သံမဏိသွေးကသေချာပေါက်သေမယ်
Vol. 37 Ch. 737
ထိုအခါမှပင် အားလုံးသည် ကွင်းကိုကြည့်ကြလေသည်။ ကွင်းထဲတွင် ၇ သင်းသာကျန်တော့သည်။ တစ်သင်းသည် ပေထင်းဟွမ် အထင်ကြီးထားသည့် အသင်းဖြစ်သည်။ ထိုအခိုက်အတန့်တွင် တခြား ၆ သင်းမတုံ့ပြန်ခင်တွင် သူတို့ သည် အားအနည်းဆုံးအသင်းကို လက်ဦးမှုယူကာ တိုက်ခိုက်လေသည်။
“ဒါက ချီလင်းကျောင်းတော်ရဲ့ ချီလင်းအသင်းပဲ”
ပေထင်းဟွမ်၏ညာဘက်သို့ ဂူချန်းဇယ့်ရောက်လာပြီး ပေထင်းဟွမ်အား ထိုအသင်းအကြောင်း လေသံဖြင့်ပြောလေသည်။ ကျောင်းနှင့်အသင်းနာမည် ကို အားကောင်းသောမှော်သားရဲ၏နာမည်အတိုင်း ပေးထားကာ ခေါင်းဆောင် ၏ ထက်မြက်မှုသည် ပေထင်းဟွမ်ကို အားမကောင်းလှသောအသင်းကို အာရုံ စိုက်စေသည်။
ချီလင်းအသင်းသည် ပထမဆုံးတိုက်ခိုက်သည်။ မကြာမီတွင် သူတို့သည် နေရာတစ်ခုကို ညွှန်ပြကာ တခြား ၅ သင်းကို ပစ်မှတ်ထားလေသည်။ အတူတကွပင် သူတို့သည် ကွင်းထဲမှ အားအနည်းဆုံးအသင်းကို ချေမှုန်းနိုင်ခဲ့ ကြသည်။
၆ သင်းသည် သူတို့၏ခွန်အားကို ထိန်းထားချင်ကြသည်။ နောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်လာသည်။ သူတို့သာကံမကောင်းဘဲ အသင်းကြီးလေးသင်းနှင့် တိုက်ခိုက်ရန်မဲနှိုက်မိပါက လှုပ်ရှားမှုအနည်းငယ်သာ တိုက်ခိုက်နိုင်မည်ဖြစ် သည်။ သူတို့သည် ရှက်စရာကောင်းလောက်အောင် မရှုံးချင်ပေ။
နောက်ဆုံးတွင် စင်ပေါ်တွင် ပေထင်းဟွမ်အထင်ကြီးထားသည့် ချီလင်း အသင်းအပါအဝင် အသင်း ၆ သင်းသာကျန်တော့သည်။
နေ့ခင်းပိုင်းသည် နားချိန်ဖြစ်သည်။ နှစ်နာရီနားပြီးနောက် အပြင်းထန်ဆုံးတိုက်ပွဲသည် တရားဝင်စတင်လေသည်။ အားလုံးသည် ထွက်သွားပြီးနောက် နေရာပြန်မလုနိုင်မည်ကို ကြောက်သဖြင့် ကွင်းထဲတွင် နေရန်ရွေးချယ်ခဲ့သည်။ ထို့အပြင် ကျင့်ကြံသူများသည် ထမင်းမစားလျှင် တောင် ဆာလောင်ပြီးသေဆုံးခြင်းမရှိပေ။
မကြာမီတွင် ခေါင်းလောင်းသံမြည်လာသည်။ အကဲဖြတ်ဒိုင်သည် ကွင်း ထဲသို့လျှောက်လာပြီး ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲတရားဝင်စတင်ပြီဟု ကြေညာ လေသည်။ “တိုက်ကြီးပေါ်ကလူတွေ သိမယ်လို့ထင်ပါတယ်၊ လွန်ခဲ့တဲ့ နှစ်တစ် ဝက်လောက်ကတည်းက နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းမှာ ရုတ်ရုတ်သဲသဲတွေဖြစ် ခဲ့တယ်၊ ယန်းမြို့တော်ကမြို့စားက ဒီတစ်ခေါက်ပြိုင်ပွဲမှာ အသင်းရွေးတာ အရေးကြီးတယ်လို့ မှာထားတယ်၊ ခွန်အားကိုပြနိုင်မယ့် မျှမျှတတပြိုင်ပွဲဖြစ်ဖို့ အတွက် ယန်းမြို့က ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲကို အတူကျင်းပဖို့ ဆုံးဖြတ်လိုက် တယ်...”
အကဲဖြတ်ဒိုင်စကားမဆုံးခင်မှာပင် မူလကငြိမ်သက်နေသော အင်ပါယာ ကွင်းသည် ဆွေးနွေးမှုများဖြင့် ဆူညံသွားလေသည်။ ရှင်းလင်းစွာပင် ဤကဲ့သို့ ရုတ်တရက်ပြောင်းလဲသည့် ပြိုင်ပွဲစည်းမျဉ်းမျိုးကို မည်သူမှမမျှော်လင့်ထား ပေ။
ယန်းမြို့က မြို့စားလား။
ပေထင်းဟွမ်သည် ခေါင်းလှည့်ပြီး ယန်ယဲ့အားကြည့်လိုက်သည်။ ထိုလူ သည် ကွင်းပြင်ကို တည်ငြိမ်စွာကြည့်ကာ အလေးအနက်မရှိသည်ကို မြင်လိုက် ရသည်။
“ဟုတ်တယ်” အကဲဖြတ်ဒိုင်သည် လက်မြှောက်ကာ လူအုပ်ကို ငြိမ်ခိုင်း လေသည် “နှစ်ခုလုံးကို တစ်ခါတည်းကျင်းပမယ်၊ အားလုံးလည်း ခန့်မှန်းပြီး သားဖြစ်မယ်လို့ ယုံပါတယ်၊ ပြိုင်ပွဲပုံစံကတော့ မနက်ကနဲ့အတူတူပါပဲ၊ ၁၀ သင်းကစင်တစ်ခုတည်းမှာ ယှဉ်ပြိုင်ရပါမယ်၊ ကွင်းထဲမှာကျန်နေခဲ့နိုင်မယ့် အသင်းက အနိုင်ရမှာပါ”
“ဟား ဟား ဟား ငါ အိပ်ငိုက်နေတဲ့အချိန် ခေါင်းအုံးပို့လိုက်သလိုပဲ” ငွေလရောင်အင်ပါယာကျောင်းတော်နားနေရာတွင် ချူဟန့်သည် တခြား ကျောင်းအသင်း၏ ခေါင်းဆောင်နှစ်ယောက်နှင့်အကြည့်ချင်းဖလှယ်ကာ ပေထင်းဟွမ်အား လှောင်ပြောင်သလိုပြေလေသည် “သခင်ပေထင်းဟွမ် ငါတို့ တွေ လောင်းကြမလား၊ ကွင်းထဲမှာကျန်နေခဲ့မယ့်အသင်းက သံမဏိသွေးဆိုရင် ငါ ရှန်းယန်မြို့နားကို သုံးခါလေးဖက်ထောက်သွားမယ်”
မဲနှိုက်သည့်နည်းလမ်းကိုသုံးလျှင် သံမဏိသွေးသည် တခြားကျောင်း၏ တိုက်ခိုက်ရေးအသင်းတစ်ခုနှင့် တွေ့နိုင်ရန်အများဆုံးဖြစ်သည်။ သို့သော် ယခုအခါ အသင်း ၁၀ သင်းလုံး ကွင်းထဲတွင် တစ်ချိန်တည်းရှိနေရမည်ဖြစ်ကာ ရလဒ်မှာ တစ်ခုသာရှိသည်။ ၎င်းသည် ကျောင်းသုံးကျောင်း၏ တိုက်ခိုက်ရေး အသင်းအတူစုဝေးသွားချိန်တွင် သူတို့သည် သံမဏိသွေးဘက်သို့ လှည့်လာ မည်ဖြစ်သည်။
ဘာတွေများကြောက်ဖို့လိုလို့လဲ။
သံမဏိသွေးက သေချာပေါက်သေမှာပဲ။
ပေထင်းဟွမ်၏နှုတ်ခမ်းသည် တဖြည်းဖြည်းကွေးတက်သွားသည်။ သူမသည် ချူဟန့်တွေးထားသလို ကြောက်ရွံ့မှုလည်းမပြပေ။ ချူဟန့်၏ မျက်လုံးထဲတွင် ထိုအမူအရာသည် သူ့ကိုပို၍ စက်ဆုပ်စေသည်။ သူသည် စိတ်ထဲမှ နှာမှုတ်မိသည်။ ဟင်း နောက်ကျ ပြုံးနိုင်ဦးမလားကြည့်ကြတာပေါ့။
“မလိုပါဘူး” ပေထင်းဟွမ်၏ ကြည်လင်သောအသံသည် အလွန် မောက်မာလှသည်။ “မင်းတို့မှာ အဲလိုမျိုးအခွင့်အရေးရမှာမဟုတ်ဘူး”