← Chapters

ခင်ဗျားဒီမှာရှိတယ်လေ

Vol. 37 Ch. 735

ခင်ဗျားဒီမှာရှိတယ်လေ

Vol. 37 Ch. 735

ဆီမီးဖိုင်နယ်တွင် တိုက်ခိုက်ရမည့်နည်းလမ်းမှာ ရိုးရှင်းသည်။ ပါဝင်သူ များအားလုံးသည် စင်မြင့်တစ်ခုပေါ်တွင် ရပ်ရမည်။ အဆုံးထိ စင်ပေါ်တွင် နေခဲ့ နိုင်သူသည် အနိုင်ရသူဖြစ်သည်။

ဤကဲ့သို့တိုက်ခိုက်ရေးနည်းလမ်းသည် တိုက်ရိုက်ဖြစ်သလို အချိန်ကုန် သက်သာပြီး အသင်းတစ်သင်း၏ခွန်အားကို အကြီးမားဆုံးအတိုင်းအတာထိ ထင်ဟပ်စေနိုင်သည်။ ၎င်းသည် ကောင်းမွန်သော ဖြေရှင်းနည်းပင်ဖြစ်သည်။ ရင်ပြင်တစ်ခုတည်းတွင် အသင်းတစ်ရာကျော်သည် စင်ပေါ်မှမကျအောင် ခုခံနေရသည့်အချိန်တည်းတွင် တစ်ဖက်အသင်းကိုလည်း တိုက်ခိုက်ရသည်။ သူတို့တွင်သာ အားကောင်းသောခွန်အားမရှိလျှင် ထက်မြတ်သောဦးနှောက်နှင့် အခြေအနေကို အကဲဖြတ်တတ်ရန် သင်ယူရမည်ဖြစ်သည်။

ပေထင်းဟွမ်နှင့်တခြားသူများသည် နားနေရာသို့ပြန်ကာ ဆီမီးဖိုင်နယ်သို့ တက်လာသည့် တခြားအသင်းများတိုက်ခိုက်သည်ကို ယာယီစောင့်ဆိုင်းရ သည်။

အင်ပါယာကျောင်းတော်မှပိုင်ဆိုင်သည့် ရင်ပြင်ထဲတွင် ၁၀ ယောက်ပါ အသင်းသည် ရှေ့တွင်ထိုင်ကြသည်။ တစ်ခါတစ်ခါတွင် ကျောင်းတော်မှ ဖွဲ့စည်း ထားသည့်အသင်းကို ဝိညာဉ်လက်ဖက်ရည်တချို့လာပို့သည်။ ဝိညာဉ် လက်ဖက်ရည်၏ရနံ့သည် လှိုင်ထွက်လာကာ တခြားကျောင်းသုံးကျောင်းကို မျက်ခုံးများပင့်သွားစေသည် “သေစမ်း ဒီဝိညာဉ်လက်ဖက်ရည်အနံ့နဲ့တင် လန်းဆန်းသွားစေတာ၊ လုံးဝကို တန်ဖိုးမဖြတ်နိုင်တဲ့ရတနာပဲ၊ အင်ပါယာ ကျောင်းတော်က ကြီးကျယ်လွန်းတာမဟုတ်ဘူးလား”

သူတို့တွေ ကမ္ဘာဦးသွေးကြောကို တူးခဲ့ကြလို့လား။

တကယ်တော့ တချို့လူများသည် ရင်ထဲထိ လှုပ်ခါကြသည်။ သူတို့တွေ အဲတုန်းက ဘာလို့အင်ပါယာကျောင်းတော်ကို မလျှောက်ခဲ့ကြတာလဲ။ သခင် ပေထင်းဟွမ်သည် အမြင့်ဆုံးသားရဲထိန်းဖြစ်ပြီး ရက်ရောသည့်လူဖြစ်သည်ဟု သူတို့ကြားသိခဲ့ရသည်။ သူတို့သာ အင်ပါယာကျောင်းတော်ကိုဝင်ပြီး သခင် ပေထင်းဟွမ်နှင့် သိကျွမ်းရန် အခွင့်အရေးဖန်တီးနိုင်လျှင် မှော်သားရဲ ထိန်းကျောင်းရန် ငွေကြေးပေးပြီးတောင်းဆိုလျှင်တောင် သူတို့အတွက် အကျိုး အမြတ်များစွာရှိနိုင်သည်။

ပေထင်းဟွမ်သည် ထိုလူများ၏အတွေးများကို ဂရုမစိုက်ပေ။ သူမ၏ အကြည့်သည် ကွင်းထဲမှ အသင်းကိုသာ အာရုံစိုက်ထားသည်။ အသင်းတစ်ရာ ကျော်ထဲတွင် ၁၀ ယောက်အဖွဲ့ခွန်အားသည် ပုံမှန်ထက်ကျော်လွန်သည်ဟု ဆိုနိုင်သည်။ ဤအခိုက်အတန့်တွင် သူတို့သည် ဘယ်ညာ ရှောင်တိမ်းကာ သူတို့ထက်သန်မာသောအသင်း၏တိုက်ခိုက်မှုကို တစ်ခါတစ်ခါရှောင်ရှား သော်လည်း ပြိုင်ဘက်ကို ထိပ်တိုက် မတိုက်ခိုက်ပေ။

ရင်ပြင်ထဲတွင် စွမ်းအင်အမျိုးအစားအားလုံးသည် စွမ်းအင်အကာကို ထိမှန်လေသည်။ မီးတောက်များဖြစ်ပေါ်လာကာ တိုက်ပွဲသည် ပြောမပြနိုင် လောက်အောင် ပြင်းထန်သည်။ အသင်းများအားလုံးနီးပါး တိုက်ပွဲတွင် ပါဝင် ကြသည်။ ထိုအသင်းကသာ သူတို့၏ခွန်အားကို ထိန်းသိမ်းရန်ကြိုးစားနေကြ သည်။ ပေထင်းဟွမ်သည် ၎င်းကို ရယ်ရသည်ဟုထင်သည်။ သူမသည် လက်ညှိုးထိုးက ယန်ယဲ့အားပြောလိုက်သည် “အားမကောင်းဘူးဆိုရင် ဒါလည်း အကြံကောင်းတာပဲ တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ၊ ကျွန်တော်တို့ပြိုင်ပွဲမှာလည်း ဒီနည်းလမ်းကိုသုံးလို့ရတယ်”

ပေထင်းဟွမ် ယခုလို ခံစားချက်ကောင်းသည်ကို ယန်ယဲ့မြင်ခဲလှသည်။ သူသည် အင်္ကျီလက်ကို အသာလှုပ်ခါကာ သူမ၏နားထဲသို့ လေသံဖြင့်တိုးညင်း စွာပြောလိုက်သည် “ဟွမ်အာ တခြားသုံးသင်းက အတူလာတိုက်မှာကို မကြောက်ဘူးလား”

ပေထင်းဟွမ်သည် အားရပါးရကြည့်နေသည်။ ထိုအသင်းသာ ဆီမီးဖိုင် နယ်သို့တက်လာလျှင် ထိုအသင်းနှင့်တွေ့ရမည်ဟု သူမ တွေးနေသည်။ ထိုအသင်းသည် သူမဆီမှ မည်သို့လွတ်မြောက်အောင်လုပ်မည်ကို သူမ တကယ်မသိပေ။ သူမသည် ယန်ယဲ့၏မေးခွန်းကို စိတ်ရှုပ်ခံပြီးမစဉ်းစားဘဲ ချက်နှင့်လက်နှင့်ပြောလေသည် “ဘာကြောက်ဖို့လိုလို့လဲ ခင်ဗျား ဒီမှာရှိနေတာ ပဲမဟုတ်လား”

ထိုစကားများသည် ယန်ယဲ့၏နှလုံးသားနှင့် ဝိညာဉ်ကို လှုပ်ခါသွားစေ သည်။ တဒင်္ဂတော့ သူသည် ပေထင်းဟွမ်၏ ပြောင်မြောက်သောမေးရိုးကို ကြည့်ကာ အတန်ကြာသည်အထိ သတိပြန်မဝင်လာနိုင်ပေ။ ပေထင်းဟွမ်၏ ကိုယ်ရည်ကိုယ်သွေးအရ သူ့ကို ထိုကဲ့သို့စကားမျိုး တစ်နေ့တွင် ပြောလာလိမ့် မည်ဟု သူ လုံးဝထင်မထားပေ။ ယုံကြည်မှု၊ အားကိုးမှုနှင့် ချစ်မြတ်နိုးမှု... စဉ်းစားမနေတော့ဘဲ ယန်ယဲ့သည် ဘေးသို့လှည့်ကာ ပေထင်းဟွမ်အား ပွေ့ဖက်လိုက်သည်။ သူသည် ပေထင်းဟွမ်၏ ချောမွတ်နေသော လည်တိုင်အား နှုတ်ခမ်းဖြင့်ဖိကပ်လိုက်ပြီး ရေရွတ်လေသည် “ငါရှိရင် မင်းကို ဘယ်သူကမှ မထိခိုက်စေရဘူး”

“အာ.. မင်းတို့...”

အော်သံတစ်ခုသည် ရင်ပြင်တစ်ခုလုံးကို ဖြတ်သွားသည်။ အားလုံးသည် ပြိုင်ပွဲကို စိတ်အားထက်သန်စွာဖြင့် ကြည့်နေကြသည်။ ရင်ပြင်ထဲမှ လေထုသည် တင်းမာနေကာ အားလုံးသည် ဂရုတစိုက်အသက်ရှူနေရသည်။ သူတို့သည် ထိုအော်သံကြောင့် သတိဝင်လာရာတွင် မည်သူကမှ ဒေါသမထွက် ပေ။ သို့သော် ရူးသွပ်နေသောမိန်းကလေး၏ လက်ကိုကြည့်လိုက်ချိန်တွင် ချက်ချင်းဆိုသလိုပင် လုပ်လက်စများကိုရပ်ပြီး အံ့အားသင့်နေကြ၏။

All Chapters