ဆေးတစ်ပုလင်းစီ
Vol. 37 Ch. 722
သက်ရောက်မှု လျော့ကျသွားခြင်းသည် စုပ်ယူနိုင်စွမ်းရှိသေးသည်ဟု ဆိုလိုခြင်းပင်။ ပေထင်းဟွမ် ပြောလိုက်သည် “ယူလိုက် နောက်တစ်ခါဆို မပေးဘူး”
နောက်တစ်ခါ သူတို့ရနိုင်သေးတာလား။ ဂူချန်းဇယ့်နှင့်တခြားသူများ သည် ထိုစကားကိုကြားသောအခါ မှင်တက်ကြလေသည်။ သို့သော် သူတို့၏ ခေါင်းဆောင်သည် ယန်းမြို့တော်မှလာခြင်းဖြစ်ပြီး သူ၏ရာထူးသည် ယန်းမြို့ တွင် မြို့ဝန်နှင့်ရင်းနှီးသည်ကို တွေးပြီးနောက် ဂူချန်းဇယ့်နှင့်တခြားသူများ သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကြသည်။ မဟုတ်လျှင် သူတို့သည် သူတို့ခေါင်းဆောင်၏ အနိုင်ယူခြင်းကို အမှန်တကယ်ခံရလိမ့်မည်။
လျိုရွှီသည် ရင်ထဲမထိမိဟုဆိုလျှင် လိမ်ရာကျမည်။ သူသည် လက်ဆန့် ထုတ်ပြီး ပေထင်းဟွမ်ပေးသော မူလအရည်ကိုဆုပ်ကိုင်ထားသည်။ သူသည် အသက်ကိုပြင်းပြင်းရှူလိုက်ကာ မျက်လုံးများသည် တောက်လောင်နေသည်။
တခြား ၆ ယောက်သည် သူ၏စိတ်ရင်းကိုခံစားမိပြီး ကျေးဇူးတင်မိလေ သည်။ သူတို့သည် မူလအရည်ကို လက်နှစ်ဖက်ဖြင့်ကိုင်ပြီး ပေထင်းဟွမ်အား ကျေးဇူးတင်စွာဖြင့် သူမအား နက်ရှိုင်းစွာမှတ်မိချင်ပြီး အရိုးထဲထိ စွဲမြဲချင်သည့် အလား အတန်ကြာသည်အထိ စိုက်ကြည့်လေသည်။
မူလအရည် နှစ်စက်ကျန်သေးသည်။ ပေထင်းဟွမ်သည် ထိုမူလအရည် ကို သူမ၏အစ်ကိုဖြစ်သူနှင့် တုန်ဖန်းကျောက်အားပေးရန် ရည်ရွယ်ထားသည်။ သို့သော် လက်ရှိအရေးအကြီးဆုံးမှာ ဆေးကိုသေချာသန့်စင်ရန်ဖြစ်သည်။ ဆေးအဆင့်သာတက်သွားလျှင် သူမသည် လက်ပတ်လေဟာနယ်ထဲတွင် ကောင်းကင်ကိုအံတုနိုင်လုနီးပါးဖြစ်လိမ့်မည်။
ပေထင်းဟွမ်သည် သူတို့ကို ထွက်သွားရန်မပြောလျှင် ဂူချန်းဇယ့်နှင့် တခြားသူများသည် အရင်ထွက်သွားမည်မဟုတ်ပေ။ သူမသည် စားပွဲကို လက်ဖြင့်ဝေ့ယမ်းလိုက်ရာ စားပွဲပေါ်တွင် ကျောက်စိမ်းပုလင်း ၈ ပုလင်းပေါ် လာသည်။ ရနံ့ခပ်သင်းသင်းတစ်ခု မွှေးပျံ့လာသည်။ စဉ်းစားစရာမလိုအောင် ပင် ထိုအရာများသည် ဆေးများဖြစ်သည်ကို သိကြသည်။ လူ ၈ ဦး၏မျက်လုံး များသည် ပြုတ်ထွက်မတတ်ပင်။ သူတို့ ခေါင်းဆောင်က ဘာလုပ်ချင်နေတာ လဲ။
“ဒီဆေးတွေက မနက်ဖြန်ပြိုင်ပွဲအတွက် ပြင်ထားတာပဲ၊ တစ်ယောက်ကို တစ်ပုလင်းစီယူကြ၊ အဲဒါတွေကို သိမ်းလိုက်တော့” ပေထင်းဟွမ်သည် အိမ်ကို ညွှန်ပြလေသည် “ဟိုမှာ အခန်းလွတ်တွေရှိသေးတယ်၊ အခန်းရှာ မူလအရည်စုပ်ယူပြီး မနက်ဖြန်တိုက်ပွဲအတွက် ပြင်ဆင်တော့”
ပေထင်းဟွမ် ပြောနေသည်များကို လျိုရွှီနားမလည်သဖြင့် မေးရုံသာ တတ်နိုင်လေသည် “ခေါင်းဆောင် မင်းက အဂ္ဂိရတ်ပညာရှင်ပါလို့ မပြောနဲ့နော်၊ ငါ မယုံဘူး.. ထပ်မပြောနဲ့တော့ ဘယ်လိုပဲဖြစ်ဖြစ် ငါ မယုံဘူး”
ဂူချန်းဇယ့်သည် လျိုရွှီအား စိုက်ကြည့်လေသည်။ ဒီလူက ခေါင်းဆောင် ကို စကားပြောချင်တာလား မပြောချင်တာလား။ သူသည် အသက်ပြင်းပြင်းရှူ ကာ စားပွဲပေါ်မှ ကျောက်စိမ်းပုလင်းကို ကောက်ယူကာ အဆို့ရှင်ကို ဖြုတ် လိုက်သည်။ ရုတ်တရက်ပင် သူ့မျက်လုံးများသည် လျိုရွှီထက်ပင် ပိုပြူးကျယ် လာသည် “ဒါ.. ဒါက အဆင့် ၃ ဝိညာဉ်ပြန်ရှင်သန်ဆေးလား”
“ဘာ အဆင့် ၃ ဟုတ်လား ဝိညာဉ်ရှင်သန်ဆေးလား”
တခြား ၇ ယောက်သည်လည်း တစ်ချိန်တည်းမှာပင် ဆေးပုလင်းများကို ကောက်ကိုင်ကြလေသည်။ ပုလင်းသည် ကလေးတစ်ယောက်၏ လက်သီးဆုပ် အရွယ်အစားရှိသည်။ အထဲတွင် နို့နှစ်ဖြူရောင်ဆေး ၁၀ လုံးကျော်ရှိကာ အနံ့ များလှိုင်ခနဲထွက်နေသည်။ ၎င်းတို့သည် ဈေးကွက်တွင် အကြိမ်ပေါင်းများစွာ တွေ့ဖူးသော်လည်း မဝယ်နိုင်သည့်ဆေးများဖြစ်သည်။
အနီးကပ်ကြည့်မှပင် ထိုအရာများသည် ဝိညာဉ်ရှင်သန်ဆေးများဖြစ် သည်ကို သိလိုက်ကြသည်။ သို့သော် ဈေးကွက်တွင်မြင်နေကျ ဝိညာဉ်ရှင်သန် ဆေးနှင့်ယှဉ်လျှင် သူတို့၏ဆေးသည် အဆင့်ပိုမြင့်သည်။ ၎င်းတို့သည် အဆင့် ၄ ဆေးဟုပြောလျှင်လည်း ချဲ့ကားရာမရောက်ပေ။
ဆေးတစ်လုံး၏အဆင့်သည် ဆေးဖော်နည်းများပေါ်တွင် မူတည်ခြင်းမရှိ ဘဲ အဂ္ဂိရတ်ပညာရှင်၏ အစွမ်းအစပေါ်တွင်မူတည်သည်။ ဆေးနည်းတူလျှင် တောင် အဂ္ဂိရတ်ပညာရှင်မတူလျှင် မတူညီသည့်အဆင့်နှင့်ဆေးများ ထွက်လာ သည်။
တိုက်ကြီးပေါ်တွင် အဆင့် ၃ ဝိညာဉ်ရှင်သန်ဆေးသည် မြင်နေကျဖြစ် သော်လည်း ပေထင်းဟွမ်သန့်စင်ထားသည့် ဝိညာဉ်ရှင်သန်ဆေးသည် သာမန် အဂ္ဂိရတ်ပညာရှင်များ သန့်စင်သည့်ဆေးများထက် ပိုသန်မာသည်။ ၎င်းသည် အဆင့် ၄ ဝိညာဉ်ရှင်သန်ဆေးနှင့်ပိုတူသည်။
“ဒါ ဒါတွေအကုန်လုံးက ငါတို့အတွက်လား” ဝူစစ်ဟိုင်သည် တွေးပင် မတွေးရဲပေ။ သူသည် အဆင့်နိမ့်မှလာကာ သူ၏အကြောက်အလန့်ကင်းသော စိတ်ဓာတ်ကြောင့်ပင် လက်ရှိဘုံသို့ရောက်နေခြင်းဖြစ်သည်။ သူသည် အရင်က ဤမျှကောင်းသောပစ္စည်းကိုမမြင်ဖူးပေ။ ဤအခိုက်အတန့်တွင် သူသည် အရည်အသွေးမြင့်သော ဝိညာဉ်ရှင်သန်ဆေးကိုမြင်လိုက်ရသည်။ ဝူစစ်ဟိုင် သည် အနည်းငယ် မှင်တက်မိလေသည်...