ပေါ်တင်မျက်နှာလိုက်ခြင်း
Vol. 37 Ch. 730
ထျန်းလော့အဖွဲ့ဝင်လာပြီး လော့ရှောင်မိုကိုမြင်သည်နှင့် ငွေလရောင်အဖွဲ့နှင့် လုံယွိအဖွဲ့တို့သည် မျက်မှောင်ကြုတ်ကြသည်။ ထိုလူသာ ပေထင်းဟွမ်နှင့် နံပါတ်တူနှိုက်မိလျှင်အကောင်းဆုံးဖြစ်မည်ဟု သူတို့အားလုံး တွေးနေကြသည်။ လော့ရှောင်မို၏ ထျန်းလော့ထီးသည် ပေထင်းဟွမ်ကို သေအောင်တိုက်ခိုက်နိုင်လျှင် အကောင်းဆုံးဖြစ်မည်။ သူတို့အတွက် ပြဿနာ ရှင်းပြီးသားဖြစ်သွားလိမ့်မည်။
“နောက်ဆုံးက စင်ပေါ်ကို အင်ပါယာကျောင်းတော်ရဲ့ သံမဏိသွေးအဖွဲ့ ကို ဖိတ်ခေါ်ပါတယ်” အကဲဖြတ်သူသည် အင်ပါယာကျောင်းတော်ရှိရာသို့ ကြည့်ပြီး မတတ်သာဘဲ ကြေညာရတော့သည်။ အင်ပါယာကျောင်းတော်က ဘာလို့မရောက်သေးတာလဲ။ ဒါက သူ့ကိုအခက်တွေ့အောင်လုပ်နေတာလား။
တာဝန်အရ သုံးကြိမ်သုံးခါအော်ပြီးနောက် အကဲဖြတ်ဒိုင်သည် တစ်စုံတစ်ရာကို စောင့်နေသည့်အလား ခေါင်းငုံ့ကာ ဘာမှမပြောပေ။
'သံမဏိသွေး' ဆိုသည့်စကားလုံးများကို ပွဲကြည့်ပရိသတ်များကြားချိန် တွင် အလွန်စိတ်လှုပ်ရှားကြသည်။ အထူးသဖြင့် မိန်းကလေးများဖြစ်ကြသည်။ သူတို့အားလုံးသည် ပေထင်းဟွမ်ပေါ်လာမည်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။ သို့သော် အချိန်ကြာသွားသည်အထိ သံမဏိသွေး ပေါ်မလာပေ။ ထိုအခါမှပင် အင်ပါယာကျောင်းတော်၏ သံမဏိသွေးအဖွဲ့ ရှိမနေသည်ကို သိလိုက်ရသည်။
“သံမဏိသွေးအဖွဲ့က ဘယ်မှာလဲ၊ ငါ့ရဲ့သခင်ပေထင်းဟွမ်က ဘာလို့ ဒီမှာ မရှိနေတာလဲ”
“ဟုတ်တယ် ငါ့ရဲ့ပေယဲ့ ငါ့ရဲ့ရှောင်ကျို့ ငါ့ရဲ့ပေထင်းဟွမ်”
“သံမဏိသွေး သံမဏိသွေး သံမဏိသွေး”
အားလုံးသည် တညီတညာတည်းအော်ကြလေသည်။ ပရိသတ်များသည် ရူးသွပ်တော့မည့်အလားပင်။ ပေထင်းဟွမ်သာ ပေါ်မလာလျှင် ပွဲကိုစခွင့်မပြု ပေ။
ရင်ပြင်ထဲသို့ရောက်နေသော တခြားအဖွဲ့သုံးဖွဲ့သည် ရှက်လာသည်။ သူတို့တစ်ယောက်ချင်းစီသည် တိုက်ကြီးပေါ်မှလူများ ပြိုင်ဘက်ကင်းပါရမီရှင် များဟု တွေးထိုက်သူများဖြစ်ကြသည်။ သို့သော် ယခုအခါ သူတို့သည် ကမ္ဘာ ကြီး၏ လျစ်လျူရှုခြင်းကိုခံနေရသည်။ သူတို့၏ဂုဏ်သရေသည် ပေထင်းဟွမ် တစ်ယောက်တည်း၏ လုယက်ခြင်းကိုခံလိုက်ရသည်။ သူတို့ ဒါကို ဘယ်လို လက်ခံရမှာလဲ။
“ဟင်း ကျောင်းပြိုင်ပွဲက ဘယ်လိုစီစဉ်ထားတာလဲ သရုပ်မှန်စစ်တဲ့အချိန် ကကျော်သွားပြီ၊ ရောက်မလာသေးတဲ့အဖွဲ့က ပြိုင်ပွဲဝင်ဖို့ အရည်အချင်းမပြည့် မှီသင့်ဘး.. မင်းတို့တွေက ပြိုင်ပွဲရဲ့ လုပ်ငန်းစဉ်တွေကို လိုက်နာဖို့ပြင်ဆင်ထား ရဲ့လား” လုံယွိသည် အားအကောင်းဆုံးဖြစ်ရာ အေးစက်သောမျက်နှာထားဖြင့် အကဲဖြတ်ဒိုင်ကို ငေါက်ငမ်းလသည်။
အကဲဖြတ်သည် စင်မြင့်ကိုကြည့်လိုက်သည်။ နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်း သည် ယန်းမြို့၏ပိုင်ဆိုင်မှုဖြစ်ရာ သူသည် ယန်းမြို့တော်မှ နောက်ဆုံးအချိန် တွင် ခန့်အပ်ခဲ့သည့် အကဲဖြတ်ဒိုင်လူကြီးဖြစ်သည်။ ယန်းမြို့တော်၏ အတွင်း ခြံဝင်း၏အကြီးအကဲကြီး ကိုယ်တိုင်ရောက်လာခဲ့သည်။ အကြီးအကဲကြီး၏ ခွင့်ပြုချက်မရဘဲ သူကဲ့သို့ သေးငယ်သောအကဲဖြတ်ဒိင်သည် မည်သို့ ပြုမူရဲ မည်နည်း။
အကြီးအကဲကြီးသည် လုံယွိအား အေးစက်စွာကြည့်ကာ ခေါင်းတဖြည်း ဖြည်းလှည့်သွားပြီး အင်ပါယာကျောင်းတော်၏ ကျောင်းအုပ်နန်လင်းကို ဖြည်းညင်းစွာပြောလေသည် “မင်းတို့ ကျောင်းအဖွဲ့က ဘယ်လိုဖြစ်တာလဲ ကျုပ် နောက်ထပ်နာရီဝက်ထပ်ပေးမယ်၊ မင်းတို့အဖွဲ့မရောက်လာသေးရင် ပြိုင်ပွဲကနေ မင်းတို့အဖွဲ့ကို ထုတ်ရလိမ့်မယ်”
အတွင်းခြံဝင်းမှ အကြီးအကဲကြီး၏အသံသည် အသံကူးပြောင်းသလင်း ကျောက်မှတစ်ဆင့် အင်ပါယာကွင်းတစ်ခုလုံးကို ပျံ့နှံ့သွားသည်။ သူ့စကားများ ကိုကြားပြီးနောက် ပရိသတ်များသည် အားပေးကြသည်။ တခြားသုံးဖွဲ့သည် မျက်နှာထားများအကျည်းတန်နေကာ သူတို့၏ခန္ဓာကိုယ်များ မီးတောက်တော့ မည့်အလား ဒေါသထွက်နေကြသည်။
ဘက်လိုက်တာ၊ ပေါ်တင်ကို ဘက်လိုက်နေတာပဲ။
ကျောင်းပြိုင်ပွဲတွင် ယခုလိုကိစ္စမျိုး တစ်ခါမှမဖြစ်ဖူးပေ။ မည်သည့် အကြောင်းအရင်း၊ မည်သူ့ကြောင့်နှင့်မှ ပြိုင်ပွဲတစ်ခုလုံးကို သက်ရောက်စေမည့် နှောင့်နှေးမှုမျိုး တစ်ခါမှမကြုံဖူးပေ။
ဤကဲ့သို့ နာကျင်စရာ ဘက်လိုက်မှုမျိုးပြသသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ၎င်းသည် ဤပြိုင်ပွဲတွင် ရှုံးနိမ့်ရသသည်ထက်ပင် ပို၍လက်မခံနိုင် စရာဖြစ်ခဲ့သည်။
“ဟင်း ပြိုင်နေလည်းဘာထူးတော့မှာလဲ” ချူဟန်သည် မင်းသားတစ်ပါး ၏ အမူအရာကိုပင် ဂရုမစိုက်တော့ပေ။ သူသည် နှာမှုတ်ကာ ယန်းမြို့တော်၏ အတွင်းခြံဝင်းအကြီးအကဲကြီးကိုအော်လိုက်သည် “သူတို့ပြိုင်ပွဲမှာ ရှုံးရင်တောင် ယန်းမြို့တော်က သူတို့ကို နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းကို ဝင်ခိုင်း တော့မှာလား”
“ဟုတ်တယ်” ပင်မတိုက်ကြီး၏ဝိညာဉ်ကျောင်းတော်မှ လော့ရှောင်မို့ သည် လက်ထဲမှ ထျန်းလော့ထီးကိုဝေ့ယမ်းပြီး ကန့်ကွက်လေသည် “အစကတည်းက သခင်ပေထင်းဟွမ်ကို အရှုံးပေးစေချင်တာလား၊ အဲလိုဆိုရင် လည်း ကျုပ်တို့က အောင်မြင်မှုအသီးအပွင့်ရဖို့ အားစိုက်စရာမလိုတော့ဘူး လေ”