← Chapters

ယဲ့ချီ ရောက်နေတယ်

Vol. 37 Ch. 723

ယဲ့ချီ ရောက်နေတယ်

Vol. 37 Ch. 723

“ဟုတ်တယ်” ပေထင်းဟွမ်သည် လျစ်လျူရှုသလိုပြောလေသည် “ကျွန်တော်တို့တွေက တိုက်ခိုက်ကြမှာ၊ ယုတ္တိရှိရှိလုပ်ရမယ်၊ ဝိညာဉ်ရှင်သန် ဆေးက အရေးကြီးတဲ့အချိန်မှာ မင်းတို့အသက်ကို အာမခံပေးလိမ့်မယ်၊ ကံမကောင်းလို့ အဆင့် ၃ ဆေးပဲရှိတယ်၊ အဲဒီသက်ရောက်မှုက အရမ်း မကောင်းမှာစိုးနေတာ၊ ပြီးတော့ အကုန်လုံးက ကောင်းကင်အဆင့်ဖြစ်နေတာ လေ”

“ရှောင်ကျို့ မင်း အဲလောက် အသုံးအဖြုန်းမကြီးလို့မရဘူးလား” လျိုရွှီ သည် ငိုချင်လာသည်။ တခြားသူမဆိုထားနှင့် ယန်းမြို့တော်မှလာသည့် သူပင်လျှင် ပေထင်းဟွမ်၏ စကားများသည် နားကြားပြင်းကတ်စရာဖြစ်နေ၏။ သူတို့အားလုံးသည် ပေထင်းဟွမ်အား အပြစ်တင်ဝေဖန်သည့်အကြည့်များဖြင့် ကြည့်ကြလေသည်။

“ကျွန်တော်က ဘာဖြစ်နေလို့လဲ” ပေထင်းဟွမ်သည် အပြစ်ကင်းစွာဖြင့် နှာခေါင်းကိုပွတ်လေသည် “ကျွန်တော်မှားသွားလို့လား”

“သေချာပေါက် ဘယ်ဟုတ်မလဲ” ဂူချန်းခယ့်သည် သူကိုယ်တိုင်ပင် ပေထင်းဟွမ်ထက် အသက်ကြီးသည်ကို ခံစားမိသည်။ အရေးကြီးသည့်အခိုက် တွင် သူသည် ပေထင်းဟွမ်အား သင်ကြားပေးရန် တာဝန်ယူသင့်သည်။ သူသည် လည်ချောင်းရှင်းကာ စိတ်ရှည်ရှည်နှင့်ပြောလေသည် “ကြည့် ရှောင်ကျို့.. အရင်ဆုံး ဈေးကွက်ထဲမှာ အဆင့် ၃ ဆေးက ပတ္တမြား ဘယ်လောက်ပေးရလဲသိလား”

သူမသည် အဆင့် ၃ ဆေးဖြစ်ခြင်းကြောင့် နှမြောနေကာ အဆင့် ၃ ဆေး ကို အထင်သေးသလိုပြောနေသည်။ ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ။ ဤအရာသည် အရှက်မရှိဗြောင်ကျခြင်းပင်။ သူမ၏ အဖွဲ့သားတဖြစ်လဲ အစ်ကိုကြီးဖြစ်သူ ဂူချန်းဇယ့်သည် သူမအား သင်ခန်းစာပေးရန် အခွင့်အရေးကို လက်လွှတ်မခံပေ။

ပေထင်းဟွမ်သည် ခေါင်းခါလိုက်သည်။ သူမသည် ဤတိုက်ကြီးရှိ ငွေကြေးသုံးစွဲမှုကို အထူးသဖြင့် ရှုပ်ထွေးနေတုန်းပင် “ပတ္တမြားတစ်ထောင် လား”

သူတို့အဖွဲ့သည် မြေပေါ်သို့လဲကျမိ၏။ လျိုရွှီသည် ဤကောင်လေးနှင့် မတိုက်ခိုက်ချင်တော့ဘဲ တိုက်ရိုက်ပင်ပြောလိုက်သည် “ဝိညာဉ်ရှင်သန်ဆေးက အချိန်မရွေး အသက်ကိုအာမခံနိုင်တယ်လို့ မင်းပြောခဲ့တာမလား၊ အဲဒါက ဘယ်လိုလုပ် ပတ္တမြားတစ်ထောင်ပဲတန်မှာလဲ အိပ်မက်မက်နေလိုက်၊ အဲဒါ သန်းချီတန်တယ် ဟုတ်ပြီလား၊ အဆင့် ၄ ဝိညာဉ်ရှင်သန်ဆေးက နှစ်ဆရှိတယ်၊ ပတ္တမြား ၁၀ သန်းဆိုရင်တောင် အဖိုးမဖြတ်နိုင်ဘူး”

“ဟုတ်တယ်၊ တော်ရုံဆို အဂ္ဂိရတ်ပညာရှင်၊ သားရဲထိန်းနဲ့ သန့်စင်သူတို့ ကို တိုက်ကြီးပေါ်မှာ အကျိုးအမြတ်များပြီး ရှားပါးတဲ့အဆင့်အတန်းပါလို့ ပြောပါ့မလား”

အားလုံးသည် ပေထင်းဟွမ်အား တစ်ယောက်ပြီးတစ်ယောက် ဝေဖန်ကြ လေသည်။ ပေထင်းဟွမ်သည် ငိုတော့မည့်အလားပင်။ သူမ ဘာအမှားလုပ်မိလို့ လဲ။ သူမက သူမအတွက် တန်ဖိုးမရှိတဲ့ အဆင့် ၃ ဝိညာဉ်ရှင်သန်ဆေး ၉ လုံးကို ပေးရုံတင်ပဲလေ။ အဆင့် ၄ ဝိညာဉ်ရှင်သန်ဆေးနဲ့ အရည်အသွေးယှဉ်နိုင်တဲ့ ဆေးသန့်စင်ရမယ်ဆိုရင်တောင် ဒယ်အိုးတစ်လုံးတည်းနဲ့ သူမ အများကြီး သန့်စင်နိုင်တယ်။

ပေထင်းဟွမ်သာ အလိုရှိတိုင်း ဝိညာဉ်ရှင်သန်ဆေး အများကြီးကို သန့်စင်နိုင်တယ်ဆိုတာကို အဲလူတွေသိရင် ပေထင်းဟွမ်ရဲ့ ဆေးဖိုနဲ့ ခေါင်းပြေးတိုက်ပြီး သေချင်သွားမှာလား။

အဆောင်တံခါးခေါက်သံထွက်ပေါ်လာကာ မင်ဝင်လာသည်။ သူသည် အနည်းငယ် စိတ်ဓာတ်ကျနေပုံပေါက်သည်။ ပေထင်းဟွမ် ဘာမှမမေးရခင်မှာ ပင် သူသည် အလင်းတန်းအဖြစ်ပြောင်းကာ ပေထင်းဟွမ်၏ မှော်သားရဲနေရာ သို့ဝင်သါားလေသည်။ တံခါးတွင်ရပ်နေသည်မှာ နောက်တစ်ဘောက်ရှိသေး သည်။ သူသည် နှင်းဖြူရောင်ဝတ်စုံဝတ်ဆင်ထားကာ မျက်နှာတွင် မျက်နှာဖုံး ဝတ်ဆင်ထားသည်။ သူ၏တည်ရှိမှုသည် လေပြေသို့မဟုတ် လကဲ့သို့ တည်ငြိမ် လှသည်။ သူ၏မျက်လုံးများသည် ခရမ်းရင့်ရောင်ဖြစ်ကာ မေးစေ့သည် ကျောက်စိမ်းကဲ့သို့ ပြောင်မြောက်သည်။ ၎င်းသည် ရက်ပိုင်းကြာအောင် ပျောက်နေသော ယဲ့ချီဖြစ်သည်။

ပေထင်းဟွမ်သည် ထိုလူအား စိုက်ကြည့်နေသော်လည်း မတ်တတ်မထ ပေ။ ထိုအစား လျိုရွှီ၊ ချန်းဇယ့်နှင့်တခြားသူများသည် သူ့အား တလေးတစား ကြိုဆိုကြသည်။ လျိုရွှီသည် သူတို့အဖွဲ့ ဖွဲ့စည်းပုံကိုပြောပြသည်။ ယဲ့ချီ၏ ခွင့်ပြုချက်မရှိဘဲ မည်သူမှ မထိုင်ရဲကြပေ။

“အဖွဲ့ဖွဲ့တာကို ကန့်ကွက်စရာမရှိပါဘူး” ယဲ့ချီသည် သူတို့ ၈ ယောက်ကို ခြေဆုံးခေါင်းဆုံးအကဲခတ်လသည်။ “ညီအစ်ကိုပေထင်းဟွမ် စီစဉ်တာကို နားထောင်မှာပါ၊ စိတ်ပူဖို့မလိုဘူး... အားကောင်းတဲ့ ပြိုင်ဘက်တွေကို ငါရှင်း မဘ်၊ တခြားဟာကိုတော့ မင်းသဘောကျလုပ်”

ပေထင်းဟွမ်နှင့်တခြားသူများအတွက် တခြားကျောင်းသုံးခုမှ အဖွဲ့များ ကိုသာ အာရုံစိုက်ထားရန်လိုသည်။ ထိုအဖွဲ့များသည် တောက်ပလတော်ဝင် ကျောင်းတော်မှ ချူဟန်ခေါင်းဆောင်သည့်အဖွဲ့၊ ပင်မတိုက်ကျောင်းတော်မှ လော့ရှောင်မိုဦးဆောင်သည့်အဖွဲ့နှင့် ကောင်းကင်သိုင်းကျော်တော်မှ လုံယွိတို့ ဖြစ်ကြသည်။ ထိုလူများသည် ခွန်အားတွင် သူမတူပေ။ အဖွဲ့ခေါင်းဆောင်များ သည် ပေထင်းဟွမ်ထက်အသက်ကြီးကာ အပြင်ပန်းအရ သူ့ထက် ပိုသန်မာကြ သည်။

ယဲ့ချီ မည်မျှသန်မာသည်ကို မည်သူမှမသိသော်လည်း ယဲ့ချီပါဝင်လျှင် သူတို့၏အနိုင်ရနိုင်ခြေများသည်ဟု ပေထင်းဟွမ်ခံစားရသည်...

All Chapters