အဖွဲ့လိုက်အဆင့်တက်ခြင်း
Vol. 37 Ch. 727
ထိုအခိုက်အတန့်တွင် ပထမအထပ်မှ ကြီးမားသောစွမ်းအင် အတက်အကျဖြစ်ပေါ်လာရာ နန်ကုန်းချန်ရှီးနှင့်တခြားသူများ တအံ့တဩ အော်မိကြလေသည်။ တောက်ပသောငွေရောင်အလင်းတန်းသည် တံခါးနှင့် ပြတင်းပေါက်ကြားထဲမှထွက်လာသည်။ မည်သို့ဖြစ်သွားသည်ကို ရှန်းယန်ပို မသိသော်လည်း သူသည် ရှေ့ထွက်ပြီး ပေထင်းဟွမ်နှင့် ယန်ယဲ့ရှေ့တွင် ရပ်လိုက်သည်။
“ဟား ဟား ဟား ငါ့မှာ အခု ဓား ၉ ချောင်းရှိသွားပြီ၊ ငါ တကယ်ကြီး ဓား ၉ ချောင်းအဆင့်ကို ဖြတ်ကျော်နိုင်သွားပြီ”
ရင်းနှီးသောအသံတစ်ခုသည် တံခါးကိုဖြတ်ပြီးထွက်လာသည်။ ထို့နောက်တွင် အလင်းတန်းများစွာလက်လာပြီး ဟာရီကိန်းတစ်ခုသည် တံခါး အနောက်တွင်ထွက်ပေါ်လာပြီး တံခါးပွင့်လာသည်။ ကြီးမားသောစွမ်းအင် ပမာဏသည် တံခါးကိုသယ်လာကာ ပေထင်းဟွမ်တို့ဆီသို့ ပေါက်ကွဲလေ၏။
“သေစမ်း” ပေထင်းဟွမ်သည် ကျိန်ဆဲမိလေသည်။ လျိုရွှီနှင့်တခြားသူ များသည် မူလအရည်ကိုစုပ်ယူပြီးနောက် အဆင့်တက်သွားသည်မှာ သေချာ သည်။ ဒီလူတွေက အကုန်လုံးကို တစ်ခါတည်းသတ်တော့မလို့လား။
ရှန်းယန်ပိုသည် ထိုတံခါးကိုဖမ်းမည်အပြုတွင် ယန်ယဲ့သည် လက်ဦးမှု ရယူသွးသည်။ သူသည် ရှေ့တစ်လှမ်းတိုးကာ အင်္ကျီလက်ကို ခေါက်တင်လေ သည်။ တံခါးသည် မြေပေါ်သို့ ဘုန်းခနဲအသံနှင့်အတူ ကြေမွကျသွားလေသည်။ သူသည် လှည့်ပြီးနောက် ရှန်းယန်ပိုအား စိုက်ကြည့်လေသည်။ “မင်းကိုယ်မင်း တော်တော်အထင်ကြီးတာပဲ၊ မင်းသာ ဝိညာဉ်သခင်ကြီးမဟုတ်ရင် သေသွားနိုင် တယ်”
မုန်တိုင်းသည် ယန်ယဲ့တိုက်ခိုက်သည့်အချိန်တွင် ရပ်တန့်သွားသည်။ သူတို့သည် သက်ပြင်းကြီးချမိကြသည်။ တစ်ချိန်တည်း အဆင့်တက်သူမှာ အားလုံးပေါင်း ၈ ယောက်ဖြစ်သည်။ သူတို့အားလုံးသည် အဆင့်မြင့်ဓားကြယ် ဝိညာဉ်သခင်များဖြစ်ကြသည်။ ထပ်ရာမှ စွမ်းအင်အတက်အကျသည် တွေးကြည့်၍ရနေသည်။
ထိုနေရာမှ ရုန့်ရင်းဆန်ခတ်များကြောင့် အင်ပါယာကျောင်းတော်မှ နည်းပြများ အမြန်ရောက်လာကြသည်။ မည်သို့ဖြစ်သည်ကို အာရုံခံမိပြီးနောက် သူတို့အားလုံး ထိတ်လန့်ကုန်ကြသည်။ တစ်ချိန်တည်း အဆင့်တက်မှုကြီး ဖြစ်ပွားနေသည်။ ဘာတွေဖြစ်နေကြတာလဲ။ ထိုလူများ၏ ခွန်အားကို အာရုံခံကြည့်ရာ သူတို့အားလုံးသည် အဆင့်မြင့်ဓားအဆင့်နီးပါးထိ ရောက်သွားကြသည်။ ယနေ့ကျောင်းပြိုင်ပွဲတွင် ပွဲကြီးပွဲကောင်းတော့ဖြစ်တော့ မည်။
လူ ၈ ယောက်သည် တစ်ချိန်တည်းမှာပင် အခန်းထဲမှထွက်လာသည်။ သူတို့သည် အစောက အဆင့်တက်ချိန်တွင် မည်မျှရုန့်ရင်းဆန်ခတ်ဖြစ်စေ သည်ကို မသိလိုက်ပေ။ ယန်ယဲ့သာ ဤနေရာတွင်မရှိလျှင် တံခါးပြုတ်ထွက် လာချိန်တွင် ပေထင်းဟွမ်ပင် မတားနိုင်ဘဲ သူတို့ ဒုက္ခရောက်သွားနိုင်သည်။
“ခေါင်းဆောင် ငါ အခုဝိညာဉ်သခင်ကြီးဖြစ်သွားပြီ၊ ဟားဟား အခု ဝိညာဉ်သခင်ကြီးဖြစ်သွားပြီ” ဂူချန်းဇယ့်သည် အသက် ၃၇ နှစ်တွင် ဓားအဆင့် ထက်နှစ်ဆင့်ခုန်ကျော်တက်ပြီး ဝိညာဉ်သခင်ကြီး လျင်မြန်စွာဖြစ်သွားလိမ့် မည်ဟု မတွေးခဲ့ဖူးပေ။
၎င်းသည် မူလအရည်၏ တန်ဖိုးဖြစ်သည်။ ထို့ကြောင့်ပင် တိုက်ကြီးပေါ် မှ ချမ်းသာသောမိသားစုများသည် မူလအရည်အတွက် နှစ်စဉ်နှစ်တိုင်း တိုက်ခိုက်နေကြခြင်းပင်။ ၎င်းသည် အဆင့်တက်ရန်အတွက် ချွန်ထက်သော လက်နက်တစ်ခုဖြစ်သည်။
“ငါလည်း အဆင့်မြင့်ဓားကြယ်ဝိညာဉ်သခင်ဖြစ်သွားပြီ ဓား ၇ လက်”
“ငါရောပဲ”
“ဟား ဟား ငါတို့တွေက အဆင့်မြင့်ဓားကြယ်ဝိညာဉ်သခင်တွေဖြစ်နေ ကြပြီ”
ဝိညာဉ်သခင်ကြီးဖြစ်ရန် မလွယ်ကူလှပေ။ သို့သော် အလျင်လိုစရာလည်း မလိုပေ။ သူတို့သာ ဤပြိုင်ပွဲကိုအနိုင်ရပြီး နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းကို ဝင်နိုင် လျှင် အထဲတွင် တိုက်ခိုက်ရေးစိတ်ဓာတ်ကိုခံစားနိုင်မည်ဖြစ်ပြီး ဝိညာဉ်သခင် ကြီးဖြစ်လာနိုင်သည်။ အချိန်တစ်ခုသာလိုသည်။
ဝိညာဉ်သခင်ကြီးဖြစ်လာပြီးနောက် လူသားများသည် အသက် ၅၀၀ အထိ နေနိုင်ကြသည်။ သူတို့သည် ငယ်သေးရာ ပေထင်းဟွမ်နောက်လိုက်လျှင် ထိပ်ဆုံးသို့ရောက်နိုင်မည်မှာ မည်သူမှ သံသယဝင်ဖွယ်ရာမရှိပေ။
“ကောင်းတယ်” ပေထင်းဟွမ်သည် သူမ၏အဖွဲ့ကိုကြည့်ပြီး လက်ကို ဝေ့ယမ်းက စိတ်ဓာတ်တက်ကြွစွာဖြင့် ပြောလေသည် “သွားကြမယ်”
ရာယာအင်ပါယာ၊ တော်ဝင်နန်းတော်၏ အင်ပါယာအင်ရင်ပြင်သည် ရှန်းယန်မြို့၏ ဝင်ရိုးအလယ်တွင်တည်ရှိသည်။ မြို့အဝင်သို့ဝင်ပြီးသည်နှင့် လမ်းအနည်းငယ်လျှောက်ရုံသာဖြစ်သည်။ ထိုကြီးမားသောရင်ပြင်သည် သာမန်ရင်ပြင်ထက် ကြီးမားပုံပေါက်သော်လည်း အမှန်တကယ်တော့ သိပ်မကွာခြားလှပေ။ တိုက်ကြီးတစ်ခုလုံးရှိ ပြိုင်ပွဲများအားလုံးနီးပါးကို ဤနေရာတွင်ကျင်းပကြသည်။
ရှေးအခါများဆီကကျန်ခဲ့သော ဝိညာဉ်နတ်မိစ္ဆာအစီအရင်အား အသက် သွင်းပြီးနောက် ပြန့်ပြူးသောရင်ပြင်အလယ်တွင် လှေကားရာချီပေါ်လာပြီး ပန်းကန်လုံးပုံသဏ္ဍာန်ပေါ်လာစေသည်။ ပရိသတ်များသည် လှေကားများပေါ် တွင် ထိုင်ကြည့်ကြသည်။ ရင်ပြင်သည် ပန်းကန်အောက်ခြေ ပြန့်ပြူးသော မြေပြင်တွင်ရှိကာ လူတစ်ယောက်၏အရပ်မြင့်တစ်ဝက်ခန့်ရှိသည်။ ၎င်းကို ငွေရောင်တိုင်လုံး ၁၆ လုံးဖြင့် ထောက်ခံထားသည်။ ၎င်းသည် ခုခံရေးအစီအရင် နောက်ခုနှင့်တူသည်...