ယဲ့ချီက ယန်ယဲ့လား
Vol. 37 Ch. 724
အရာအားလုံးစီစဉ်ပြီးနောက် လျိုရွှီနှင့် တခြားသူများသည် ဒုတိယအထပ်မှ အခန်းလွတ်များဆီသို့ အသီးသီးသွားကြလေသည်။ သူတို့ ၈ ယောက်သည် အတူစုဝေးပြီး မူလအရည်အား စုပ်ယူပြီး အဆင့်တက်ရန် ပြင်ဆင်ကြလေသည်။
ယဲ့ချီသည် ထွက်မသွားပေ။ ထိုအစား အရင်မတ်တတ်ထကာ အပေါ်ထပ် သို့လျှောက်သွားသည်။
ပေထင်းဟွမ်သည် သူ့နောက်လိုက်သွားကာ မည်သည့်နေရာသို့သွားမည် ကို မမေးပေ။
ထိုအစား သူမ မေးလိုက်သည် “သူ့ကိုဘာလုပ်လိုက်တာလဲ”
ယဲ့ချီသည် ခြေလှမ်းများရပ်ကာ ပေထင်းဟွမ်အား မယုံနိုင်စွာဖြင့် လှည့်ကြည့်လေသည်။ ပေထင်းဟွမ် နှာမှုတ်လိုက်သည် “ကျွန်တော့်ကို အထင်သေးတာလား၊ အင်္ကျီလဲလိုက်တာနဲ့ပဲ မမှတ်မိတော့ဘူးလို့ထင်နေတာ လား”
တချို့လူများသည် မျက်လုံးများကိုကြည့်ရုံနှင့်တင် သရုပ်မှန်ခွဲရန်မလို အပ်ပေ။ သူမ ၁၀ နှစ်ကြာအောင် မတွေ့ခဲ့ရသည့် အစ်ကိုဖြစ်သူကို တစ်ချက် တည်းကြည့်လိုက်ရုံနှင့် မှတ်မိခဲ့သလိုပင်ဖြစ်သည်။ သူမ မည်သည့်ဝတ်စုံ၊ မည်သည့်မျက်နှာဖုံးကို ပြောင်းလဲဝတ်ဆင်စေကာမူ သူမရှေ့မှလူသည် သူမကို တစ်ချက်တည်းကြည့်သည်နှင့် မှတ်မိသည်။
ယဲ့ချီသည် ပြုံးပြီး ပေထင်းဟွမ်၏ ဦးခေါင်းကို ပွတ်သပ်လေသည် “ဟွမ်အာက ဘယ်တုန်းက ငါ့ကိုမှတ်မိသွားတာလဲ”
ပေထင်းဟွမ်သည် သူ့လက်အား စိတ်ဆိုးမာန်ဆိုးနှင့် ရိုက်ချလေသည် “ခင်ဗျားက မင်နဲ့အတူလာတာလေ၊ ပြီးတော့ ခင်ဗျားအနံ့ကအရမ်းထူးခြားတာ မသိဘူးလား”
ဟာသပဲ။ သူမ အရင်ဘဝကဘယ်သူမို့လို့လဲ။ သူမရှေ့မှာ ဒီလိုလျှို့ဝှက် ဂိမ်းကစားချင်တာကို သူမ မသိဘူးထင်နေတာလား။ သူမသည် ပထမဆုံး အကြိမ် သူတို့တွေ့ကတည်းကပင် သံသယဝင်နေခြင်းဖြစ်သည်။ သူ့ကိုယ်သူ ဖုံးကွယ်နိုင်ပြီး မိမိုက်နေတယ်လို့ ထင်နေတာမလား။
ယဲ့ချီက ယန်ယဲ့ပဲ။
ယန်ယဲ့သည် လက်ဝေ့ယမ်းလိုက်သည်နှင့် မျက်နှာဖုံးပျောက်ကွယ်သွား ပြီး လှပသောမျက်နှာပေါ်လာလေသည်။ သူ၏မျက်လုံးအရောင်သည် ပုံမှန် ခရမ်းရောင်အဖြစ်ပြောင်းသွားပြီး အလွန်ပင် ဆွဲဆောင်မှုရှိလှသည်။ ပေထင်းဟွမ်သည် သူ့အားကြည့်လိုက်ချိန်တွင် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင် တတ်သည်ကိုတွေ့လိုက်ရသည်။ ဤအချိန်တွင် သူ၏အဖြူရောင်အင်္ကျီများ သည် နှင်းကဲ့သို့ဖြူစွတ်နေသော်လည်း သူ၏သဘောထားကိုတော့ မပြောင်းလဲ နိုင်ပေ။
ယန်ယဲ့သည် သူမ၏လက်ကိုဆုပ်ကိုင်ပြီး ရှေ့သို့ခြေနှစ်လှမ်းတိုးလာ သည်။ သူသည်ပြုံးပြီးပြောလေသည် “ဟွမ်အာ ပြောပါဦး ငါ့မှာ ဘယ်လိုအနံ့မျိုး ရှိတာလဲ”
သူမ၏အရင်ဘဝတွင် သူမသည် ကြေးစားလောက၏ ဘုရင်တစ်ဆူဖြစ်ခဲ့ ကာ သူမခေါင်းညိတ်လိုက်သည်နှင့် လူကိုအလွယ်တကူသတ်နိုင်ခဲ့သည်။ သူမ သာ လူအကဲခတ်နိုင်သည့်အရည်အချင်းမရှိဘဲ ပစ်မှတ်ကိုမှားယွင်းသတ်မိပါက ဟာသကြီးတစ်ခုဖြစ်နေမည်မဟုတ်ပါလား။ တစ်ခါတရံတွင် နောက်မှအလိုက် မခံရစေရန် ပစ်မှတ်ကို အဘက်ဘက်မှ စီစဉ်ရသည်။ ပေထင်းဟွမ်သည် လူတစ်ဦးကို အသေးစိတ် စမ်းစစ်နိုင်သည့် အစွမ်းအစပိုင်ဆိုင်ခြင်းပင်။
ထို့အပြင် ယန်ယဲ့သည် သူမဆီမှ ဖုံးကွယ်၍မရနိုင်သည်ကို ပေထင်းဟွမ် လည်း သတိထားမိသည်။ ယန်ယဲ့သည် အစွမ်းအစရှိကာ သူမရှေ့တွင် ဤကဲ့သို့ ကစားပွဲမျိုးကစားချင်လျှင်တောင် ယခုလိုမြန်မြန်ဆန်ဆန်မြင်ရလိမ့်မည်ဟု ထင်မထားပေ။
ပေထင်းဟွမ်၏အရင်ဘဝတွင် အနံ့ခံကောင်းခြင်းသည် သူမ၏ အကောင်းဆုံးအရည်အချင်းတစ်ခုဖြစ်သည်။ သူမသည် အမှန်ပြောနေခြင်းပင်။ ယန်ယဲ့ထိုစကားများကို ကြားသောအခါ လျှို့ဝှက်ဆန်းကြယ်လွန်းသဖြင့် သူ ခံစားချက်ကောင်းနေသည်ကို ခံစားမိကာ စိတ်လှုပ်ရှားမှုကို မဖိနှိပ်နိုင်ပေ။
ပေထင်းဟွမ်သည် စကားလုံးများပျောက်ဆုံးသွားသည်။ သူမသည် သူ့ အား အတန်ကြာအောင် နှုတ်ဆိတ်စွာကြည့်ကာ ရှေ့နှစ်လှမ်းတိုးပြီး ယန်ယဲ့နှင့် ယှဉ်ကြည့်ရန် အကောင်းဆုံးကြိုးစားလေသည်။ သူမသည် မေးစေ့မော့ထား ကာ ဆိုးသွမ်းသောသခင်လေးမှ မိန်းကလေးတစ်ယောက်အား စနောက်သကဲ့သို့ နတ်ဆိုးဆန်စွာ ပြုံးလေသည်။ “ယန်ယဲ့ ပြောပါဦး ကျွန်တော် သာ ယဲ့ချီကိုချစ်မိသွားရင် ယဲ့ချီလုပ်မှာလား ယန်ယဲ့လုပ်မှာလား”
ထိုမေးခွန်းသည် ယန်ယဲ့အား အကျပ်ရိုက်စေသည်။ သူသည် လှေကား ပေါ်တွင်ရပ်ပြီး စဉ်းစားလေသည်။ ပေထင်းဟွမ် အခန်းသို့ပြန်ရောက်သည် အထိ သူ သတိပြန်မဝင်မလာသေးပေ။
“ဟွမ်အာ.. မင်း အဲလောက် မတော်တရော်မလုပ်နဲ့လေ၊ ငါ့ခံစားချက်တွေ ကို အသားယူလို့မရဘူး” ယန်ယဲ့သည် ပေထင်းဟွမ်အား အခန်းပြန်ပို့ပေးပြီး သူမအား ပွေ့ဖက်လိုက်သည် “ငါဂရုမစိုက်ဘူး မင်းငါ့ကို မှတ်မိသွားပြီ၊ စိတ်ကူး ယဉ်တာ အမှန်မဖြစ်နိုင်ဘူး”
“ဒါဆို ကျွန်တော့်ရှေ့မှာ အကြောင်းအရင်းမရှိဘဲ ဘာလို့ ယဲ့ချီအဖြစ် ဟန်ဆောင်တာလဲ” ပေထင်းဟွမ်သည် စိတ်ဆိုးမာန်ဆိုးနှင့်ပြောကာ သူ့အား တွန်းထုတ်လိုက်သည်။ သို့သော် သူရှိပြီး သူ့ခွန်အားနှင့်ဆိုလျှင် တခြားအဖွဲ့ သုံးဖွ့ကို ချေမှုန်းရန် ပြဿနာရှိတော့ပေ...