← Chapters

သံမဏိသွေးနှင့်အရင်ဖြေရှင်းခြင်း

Vol. 37 Ch. 733

သံမဏိသွေးနှင့်အရင်ဖြေရှင်းခြင်း

Vol. 37 Ch. 733

နောက်စက္ကန့်ပိုင်းအတွင်း သိနိုင်သည့်အရာသည် သူတို့ရှေ့တွင်ရှိနေ၏။ နန်လင်း၏စကားများ ကျောင်းအုပ်သုံးယောက်၏ နားထဲသို့ဝင်ချိန်တွင် သူ ရှင်းပြနေသည်လား ကြွားလုံးထုတ်နေသည်လားကိုပင် မသိတော့ပေ။

သူတို့ စဉ်းစားကြည့်လေလေ ဒေါသထွက်လေလေဖြစ်သည်။

အင်ပါယာကွင်းမှလူများအားလုံး ကျောင်းအုပ်နန်လင်း၏စကားများကို ကြားသောအခါ ချက်ချင်းပင် သဘောတူကြလေသည်။ ကျောင်းအုပ်သုံး ယောက်သည် ကျောင်းအုပ်နန်လင်းကို ယခုလိုမဝေဖန်သင့်ဘူးဟု သူတို့ ခံစားရ သည်။

“ဒါက ကျောင်းအုပ်နန်လင်းနဲ့ဘာဆိုင်လို့လဲ၊ ပြီးတော့ သခင်လေး ၉ က ဘယ်လိုရိုင်းလို့လဲ၊ အဘိုးကြီး ၃ ယောက်လိုသာဆိုရင် သခင်လေး ၉ က သူတို့ ကို ဆူတဲ့အချိန် လက်အုပ်ချီထားရမှာလား”

“အင်းလေ သေလိုက်လေ သူတို့က နှစ်ရာချီနေလာခဲ့ပြီလေ၊ သခင်လေး ၉ ကအသက်ဘယ်လောက်လဲ၊ သူတို့တွေက ဘာလို့သခင်လေး ၉ ကို ဆန့်ကျင် နေကြတာလဲ”

“သခင်လေး ၉ ကလုံးဝနောက်မကျဘူးမလား၊ နောက်ကျတယ်ဆိုရင် တောင် ငါတို့တွေစောင့်ချင်တယ်၊ အဲဒီအဘိုးကြီး ၃ ယောက်က ဘာဖြစ်နေ တာလဲ”

သူတို့တွေ ဘယ်လိုလုပ် ဒီလိုမျိုးနေနိုင်ရတာလဲ။

ရင်ပြင်ထဲတွင် ရပ်နေသည့်အဖွဲ့သုံးဖွဲ့သည် ကျောင်းသုံးကျောင်းမှဖြစ်ကြ သည်။ သဘာဝကျကျပင် သူတို့သည် သူတို့၏ကျောင်းဘက်မှရပ်တည်ကြ၏။ ထိုအခိုက်အတန့်တွင် ရင်ပြင်တစ်ခုလုံး၏ဆွေးနွေးချက်များကို ကြားပြီးနောက် သူတို့အားလုံးသည် စိတ်လှုပ်ရှားလာကြသည်။ သို့သော် သူတို့ ဘာတတ်နိုင် မည်နည်း။ ဒေါသတစ်ခုကြောင့်နှင့် အင်ပါယာရင်ပြင်တစ်ခုလုံးမှ လူများကို ရှင်းထုတ်ရမည်လား။

လုံယွိသည် ထိုသို့အတွေးရှိသည်။ သူသည် လက်ထဲမှ ဓားရှည်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ရူးသွပ်စွာ ရယ်မောပြီး စိတ်အားထက်သန်စွာ စကား ပြောနေကြသည့်လူများကို စိုက်ကြည့်လေသည်။ သူသည် ဖြည်းဖြည်းချင်း ရှေ့သို့တစ်လှမ်းတိုးလေသည်။

“ဟား”

ဘေးမှ ရယ်သံတစ်ခုထွက်ပေါ်လာသည်။ လုံယွိသည် မီးတောက်နေ သည့် မည်းနက်သောမျက်လုံးတစ်စုံဖြင့်ကြည့်လိုက်သည်။ ထိုလူသည် လော့ရှောင်မို့ဖြစ်နေသည်ကိုမြင်သောအခါ ဒေါသတကြီးပြောလေသည် “ဘာတွေရယ်နေတာလဲ အဲကလေးကို မသတ်ချင်ဘူးလား”

“အင်း” လော့ရှောင်မို့သည် ပခုံးတွန့်လေသည်။ သူ့မျက်လုံးများသည် တဖြည်းဖြည်းငြိမ်ကျသွားကာ ရှေ့သို့ကြည့်လိုက်သည် “မလောပါနဲ့ မင်းက သင်ခန်းစာပေးချင်တဲ့လူကို သတ်ချင်တယ်၊ ဒါပေမဲ့ ထျန်းယန်မျိုးနွယ်က မင်းကို ပစ်မှတ်မထားဘူး၊ ငါကဘာမှမဟုတ်သလို သတ်နုငိ်တယ် ငါတို့ ခြေထောက်အောက်မှာဘာရှိလဲကြည့်လိုက်”

လုံယွိကြည့်လိုက်ရာ ရှေးအခါများကတည်းကရှိလာသည့် ရင်ပြင်မြေကြီး ကိုတွေ့လိုက်ရသည်။ မှန်သည်။ ပေထင်းဟွမ်သာ သူတို့ကဲ့သို့ တစ်ချိန်တည်း ဤရင်ပြင်တွင်ရပ်ရဲပါက သူတို့တွင် အခွင့်အရေးရှိသေးသည်။

“ဟင်း မင်းငါ့ကို သတိပေးလိုက်တာနဲ့ပဲ နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းကို ဝင်ဖို့နေရာမလုဘူးလို့မထင်လိုက်နဲ့” လုံယွိ ပြောလေသည် “လွန်ခဲ့တဲ့ ၁ နှစ်က နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းထဲမှာ အဓိကရုဏ်းဖြစ်ခဲ့တာကို မင်းလည်းကြားမှာပါ၊ ဒီတစ်ခါ စစ်မြေပြင်ကြီးဖြစ်မှာစိုးရတယ်.. ဒီအခွင့်အရေးကို ငါ လက်လွှတ်မခံ ဘူး”

“မင်းကို လက်လျော့ဖို့ပြောနေတာမဟုတ်ဘူး” လော့ရှောင်မို့သည် ခေါင်းကို အသာဆတ်ကော ရက်စက်သောအကြည့်များ သူ့မျက်လုံးထဲတွင် ဖြတ်ပြေးသွားလေသည် “ဒါပေမဲ့ သံမဏိသွေးကို အရင်ရှင်းဖို့ အကြံပေးချင် တယ်”

“ဟုတ်တယ် အနည်းဆုံးတော့ ဒီအခွင့်အရေးမှာ သံမဏိသွေးကို အလွတ် မပေးနိုင်ဘူး” ချူဟန်၏ သွားများသည် ကွဲကြေတော့မည့်အတိုင်းပင်။

ရင်ပြင်ထဲတွင် တခြားသုံးဖွဲ့သည် မဟာမိတ်ဖွ့လေသည်။ ပေထင်းဟွမ် သည်လေထဲတွင်ရပ်နေသော်လည်း ကြားနေရသည်။ သူမသည် ယန်ယဲ့ကို ကြည့်ရာ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်မျက်လုံးထဲမှ အေးစက်မှုကိုမြင်လေသည်။ တစ်ဖက်အဖွဲ့သည် ဤတိုက်ကြီးရှိပါရမီရှင်များ ဖြစ်ကြသည်။ သူတို့သာ သေကံပါလာလျှင် ပေထင်းဟွမ်နှင့် ယန်ယဲ့တို့သည် သူတို့၏ဆန္ဒကို ဖြည့်ဆည်းပေးရမည်။

“သွားမယ်” ပေထင်းဟွမ်သည် ဦးဆောင်ကာ ရင်ပြင်ဘက်သို့ ခြေတစ်လှမ်းတိုးသွားလေသည်။ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်သည်နှင့် ရင်ပြင်ပေါ်ဆင်းသက်ပြီးသားဖြစ်သည်။

မြန်လိုက်တာ...

ဝိညာဉ်သခင်ကြီးဖြစ်သည့် လုံယွိပင်လျှင် ပေထင်းဟွမ်၏ ပုံရိပ်ကိုသာ မြင်လိုက်ရသည်။ သူ သတိပြန်ဝင်မလာခင်တွင် ကြည်လင်သောလှောင်ပြောင် သံတစ်ခုကို ကြားလိုက်ရသည် “သခင်ကြီးလုံယွိ ကျုပ်ကိုရှာနေတာလား”

လုံယွိသည် စက္ကန့်ပိုင်းမျှမှင်တက်ပြီးနောက် တဖြည်းဖြည်းခေါင်းလှည့် ကာ ပေထင်းဟွမ်အားကြည့်လေသည်။ သူ့မျက်လုံးထဲမှ ထိတ်လန့်မှုသည် ပျောက်ကွယ်မသွားပေ.. ဤအခိုက်အတန့်တွင် သူ သိချင်လာသည်.. ပေထင်းဟွမ်သာ သူ့ကိုဓားနှင့်တိုက်ခိုက်လာလျှင် သူရှောင်နိုင်မည်လား...

All Chapters