Chapters

အနက်ဝတ်ရုံနှင့်လူ

Vol. 37 Ch. 728

အနက်ဝတ်ရုံနှင့်လူ

Vol. 37 Ch. 728

ဤအခိုက်အတန့်တွင် ရင်ပြင်ထဲမှ ကာကွယ်ရေးအစီအရင်သည် အသက် သွင်းပြီးသားဖြစ်လေသည်။ ပန်းကန်လုံးပုံသဏ္ဍာန် ငွေရောင်အလင်းအစီအရင် သည် ရင်ပြင်တစ်ခုလုံးကို တင်းကြပ်စွာဖုံးအုပ်ထားသည်။ ၎င်းသည် အဖွဲ့အစည်းကြီးနှင့် မိသားစုများ ရင်ပြင်ထဲတွင် အသုံးပြုသည့် အစီအရင်ဖြစ် သည်။ ရင်ပြင်ထဲတွင် လူနှစ်ယောက်တိုက်ခိုက်ကြသည်။ သူတို့ စွမ်းအင် မည်မျှ ပင်ထုတ်လွှတ်စေကာမူ ခုခံရေးအလင်းအစီအရင်နှင့်ဆိုလျှင် စွမ်းအင်စိမ့်ထွက် မှုမဖြစ်စေသလို ပတ်ဝန်းကျင်မှလူများကို အနာတရမဖြစ်စေပေ။

ရင်ပြင်ရှေ့တွင် ပင်မစင်မြင့်ရှိသည်။ ရှေ့ခုံသည် မီးတောက်မြို့စား အတွက်ဖြစ်သည်။ မြို့စားသည် ကိုယ်တိုင်လာရောက်ခြင်းမရှိပေ။ သူသည် မီးတောက်မြို့မှ အတွင်းမြို့အကြိးအကဲကို စေလွှတ်သည်။ သူသည် အနက် ရောင်ဝတ်ဆင်ထားကာ သူ၏ဝတ်ရုံပေါ်တွင် ရွှေရောင်ချည်များဖြင့် ပွင့်ဖတ် ၇ ချပ်ပါသည့် ပင့်ကူနှင်းပန်းနီနီများကို ထိုးထားကာ သူ၏ အဆင့်အတန်းကို ပြသထားသည်။

သူ့နားမှလူများသည် တိုက်တစ်ခွင်မှ အားကောင်းသောအင်အားစုများ ဖြစ်ကြသည်။ ၎င်းသည် ကျောင်းပြိုင်ပွဲဖြစ်ပြီး ပါဝင်ူများသည် ကျောင်းတော် များမှ ပျိုးထောင်သည့် ဝိညာဉ်သခင်များ၊ ဓားသင်များဖြစ်ကြသော်လည်း မီးတောက်မြို့မှ ပါဝင်ဆင်နွှဲသဖြင့် စီရင်ချက်ဗိမာန်နှင့် အမှောင်နတ်မိစ္ဆာခန်းမ တို့လည်း ဤပွဲကိုလက်လွှတ်မခံပေ။ ထို့အပြင် ကျောင်းလေးကျောင်းမှ ကျောင်းအုပ်များ ကိုယ်တိုင်လာပြီး ဝိညာဉ်သခင်မိသားစုလေးခု၊ ထျန်းယန်မျိုးနွယ်၊ လေအသင်္ချေဂိုဏ်းနှင့် တခြားဒုတိယအဆင့်အင်အားစုများ သည် ဘေးတွင် ထိုင်နေကြသည်။

ပြောဖို့မလိုအောင်ပင် အင်ပါယာလေးခုမှ တော်ဝင်မိသားစုများကို ပင်မ ထိုင်ခုံများအနောက်တွင် စီစဉ်ထားပြီး ထောင့်တစ်ခုတွင် နေရာချထားသည်။

စင်ပေါ်တွင် မိန်းကလေးတချို့ရှိသည်။ အထူးသဖြင့်တိုက်ကြီးပေါ်ရှိ ချမ်းသာသောမိသားစုမှ မိန်းကလေးများဖြစ်ကြသည်။ သူတို့သည် ဤအခွင့်အရေးကို အရယူကာ ညအရှင်သခင်ကို ကြည့်ချင်ကြသည်။ သူတို့ သည် ဒုတိယအဆင့်နှင့် တတိယအဆင့် ကျောင်းတော်မှပါဝင်သည့် အဖွဲ့များ အားလုံး မဲနှိုက်ပြီးသည်အထိ ပင်မထိုင်ခုံများကို အချိန်တော်ကြာ ကြည့်ရှုခဲ့ကြ သည်။ သူတို့သည် ညအရှင်သခင်ပေါ်လာသည်ကို မမြင်သည့်အပြင် ညအရှင် အတွက် ပင်မထိုင်ခုံကိုပင် စီစဉ်မထားပေ။ ချက်ချင်းပင် အားလုံး စောဒက တက်ကြလေသည်။

“ဘာတွေဖြစ်နေကြတာလဲ၊ ညအရှင်သခင်က မလာဘူးလား ဒါဆို ငါက ဘာလို့ဒီမှာနေရမှာလဲ”

“ဒီတစ်ခါတော့ ညအရှင်သခင်ကိုတွေ့ရမယ်လို့ထင်ထားတာ၊ ပြီးတော့ ဒါက တိုက်ကြီးပေါ်မှာ ပြိုင်ပွဲကြီးပဲ၊ မနေ့ညက သူက လေလံပွဲကိုတောင် သွား ခဲ့တယ်လို့ကြားတယ်၊ ဒီနေ့ကျဘာလို့ ဒီကိုမလာတာလဲ”

“ရပါတယ် ညအရှင်သခင်မရှိလည်း သခင်လေး ၉ ရှိသေးတယ်၊ သခင်လေး ၉ က ဒီနေ့ပေါ်လာမှာပဲ၊ သူက အင်ပါယာကျောင်းတော်ရဲ့ သံမဏိ သွေးအဖွဲ့ကို ဦးဆောင်လာတယ်လို့ကြားတယ်”

“သံမဏိသွေးဟုတ်လား.. အာ ကောင်းတယ် သံမဏိသွေး၊ ငါ အဲစကား လုံးတွေကြားလိုက်တာနဲ့ ဘာလို့ စိတ်တွေတက်ကြွလာတာလဲ၊ စိတ်လှုပ်ရှား လိုက်တာ”

လအနည်းငယ်အတွင်းမှာပင် ပေထင်းဟွမ်ဦးဆောင်သည့် သံမဏိသွေး ကြေးစားဖွဲ့သည် မဟာမိတ်မြို့မှ တိုက်ပွဲစခဲ့မှစပြီး သူတို့၏ဂုဏ်သတင်းသည် တိုက်ကြီးတစ်ခုလုံးကို ပျံ့သွားလေသည်။ ယနေ့တွင်ပင် တိုက်ကြီးပေါ်မှ အမျိုးသားငယ် အမျိုးသမီးငယ်များသည် ထိုစကားများကိုကြားသောအခါ စစ်နတ်ဘုရားမှ သူတို့ရှေ့တွင် ရွှေရောင်ချပ်ဝတ်တန်ဆာဝတ်ထားသည့် အလား မြင်မှတ်ကြသည်။

၎င်းသည် ပေထင်းဟွမ်၏ဆွဲဆောင်မှုဖြစ်သည်။

“သံမဏိသွေး ဟင်း..” ကျောင်းလေးခု၏နေရာ၊ ငွေလရောင်တော်ဝင် ကျောင်း၏ရှေ့ဆုံး၌ထိုင်နေသော ချူဟန့်သည် အံတင်းတင်းကြိတ်ကာ မုန်းတီး စွာပြောလေသည် “ပေထင်းဟွမ် မင်းကို ဒီနေ့မတွေးစေနဲ့ မဟုတ်ရင် မင်း အသေပဲ”

ချူဟန့်၏စကားများကိုကြားပြီးနောက် ပင်မတိုက်ကြီးကျောင်းတော်နှင့် ကောင်းကင်သိုင်းပညာကျောင်းတော်မှ ခုံတွင်ထိုင်နေသည့် ခံ့ညားသော ယောက်ျားလေးနှစ်ယောက်သည် ချူဟန့်အား ရှုပ်ထွေးသောအကြည့်များဖြင့် ကြည့်ကြလေသည်။ ချွင်းချက်မရှိ သူတို့ဘာသာတွေးကြလေသည် “ငွေလရောင်တော်ဝင်ကျောင်းက ဘာလို့အဲလောက်တောင် ယုံကြည်ချက်ရှိနေ ကြတာလဲတကယ်မသိဘူး”

သူတို့နှစ်ယောက်သည် ချူဟန့်အနောက်မှ ထိုင်ခုံကိုကြည့်ပြီး ကူကယ် ရာမဲ့နေသည်။ သူတို့သည် အနက်ရောင်ဝတ်ဆင်ထားသော လူကိုမြင်သော အခါ မျက်လုံးများတုန်ခါမိသည်..