ပေထင်းဟွမ် ငကြောက်
Vol. 37 Ch. 729
ပါဝင်သူများ၏သရုပ်မှန်ကို ဆုံးဖြတ်ခြင်းသည် မဖြစ်မနေလုပ်ရသည့် အလုပ်ဖြစ်သည်။ ပင်မတိုက်ကြီးတွင် အလားအလာကောင်းသောပါရမီရှင်များ နှင့် အထူးချွန်ဆုံးအရည်အချင်းရှိသူများကို ပျိုးထောင်ရန်အတွက် အရင် ကျောင်းပြိုင်ပွဲများသည် ပြိုင်ပွဲဝင်များကို အသက် ၄၀ အောက်နှင့် ဝိညာဉ် သခင်ကြီးအဆင့်အထက်ရှိရမည်ဟု အရည်အချင်းများကို ကန့်သတ်ခဲ့သည်။
ပါဝင်သူများအားလုံးသည် ပင်မတိုက်ကြီးရှိ ကျောင်းများမှ ကျောင်းသား များဖြစ်ရမည်။ ဤကဲ့သို့ပြိုင်ပွဲတွင် ဒုတိယအဆင့်ကျောင်းမှ ကျွမ်းကျင်သူများ သည် လိမ်လည်ခဲ့သော ဖြစ်ရပ်များရှိခဲ့ဖူးသည်။ သို့သော် နတ်မိစ္ဆာ ဝိညာဉ်ဂူသင်္ချိုင်းသို့ဝင် ပြီးနောက် ဖယ်ထုတ်ခံခဲ့ရသည်။ ထိုကျောင်းသည် လည်း နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းသို့ ထပ်မံသွားရောက်ရန် ပိတ်ပင်ခံခဲ့ရသည်။ ထိုကျောင်းမှကျောင်းသားများအားလုံး ညလုံးပေါက်နေခဲ့သော်လည်း ကျောင်း သည်ဝင်မပါခဲ့ပေ။
နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းသို့ဝင်ပြီးနောက် ရလာသည့်အကျိုးအမြတ် များသည် မတွေးနိုင်လောက်အောင်ပင်။ အရင်က ထိုနေရာသို့ဝင်သွား ပြီးနောက် မပြီးမြောက်သေးသည့်လက်နက်ပင်လျှင် ပင်မတိုက်ကြီးရှိ အဆင့် မြင့်ဝိညာဉ်လက်နက်များကိုပင် ယှဉ်နိုင်သည်။ ကံကောင်းသည့်သူဆိုလျှင် ရွှံ့နွံ သန့်စင်သောမြေသို့ဝင်ရန် ရွေးချယ်ခြင်းခံရပြီး သူတို့၏ဘဝတွင် နတ်ဘုံ ကျွမ်းကျင်သူများဖြစ်လာမည်မှာ သံသယဝင်ဖွယ်ရာမရှိပေ။
နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်း၏ ကောင်းကင်ကိုအံတုနိုင်သည့်သဘာဝနှင့် တည်ရှိမှုကြောင့်ပင် ဝိညာဉ်သခင်မျိုးနွယ်ကြီးလေးခုပင်လျှင် ကျောင်းသို့ဝင်ပြီး လေ့လာကျင့်ကြံခြင်းများကို မတားနိုင်ပေ။
တစ်ဖက်တွင် လူသားဝိညာဉ်သခင်များသည် ဝိညာဉ်သခင်ကြီးအဆင့်သို့ ရောက်ပြီးနောက် အသက် ၅၀၀ ထိနေနိုင်သည်။ သူတို့ကျင့်ကြံမှု၏ အဆုံးစွန် ပန်းတိုင်သည် မည်သည့်အရာဖြစ်သနည်း။ ထာဝရအသက်ရှင်သွားရန်မဟုတ် ပါလား။
သည်တစ်ခေါက်တွင် ကျောင်းပေါင်းတစ်ရာကျော် ပါဝင်ယှဉ်ပြိုင်ကြ၏။ စိတ်ဝင်စားဖွယ်အကောင်းဆုံးမှာ ကျောင်းလေးကျောင်းမှ ပါဝင်သူများဖြစ်ကြ သည်။ ထို့အပြင် ကျောင်းလေးကျောင်းသည် ကျွမ်းကျင်သူများစုဝေးသည့် နေရာဖြစ်သည်။ ကျောင်းလေးကျောင်းနှင့်ယှဉ်ပြီး တခြားသော ဒုတိယတန်း၊ တတိယတန်းစားကျောင်းများသည်လည်း ဤနေရာသို့ အဖွဲ့များခေါ်ဆောင် လာကြသည်။ သူတို့သည် နေရာတွင် ယှဉ်ပြိုင်သည်ဟု ပြောရမည့်အစား ဤတိုက်ကြီး၏ ပြိုင်ဘက်ကင်းသောပါရမီရှင်ကို ကြည့်ရန် အခွင့်အရေးရယူ ခြင်းဟု ပြောလျှင်ပိုမှန်မည်။
“နောက်တစ်ယောက် မင်းရဲ့သရုပ်မှန်ကို အတည်ပြုပြီး တိုက်ပွဲအတွက် မဲနှိုက်ပါ”
အကဲဖြတ်သူ စကားမဆုံးခင်မှာပင် အင်ပါယာကွင်းမှ အားလုံးနီးပါး ထရပ်ကြလေသည်။ လုံယွိ၏နာမည်သည် သူ အသက် ၄၀ မပြည့်ခင် ဝိညာဉ် သခင်ကြီးဖြစ်လာကတည်းကပင် ပင်မတိုက်ကြီးတစ်ခုလုံးတွင် ပျံ့နှံ့နေပြီဖြစ် သည်။ သူသည် သခင်ကြီးလန်ချန်းမိုမှလွဲပြီး ဓားသခင်များအားလုံး၏ မျက်လုံး ထဲတွင် သူရဲကောင်းဖြစ်သည်။
လုံယွိ၏နာမည်သည် တိုက်ကြီးပေါ်တွင် အချိန်အတော်ကြာသည်အထိ လှည့်ပတ်နေခဲ့သည်။ ကံမကောင်းဟွာပင် တိုက်ကြီးပေါ်တွင် ပေယဲ့နှင့် ရှောင်ဟွမ်တို့ ရုတ်တရက်ပေါ်ပေါက်လာမှုမှစပြီး ပေထင်းဟွမ်၏ ကျော်ကြား သော သမိုင်းကြောင်းတို့ကြောင့် တိုက်ကြီးပေါ်မှလူများသည် ယခုအခါ ပေထင်းဟွမ်ကိုသာ မှတ်မိပြီး လုံယွိကို မေ့နေသည်မှာ ကြာပြီဖြစ်သည်။
ဝမ်းတွင်းပါမှော်သားရဲများကြောင့် အဆင့်တက်နိုင်သော ဝိညာဉ်သခင် များနှင့်ယှဉ်လျှင် ဓားသခင်များသည် အနည်းငယ်စိတ်မချမ်းမြေ့စရာကောင်း သည်။ အဆင့်တက်မှုအားလုံးကို ကျင့်ကြံခြင်းကို အဆက်မပြတ်လုပ်ခြင်း၊ ခန္ဓာကိုယ်ထည်ကို တိုးတက်အောင်လုပ်ခြင်းနှင့် ခွန်အားတဖြည်းဖြည်း စုဆောင်းခြင်းမှသာ ရနိုင်သည်။
လုံယွိသည် ရင်ပြင်ပေါ်တွင်ရပ်နေသည်။ သူ၏လက်ထဲတွင် ရှေးရောင်ဝါ နှင့် အနက်ရောင်ဓားရှည်ကိုကိုင်ထားသည်။ သူ၏အန္တရာယ်ပြုနိုင်သည့် အကြည့်တစ်ချက်သည် ရင်ပြင်တစ်ခုလုံးကို ဖြတ်ပြေးသွားပြီး နောက်ဆုံးတွင် အင်ပါယာကျောင်းတော်၏ ပါဝင်သူများရှိရာနေရာတွင် အဆုံးသတ်သွားသည်။ ယခုအချိန်ထိ ရှေ့နှစ်တန်းသည် လစ်လပ်နေတုန်းပင်။
လုံယွိ၏နှုတ်ခမ်းထောင့်သည် တဖြည်းဖြည်းကွေးတက်သွာသည်။ ဟင်း ပေထင်းဟွမ် ငကြောက်၊ အခုထွက်လာဖို့ ကြောက်နေတယ်လို့တော့ မပြောနဲ့ နော်။
၎င်းသည် စင်ပေါ်သို့တက်လာသော ကျောင်းတော်လေးခုမှ ပထမဆုံး အဖွဲ့ဖြစ်သည်။ ထို့နောက်တွင် ငွေလရောင်တော်ဝင်ကျောင်းတော်မှ ချူဟန့် ဦးဆောင်သည့် အဖွဲ့တက်လာသည်။
အားလုံး၏အကြည့်အောက်တွင် ချူဟန့်သည် ပြောင်မြောက်သည့် ဝတ်ရုံကိုဝတ်ဆင်ထားပြီး တောက်ပသောလှံတံကိုကိုင်ထားသည်။ သူသည် အားကောင်းသော ဓား ၉ လက်ကြယ်ဝိညာဉ်သခင်နှင့် ကြယ် ၉ ပွင့် နတ်သားရဲ ပိုင်ဆိုင်သော ဝိညာဉ်သင်ဖြစ်သည်။ သူ၏ခွန်အားသည် ဝိညာဉ်သခင်ကြီးများ နှင့်ယှဉ်နိုင်သည်။ သူ၏ချောမောပြီး တော်ဝင်ဆန်သောရောင်ဝါကိုတွဲဖက် လိုက်သောအခါ သူပေါ်လာသည်နှင့် မိန်းကလေးများ၏နှလုံးသားကို အနိုင်ရ ပြီး အော်သံများမိုးယံထက်တွင် ညံသွားစေသည်။
တတိယအားအကောင်းဆုံးအဖွဲ့မှာ ပင်မတိုက်ကျောင်းတော်မှ လော့ရှောင်မိုဦးဆောင်သည့် ထျန်းလော့အဖွဲ့ဖြစ်သည်။ ထိုလူတွင် သခင်ကြီး အဆင့်ထျန်းလော့ထီးရှိသည်။ ၎င်းသည် တိုက်ခိုက်ပြီး ခုခံနိုင်သည်။ ၎င်း၏ တိုက်ခိုက်မှုသည် သခင်ကြီးအဆင့်ပြိုင်ဘက်များ၏ ကာကွယ်မှုကို ချိုးဖျက်နိုင် သည်။ ၎င်းသည် သခင်ကြီးအဆင့်အောက်မှ တိုက်ခိုက်မှုအားလုံးကို ခုခံနိုင် သည်။