မင်းကယောက်ျားဆိုရင် တိုက်ခိုက်မှုနဲ့သက်သေပြ
Vol. 37 Ch. 734
ပေထင်းဟွမ်သည် ဓား ၉ လက်ကြယ်ဝိညာဉ်သခင်ဖြစ်သည်။ မဟုတ်ပါ လား။
လုံယွိ၏မျက်လုံးထဲမှ ထိတ်လန့်မှုများကို လက်လွတ်မခံဘဲ ပေထင်းဟွမ် သည် သဲ့သဲ့ပြုံးကာ သူမ၏အဖွဲ့ကိုဦးဆောင်ကာ တခြားကျောင်းအဖွဲ့သုံးဖွဲ့နှင့် တူညီသောအဆင့်တွင်ရပ်လိုက်သည်။
သံမဏိသွေးပေါ်လာသည်နှင့် ရင်ပြင်တစ်ခုလုံးသည် ရုတ်ရုတ်သဲသဲဖြစ် သွားကြကာ စင်မြင့်တစ်ခုလုံးသည် မတည်ငြိမ်နိုင်တော့ပေ။ တိုက်ကြီးတစ်ခု လုံးသည် တခြားသုံးဖွဲ့၏ခွန်အားကို သိထားနှင့်ပြီးဖြစ်ကာ သူတို့အကြောင်းကို ရှင်းလင်းအောင် မေးမြန်းပြီးဖြစ်လေသည်။ သို့သော် ခေါင်းဆောင်ပေထင်းဟွမ် မှလွဲပြီး သံမဏိသွေးအဖွဲ့ဝင်များကိုတော့ ခွန်အားကိုမယှည်ဖူးသလို မေးမြန်း ဖူးခြင်းလည်းမရှိပေ။
သူတို့သည် ယဲ့ချီ၏ခွန်အားကို မမြင်ရပေ။ ၎င်းသည် လူအများကို ထိတ်လန့်စေသည်။ လျိုရွှီနှင့်တခြားသူများ၏ ခွန်အားသည် အနည်းဆုံး ဓား ၂ လက်အဆင့်တက်ခဲ့သည်။ သူတို့အားလုံးသည် အဆင့်မြင့်ဓားကြယ်ဝိညာဉ် သခင်အဆင့်သို့ ရောက်နေပြီဖြစ်သည်။
ကောင်းကင်အဆင့်အထက်တွင် ဓားနှစ်လက်အဆင့်မဆိုထားနှင့် ဓား တစ်ဆင့်ပိုမြင့်သောပြိုင်ဘက်သည် တစ်ဖက်လူကို ချေမှုန်းရန်လုံလောက် သည်။ အဲဒီဓား ၂ လက်အဆင့်မြင့်တာ ဘယ်တုန်းက ဖြစ်သွားတာလဲ။ တစ်ည တည်းနှင့် သူတို့သည် ပြောင်းလဲမှုအကြီးစားကို ကြုံတွေ့ခဲ့ရသည်နှင့်တူသည်။
“ငါ အခုမှမှတ်မိတယ်.. သခင်ပေထင်းဟွမ်က မနေ့ညက လေလံပွဲမှာ မူလအရည် ၁၀ စက်ကို နိုင်သွားတယ်လေ၊ သူတို့တွေ အဲဒီ ၁၀ စက်နဲ့ အဆင့် တက်တာဖြစ်နိုင်တယ်”
တည်ငြိမ်သော အင်ပါယာရင်ပြင်ထဲတွင် လူတစ်ယောက် ထအော်လေ သည်။ ထိုအခိုက်အတန့်တွင် တခြားသုံးဖွဲ့မှလူများသည် အလင်းပွင့်သွားသကဲ့ သို့ အထိတ်တလန့်ကြည့်ကြလေသည်။ အထူးသဖြင့် ချူဟန့်ဖြစ်သည်။ သူသည် နှာမှုတ်ကာ ထူးဆန်းသောအသံနေအသံထားဖြင့် ပြောလေသည် “သခင်ပေထင်းဟွမ်က တကယ်ကိုရက်ရောတာပဲ၊ သူက ဒီနေ့တိုက်ပွဲအတွက် အားတွေစိုက်ထုတ်ထားတာပဲ”
ပေထင်းဟွမ်သည် သူတို့သုံးယောက်အား မျက်လုံးထောင့်မှအကဲခတ်နေ သည်။ သူတို့သည် ယန်ယဲ့ သူမကိုပြောပြထားသည့် ပြိုင်ဘက်သုံးယောက်ဖြစ် သည်။ သူတို့သည် အမှန်တကယ်ပင် အားကောင်းသည်။ သို့သော် သူမ ကြောက်နေမည်လား။ “ယောက်ျားဆိုရင် တိုက်ပွဲမှာပဲ ပညာပြပါ၊ လေပဲကြီးတဲ့ သူတွေကို မကြိုက်ဘူး”
“အဟွတ် အဟွတ် အဟွတ်”
ပေထင်းဟွမ်၏ဘေးတွင် ယန်ယဲ့သည် မယဉ်ကျေးစွာပြုံးနေသည်။ သူသည် အဖြူရောင်ဝတ်ဆင်ထားကာ ၄ လပိုင်းတွင်ပွင့်သည့် သစ်တော်ပန်း နှင့်တူနေကာ လူအများကို မျက်စိမလွှဲနိုင်အောင်ပြုလုပ်ထားသည်။ သူ့မျက်နှာ မှ အပြုံးသည် ချူဟန့်တို့ကို ဒေါသထွက်စေကာ ပေထင်းဟွမ်အားခုန်အုပ်ပြီး အပိုင်းပိုင်းစုတ်ဖြဲချင်စိတ်ကိုဖြစ်စေသည်။
ခုနက အဲကောင်က ကျောင်းသုံးကျောင်းက ကျောင်းအုပ်တွေနဲ့ စကား များနေတာမဟုတ်လား။
ယန်ယဲ့ ပြုံးလိုက်သည်။ သူသည် အမှန်တကယ်ပင် ပေထင်းဟွမ်အား ရယ်မောခြင်းပင်။ သူမက မိန်းကလေးဆိုတာကို ဒီကောင်မလေး တကယ်မေ့ နေပြီလား။
အရှက်မဲ့ရာတွင် ဤကောင်မလေးသာ ဒုတိယဖြစ်လျှင် ပထမဆိုသည်မှာ ရှိတော့မည်မဟုတ်ပေ။
သို့သော် သူမကို နှစ်သက်သဖြင့် မတတ်နိုင်ပေ။
“မင်း.. အရမ်းကောင်းတယ် မင်းပြောတာနော်.. စစ်မြေပြင်မှာပဲတွေ့မယ်” ချူဟန့်သည် ဒိုင်လူကြီးအား စိတ်ဆိုးမာန်ဆိုးနှင့်အော်လေသည် “ပြိုင်ပွဲကို မြန်မြန်ကြေညာတော့၊ ဒီမှာ နှစ်သစ်ကူးတဲ့အထိထားတော့မလို့လား”
အကဲဖြတ်ဒိုင်သည် သူ့အလုပ်လုပ်ရာတွင် တော်သည်။ သူသည် ချူဟန့် ဒေါသထွက်သည်ကို ဂရုမစိုက်ပေ။ သူသည် ပေထင်းဟွမ်အား မျက်လုံးနှင့် မေးလေသည် “အခုစလို့ရပြီလား” ထိုမြင်ကွင်းသည် ချူဟန့်ကို ပို၍ဒေါသ ထွက်စေသည်။
တိုက်ပွဲဝင်မည့်သူအားလုံး ရောက်နေကြပြီဖြစ်သည်။ ကြီးမားသော ရင်ပြင်ပေါ်တွင်အဖွဲ့ပေါင်း တစ်ရာကျော်ရပ်နေကြသည်။ ၎င်းသည် အမှန် တကယ်ပင် လူတစ်သောင်းဆန့်သည့် ကွင်းတစ်ခုဖြစ်သည်။ ကျောင်းကြီး လေးခုသည် အရှေ့တွင်ရပ်ကြသည်။ ရုတ်ရုတ်သဲသဲဖြစ်နေသော ကွင်းသည် ငြိမ်ကျသွားကာ ပြိုင်ပွဲစည်းမျဉ်းများကြေညာမည်ကို စောင့်ဆိုင်းနေကြသည်။
ပေထင်းဟွမ် အသာခေါင်းညိတ်လိုက်သည်နှင့် ကြေညာချက်ထွက်လာ သည် “စည်းမျဉ်းဟောင်းများအရ ပြိုင်ပွဲကို ဆီမီးဖိုင်နယ်နှစ်ခုနဲ့ ဗိုလ်လုပွဲဆိုပြီး ခွဲထားတယ်၊ ကျောင်းကြိးလေးခုက အဖွဲ့တွေက ဆီမီးဖိုင်နယ်ကို တိုက်ရိုက် တက်မယ်၊ ဒီမနက်မှာ ဆီမီးဖိုင်နယ်ကိုတက်တဲ့ ကျန် ၆ ဖွဲ့ကို ကျောင်းကြီး လေးဖွဲ့ထဲမထည့်ဘဲ တခြားအဖွဲ့တွေက ဆုံးဖြတ်မယ်၊ ဗိုလ်လုပွဲကို ငါး၊ သုံး၊ နှစ်၊ တစ်ဆိုပြီး ဖွဲ့စည်းပုံဖွဲ့မယ်၊ ပြောရရင် အဖွဲ့ ၁၀ ဖွဲ့က နှစ်တွဲတိုက်ဖို့အတွက် မဲနှိုက်ရမယ်၊ အနိုင်ရတဲ့ ၅ ဖွဲ့ထဲကနေမှ အနိုင်ရသူကို ဆုံးဖြတ်မယ် အဲလိုပါပဲ၊ အနိုင်ရတဲ့အဖွဲ့က နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းကို ဝင်ဖို့အခွင့်အရေးရမယ်”
ကျောင်းများကိုလည်း မတူညီသောအဆင့်များဖြင့် ခွဲခြားသည်။ ပင်မ တိုက်ကြီးတွင် ကျောင်းကြီးလေးခုသာ ပင်မအင်အားစုများ၏ အာရုံကို ဆွဲဆောင်နိုင်သည်။ ပြီးခဲ့သည့်ကျောင်းပြိုင်ပွဲများတွင် ကျောင်းကြီးလေးခုသည် ဗိုလ်လုပွဲအထိတက်နိုင်သည့် စည်းမျဉ်းရှိမလိုဖြစ်ခဲ့သည်။ မည်သူကမှ ထိုအရာ ကိုမငြင်းဆန်ကြပေ။
ရင်ပြင်တစ်ခုလုံးသည် တိုက်ခိုက်လိုသည့်ရည်ရွယ်ချက်များဖြင့် ပြည့်နှက် နေပြီဖြစ်သည်။ သူတို့သည်ဗိုလ်လုပွဲတက်ရန် မျှော်လင့်ချက်မရှိသည်ကို သိသည့်တိုင်အောင် ဒုတိယတန်းစားနှင့် တတိယတန်းစားကျောင်းများသည် ဆီမီးဖိုင်နယ်ကိုဝင်ကာ တခြားအသင်းကြီးလေးသင်းနှင့် တိုက်ခိုက်ရန် အခွင့်အရေးလိုချင်ကြသည်။ သန်မာသောခွန်အားကို အနီးကပ်ခံစားနိုင်ခြင်း သည် သူတို့၏ကျင့်ကြံခြင်းကို အကျိုးအမြတ်ဖြစ်စေသည်။