ယန်ယဲ့ ပိုပြီးအရှက်မဲ့လို့မရတော့ဘူးလား
Vol. 37 Ch. 736
သခင်ပေထင်းဟွမ်နဲ့ ညအရှင်သခင်တို့ကြားက ဆက်ဆံရေးက... ပုံမှန် မဟုတ်ဘူးလို့ ပြောကြတယ်မလား။ သူတို့ အခုဘာမြင်လိုက်ရတာလဲ။ ၇ နှစ် ကြာအောင် နှုတ်ဆိတ်လာခဲ့သည့် သခင်ယဲ့ချီ ရုတ်တရက်ပေါ်လာသည်မှာ ထိတ်လန့်စရာကောင်းနေပြီဖြစ်သည်။ သူသည် ဤကဲ့သို့နေရတွင် လူအများ ရှေ့၌ သခင်ပေထင်းဟွမ်ကို ပွေ့ဖက်ခဲ့သည်။
ဤနေရာမှမြင်ကွင်းသည် အမြင်ကိုဖမ်းစားနိုင်သည်။ အားလုံးနီးပါးသည် ပြိုင်ပွဲကြည့်နေရသည်ကိုပင် မေ့လျော့သွားကြသည်။
ကြာပန်းရနံ့သည် သူမအား ဆွဲဆောင်နိုင်သည်။ နွေးထွေးမှုလေးသည် သူမ၏ လည်တိုင်ပေါ်သို့ကျရောက်လာသည်။ ထို့နောက် ပူနွေးသောဆံပင် သည် သူမ၏အရေပြားပေါ်သို့ ပြန့်ဝဲကျလာသည်။ ထိုခံစားချက်သည် သူမကို အလွန်ပျော်ရွှင်စေသည်။ ပေထင်းဟွမ်၏စိတ်သည် ချက်ချင်းပင် လစ်ဟာ သွားကာ အထိန်းအကွပ်မဲ့လောက်အောင် ရင်ခုန်နေပြီး သူမကို မတည်ငြိမ် အောင်ပြုလုပ်နေသည်။
သွေးဆူပွက်သောခံစားချက် ထပ်မံတက်လာပြန်သည်။
အရာအားလုံးသည် ပေထင်းဟွမ် သတိမပြုနိုင်လောက်အောင် မြန်ဆန် လွန်းသည်။
သူမသည် ခေါင်းကိုအနည်းငယ်မော့လိုက်သော်လည်း သူမ၏ ပါးပြင် သည် ယန်ယဲ့၏ခေါင်းနှင့် ပိတ်မိနေလေသည်။ သူမသည် သူ့ကိုတွန်းထုတ်ရန် လက်မြှောက်လိုက်ချိန်တွင် မိန်းကလေးတစ်ယောက်၏ အော်သံက သူမ အပေါ်တွင်ရှိနေသည့် သူ့ကိုနှိုးလိုက်ပြီး ထိုနွေးထွေးသည့်နှုတ်ခမ်းသည် သူမ၏ အရေပြားမှ ချက်ချင်းဖယ်သွားလေသည်။ သို့သော် ထိုအချိန်တွင် အားလုံးနီးပါး ၏ မျက်လုံးများသည် သူမရှိရာဘက်သို့ ကြည့်ကြလေသည်။
ရင်ပြင်သည် အာရုံစိုက်စရာနေရာမဟုတ်တော့ပေ။ သူမသည် အာရုံစိုက် စရာနေရာဖြစ်လာပြန်သည်။
ယန်ယဲ့ အရှက်မရှိတော့ဘူးလား။
အပ်ကျသံကြားလောက်အောင် တိတ်ဆိတ်ပြီးနောက် ကွင်းထဲမှ တိုက်ခိုက်သံများမှလွဲ၍ အင်ပါယာရင်ပြင်တစ်ခုလုံးတွင် အားလုံး၏ တီးတိုး ပြောသံများဖြင့် ပြည့်သွားလေသည်။ ထိုအသံများသည် ပေထင်းဟွမ်၏ နားထဲ သို့ ကျယ်လောင်စွာပြည့်နှက်လာသည်။
“အဲတော့ သခင်ပေထင်းဟွမ်က ယေက်ျားလေးတွေကို တကယ်ကြိုက် တာပဲ”
“ဟိုး ငါ ဘယ်လိုလုပ်ရတော့မလဲ၊ ငါ့မှာအခွင့်အရေးရှိတယ်လို့ထင်ထား တာ၊ ငါ့အမေက ဘာလို့ ငါ့ကိုယောက်ျားလေးအဖြစ်မွေးမပေးတာလဲ”
“ညအရှင်သခင်နဲ့ သခင်ကြီးယဲ့ချီ ဘယ်သူနိုင်မယ်လို့ထင်လဲ”
“အနိုင်ရသူကို ဆုံးဖြတ်ဖို့လိုသေးလို့လား၊ နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းကို ဝင်ရသလိုမျိုး အကန့်အသတ်ရှိမယ်လို့ထင်နေတာလား၊ သူက ချောတဲ့ ယောက်ျားနှစ်ယောက်လုံးကို ယူလို့ရတာပဲ”
“သေစမ်း သခင်ကြီးပေထင်းဟွမ်က အရမ်းမိုက်တာပဲ၊ ငါသာသူဆိုရင် ယောက်ျားမိန်းမမခွဲဘဲ အတူနေမှာ၊ လာခဲ့စမ်း လာခဲ့စမ်းပဲ၊ တိုက်ကြီးပေါ်က ချောတဲ့ယောက်ျားလေးမိန်းကလေးမှန်သမျှ ငါ့ရင်ခွင်ထဲလာခဲ့ပဒ”
“ဟားဟားဟား”
ထိုစကားများကိုကြားပြီးနောက် ပေထင်းဟွမ်သည် ယန်ယဲ့၏မျက်နှာကို ထိုးချင်စိတ်ပေါက်လာသည်။ ဒီလူကြီးတော့.. သူ့အပြုအမူက သူမရဲ့ ဂုဏ်သတင်းကို ဘယ်လိုပျက်စီးစေလဲဆိုတာ ကြည့်ဦး။ နေ့တစ်ဝက်ကြာ ပြီးနောက် သူမ၏ဂုဏ်သတင်းသည် ပြန်အဖတ်ဆယ်၍မရတော့သည်ထက်ပင် ပိုသွားလေပြီ။ တိုက်ကြီးတစ်ခုလုံးတွင် သူမ အရည်အချင်းရှိလေလေ ဂုဏ်သတင်းပိုကျော်ကြားလေဖြစ်သည်။
“ဟား ဟား ဟား သခင်ယဲ့ချီက ၇ နှစ်ကြာအောင် သိုသိုသိပ်သိပ်နေပြီးမှ ဘာလို့ရုတ်တရက်ကြီး ပေါ်လာပါလိမ့်လို့မှတ်တယ်၊ သခင်ပေထင်းဟွမ် ကြောင့်ကိုး” ချူဟန့်သည် ထိုအခွင့်အရေးကိုအရယူပြီး ပေထင်းဟွမ်အား တိုက်ခိုက်ရန် လက်မလျှော့ပေ။ သူ၏ထူးဆန်းသောအကြည့်သည် ပေထင်းဟွမ်နှင့် ယန်ယဲ့ဆီသို့ ဖြတ်ပြေးသွားသည် “ဘယ်သူက လှုပ်ရှားပြီး ဘယ်သူကလက်ခံတာလဲဆိုတာ သိချင်လိုက်တာ”
သူ ထိုသို့ပြောသည်နှင့် လုံယွိနှင့် လော့ရှောင်မို့တို့သည် အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ရယ်မောလေသည်။ အင်ပါယာရင်ပြင်ထဲမှလူများသည် ချူဟန့်၏စကားများကိုကြားသောအခါ ပေထင်းဟွမ်နှင့် ယန်ယဲ့အား သတိရှိရှိ ဖြင့် ကြည့်ကြလေသည်။
အစပိုင်းတွင် ပေထင်းဟွမ်သည် အနည်းငယ်ရှက်ရွံ့မိသည်။ သို့သော် ဤအခိုက်အတန့်တွင် သူမသည် အလွန်တည်ငြိမ်နေသည်။ သူမက လိင်တိူ ကြိုက်လို့ အပြောခံနေရတာမလား။ ဒါက သူမအသက်ကို ယူသွားနိုင်လို့လား။ သူမသည် သဲ့သဲ့ပြုံးလိုက်ကာ သူမ၏စူးရှသောမျက်လုံးများသည် ချူဟန့်၏ နှလုံးသားသို့ တည့်တည့်ဝင်သွာသည့် လှံစွပ်တစ်ချောင်းလိုပင်။ “သခင်ချူဟန့် မင်းရဲ့အရည်အချင်းနဲ့ဆိုရင် ဝိညာဉ်သခင်ဖြစ်နေတာ နှမြောဖို့ကောင်းတာပဲ၊ ရေမွှေးအဆောင်တော်က အပျော်မယ်က မင်းနဲ့လိုက်မှာပဲ”
“ဟားဟားဟား”
ရင်ပြင်တစ်ခုလုံးသည် အုံးအုံးကျွက်ကျွက်ဖြစ်သွားသည်။ စင်ပေါ်တွင် ထိုင်ပြီး အနေအထိုင်ထိန်းသိမ်းနေသော ယန်းမြို့၏ အတွင်းခြံဝန်းအကြီးအကဲ ကြီးပင်လျှင် ထိုအချိန်တွင် မရယ်ဘဲမနေနိုင်တော့ပေ။ ပေထင်းဟွမ်နှင့်ယန်ယဲ့ တို့ကြောင့်ဖြစ်လာသော အရှက်ရမှုကိုရှောင်ရှားရန် သူသည် လက်ကိုဝေ့ယမ်း ကာ ရင်ပြင်အား ညွှန်ပြလေသည် “ပြိုင်ပွဲက ပိုအရေးကြီးတယ်.. အနိုင်ရသူ ထွက်ပေါ်လာတော့မယ်”