ယောက်ျားရာချီရှာဖွေခြင်း
Vol. 37 Ch. 726
အော်ဟစ်သံနှင့် စ်ကြွေးသံများသည် အခန်းခေါင်မိုးကိုပင် ပေါက်ထွက် လုမတတ်ပင်။
ရှန်းယန်ပိုသည် ယဲ့ချီအား မယုံနိုင်စွာဖြင့် လက်ညှိုးထိုးကာ သူ၏ ဝမ်းနည်းသောမျက်လုံးများသည် ပေထင်းဟွမ်ဆီမှမခွာဘဲ စောဒကတက်လေ သည် “ခေါင်းဆောင် ဘာလို့.. ဘာလို့ သူနဲ့အတူရှိနေတာလဲ.. မင်းနဲ့ ငါ့ အစ်ကို ၃ တို့က.. အရမ်းရင်းနှီးကြတာမလား”
မုချင်းလင်ည် မျက်လုံးများပြူးကျယ်လာကာ ပါးစပ်ပင်မပိတ်နိုင်တော့ ပေ။ သူမသည် ပေထင်းဟွမ်၏ရှင်းပြချက်ကို စောင့်ဆိုင်းနေသည့်အလား ပေထင်းဟွမ်အား အထိတ်တလန့်ကြည့်နေသည်။
တစ်ဖက်တွင် ရန်ရှောင်ကျဲသည် ပျာယာမခတ်ဘဲတည်ငြိမ်နေသည်။ သို့သော် သူ၏သေးငယ်သောမျက်လုံးများသည် စပ်စုချင်စိတ်အပြည့်ဖြင့် ပုတ်ခတ်နေကာ ပေထင်းဟွမ်အတွက် ရိုက်ချင်စိတ်ကိုပိုဖြစ်စေသည်။
“ခေါင်းဆောင် ဒါတော့မဟုတ်သေးဘူးလေ၊ ယောက်ျားကောင်း တစ်ယောက်မှာ လိုက်ဖက်တဲ့သူတွေအများကြီးရှိတယ်လို့ ပြောကြတယ်၊ ညအရှင်သခင်က သိသွားရင်ဘယ်လိုလုပ်မလဲ၊ ညအရှင်ကို စွန့်ပစ်ပြီးတော့ သခင်ယဲ့ချီနဲ့အတူရှိတော့မှာလား” ထိုသို့ပြောပြီးနောက် ယွမ်ယဲ့သည် ပေထင်းဟွမ်အား ဂုဏ်ယူစွာဖြင့် မေးပင့်ငေါ့ပြလေသည်။ ခေါင်းဆောင် ငါက မင်းကို ကာကွယ်ပေးနေတာ။
ပေထင်းဟွမ်သည် နားထင်ကိုပွတ်လိုက်သည်။ ကိစ္စများသည် ယခုလိုဖြစ် လာရာ သူမ မတည်ငြိမ်လျင်လည်း တည်ငြိမ်ရတော့မည်။ သူမ၏မျက်လုံး ထောင့်မှ ယန်ယဲ့အားကြည့်လိုက်သည်။ ဤလူသည် သူ၏သရုပ်မှန်ကိုဖုံးကွယ် ရန်အတွက် အမှန်တကယ်ပင် အသက်ကိုလျစ်လျူရှုခဲ့သည်။ သူသည် အလွန်ပင် မြန်ဆန်သည်။ ရှန်းယန်ပိုနှင့်တခြားသူများ ဝင်လာချိန်တွင် သူသည် မျက်နှာဖုံးတပ်ပြီးသားဖြစ်လေသည်။
“အပြင်က ပြိုင်ပွဲကဘယ်လိုနေလဲ” ပေထင်းဟွမ်သည် အိပ်ရာပေါ်မှ ဆင်းလိုက်သည်။ သူမ၏ ဝတ်ရုံအနားသည် ယန်ယဲ့၏တင်ပါးအောက်တွင် ရောက်နေတုန်းပင်။ သူမ ဝတ်ရုံကို ဆွဲလိုက်သောအခါ ယန်ယဲ့သည် တင်ပါး မြှောက်ကာ သူမ၏ဝတ်ရုံအနားကိုထုတ်ပေးလေသည်။ အမှန်တကယ်ပင် သံသယဝင်စရာပင်။ ပေထင်းဟွမ်သည် ပို၍စိတ်ဖိစီးလာသည်။
ရှန်းယန်ပိုနှင့်တခြားသူများ၏အမြင်တွင် ဤမြင်ကွင်းသည် ဒွိဟဖြစ်စေ သည်။ ဝိညာဉ်တိမ်တိုက်ဘရိုကိတ်ဖြင့် ချုပ်လုပ်ထားသည့် အဝတ်များကို ယခုလိုဖြစ်အောင် မည်သည့်အရာမျိုးက ပြုလုပ်လိုက်သနည်း။
“အင်း ခေါင်းဆောင် ငါတို့မင်းကို အောက်ထပ်မှာစောင့်မယ်.. မင်း.. မင်း ပြီးရင် ဆင်းလာခဲ့လိုက်တော့” ရှန်းယန်ပိုသည် မင်းသားတစ်ပါးဖြစ်သဖြင့် အကျိုးသင့်အကြောင်းသင့် စဉ်းစားတတ်သည်။ ထွက်မသွားခင်တွင် ပေထင်းဟွမ်အတွက် တံခါးပိတ်ရန် မမေ့ပေ။
သံမဏိသွေးအဖွဲ့ထွက်သွားသည်နှင့် ယန်ယဲ့၏တစ်ကိုယ်လုံး ပျော့ခွေ သွားသည်။ သူသည် အိပ်ရာခေါင်းရင်းကိုမှီကာ အိပ်မှုန်စုံမွှားမျက်လုံးဖြင့် ကြည့်လေသည်။ သူသည် သူ၏ယောင်နေသော လက်ကောက်ဝတ်ကို နောက် တစ်ဖက်ဖြင့် ပွတ်လိုက်သည်။ ပေထင်းဟွမ်သည် သူ့ကိုစိုက်ကြည့်လိုက်သည်။ ဤလူသည် တမင်လုပ်လိုက်ခြင်းပင်။ သူသည် သူတို့အတူရှိနေသည်ကို ရှန်းယန်ပိုတို့ကိုမြင်စေပြီး သူမ၏ဂုဏ်သိက္ခာကို ပျက်ယွင်းစေသည်။ သူက ဒီလောက်တောင် စိတ်အားထက်သန်တာလား။
ပေထင်းဟွမ်သည် သူ့ကို စကားပြောရန်ပင် အတွေးမရှိတော့ပေ။ သူမသည် ရေချိုးခန်းဆီသို့ တည့်တည့်သွားကာ တံခါးကိုအသံမြည်အောင် ဆောင့်ပိတ်လိုက်သည်။ သူမသည် ဒေါသထွက်ပြီး စိတ်တိုနေသည်မှာ ထင်ရှား လှသည်။ ဒါပေမဲ့ ယန်ယဲ့က ဘာလို့ ဒီခံစားချက်ကို အရမ်းကြိုက်ရတာလဲ။
ပေထင်းဟွမ်သည် တံခါးကိုဆောင့်ပိတ်ပြီး ဝင်သွားလိုက်သဖြင့် ယန်ယဲ့ ၏ ကွေးတက်သွားသောနှုတ်ခမ်းများကို မမြင်လိုက်ရပေ။ သူသည် ညက ပေထင်းဟွမ်၏ခန္ဓာကိုယ်တစ်ဝက်ပေါ် လှဲလျောင်းကာ သူမ၏ပခုံးပေါ်ကို မှီ ကာ သူမကို ရင်ခွင်ထဲတွင် ပွေ့ဖက်ခဲ့သည်။ သူတို့သည် ဘာမှမပြောသော်လည်း ဤအရာနှင့်လုံလောက်ပြီဖြစ်သည်။
သူတို့နှစ်ယောက်သည် အခန်းထဲမှထွက်လာပြီး အောက်ထပ်သို့ ဆင်း သွားလိုက်သည်။ ရှန်းယန်ပိုနှင့်တခြားသူများသည် သူတို့နှစ်ယောက်အား အထူးသဖြင့်ကြည့်ကြသည်။ သူတို့အင်္ကျီများ လဲလကြသည်ကိုကြည့်ပြီး တစ်ချိန်တည်းမှာ သက်ပြင်းချမိကြသည်။ ထိုလူနှစ်ယောက်သည် နောက်ကွယ် တွင် မည်မျှပင် ပြုမူစေခဲ့ကာမူ သူတို့လူအနည်းငယ်သာသိလျှင် အဆင်ပြေ သည်။ သူတို့ သတင်းမဖြန့်လျှင် အဆင်ပြေသည်။
“ခေါင်းဆောင် သွားမယ်၊ အခုမသွားရင် နောက်ကျလိမ့်မယ်”
ပေထင်းဟွမ်တို့ နောက်ဆုံးအဆင့်ကိုမဆင်းခင်တွင် ရှန်းယန်ပိုနှင့် တခြားသူများသည် စိတ်မရှည်စွာဖြင့် ရပ်နေကြသည် “နောက်ကျရင် မဲနှိုက်ဖို့ အများကြီးရမှာမဟုတ်ဘူး.. အင်ပါယာကျောင်းတော်ကို လက်လွှတ်ရတာသလို ဖြစ်သွားလိမ့်မယ်၊ အဲဒါပြဿနာကြီးတယ်နော်”
“ဘာတွေလောနေတာလဲ၊ ငါတို့တွေနောက်ကျရင် မပါရတော့ဘူးလို့ ထင်နေတာလား” ယန်ယဲ့ပြောသည်နှင့် ပေထင်းဟွမ်သည် မျက်လုံးများကို လှိမ့်လိုက်သည်.. ပေထင်းဟွမ်သည် သူ့ကိုဂရုမစိုက်တော့ဘဲ မေးလိုက်သည် “လျိုရွှီနဲ့ကျန်တဲ့သူတွေရော...”