ပေါ်လာြခင်း၊ စုံတွဲမျက်နှာဖုံးလား
Vol. 37 Ch. 731
ပွဲကြည့်ပရိသတ်များသည် ပျာယာခတ်ကုန်ကြသည်။ အဓိကအဖွဲ့ကြီး များ ထွက်ကုန်လျှင် ယနေ့လာရသည့် အကြောင်းအရင်းရှိတော့မည်လား။ သံမဏိသွေး၏ အရည်အသွေးနှင့် ခွန်အားတို့နှင့် ဒုတိယတန်းစား၊ တတိယ တန်းစားအဖွဲ့များကို အနိုင်ကျင့်ခိုင်းလိုက်သည်မဟုတ်ပါလား။
တစ်ဖက်တွင် တခြားကျောင်းသုံးကျောင်းမှ ကျောင်းအုပ်များသည် နှာမှုတ်ကြသည်။ သူတို့သည် ယန်းမြို့တော်ကိုပစ်မှတ်မထားဝံ့ဘဲ ကျောင်းအုပ် နန်လင်းကိုသာ ပစ်မှတ်ထားနေကြသည်။
“သံမဏိသွေးအဖွဲ့ကိုဦးဆောင်လာတာ ခင်ဗျားရဲ့ကျောင်းသားလို့ သိရတယ် ကျောင်းအုပ်နန်လင်း၊ ဒါက ခင်ဗျားသင်ပေးတဲ့ ကောင်းလိုက်တဲ့ ကျောင်းသားပဲ၊ ဒီလို အရေးကြီးတဲ့အချိန်မှာ နောက်ကျနေသေးတယ်၊ မသိရင် မလာရဲလို့မလာတာ လို့ထင်တော့မယ်”
“ဟား ဟား အဘိုးကြီးက ဒီနေ့မှ မျက်လုံးဖွင့်တာထင်တယ်၊ ငွေလရောင် တော်ဝင်ကျောင်း တည်ထောင်ခဲ့တဲ့ နှစ်တွေအများကြီးမှာ ဒီလိုမျိုး မနာခံတဲ့ ကျောင်းသားမရှိဖူးဘူး၊ မင်းသားတောင်မှ ဒီလိုအရေးကြီးတဲ့ပွဲမျိုးမပြောနဲ့ ကျောင်းတော်ရဲ့စည်းမျဉ်းတွေကို လိုက်နာရတယ်၊ တိုက်ကြီးတစ်ခုလုံးကို သူ့ တစ်ယောက်တည်းကိုစောင့်ခိုင်းထားတာ တော်တော်ရှက်ဖို့ကောင်းတာပဲ”
“သံမဏိသွေးအဖွဲ့ရဲ့ ခွန်အားက ထူးခြားတဲ့ပုံပဲ ကျောင်းအုပ်နန်လင်းရဲ့ အဖိုးတန်ကျောင်းသားလေးက ဝိညာဉ်သခင်ကြီးအဆင့်ကို ကျော်နိုင်ပြီလား မသိဘူး၊ သူ့ဆရာကိုတောင် စောင့်ခိုင်းနေတယ်”
တခြားကျောင်းသုံးကျောင်းမှ ကျောင်းအုပ်များသည် ယန်းမြို့ကို စကား များနှင့် သွားမရှုပ်ရဲကြပေ။ သူတို့သည် ဒဲ့တိုးပြောတတ်ပြီး ရန်မူတတ်ပုံရသည့် သွေးဆူသော အဖွဲ့သုံးဖွဲ့၏ တိုက်ခိုက်မည့်သူများနှင့်တော့မတူပေ။ သို့သော် ဓားသည်ပျော့လေလေ အသတ်ခံရလေလေ သွေးနည်းနည်းထွက်လေဖြစ်၏။
ဖြစ်စဉ်တစ်ခုလုံးတွင် ကျောင်းအုပ်နန်လင်းသည် မျက်နှာကို မတ်မတ် ထောင်ထားသည်။ သူသည် သွေးပူခြင်းမရှိသလို ဒေါသထွက်ခြင်းမရှိဘဲ ပြုံးထားသည်။ သူသည် ထိုအကျည်းတန်သောစကားလုံးများကို မကြားသလို ပင်။ သို့သော် သူ၏အညိုရောင်မျက်လုံးများသည် အထူးနူးညံ့လှသည်။ သူ၏ ကျောင်းသားကို စဉ်းစားမိချိန်တွင် သူ့နှလုံးသားတစ်ခုလုံး ပွင့်လန်းလာသလို ပင်။
“ဘယ်ကနေ ဒီလောက်ထင်မြင်ချက်အများကြီးရောက်လာတာလဲ၊ ဘာလို့ မဟုတ်တာတွေပြောနေကြတာလဲ၊ ကျွန်တောန်က အချိန်ကိုက်ရောက် လာတာပဲ နောက်မကျဘူး၊ ဘာတွေ ဒီလောက်ပြောနေကြတာလဲ၊ ဘာလို့ စိတ်မရှည်နိုင်ကြတာလဲ၊ အခေါင်းထဲသွားဖို့ စိတ်လောနေကြပြီလား”
ကျောင်းသုံးကျောင်းမှ ကျောင်းအုပ်များ ကျောင်းအုပ်နန်လင်းကို တိုက်ခိုက်နေချိန်တွင် မိုးပေါ်မှအသံတစ်သံဆင်းသက်လာကာ အင်ပါယာကွင်း တစ်ခုလုံးသို့ ထိုးဖောက်ဝင်ရောက်လာသည်။ ဤသည် အားလုံးကို ထိတ်လန့် သွားစေကာ ရင်များခုန်စေပြီး နှလုံးခုန်သံလည်း ပုံမှန်ထက်ပိုမြန်လာသည်။
ကောင်းကင်ပေါ်တွင် ၁၀ ယောက်ပါသောအဖွဲ့သည် လေထဲတွင် ပျံလာ သည်။ ရှေ့တွင်ရပ်နေသော လူငယ်သည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထား သည်။ ဝတ်ရုံသည် မနက်ခင်းလေပြေထဲတွင် အရိုင်းဆန်စွာ ကခုန်နေသည်။ ငွေရောင်ချည်နှင့် ထိုးထားသည့် ပွင့်ဖတ်ကိုးဖြတ် ပင့်ကူနှင်းပန်းသည် နေရောင် အောက်တွင် တလက်လက်တောက်နေသည်။ သူ၏ရှည်လျားသောဆံပင်ကို ခရမ်းရောင်ဖဲပြားဖြင့် ချည်နှောင်ထားပြီး လေထဲတွင် လွင့်နေသည်။ သူ၏ မျက်နှာမှ သင်္ကေတဖြစ်သည့် ငွေရောင်မျက်နှာဖုံးသည် မျက်နှာအစိတ်အပိုင်း အားလုံးကို ဖုံးအုပ်ထားပြီး ပြောင်မြောက်သောမေးစေ့ကိုသာ ထုတ်ဖော်ပြသ ထားသည်။ သူ၏ ပုံစံအစစ်အမှန်ကိုမမြင်ဖူးသူများသည် သူ မည်မျှလှသည်ကို တွေးကြည့်ရန်ခက်လှသည်။
သူ့ဘေးတွင် နှင်းဖြူရောင်ဝတ်ရုံဝတ်ထားသည့် အမျိုးသားတစ်ယောက် ရပ်နေသည်။ သူသည် သူမထက် ခေါင်းတစ်လုံးစာ အရပ်ပိုမြင့်သည်။ ပြောင်မြောင်သော မျက်နှာဖုံးသည် အင်ပါယာကွင်းထဲမှလူများကို မှင်တက်စေ သည်။ ဒါက.. စုံတွဲမျက်နှာဖုံးလား။ ထိုလူ၏ ခရမ်းရင့်ရောင်မျက်လုံးများသည် အနက်ရောင်ဝတ်ထားသော လူငယ်ဆီသို့ တည့်တည့်ကျရောက်နေသည်။ အဖြူနှင့်အနက်တို့၏ လှပသောပေါင်းစပ်မှုသည် အင်ပါယာကွင်းမှလူများကို မမေ့နိုင်စရာဖြစ်စေသည်။
သူတို့သည် လိုက်ဖက်လွန်းသည်။ သူတို့နှစ်ဘောက်သည် ယောက်ျား သားများဖြစ်ကြကာ ထိုအရာကပင် လူအများကို လေးစားစေသည်။ သူတို့ သည် ကောင်းကင်ကတွဲပေးလိုက်သည့် စုံတွဲဖြစ်သည်။
ကျောင်းသုံးကျောင်း၏ ကျောင်းအုပ်များသည် ဒေါသကြောင့် တုန်ယင် နေကြသည်။ ထိုလူများသည် အသက် ၂၀၀၊ ၃၀၀ ကျော်ရှိပြီဖြစ်ကာ ဝိညာဉ် သခင်ကြီးဘုံအဆင့်သို့ ရောက်ပြီးသားလူများဖြစ်ကြသ်ည။ သူတို့သည် လူသား များကို ထာဝရအသက်ရှင်စေမည့် နတ်ဘုံနှင့် ကီလိုမီတာ ၅၀၀၀ ခန့် လိုသေးသည်။ သူတို့ဘဝတွင် ကံဆိုးမှုများနှင့် မကြုံလျှင် နတ်ဘုံသို့အဆင့် တက်ခြင်းသည် အိပ်မက်တစ်ခုလိုဖြစ်လိမ့်မည်။
သေခြင်းတရားကို ဘယ်သူက မကြောက်လို့လဲ။ ပုံမှန်အားဖြင့် သေတော့ မည်ဟု သိရလျှင် သူတို့သုံးယောက်သည် ပြေးနိုင်သမျှပြေးကြမည်ဖြစ်သည်။ ဤအခိုက်အတန့်တွင် ဤကောင်လေးပေထင်းဟွမ်သည် သူတို့ကို တိုက်ကြီး တစ်ခုလုံးရှေ့တွင် သူတို့အခေါင်းထဲဝင်ရန် အလောကြီးနေသလားဟု ငေါက်ငမ်းနေသည်။