ညအိပ်ခြင်း
Vol. 37 Ch. 725
“မဟုတ်ပါဘူး လွန်ခဲ့တဲ့ ၇ နှစ်က ငါ ယဲ့ချီဆိုတဲ့နာမည်နဲ့ ကျောင်းကိုဝင် ခဲ့တာ၊ ဟွမ်အာနဲ့အတူတိုက်ခိုက်ဖို့ အခွင့်အရေးရလာလိမ့်မယ်လို့ ဘယ်သူထင် ထားမှာလဲ” ယန်ယဲ့သည် သူ၏ခရမ်းရောင်မျက်လုံများကို ကျဉ်းမြောင်းကာ နေရောင်အောက်တွင် ငိုက်မြည်းနေသော ကြောင်တစ်ကောင်၏မျက်နှာထား ကဲ့သို့ ကျေနပ်လျက်ရှိသည်။
ပေထင်းဟွမ်သည် သက်ပြင်းချကာ သူမ၏ခန္ဓာကိုယ်သည် ပျော့ခွေသွား လေသည်။ သူမသည် အိပ်ရာကိုညွှန်ပြကာ မေးငေါ့လိုက်သည် “သွားအိပ်တော့ မယ်”
ဘန်ယဲ့သည် ကျိုးနွံစွာပင် သူမအား အိပ်ရာဆီသို့ခေါ်သွားပေးပြီး နေရာ ချပေးလေသည်။ သူမ မျက်လုံးမှိတ်သွားသော်လည်း သူမ ဆက်ရေရွတ် လေသည် “မင်ကို ဘာလုပ်ခဲ့တာလဲ”
ယန်ယဲ့၏နှုတ်ခမ်းအနည်းငယ် ကွေးတက်သွားကာ ဘဝင်ခိုက်နေသည် ကို သူမ မမြင်လိုက်ရပေ။ ယန်ယဲ့၏နှလုံးသားထဲမှ မှောင်မိုက်သောအတွေးများ သည် ထိုသို့မမေးခင်ထိ ဖိနှိပ်ခဲ့ရသသည်ကို သူမ မသိပေ။ ဟွမ်အာ၏ ရင်ထဲ တွင် နဂါးဇာမဏီ၏အနေအထားကိုမြင်နိုင်သည်။
“သူ့ကို ဘာမှမလုပ်ခဲ့ပါဘူး၊ သူ့ပင်မခန္ဓာကိုယ်က ဖွံ့ဖြိုးမှု မပြည့်စုံသေးဘူး သူ့ကြီးထွားတဲ့အချိန်ရောက်ဖို့ တစ်လနှစ်လလိုသေးတယ်၊ တာအိုကိုရဖို့ ငါ့ကိုရှာဖို့မလောရင် သူ့ကိုယ်သူ စိတ်ဆင်းရဲဖို့ ညှင်းဆဲဖို့မလိုဘူး” ယန်ယဲ့ စကားမဆုံးခင်မှာပင် ပေထင်းဟွမ်သည် စိုးရိမ်တကြီး မျက်လုံးပြန်ပွင့် လာသည်။ သူ အလျင်အမြန်ပင်ပြောလေသည် “ဒါပေမဲ့ မင်း စိတ်မပူပါနဲ့ သူ ဒဏ်ရာမရပါဘူး၊ သူ့ပင်မခန္ဓာကိုယ် ကြီးထွားတာ ပြည့်စုံသွားရင် သူ လုံးဝ ပြန်ကောင်းသွားမှာပါ၊ မင်းရဲ့ကစဥ့်ကလျားနတ်အရင်းအမြစ်ကလည်း သူ့ကို ကူညီမှာ”
“ဒါပေမဲ့...” ယန်ယဲ့သည် လက်မြှောက်ကာ ပေထင်းဟွမ်၏မျက်လုံးများ ကို ပွတ်သပ်လိုက်သည်။ သူသည် သူမအား ချစ်မြတ်နိုးသောမျက်လုံးများဖြင့် ကြည့်ကာ ဖြည်းညင်းစွာပြောလေသည် “အခုတော့ ကိုယ့်အတွက်ကိုယ်ပဲ အာရုံစိုက်ထားပါ၊ မင်း နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းကိုဝင်ရင် ဒေါသကို နားလည်မှုကနေတစ်ဆင့် ဝိညာဉ်သခင်ကြီးဘုံကို ကျော်ဖြတ်နိုင်လောက်မယ်” ကြယ်ဝိညာဉ်သခင်တစ်ယောက်မှ ဝိညာဉ်သခင်ကြီးဖြစ်ရန် စွမ်းအင်စုဆောင်း ရမည်မှာကိစ္စတစ်ခုဖြစ်သည်။ သို့သော် အရေးအကြီးဆုံးမှာ ဒေါသကို နားလည် ခြင်းလမ်းစဉ်ဖြစ်သည်။ ထို့ကြောင့်ပင် ပေထင်းဟွမ်သည် မကျော်ဖြတ်နိုင်ခြင်း ပင်။
သို့သော် ပေထင်းဟွမ်သည် အလွန်ထက်မြက်သည်။ သူမ မကျော်ဖြတ် နိုင်လျှင်လည်းကိစ္စမရှိပေ၊ နောက်ဆုံးတွင် ရလဒ်ထွက်လာမည်ဖြစ်သည်။ သူမ ကျော်ဖြတ်နိုင်သည်နှင့် ဓားဝိညာဉ်သခင်ကြီးသည် သူမနှင့်ယှဉ်နိုင်မည်မဟုတ် ပေ။
ပေထင်းဟွမ်သည် မှော်သားရဲနေရာထဲမှ မင်ကို အာရုံခံမိသည်။ သူသည် ယန်ယဲ့ပြောသလိုပင် အိပ်မောကျနေသည်ကိုမြင်ပြီး သူမ ရင်နာကျင်မိသည်။ မင်သည် ဤကမ္ဘာပေါ်သို့ ပွင့်ပွင့်လင်းလင်း ထွက်ပေါ်လာရန် မစောင့်နိုင်တော့ ပေ။ သူမသည် ဖြစ်နိုင်သလောက်မြန်မြန်ကျော်ဖြတ်ကာ သူ့ကို ကူညီရန် ခွန်အားသုံးရမည်။
ပေထင်းဟွမ်သည် အိပ်ရာပေါ်တွင်လဲလျောင်းပြီး ယန်ယဲ့သည် အိပ်ရာ ဘေးတွင်ထိုင်နေသည်။ သူသည် ပေထင်းဟွမ်အား တင်းကြပ်စွာပွေ့ဖက်ပြီး သူမဘေးသို့ ခါးကိုင်းကာ သူမ၏ပခုံးနှင့်လည်ပင်းအကြား ခေါင်းကိုမြှုပ်ထား လေသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်၏ အသက်ရှူ သံများကို နားထောင်ပြီး တဖြည်းဖြည်းအိပ်ပျော်သွားလေသည်။ ကောင်းကင် သည် ရုတ်တရက်လင်းလာကာ သူတို့သည် အပြင်ဘက်မှ စစ်ပွဲဗုံသံများကြောင့် နိုးလာခဲ့ရသည်။
သူမသည် တစ်ကိုယ်လုံး နာကျင်မှုကိုခံစားရကာ သူမ၏ ရင်ဘတ်သည် ကြေမွတော့လုမတတ်ပင်။ ပေထင်းဟွမ်သည် မျက်လုံးဖွင့်လိုက်ရာ ခန္ဓာကိုယ် မှ နွေးထွေးမှုကို ခံစားရလေသည်။ သူမသည် အပေါ်မှလူကိုတွန်းထုတ်ကာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။ မိန်းကလေးများသာ ယောက်ျားလေးများအပေါ်တွင် အိတ်တတ်ကြသည်။ ယန်ယဲ့သည် အရပ်မြင့် ကာ သန်မာသည်။ သူသည် သူမအား ညတစ်ဝက်လောက် သူမကို ဖိထားခဲ့ သည်။ သူ သူမကို အသက်ရှင်စေချင်သေးရဲ့လား။
ယန်ယဲ့သည် ပေထင်းဟွမ် နောက်မှနိုးလာသည်။ သူ့အတွက် ခက်ခဲလှ သည်။ သူသည် ပေထင်းဟွမ်၏ခန္ဓာကိုယ်ပေါ်သို့ တစ်ဝက်ဖိထားသော်လည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သဖြင့် မနိုးထချင်ပေ။ သူသည် သူတို့ဆီသို့ ပြေးလာ သော လှေကားပေါ်မှ ခြေသံများကိုကြားလိုက်ရသည်။ လူတစ်ယောက်သည် အော်ရင်းပြေးလာသည် “ခေါင်းဆောင် ခေါင်းဆောင် မြန်မြန်ထတော့ ကျောင်းပြိုင်ပွဲစတော့မယ်”
ယန်ယဲ့သည် အိပ်မက်မက်နေတုန်းဟု ခံစားရသည်။ ပေထင်းဟွမ်သည် သူ့ကိုထပ်တွန်းကာ မတတ်သာစွာဖြင့်ပြောလေသည် “မြန်မြန်ထတော့ ကျွန်တော့်ကို ဇာတ်ရှုပ်ထဲသွင်းပြီး တကယ် ယောက်ျားချင်းကြိုက်တဲ့သူလို့ ဖြစ်စေချင်တာလား”
တုန်း
တံခါးသည် ပွင့်တော့မတတ်ဖြစ်ရာ ယန်ယဲ့နှင့်ပေထင်းဟွမ်တို့ ထိတ်လန့် သွားကြလေသည်။ သူတို့သည် အိပ်ရာပေါ်မှ ခုန်ဆင်းကာ အမြန်ပြေးတင်လာ သောလူနှင့် အကြည့်ချင်းဖလှယ်မိကြ၏။ ကို့ရိုးကားရားနိုင်လှသည်.. နန်ကုန်းချန်းရှီ၏ အော်သံကြောင့်သာမဟုတ်လျှင် သူတို့နှစ်ယောက် မည်မျှ ကြာသည်အထိ စိုက်ကြည့်နေမိကြမည်မသိပေ...