သူမကိုရန်စတာက ပြဿနာမီးထွန်းရှာလိုက်တာပဲ
Vol. 37 Ch. 732
ယန်းမြို့တော်မှလူများ ပေထင်းဟွမ်အား ကာကွယ်လျှင်တောင် ကျောင်း သုံးကျောင်းမှ ကျောင်းအုပ်များသည် ပေထင်းဟွမ်ကို အလွတ်မပေးရန် ဆုံးဖြတ်ပြီးသားဖြစ်သည်။
“ကောင်စုတ်လေး ငါတို့သုံးယောက်ကို ကျိန်ဆဲဖို့ မင်းကိုသတ္တိတွေ ဘယ်သူကပေးလိုက်တာလဲ” ငွေလရောင်တော်ဝင်ကျောင်းမှ ကျောင်းအုပ် သည် ဆံပင်ဖြူနေပြီး ခေါင်းနေရာအတော်အများမှာ ပြောင်နေသည်။ ဆံပင် နှစ်ပင်ပင် ကျန်တော့သလောက်ပင်။ သူသည် အရင်ဆုံးမတ်တတ်ရပ်ကာ ပေထင်းဟွမ်အား လက်ညှိုးထိုးကာ ငေါက်ငမ်းလေသည် “ကောင်စုတ်လေး မင်းကဆံပင်တောင် အစုံမပေါက်သေးဘူး.. ဒီနေ့ အကုန်လုံးရှေ့မှာ ငါ့ကို မတောင်းပန်ရင် မင်းကို အလွတ်မပေးဘူး”
“ဟင်း ဆံပင်အကုန်ပေါက်လည်း ဘာအသုံးဝင်မှာလဲ၊ အကုန်ကျွတ်ကုန် တာပဲမဟုတ်ဘူးလား” ပေထင်းဟွမ်သည် ထိုလူသုံးယောက်ကို မကြောက်ပေ။ သူမသည် လေထဲတွင် လက်ပိုက်ပြီး မေးကိုမော့ကာရပ်နေသည်။ သူမ၏ မေးရိုးသည် ကျောက်စိမ်းကဲ့သို့ ပြောင်မြောက်လှသည်။ သူမသည် ဘေးသို့ စောင်းငဲ့ကြည့်ကာ သူမ၏အထင်သေးမှုကို မဖုံးကွယ်ပေ။
ဒီအဘိုးကြီးသုံးယောက်ကတော့... သူတို့ပြောတာကို သူမ မကြားဘူးလို့ မထင်လိုက်နဲ့။ သူမ မလာခင်တွင် ဆရာနန်လင်းရှေ့၌ သူမ၏မကောင်း ကြောင်းကိုပြောခဲ့သည်။
ငွေလရောင်တော်ဝင်ကျောင်းမှ ကျောင်းအုပ်သည် ဒေါသထွက်လွန်း သဖြင့် အသက်ရှူရန်ပင်ခက်ခဲလှသည်။ ပေထင်းဟွမ်၏နှုတ်စလျှာစသည် ခွန်အားထက်မလျော့သည်ကို ကြားထားသည်မှာ ကြာပြီဖြစ်သည်။ သူသည် စိတ်ထဲမထည့်ပေ။
မထင်မှတ်စွာပင် သူကိုယ်တိုင်ကြုံတွေ့ပြီးနောက်တွင် အနည်းငယ် နောင်တရမိသည်။ ဒီကောင်လေးနဲ့ ဘာလို့ စကားသွားများမိတာလဲ။
ဘုန်း
ငွေလရောင်တော်ဝင်ကျောင်းမှ ကျောင်းအုပ်သည် စားပွဲကိုရိုက်ပြီး စိတ်ဆိုးမာန်ဆိုးနှင့် နန်လင်းအားပြောလေသည် “ကျောင်းအုပ်နန်လင်း ခင်ဗျား ကျောင်းသားက သိပ်ရိုင်းလှပါလား”
ကျောင်းအုပ်နန်လင်းသည် ပြုံးပြီး ခေါင်းခါလေသည်။ သူ ပေထင်းဟွမ် ကိုကြည့်သည့်အကြည့်သည် အလွန်နူးညံ့လှသည်။ သူ သက်ပြင်းချလေသည် “ဒါက သူ့ကိုယ်ရည်ကိုယ်သွေးပါ၊ သူက ထောင်လွှားပြီး ဘယ်သူ့ကိုမှ မကြောက်တာကို တိုက်ကြီးပေါ်ကလူတွေအကုန်သိပါတယ်၊ ဘာလို့ သူ့ကို သွားရန်စတာလဲ”
သူ့ကို ရန်စတယ်ဟုတ်လား။
ငွေလရောင်တော်ဝင်ကျောင်း၏ ကျောင်းအုပ်သည် မျက်စိရှေ့တွင် မှောင်မိုက်သွားပြီး ကြယ်တွေလတွေမြင်လိုက်ရသလိုပင်။ သူသည် မူးဝေလာ ပြီး မေ့လဲလုမတတ်ပင်။
သူသည် ပေထင်းဟွမ်နှင့် ကျောင်းအုပ်နန်လင်းကြောင့် ဒေါသထွက်နေရ သည်။ သူသည် အရှက်မဲ့သောလူများကိုမြင်ဖူးသည်။ သို့သော် ဤကဲ့သို့ အရှက် မဲ့ခြင်းမျိုးကို မကြုံဖူးပေ။ သူတို့သည် အောက်ခြေဆိုသည်ကိုပင် မရှိတော့ပေ။
“အဲလိုဆိုရင် ကျောင်းအုပ်နန်လင်း ပေထင်းဟွမ်က နောက်ကျရင်တောင် သူ့ကို မဝေဖန်သင့်ဘူးလို့ ထင်တာလား၊ လက်ခုပ်တီးပြီး ထောက်ခံကြောင်းပြ ရမှာလား” ငွေလရောင်တော်ဝင်ကျောင်း၏ ကျောင်းအုပ်သည် အသက် ပြင်းပြင်းရှူကာ ဒေါသထွက်နေခြင်းကိုဖော်ပြလေသည်။
သူသည် တခြားကျောင်းအုပ်နှစ်ယောက်မှ ထောက်ခံပေးရန် မျက်လုံး ဖြင့် အချက်ပြလေသည်။ တခြားနှစ်ယောက်၏ ခံနိုင်ရည်သည် သူ့လောက် မကောင်းသည်မှာ ရှင်းလင်းနေသည်။ သူတို့သည် မျက်လုံးများကွေးလောက် အောင် ဒေါသထွက်နေပြီး ပါးစပ်များရွဲ့ကာ လက်နှင့်ခြေထောက်များ တုန်ယင် နေကြသည်။ သူတို့သည် စကားပင်မပြောနိုင်ကြပေ။
“ဒါက..” ကျောင်းအုပ်နန်လင်းသည် နူးညံ့ပြီးသန့်စင်သည်။ သို့သော် သူ့စကားလုံးများသည် လူအများကို ဆွံ့အသွားစေသည် “အားလုံးသိတဲ့အတိုင်း ပဲ သူက ကျုပ်တပည့်တင်မဟုတ်ပါဘူး၊ သခင်ကြီးလန်ချန်းမိုကလည်း သူ့ ဆရာပဲလေ၊ သူက ပေထင်းမိသားစုရဲ့ သခင်လေး ၉ ပဲ ပြီးတော မိသားစုကြီး လေးခုရဲ့ ထောက်ပံ့မှုလည်းရှိတယ်၊ သူက ယန်းမြို့တော်က ပွင့်ဖတ်ကိုးဖတ် ပင့်ကူနှင်းပန်းချည်ဝတ်ရုံကိုလည်းဝတ်ထားတယ်၊ သူက ညအရှင်အိမ်တော်ရဲ့ ကျောင်းသားတစ်ပိုင်းဖြစ်ပြီး ညအရှင်အိမ်တော်ကို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်တယ်၊ ဒီနေ့ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးကို ကျုပ် တာဝန် ယူရမယ်ဆိုတာကို မငြင်းပါဘူး၊ သူ့ကို တာဝန်ယူခိုင်းချင်တယ်ဆိုရင်တော့ ခင်ဗျားတို့ ကျောင်းအုပ်သုံးယောက် သူတို့ကိုလည်းသွားမေးသင့်တယ်”
သူတို့ဆိုတာ ဘယ်သူတွေလဲ။
သခင်လန်ချန်းမိုသည် နတ်ဘုရားအဆင့်သို့ရောက်နေသည့် ဓားသခင်ဟု အားလုံးပြောကြသည်။ သူ့ကျောင်းသားကို ယုတ္တိမတန်ဘူးစု စွပ်စွဲသည်မှာ သေလမ်းရှာလိုက်ခြင်းမဟုတ်ပါလား။ ယန်းမြို့သည် သူတို့ပင် စကားပြောခွင့် မရှိလောက်အောင် စွမ်းအားကြီးသည်။ သူတို့ သူ့ကိုမည်သို့ အပြစ်တင်မည် နည်း။ ပေထင်းဟွမ်သည် ပေထင်းမိသားစု၏ သခင်လေး ၉ ဖြစ်သည်။ မိသားစု ကြီးလေးခု၏ခွန်အားသည် သူတို့၏ကိုယ်ပိုင်လူကို ကာကွယ်သည်ဟုဆိုကြ သည်... သူတို့သည် လက်စားလာချေမည်လား။ ပြီးနောက် ငရဲဘုရင်သည် ပေထင်းဟွမ်နှင့် အဆက်အသွယ်ဖြတ်ပြီး ကျောင်းသုံးကျောင်းဘက်တွင် ရပ်တည်မည်လား။