတို့ အစောကပြောခဲ့သည့်စကားများကို အတည်ပြုပြီးသားဖြစ်လေသည်။ သူတို့ သည် ထန်းယန်ဆီမှ မှော်သားရဲမရဖူးပေ။

သူတိုအားလုံးသည် ကောင်းကင် အဆင့်ကျွမ်းကျင်သူများဖြစ်ကြ၏။ ထန်းယန်သည် သားရဲထိန်းသခင်ကြီးအနေနှင့် အနည်းဆုံးမွန်မြတ်သောသားရဲ တစ်ကောင်ရှိသည်။ မြေကြီးအဆင့်မှ ကောင်းကင်အဆင့်သို့တက်ရန် ဝိညာဉ် သခင်ကြီးတစ်ဘောက်အတွက် လိုအပ်သည့်စွမ်းအင်သည် သာမန်မွန်မြတ် သောသားရဲမှ နတ်သားရဲသို့ အဆင့်မြှင့်နိုင်ရန် လုံလောက်သည်။

ပေထင်းဟွမ်၏ ကိုယ်ပိုင်မှော်သားရဲဖြစ်သည့် လျှပ်စီးနှင့် မိုးကြိုးသွားကဲ့ သို့ပင်။ သို့သော် သူတို့၏မှော်သားရဲများသည် အမှန်တကယ်ပင် ဝိညာဉ်သားရဲ အဆင့်သာရှိသည်။ ဆိုလိုသည်မှာ သူတို့သည် ကောင်းကင်အဆင့်သို့ တက်ပြီးမှ မှော်သားရဲများနှင့် စာချုပ်တည်ထောင်ခြင်းပင်။ မဟုတ်လျှင် အနည်းဆုံးတော့ ထိုလူများတွင် မွန်မြတ်သောသားရဲတစ်ကောင်စီရှိသင့်သည်။

သူတို့သည် တစ်နေ့တွင် နတ်သားရဲတစ်ကောင်ပိုင်ဆိုင်ရလိမ့်မည်ဟု လုံးဝထင်မထားပေ။ နှစ်ပေါင်းများစွာ သူတို့အိပ်မက်မက်ခဲ့ကြသည်။ တစ်နေ့ တွင် နတ်သားရဲတစ်ကောင် သူတို့ရှေ့သို့ရောက်လာချိန်တွင် စိတ်မလှုပ်ရှားဘဲ မနေနိုင်ပေ။ သူတို့သည် သူတို့၏နတ်သားရဲများကိုပင် ပွေ့ဖက်မိကြသည်။ ကံကောင်းစွာပင် ကင်းကောင်ကဲ့သို့ အားကောင်းသော လူသားပုံစံမှော်သားရဲ မှလွဲ၍ ကျန်သားရဲများသည် ချစ်စရာကောင်းသောပုံစံငယ်နှင့်ဖြစ်သည်။ နတ် သားရဲ ၇ ကောင်သည် အလွန်ပင် ချစ်စရာကောင်းသည်။ မဟုတ်လျှင် သူတို့ သည် ပွေ့ဖက်ချင်မည်မဟုတ်ပေ။

“ခေါင်းဆောင်၊ မင်းရဲ့လက်ပတ်ထဲမှာ မှော်သားရဲတွေကို သိုလှောင်ထား တယ်လို့မပြောလိုက်နဲ့နော်”

ပေထင်းဟွမ်သည် ထိန်းကျောင်းပြီးသား နတ်သားရဲများကို ထုတ်လာ သည်ကို ဂူချန်းဇယ့် မယုံကြည်နိုင်ဖြစ်နေသည်။ ခေါင်းဆောင်၏ သိုလှောင် လက်စွပ်ထဲတွင် မှော်သားရဲမည်မျှရှိသည်ကို သူ အမှန်တကယ်ပင် သိချင်မိ သည်။

“ဟုတ်ပြီ” ပေထင်းဟွမ်သည် ထိုကဲ့သို့ပြဿနာမျိုးကို သူနှင့်မဆွေးနွေး ပေ။ သူမသည် ဝိညာဉ်ထောင်ချီတောင်သို့ သွားရန် အချိန်ယူရမည်ကို ဝန်ခံရ မည်။

သူမ၏ လက်စွပ်ထဲတွင် မှော်သားရဲ အများအပြားမကျန်တော့ပေ။ သူမသာ ပေထင်းမိသားစုကိုပြန်ပြီး သူမနောက်လိုက်မည့်သူများကို တွေ့လျှင် လက်ဆောင်ယူသွားရဦးမည်မဟုတ်ပါလား။

ပေထင်းဟွမ် လက်ကောက်ဝတ်လှန်လိုက်သည်နှင့် စားပွဲပေါ်တွင် ကျောက်စိမ်းပုလင်းနောက်တစ်ခုပေါ်လာသည်။ ထိုးဖောက်မြင်နိုင်သော ပုလင်းထဲတွင် တောက်ပသောအပြာရောင် လှိုင်းတွန့်ကလေးရှိနေသည်။ သူတို့ ၈ ယောက်သည် ထိုအရာနှင့် မရင်းနှီးပေ။ ၎င်းသည်... မူလအရည်ဖြစ်သည်။ ခေါင်းဆောင်သည် လေလံပွဲညက မူလအရည်အတွက် ပိုက်ဆံ အမြောက်အများ သုံးခဲ့သည်။

ပင်မတိုက်ကြီးတွင် ၎င်းသည် တန်ဖိုးမဖြတ်နိုင်သော ပစ္စည်းတစ်ခုဖြစ် သည်။ မဟုတ်ပေ.. ၎င်းသည် ပိုက်ဆံနှင့်ပင် မဝယ်နိုင်သည့်အရာဖြစ်သည်။

ခေါင်းဆောင်က ဘာအဓိပ္ပာယ်လဲ။ အားလုံးသည် စိတ်ထဲမှ အဖြေကို ခန့်မှန်းမိသော်လည်း မည်သူမှ မယုံချင်ကြပေ။ ထို့အပြင် ဤတိုက်ကြီးတွင် ဤမျှများပြားသောပိုက်ဆံမျိုး မည်သူမှာမှမရှိပေ။ ကြီးမားသောအဖွဲ့အစည်း များပင် မူလအရည်ကဲ့သို့ ပစ္စည်းမျိုးကို ဆုအဖြစ်မပေးနိုင်ပေ။

“သံသယဝင်စရာမလိုဘူး တစ်ယောက်ကို တစ်စက်စီယူလိုက်” ပေထင်းဟွမ်သည် ပုလင်းအဖုံးဖွင့်ကာ ဂူချန်းဇယ့်အားပေးပြီး တိုက်တွန်းလိုက် သည် “ဘာလို့လဲ မလိုချင်ဘူးလား”

သူ မလိုချင်၍မဟုတ်ဘဲ မယူရဲခြင်းပင်။

ဂူချန်းဇယ့်သ် ပေထင်းဟွမ်၏လက်ထဲမှ ကျောက်စိမ်းပုလင်းကို တောက်လောင်သောအကြည့်များဖြင့် စိုက်ကြည့်လေသည်။ ကျောက်စိမ်း ပုလင်းသည် အနည်းငယ်လှုပ်သွားကာ အထဲမှမူလအရည်သည် အချိန်မရွေး ထွက်ကျတော့မည့်အလားပင်။ ရတနာတစ်ခုသည် သူ့ဆီရောက်လာသည်။ ဤအခိုက်အတန့်တွင် သူမလိုချင်လျှင်တောင် ယုံရမည်။ သူသည် ယူလိုက်ကာ မူလအရည်တစ်စက်ကို သူ့လက်ထဲသို့ထည့်လိုက်သည်။ ပေထင်းဟွမ် ပြောလိုက်သည် “ဒါက ကမ္ဘာ့ပိုင်ဆိုင်မှုပဲလေ ဘာလို့အဲလောက် စိတ်လှုပ်ရှား နေတာလဲ”

ကမ္ဘာပိုင်ဆိုင်မှုမဟုတ်လား။

ဂူချန်းဇယ့်၏လက်သည် တုန်ယင်သွားရာ မူလအရည်သည် လက်ဖဝါးထဲ မှ ထွက်ကျမတတ်ပင်။ ဂူချန်းဇယ့်သည် ထိတ်လန့်သွားကာ တစ်ကိုယ်လုံး ချွေးအေးများဖြင့် လွှမ်းသွားလေသည်။ ကမ္ဘာ့ပိုင်ဆိုင်မှုဟုတ်လား။ သူ ဒီလိုမျိုး ကမ္ဘာ့ပိုင်ဆိုင်မှုမျိုး ဒါဇင်လောက်ရှိနိုင်မည်လား။

လျိုရွှီ၏ အလှည့်ဖြစ်သည်။ သူသည် လက်ကိုဝှေ့ယမ်းကာ ပြောလိုက် သည် “ခေါင်းဆောင် ငါက ယန်းမြို့တော်ကပါ၊ ငါ့အဖေက တစ်ခါက ဝေစုရပြီး ယန်းမြို့တော်မြို့ဝန်က မူလအရည်တစ်စက်ဆုပေးဖူးတယ်။ ငါ တစ်ခါ သုံးပြီး ပြီ၊ ဒီလိုပစ္စည်းမျိုးရဲ့အကောင်းဆုံးသက်ရောက်မှုက ပထမဆုံးအကြိမ်ပဲဖြစ်မှာ၊ နောက်ဆို ငါသုံးလိုက်ရင် သက်ရောက်မှုလျော့သွားလိမ့်မယ်.. ငါ မလိုချင်ဘူး”

All Chapters